အခန်း ၁၇၁၆
Vol. 115 Ch. 1716
အခန်း (၁၇၁၆) ကောင်းကင်ဘုံတန်ခိုးကို တွန်းလှန်ခြင်း။
"ဘန်း.."
ကောင်းကင်ယံတွင် ရှေးဟောင်း မီးလျှံလုံးကြီးသည် ချက်ချင်း ပေါက်ကွဲသွားပြီး အရပ်ရပ် သို့ ပြန့်ကျဲသွားသည့် မရေမတွက်နိုင်သော မီးလုံးငယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်၏ပုံသဏ္ဍာန်သည် လေထဲတွင် ဆုံးဖြတ်ချက် ပြတ်သားစွာ ရှိနေခဲ့သည်။ အနီရောင် နဂါးအတောင်ပံများသည် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး သူ့တစ်ကိုယ်လုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။
ယခုအချိန်တွင် ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမူသည် တိုးမြင့်လာသည်နှင့်အမျှ ချင်ယွင်၏ နဂါးတောင်ပံများမှာလည်း အလွန်အားကောင်းလာခဲ့ သည်။ ထို့ကြောင့် ဤကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း နတ်ဘုရားမီးလျှံသည် ချင်ယွင်ကို မထိခိုက်စေနိုင်ခဲ့ပေ။
ဟုတ်ပါသည်, ချင်ယွင်သည် ယခုအချိန်တွင် စိတ်အေးလက်အေး မရှိတော့ပါဘူး။ ကြောက်မက်ဖွယ်ကောင်းသည့် အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရားမီးလျှံသည် သူ့ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍, နောက်ထပ် အနည်းငယ်သာ ပိုအားကောင်းလာခဲ့ရင်, သူ့အတွက် ခုခံရန် အလွန်ခက်ခဲသွားနိုင်သည်။
"ယခုအချိန်, ငါ ကောင်းကင်ဘုံကပ်ဘေးဒုက္ခပေါင်း ၁၀၃ ခုကို ကျော်ဖြတ်ပြီးပြီ။ နောက်ဆုံးခြောက်ခုပဲ ကျန်တော့တယ်။ ဒါပေမယ့် ဒီကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ ခြောက်ခုက ကြီးမားတဲ့ ရှင်ခြင်းသေခြင်းတိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ့အကြည့်တွေက ထူးထူးခြားခြား လေးနက်နေခဲ့ သည်။
ဘန်း…။
ချင်ယွင်သည် စောင့်မျှော်နေစဉ်မှာ, ကောင်းကင်ယံမှ နောက်ထပ် လှုပ်ရှားမှုတစ်ခု ရှိလာခဲ့ သည်။
ဤတစ်ကြိမ်တွင်၊ ၎င်းသည် နတ်ဘုရားလျှပ်စီးများ မဟုတ်တော့သလို, အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရားမီးလျှံလည်း မဟုတ်တော့ပေ။ ယင်းအစား ၎င်းသည် တုနှိုင်းမရအောင် ကြီးမားသော ရွှေတောင်ကြီးတစ်ခု ဖြစ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ရွှေတောင်ကြီးသည် တုနှိုင်းမယှဉ်နိုင်လောက်အောင် လေးလံနေပြီး ၎င်းပြိုကျလာသည့် အရှိန်ဟုန်က ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အလွန်ဝေးကွားသော အကွာအဝေးမှ ချင်ယွင်သည် ဤရွှေတောင်ကြီး၏ထူထပ်မှုကို ခံစားနိုင်သည်။
"သတ္တုလား.."
ချင်ယွင်က သူ့ကိုယ်သူ စိတ်နှလုံးထဲမှာ ရေရွတ်ရင်း သူ့အကြည့်တွေက ထူးထူးခြားခြား လေးနက်နေခဲ့သည်။
အတွေးတစ်ချက်ဖြင့် သူ့အနားတွင် လေဟာနယ်ကိုယ်ပွားတစ်ခု ပေါ်လာသည်။ ထိုမျှတင် မကပေ, ချင်ယွင်လည်း နဂါးတဝက်အသွင်ပြောင်းခြင်း အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ပြီး သူ့အခြေအနေက တိုက်ရိုက်ပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါ သည်။
"ဘုန်း"
ရွှေတောင်ကြီး ကျဆင်းလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် နစ်မြုပ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ဖိချေခံရလုနီးပါး ဖြစ်သွားသည်။
ချင်ယွင်နှင့် လေဟာနယ်ကိုယ်ပွားတို့သည် ဤရွှေတောင်ကြီး၏ ကြောက်မက်ဖွယ် ဖိအား ကို တွန်းလှန်ပြီး ဤရွှေတောင်ကြီးကို ခိုင်မြဲစွာ ထောက်ပံထားသည်။
သို့သော်၊ ဤရွှေတောင်ကြီးသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ တိုက်ကြီးကိုပင် ချေမှုန်းနိုင်လောက်အောင် လေးလံလွန်းလှသည်။
"ဖျစ်…."
မြေပြင်သည် တစတစ ကွဲထွက်သွားပြီး ချင်ယွင်၏ ခြေဖဝါးအောက်က မြေပြင်သည် တခဏချင်း နစ်ဝင်သွားကာ ချင်ယွင်၏ တစ်ကိုယ်လုံးကို ဖိနှိပ်ချင်နေပုံရသည်။
"အား…”။
ချင်ယွင်က ဟစ်ကြွေးသံတစ်ချက် ထုတ်ဖော်လိုက်ပါသည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ရွှေတောင်၏ ဖိအားကို ပြင်းပြင်းထန်ထန် တွန်းလှန်ရင်း ကောင်းကင်ပေါ်သို့ လက်ကို မြှောက်လိုက်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင်၊ လေဟာနယ်ကိုယ်ပွားသည်လည်း ထပ်ခါထပ်ခါ ပြိုကွဲနေခဲ့သည်။
"ဘုန်း"
နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ့ခွန်အားရှိသမျှ ဆုံးရှုံးခါနီးတွင်၊ ဧရာမရွှေတောင်ကြီး သည် လုံးဝ ပေါက်ကွဲသွားပြီး လေထဲတွင် အဆုံးမရှိ ပျံ့နှံ့နေသည့် ရွှေရောင် အလင်းတန်း များအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်ယွင်သည် သူ့ခွန်အားများ ကုန်ဆုံးသွားပြီး မြေပေါ်သို့ လဲကျသွားတော့အလား ခံစားရသည်။
ဤရွှေတောင်ကြီးက တကယ်ကို လေးလံလွန်းပါသည်။ ၎င်းသည် အလွန်လေးလံပြီး ကြောက်စရာလည်း ကောင်းလွန်းပါသည်။
အကယ်၍, သူ့နဂါးစိတ်ဝိညာဉ်၏ ကောင်းချီးပေးမူနှင့် သူ့နတ်ဆိုးနတ်ဘုရား ခန္ဓာကိုယ် သည် ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် အချက်ကြောင့်သာ မဟုတ်ပါက၊ သူသည် ဤကြောက်စရာကောင်းသော ရွှေတောင်ကြီး ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အကယ်၍, သူသာ ခုခံနိုင်စွမ်းမရှိခဲ့ဘူးဆိုလျှင်, ထိုရွှေတောင်ကြီးက လုံးလုံး ဖိနှိပ်ပြီး သူ့စိတ်ဝိညာဉ်ကို ချေမွပစ်လိမ့်မည်။
ကံကောင်းထောက်မစွာ၊ ဤရွှေတောင်သည် အချိန်ကာလတစ်ခု ရှိနေခဲ့သည်။ မဟုတ်ပါက၊ သူသည် ယနေ့တွင် အသားအပိုင်းစတစ်ခု ဖြစ်လာတော့မည်။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခပဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို သူ ဘယ်လိုလုပ် ဆင့်ခေါ်နိုင်မှာ လဲ" ဝူဒေါင်ဇီက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ချင်ယွင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေသည့် မြင်ကွင်းအားလုံးကို သူ မြင်လိုက်ရသည်။ အဝေးမှပင် သူသည် ရွှေတောင်ကြီး၏ အလေးချိန်ကို ခံစားနိုင်သည်။ အကယ်၍, သူသာ ဆိုလျှင် တစ်စက္ကန့်လောက် ခံနိုင်ရည်ရှိရန် ခက်ခဲမှာကို ကြောက်နေမိသည်။ သို့သော်, ချင်ယွင်သည် ၎င်းကို သုံးမိနစ်လောက် ခံနိုင်ရည်ရှိခဲ့ပါသည်။
"ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခက ပျော်စရာ မကောင်းပါဘူး။ ကံကောင်းလို့၊ အခုနက ငါ အလျင်စလို မလုပ်ခဲ့လိုက်ဘူး။" လင်းဘက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။ သေချာသည်မှာ သူသည် အခုနက ရွှေတောင်ကြီးကို ထိတ်လန့်သွားခဲ့သည်။
တစ်ဖက်တွင်၊ ဝူဒေါင်ဇီသည် ရယ်ရမလား ငိုရမလား မသိတော့။ ဤလင်းဘသည် တကယ်ကို အပျော်ကြိုက်သူ ဖြစ်သည်။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်၌ နောက်ထပ် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
အဆုံးစွန်သော ကောင်းကင်ဘုံကပ်ဘေးဒုက္ခက စတင်ဆင်းသက်လာသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ ဤကောင်းကင်ဘုံ ကပ်ဘေးဒုက္ခသည် အမှန်တကယ်ပင် အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရားရေစင်မှ လူသားတစ်ဦးအသွင် အမှန်တကယ် ပေါင်းစည်းသွား ဖြစ်သည်။ အဓိကချက်မှာ ထိုလူသား ပုံစံသည် အမှန်တကယ်ပင် ယွမ်ရှီရှီ၏ အသွင်အပြင် ဖြစ်နေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏နှာခေါင်းက အမျက်ဒေါသကြောင့် စောင်းလုနီးပါး ဖြစ်သွားသည်။
ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် အမှန်တကယ်ပင် အရှက်ကင်းမဲ့ပြီး၊ အမှန်ပင် သူ့အမျိုးသမီး၏ အသွင်အပြင်အဖြစ် ဖြစ်ပေါ်လာသည်။
"ဟမ့်၊ မင်း ဒီလိုဖြစ်သွားတော့ ငါက မင်းကို သတ်ချင်စိတ် မရှိတော့ဘူးလို့ မင်း ထင်လား" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲတွင် ကြက်သွေးရောင် မီးလျှံ ဓားတစ်လက် ပေါ်လာသည်။
ဤနတ်ဘုရားကို ပင်လယ်နတ်ဆိုးဘုရင်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဘိုးဘေးနတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။ ဤအကြီးမြတ်ဆုံး ဖရိုဖရ နတ်ဘုရားရေစင်ကို ကိုင်တွယ်ရန် အသင့်တော်ဆုံး ဖြစ်သည်။
"ဖြိုကွဲလိုက်စမ်း"
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ထိုရုပ်အသွင်ကို သူ့ဓားဖြင့် တိုက်ရိုက် ခုတ်လိုက်သည်။
သို့သော်၊ ချင်ယွင် အံ့အားသင့်စေသည်မှာ, သူခုတ်ပိုင်း၍ လမ်းတစ်ဝက်ရောက်စဉ်မှာ, ယွမ်းရှီရှီသည် ယွမ်ရှီရှီနှစ်ဉီးအဖြစ် အမှန်တကယ် သိပ်သည်းသွားခြင်းပင် ဖြစ်သည်။
ချင်ယွင်က မယုံ၍ ဓားဖြင့် ထိုပုံရိပ်ကို ခုတ်ပိုင်းပြန်သည်။
သို့သော်၊ ထိုပုံရိပ်သည် အမှန်တကယ်တွင် နှစ်ပိုင်းကွဲသွားပြီး၊ ထိုဧရိယာထဲမှာ ချက်ချင်း ပင် ယွမ်ရှီရှီသုံးဦး ဖြစ်လာခဲ့သည်။
ချင်ယွင်၏ခေါင်းသည် ရုတ်တရက်ကြီး ကြီးလာခဲ့သည်။ သူသည် သူ့ရှေ့ရှိ အကြီးမြတ်ဆုံး ဖရိုဖရဲ နတ်ဘုရားရေစင်ကို အမှန်တကယ်ပင် ဖြိုခွဲနိုင်စွမ်းမရှိခဲ့ပေ။
ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျနေချိန်မှာ ယွမ်ရှီရှီသုံးယောက်သည် ချင်ယွင်ဆီသို့ စတင် ရွေ့လျားလာသည်။
ယွမ်ရှီရှီသုံးယောက်၏ ခွန်အားသည် တစ်ယောက်မျှ အားမနည်းပေ။ ၎င်းတို့တစ်ဦးချင်းစီ သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ ၏ ခွန်အားရှိသည်။
ထို့ကြောင့် တိုက်ပွဲအတွင်း ချင်ယွင်သည် ဖိနှိပ်ခံခဲ့ရပုံရသည်။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀ သုံးဦးတို့သည် အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ သူ မည်သို့ တိုက်ခိုက်မည်နည်း။ ထို့အပြင် ၎င်းတို့ထဲမှ တစ်ယောက် ကို ထက်ခြမ်းခွဲလိုက်လျှင်ပင် ၎င်းတို့သည် အမှန်တကယ် နှစ်ခြမ်းကွဲသွားမည် ဖြစ်သည်။
ချင်ယွင်သည် တစ်ယောက်ချင်း တိုက်ခိုက်နိုင်ရန် လေဟာနယ်ကိုယ်ပွားကို တိုက်ရိုက် အသုံးပြုခဲ့ရသည်။ သို့သော် ယွမ်ရှီရှီ၏တိုက်ခိုက်မူများက ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ထို့အပြင်, သူမထက်ခြမ်းခွဲခံရတိုင်း သူမခွန်အားတွေက အားနည်းသွားခြင်း မရှိခဲ့ပေ။ အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် ခုခံနိုင်စွမ်းမဲ့လာခဲ့သည်။
ယွမ်ရှီရှီ၏ လက်ဖဝါးတစ်ဖက်က သူ့ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး သွေးများ ဖျန်းခနဲ လွင့်စင် သွားသည်။ သူ့တစ်ကိုယ်လုံး တခဏချင်း လွင့်ထွက်သွားပြီး သူ့လေဟာနယ်ကိုယ်ပွား သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ရှီရှီ ခြောက်ယောက်သည် ချင်ယွင်ကို လွှတ်ထားရန် ရည်ရွယ်ချက် မရှိပါဘူး။ သူမတို့ အားလုံး ချင်ယွင်ဆီသို့ ပျံသန်းသွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည်လည်း အမျက်ဒေါသဖြင့် လောင်ကျွမ်းလာခဲ့သည်။
သူ့အသွင်ပြင်က ပြောင်းသွားခဲ့ပြီး၊ သူသည် ယွမ်ရှီရှီခြောက်ယောက်ကို သူ့ဗိုက်ထဲသို့ မျိုချရင်း နတ်ဘုရားနဂါးအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
သို့သော်၊ ဤအကြီးမြတ်ဆုံး ရှေးဟောင်း နတ်ဘုရားရေစင်သည် ချင်ယွင်၏ခန္ဓာကိုယ် တစ်ခုလုံး အရည်ဖျော်တော့အလား တုန်လှုပ်ချောက်ချားဖွယ်တစ်ခုက စတင်လာသည်။
မဆိုင်းမတွဘဲ၊ ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ဤအကြီးမြတ်ဆုံး ရှေးဟောင်း နတ်ဘုရားရေစင်ကို ကနဦးစကြဝဠာထဲသို့ ချက်ချင်း မျိုချလိုက်သည်။
ဤသည်မှာ ဤတိုက်ခိုက်မူကို တည်ငြိမ်သွားစေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
သို့သော်လည်း ချင်ယွင်၏ ထိုလုပ်ရပ်များက ချင်ယွင်သည် မသင့်လျှော်သည့် စွမ်းအား တစ်ခုကို အသုံးပြုခဲ့သည်ကို အာရုံခံစားမိသည့်အလား ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားပုံရသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် အမှန်တကယ်ပင် ထူးဆန်းသော ထိုပြောင်းလဲမှုကို ခံစားခဲ့ရပြီး၊ နောက်ဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခ သုံးခုစလုံးလုံး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဘန်း…။
အကန့်အသတ်မဲ့ ကောင်းကင်ဘုံတန်ခိုးနှင့် ရောနှောထားသော လက်ဖဝါးကြီး တစ်ဖက် သည် ကောင်းကင်ယံမှ ပြင်းထန်စွာ ဆန့်ထွက်လာကာ၊ ၎င်းသည် ချင်ယွင်ကို လုံးဝ ချေမှုန်းပစ်လိုသည့်အတိုင်း ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ကောင်းကင်ဘုံတန်ခိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ချင်ယွင်ကို မြေပြင်ပေါ်သို့ ချေမွလုနီးပါးပင် ဖြစ်သွားစေခဲ့သည်။ ဤလက်ဖဝါးကြီး၏ ကြောက်မက် ဖွယ် စွမ်းအားက ယခင် ရွှေတောင်ကြီးထက်ပင် ပြင်းထန်လှသည်။
ကောင်းကင်ဘုံတန်ခိုး ထွက်ပေါ်လာသည့်အခိုက်တွင်၊ ဘိုးဘေးနတ်ဘုရားများအပါအဝင် ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ လူတိုင်းသည် သူတို့၏စိတ်နှလုံးများ တုန်ခါသွားသလို ခံစားလိုက်ရသည်။
"လခွမ်း၊ မင်းက ငါ့ကိုသတ်ချင်မှတော့ ငါ မင်းကို တိုက်ခိုက်မယ်။ မင်းက ကောင်းကင်ဘုံ တန်ခိုးဖြစ်တော့ရော ဘာဖြစ်လဲ။ ငါ မင်းကို ဒီနေ့ တိုက်ခိုက်မယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ့မျက်လုံးများတွင် ရူးသွပ်မှု အရိပ်အယောင် ထွက်ပေါ်လာသည်။
ယခုတစ်ကြိမ်မှာတော့ သူသည် မည်သည့်အရာကိုမှ ထိန်းချန်မထားတော့ပါဘူး။ ယင်းအစား၊ သူသည် သူ၏ ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်ကို စတင်အသက်သွင်းလိုက် သည်။
ချက်ခြင်းပင်၊ အလွန်မင်း ကြောက်စရာကောင်းသည့် ပြန်လည်ဝင်စားခြင်း ဝဲဂယက်ကြီး သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာပြီး ဤဝဲဂယက်ကြီး ထွက်ပေါ်လာနှင့်အတူ ကမ္ဘာကြီး တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားတော့သည်။
ချင်ယွင်သည် ကောင်းကင်ယံမှ ဖိနှိပ်လာသည့် ဧရာမလက်ဖဝါးကြီးကို တွေ့လိုက်ရသော အခါ၊ သူ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး၊ ဝဲဂယက်ကြီးကို သူ့ရှေ့မှ လက်ဖဝါးကြီးဆီသို့ တိုက်ရိုက် တွန်းထုတ်လိုက်ပါသည်။