အခန်း ၁၇၁၅
Vol. 115 Ch. 1715
အခန်း (၁၇၁၅) ရှေးဉီးနတ်ဘုရားလျှပ်စီးဘုရင်
ကောင်းကင်လျှပ်စီးတွေက ဆက်လက် ကျဆင်းနေပြီး၊ ဆင်းသက်သည့်အခါတိုင်း ထိုလူများသည် ဤလျှပ်စီးများကြားတွင် သေဆုံးကြသည်။
လျှပ်စီးအကြိမ်ငါးဆယ်အထိ ကျရောက်ခဲ့ပြီးနောက် လူနှစ်ထောင်ဝန်းကျင်တွင် လူ ၃ ဦး သာ ကျန်ရစ်ခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ချင်ယွင်ကို ပြန်ကြည့်တော့ သူသည် အဆင်ပြေသည့်အလား ခေါက်ထိုးခေါက် လမ်းလျှောက်နေသေးသည်။
ဤလူသုံးဦးစလုံးသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ များ ဖြစ်ကြသည်။ ထို့အပြင်, ၎င်းတို့သုံးဦးအနက်မှ တစ်ဦးသည် အဆင့် ၉၁ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဒဏ်ရာရထားသူ နှစ်ဦးစလုံးသည် သူတို့ရှေ့မှ ချင်ယွင်ကို မုန်းတီးကာ ကြောက်လန့်နေခဲ့ကြသည်။
အကယ်၍ ချင်ယွင်သာ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို မဆင့်ခေါ်ခဲ့ပါက၊ သူတို့သည် ဤကဲ့သို့ အဆုံးသတ်သွားခြင်းမျိုးဖြင့် မည်သို့ အဆုံးသတ်ရမည်နည်း။
သေချာပါသည်။ ဤကဲ့သို့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို လျစ်လျူရှုနိုင်သူတစ်ဦးသည် အလွန်မင်း အစွမ်းထက်မည်မှာ သေချာကြောင်း သူတို့အားလုံး သိသွားကြသည်။
ချင်ယွင်က နောက်ဆုံးလက်ကျန် လူသုံးယောက်ကို ကြည့်ပြီး ပြုံးပြလိုက်သည် "ကိစ္စမရှိဘူး၊ မင်းတို့က တစ်ဝက်နီးပါးအထိ ထိန်းထားနိုင်ခဲ့တယ်။ နောက်ထပ် လက်ကျန် တစ်ဝက်ကို ဆက်ထိန်းထားနိုင်ရင် မင်းတို့ ချောမွေ့စွာ ရှင်သန်နိုင်မှာပါ"
ထိုလူသုံးယောက်သည် ထိုစကားကိုကြားတော့ ဒေါသအရမ်းထွက်ပြီး သွားများပင် ယားယံလာကြသည်။
ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ငါးဆယ်သည် သူတို့ကို သနားစရာကောင်းသည့် အခြေအနေမျိုးအထိ ဖြစ်စေခဲ့သည်။ လူပေါင်းများစွာ သေဆုံးခြင်းဖြင့်၊ သူတို့သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ငါးဆယ့်ရှစ်ခုကို လွတ်မြောက်နိုင်ခဲ့သည်လား။
"ငါသေရင်တောင်, ငါ မင်းနဲ့အတူတူ သေမယ်။" ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထဲမှ တစ်ယောက်သည် နောက်ဆုံးတွင် မခံမရပ်နိုင် ဖြစ်လာပြီး, ဟစ်ကြွေးရင်း ချင်ယွင်ထံသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။
ချင်ယွင်သည် ထိုကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို လှည့်ပင် မကြည့်ခဲ့ပေ။ သူ့နောက်မှာ လေဟာနယ်ကိုယ်ပွားတစ်ခု ပေါ်လာပြီး သူ့ကို တိုက်ရိုက် သတ်ပစ်လိုက် သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုလူသည် သနားစဖွယ် အော်သံကိုပင် မထုတ်ဖော်နိုင်ဘဲ သွေးစွန်းနေသော မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျန်သည့် နှစ်ယောက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, သူတို့၏အဆုတ်နှင့် သည်းခြေအိတ်တို့ ကွဲထွက်မတတ် ထိတ်လန့်သွားကြသည်။
ယခုမှသာလျှင် သူတို့သည် မည်သို့သော ဖြစ်တည်မှုမျိုးကို နှိုးဆော်မိခဲ့သည်ကို ရှင်းရှင်း လင်းလင်း သဘောပေါက်သွားကြသည်။
လခွမ်း၊ နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်တိုင်း၊ ယခုလိုကြောက်စရာကောင်းသည့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆင့်ခေါ်ပြီး ရှင်သန်ရပ်တည်နိုင်မှတော့ ဒီလူက သေချာပေါက် အလွန်မင်း အစွမ်းထက်သည့် တည်ရှိမှုတစ်ခု ဖြစ်ပြီပေါ့။
ဤအခိုက်အတန့်တွင် သူတို့၏စိတ်နှလုံးထဲမှာ အဆုံးမဲ့နောင်တများသာ ရှိနေခဲ့သည်။ အကယ်၍ သူတို့သည် ဤကဲ့သို့ ရလာဒ်ကို သိနေခဲ့လျှင်၊ သူတို့သည် သေသည်အထိ အရိုက်ခံရလျှင်ပင်၊ သူတို့ရှေ့က ဤလူထံမှ ကောင်းကင်ဘုံတံဆိပ်ကို လာလုယူမည် မဟုတ်ပေ။
"ဘုန်း"
နှစ်ယောက်သား နောင်တတရားနှင့်အတူ ဝမ်းနည်းနေကြစဉ်မှာ ကောင်းကင်ကြီးသည် ဆုတ်ဖြဲသွားပြီး၊ ကြောက်မက်ဖွယ်ရာ ခုနစ်ရောင်ခြယ် နတ်ဘုရားလျှပ်စီးတစ်ခုက တစ်ဖန် ဆင်းသက်လာပြန်သည်။
မှန်ပါသည်။ ထိုနတ်ဘုရားလျှပ်စီးသည် ခုနစ်ရောင်အဖြစ် ပြောင်းသွားပြီး ၎င်း၏ စွမ်းအား က ကြောက်စရာကောင်းလာခဲ့သည်။
ကျန်နှစ်ဦးအနက် တစ်ဦးသည် နတ်ဘုရားလျှပ်စီး သုံးခုထက်မနည်း တားဆီးပြီးနောက် သေဆုံးသွားခဲ့သည်။ နောက်ဆုံးတစ်ယောက်သည် နတ်ဘုရားလျှပ်စီး နှစ်ဆယ်နီးပါးကို ခုခံသွားခဲ့သော်လည်း နောက်ဆုံးတွင်၊ သူသည် လျှပ်စီးကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသေးသည်။
ချင်ယွင်သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ တစ်ရာကို ဖြတ်ကျော်ပြီးနောက် သူသည် လုံးဝကို လေးနက်လာခဲ့သည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ၁၀၈ ခုတွင်၊ ပထမ ၁၀၀ သည် အမြည်းသာသာ ဖြစ်ပြီး နောက်ဆုံး ၈ ခုမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။
"ဘုန်း"
ကောင်းကင်ကြီးသည် အက်ကွဲသွားပြန်ပြီ။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား လျှပ်စီးကြောင်းများသည် ချင်ယွင်ကို တိုက်ရိုက် ဖိနှိပ်လာသည့် ကျောက်ပြားကြီးတစ်ချပ် အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကျောက်ပြားကြီး၏ စွမ်းအားသည် အလွန် ကြောက်စရာကောင်းပြီး စိတ်နှလုံးကို တုန်လှုပ်စေပါသည်။
ချင်ယွင်၏ မျက်လုံးများက လောင်ကျွမ်းနေပြီး သူ့အကြည့်တွေက တောက်ပနေသည်။
သူသည် ပထမဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခပေါင်းတစ်ရာတွင် လျှပ်စီးနဂါးငယ်လေးမှ တဆင့် လျှပ်စီး၏စွမ်းအားကို စုပ်ယူနေခဲ့သည်။ ယခု၊ လျှပ်စီးစွမ်းအားသည် နတ်ဘုရား တန်ခိုးစွမ်းအားအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
"ဘုန်း"
ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကောင်းကင် နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တဟုန်ထိုး တိုးမြင့်သွားခဲ့သည်။
ထိုကဲ့သို့ တိုးတက်မှုအရှိန်အဟုန်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည် ဟုသာ ဖော်ပြနိုင်သည်။
"ဘုန်း"
ချင်ယွင်သည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး၊ သူ့စွမ်းအားက ကောင်းကင်ကို လှုပ်ခါ ကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးကျောက်ပြားကြီးနှင့် တိုက်ရိုက် ထိတွေ့သွားသည်။
သို့သော် ချင်ယွင်သည် အနည်းငယ် အားနည်းနေသေးသည်။ သူ့တစ်ကိုယ်လုံးသည် နတ်ဘုရားလျှပ်စီး ကျောက်ပြားကြီးကြောင့် မြေပြင်ပေါ်သို့ တရစပ် ပြုတ်ကျသွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နတ်တောင်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုကျကာ ကီလိုမီတာတစ်ရာ အကွာအဝေးအတွင်း တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် မြေတွင်းထဲမှ ထလာပြီး၊ သူ့ခန္ဓာကိုယ်သည် စိတ်မကောင်းဖွယ် အခြေနေမျိုး ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခြင်း မရှိပေ။
"လခွမ်း၊ ဒီနတ်ဘုရားလျှပ်စီးတွေရဲ့ စွမ်းအားက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်။ နောက်လာမယ့် လျှပ်စီးလေးတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ ငါ မသိဘူး။" ချင်ယွင်သည် မကျိန်ဆဲဘဲ မနေနိုင်တော့။
ဘန်း…။
ဤအခိုက်တွင်၊ ကောင်းကင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအာနုဘော် ကို တစ်ဖန်ထုတ်လွှတ်ပြီး ကောင်းကင်ယံမှ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်း ကို ထုတ်လွှတ်လိုက်ပါသည်။
ဤတစ်ကြိမ်တွင်၊ ၎င်းသည် အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးတစ်ခု မဟုတ်တော့ ပေ။ ၎င်းသည် အကြီးမြတ်ဆုံး ရှေးဉီးနတ်ဘုရားလျှပ်စီးအဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် သာမန် အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရား လျှပ်စီး မဟုတ်ပေ။ ယင်းအစား၊ ၎င်းတွင် ကောင်းကင်ဘုံတန်ခိုး ပါရှိနေသည်။ ၎င်း၏ စွမ်းအားသည် သာမန် အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးများထက် များစွာ ကြီးမား ပါသည်။
"ဘုန်း"
ကောင်းကင်ကြီး ကွဲအက်သွားပြီး ကောင်းကင်ယံမှ အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရား လျှပ်စီးသည် ပစ်လွှတ်လာခဲ့သည်။ အမှန်တကယ်ပင် ၎င်းသည် ကြောက်မက်ဖွယ်ကောင်း သော နတ်ဘုရားလျှပ်စီးနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
"မင်းအလှည့်ရောက်ပြီ ထွက်လာခဲ့တော့" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က တွန့်ဆုတ် မနေဘဲ သူ့ကိုယ်ထဲမှာရှိသည့် ရှေးဦးလျှပ်စီးအရင်းမြစ်ဖြစ်သည့် လျှပ်စီးနဂါးလေးကို အမြန်ခေါ်လိုက်ပါသည်။
ဤအခိုက်အတန့်တွင်၊ ရှေးဦးလျှပ်စီးအရင်းအမြစ် နဂါးလေးသည် အတော်လေး ကြီးထွား လာခဲ့ပြီ။ ချင်ယွင်၏ခန္ဓာကိုယ်မှ ခုန်ထွက်လာသောအခါ၊ ၎င်းသည် မီတာတစ်ရာ ရှည်နေပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ်, သူသည် ပင်လယ်နတ်ဆိုးဘုရင်ထံမှ ရှေးဦးလျှပ်စီးအရင်းအမြစ်ကို ရရှိသောအခါ၊ ချင်ယွင်သည် သူ့လျှပ်စီးနဂါးငယ်လေးကို ရှေးဦးလျှပ်စီးအရင်းအမြစ်ကို ဝါးမြိုနိုင်အောင် ကူညီပေးခဲ့သည်။ ယင်းနောက်တွင် ရှေးဉီးလျှပ်စီးသစ်သီးကိုလည်း ကျွေးမွေးခဲ့သည်။ ယခု ဤလျှပ်စီးနဂါးငယ်လေးသည် လုံးဝ ပြန်လည်မွေးဖွားခဲ့ပြီး၊ ရှေးဉီး လျှပ်စီးဘုရင် ဖြစ်လာခဲ့ပြီ။
ချင်ယွင်သည် အစောပိုင်း နတ်ဘုရားလျှပ်စီးတစ်ရာကို လျစ်လျူရှုနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ ဤကောင်လေးသည် သူ့အတွက် နတ်ဘုရားလျှပ်စီးများ အားလုံးကို တားဆီးပြီး သူ၏ခွန်အားကို ပြန်လည် ဖြည့်တင်းပေးသောကြောင့် ဖြစ်သည်။
"အောင်း...."
လျှပ်စီးနဂါးလေးသည် ဟိန်းဟောက်သံ ထုတ်ဖော်လိုက်ပြီး ၎င်း၏ကြီးမားသော ကိုယ်ထည်သည် ချက်ချင်းဆိုသလို ပျံထွက်သွားကာ၊ အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရား လျှပ်စီးနှင့် တိုက်ရိုက်ပင် အပြင်းအထန် တိုက်မိပြိး အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရား လျှပ်စီးကို အပိုင်းပိုင်း ပြတ်တောက်သွားစေသည်။
လျှပ်စီးများနှင့်ပတ်သက်၍ အသေးစိတ် မည်သည့်ပိုင်းခြားမှုမျှ မရှိသော်လည်း၊ ၎င်းတို့၏ စွမ်းအားအရမှာ သဘာဝအတိုင်း အကြီးမြတ်ဆုံး ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီးက အစွမ်းထက်ဆုံး ဖြစ်သည်။ ထို့နောက်တွင် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီး၊ ထို့နောက်တွင် အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးနှင့် နောက်ဆုံးတွင် ဖရိုဖရဲ နတ်ဘုရားလျှပ်စီးတို့ ဖြစ်သည်။
ချင်ယွင်၏ ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် မနှိုင်းယှဉ်နိုင်သည့် ဖရိုဖရဲ နတ်ဘုရား လျှပ်စီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သူမွေးမြူထားသော လျှပ်စီးသတ္တဝါလေး သည် ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးအဆင့်အထိ တစ်ဆင့်ချင်း တိုးတက်လာခဲ့ သည်။ ခြေတစ်လှမ်းလှမ်းနိုင်သည်နှင့် ၎င်းသည် ဘိုးဘေးနတ်ဘုရားအဆင့်ရှိ ရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးနှင့် နှိုင်းယှဉ်နိုင်လိမ့်မည်။
ထို့ကြောင့် ဤဖရိုဖရဲ နတ်ဘုရားဘုရားလျှပ်စီးသည် အလွန်အစွမ်းထက်သော်လည်း၊ ဤလျှပ်စီးသတ္တဝါလေးရှေ့တွင် ထိုးနှက်ချက်တစ်ချက်ကိုပင် မခုခံနိုင်သေးပါ။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ဤလျှပ်စီးနဂါးလေးအား ရှေးဉီးလျှပ်စီးအရင်းမြစ်နှင့် ရှေးဉီးကောင်းကင်ဘုံ လျှပ်စီးသစ်သီးကို ကျွေးသောအခါတွင် အနည်းငယ် စိတ်ဆင်းရဲရဆဲ ဖြစ်သော်လည်း အခု နောက်ဆုံးတွင် အကျိုးရလာဒ်များ ရရှိလာပြီဖြစ်ကြောင်း သိလာရသည်။
ဤလျှပ်စီးနဂါးလေး၏ အစွမ်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၃၀ ၏ ခွန်အားနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ ဤလျှပ်စီးနဂါးလေးသည်လည်း သူ၏ ဝှက်ဖဲတစ်ချက် ဖြစ်သည်။
ဘန်း…။
ကောင်းကင်ယံက တုန်ခါသွားပြီး၊ တိမ်တွေက လှိမ့်တက်လာနေသည်။
ရှေးဦးလျှပ်စီးနဂါးလေး၏ ထွက်ပေါ်လာမူကြောင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် တစ်ဖန်ပြောင်းလဲသွားသည့်အတိုင်းပင်။
ချင်ယွင်၏ မျက်ခုံးများက ချက်ချင်းပင် ရှုံ့တွသွားသည်။ ဤပြောင်းလဲမှုက သူ့အတွက် သေချာပေါက် အန္တရာယ်များလာမည်ဖြစ်ကြောင်း သူ သိသည်။
"ဘုန်း.."
ဟုတ်ပါသည်။ ယခုတစ်ကြိမ်မှာတော့ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားလျှပ်စီး မဟုတ်တော့ဘဲ အလွန်မင်း အစွမ်းထက်သည့် အကြီးမြတ်ဆုံး ရှေးဟောင်း နတ်ဘုရား မီးလျှံတစ်ခု ဖြစ်နေပါသည်။
ဤကြောက်မက်ဖွယ် နတ်ဘုရားမီးလျှံသည် ပြင်းထန်စွာ ဖြိုချဖျက်ဆီးလာသည့် ဧရာမ အလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ၎င်းအပေါ်ရှိ ပူပြင်းသော အငွေ့အသက်က တိုက်ကြီးတစ်ခုလုံးပင် အရည်ပျော်သွားနိုင်လောက်သည်။
ချင်ယွင်၏ စိတ်နှလုံးထဲတွင်, မြက်ရွှံ့မြင်းနှင့်ပတ်သက်သည့် စကားလုံးပေါင်း ၁၀၀၀၀ က ကခုန်ပေါက်နေသည်။ နတ်ဘုရားလျှပ်စီးသည် အစွမ်းထက်သည့် အကြီးမြတ်ဆုံး ရှေးဟောင်း နတ်ဘုရားမီးလျှံအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထုံးစံအတိုင်း သူ့လျှပ်စီး နဂါးလေးသည် အသုံးမဝင်တော့ပေ။ ထို့ကြောင့် သူကိုယ်တိုင်သာ လှုပ်ရှားနိုင်ပါတော့ သည်။ (မြက်ရွှံ့မြင်းနှင့်ပတ်သက်သည့် စကားလုံးပေါင်း ၁၀၀၀၀ ဆိုသည်မှာ ဆဲနည်းပေါင်း တစ်သောင်းကို ရည်ညွန်းပါသည်)။
ဘန်း…။
နဂါးအတောင်များကို ဖြန့်ကျက်လိုက်သောအခါတွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ မီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။
"မီးစွမ်းရည်.... ငါ့မှာလည်း ရှိတယ်။ မင်းရဲ့ကောင်းကင်ဘုံက ငါ့ကို ဘယ်လို ဖျက်ဆီးမလဲ ဆိုတာ ငါ မြင်ချင်မိသေး"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်၊ သူ့ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ရှောင်တိမ်းခြင်းမရှိဘဲ အကြီးမြတ်ဆုံး ရှေးဟောင်း နတ်ဘုရားမီးလျှံနှင့် တိုက်ရိုက် ရင်ဆိုင်လိုက် သည်။