အခန်း ၁၇၁၇
Vol. 115 Ch. 1717
အခန်း (၁၇၁၇) အမွှာညီအစ်ကို
"ဘုန်း"
ချင်ယွင်၏ ပြန်လည်ဝင်စားခြင်း ဝဲဂယက်နှင့် ကောင်းကင်ဘုံတန်ခိုး လက်ဖဝါးတို့သည် ပြင်းထန်စွာ တိုက်မိပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည့် ကျယ်လောင် သော ဆူညံသံများ ထွက်ပေါ်လာသည်။
ဤအခိုက်တွင် ကောင်းကင်နှင့်မြေကြီးသည် ပျက်စီးသွားကာ အရာအားလုံး တုန်လှုပ်သွား ပြီး ကြောက်မက်ဖွယ် ကောင်းကင်ဘုံတန်ခိုးစွမ်းအားများက လူတိုင်းကို အသက်ရှူမဝ ဖြစ်စေသည်။
"ဖူး"
ချင်ယွင်သည် ရုတ်တရက် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။ ဤကြောက်မက် ဖွယ် စွမ်းအား၏ နောက်ဆက်တွဲ ရိုက်ခတ်မူကြောင့် သူ့ခန္ဓာကိုယ်သည် တိုက်ရိုက် လွင့်ပျံ သွားသည်။ သူ၏ကြံ့ခိုင်သည့် ရုပ်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက, သူသည် ဤကြောက်စရာကောင်းသည့် နောက်ဆက်တွဲ ရိုက်ခတ်မှုအောက်မှာ သေဆုံးသွားနိုင်ပါ သည်။
ဘန်း…။
သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုးစွမ်းအားကို အဆုံးအထိ လှုပ်ခါခါနီးတွင် ကောင်းကင်၌ ကပ်ဘေးဒုက္ခတိမ်များသည် ရုတ်တရက် ပြန့်ကျဲသွားပြီး အရာအားလုံး ငြိမ်သက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် ကြက်သေသေ ဖြစ်သွားခဲ့သည်။ မူလက သူသည် ၎င်းအား အဆုံးအထိ ပခုံးပြောင်းထမ်းရန် ပြင်ဆင်ထားသော်လည်း ဤကောင်းကင်ဘုံတန်ခိုးသည် တိုက်ခိုက်ခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ ဤအရာက ချင်ယွင်ကို အလွန်မင်း ဝေခွဲမရ ဖြစ်စေခဲ့သည်။
"ကောင်စုတ်လေး၊ မင်း သံသယဖြစ်မနေနဲ့။ သူက မင်းကို တကယ် မသတ်ချင်ဘူး။ တကယ်လို့ သူသာ မင်းကို တကယ်သတ်ချင်ရင်, မင်းအနေနဲ့ အခုက အဲဒီလက်ဖဝါး ရိုက်ချက်ကို တားနိုင်မှာ မဟုတ်ဘူး။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင် ခဏလောက် စဉ်းစားပြီး သဘောတူလိုက်ပါသည်။ ကောင်းကင်ဘုံတန်ခိုးသည် သူ့ကို သတ်ချင်သည်ဆိုလျှင်, တကယ်ကို သူ ခုခံနိုင်သည့်အရာ မဟုတ်ပါဘူး။
"ဒါပေမယ့် သူ ဘာလို့ ဒီလိုလုပ်တာလဲ" ချင်ယွင်ကတော့ ဝေခွဲမရဖြစ်နေတုန်းပင်။
"ငါလည်း မသိဘူး၊ ယုတ္တိနည်းအရပြောရရင်, ကောင်းကင်ဘုံတန်ခိုးတော်က စကြဝဠာ သခင်အသစ်တစ်ဦး မွေးဖွားခြင်းကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ မင်းနဲ့ ပတ်သက် ပြီး ပြောရရင်, ကောင်းကင်ဘုံတန်ခိုးက မင်းကို နှောင့်ယှက်နေတယ်။ သူက မင်း ပိုမိုကြီးထွားလာဖို့ မျှော်လင့်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက အတိအကျ ဘာတွေး နေလဲ။ မင်း စကြာဝဠာမှာ ကြီးကြီးမားမား အောင်မြင်မူရပြီး၊ စကြာဝဠာကို ကျော်ဖြတ်နိုင် တဲ့အခါ, မင်းအနေနဲ့ သူ့ကို မျက်နှာချင်းဆိုင် မေးကြည့်ပေါ့။" လျှိုဘိုက ပြန်ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူသည် ဤကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သည်ဟု ဆိုနိုင်သည်။ အကယ်၍, သူသာ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို နားမလည်ခဲ့ပါက, သူသည် ထိုလက်ဖဝါးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဝှီး…။
သို့သော် အရာအားလုံး ပြီးသွားပြီဟု ချင်ယွင် တွေးနေချိန်မှာ အဝေးမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ချင်ယွင်၏ရှေ့တွင် ရုပ်အသွင်တစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ထိုရုပ်အသွင် ပေါ်လာသည်ကို မြင်သောအခါ, မျက်မှောင်ကြုတ်လိုက် သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုလူ၏စွမ်းအားက အားနည်းခြင်းမရှိသည်ကို ခံစားနိုင် ပြီး၊ သူ့အကြည့်တွေက ခက်ထန်လွန်းသောကြောင့် ဖြစ်သည်။
ဤသူသည် အဖြူရောင်ဝတ်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ သူ့မျက်ခုံးတွေက ထက်ရှ ကာ၊ ပြင်းထန်ပြီး သူ့မျက်လုံးတွေက ပြင်းထန်ဖြင့် အလင်းရောင်တွေနှင့် တောက်ပနေ သည်။
"ကောင်းကင်ဘုံတံဆိပ်ကို လွှဲပေးပါ။ မင်းအသက်ကို ငါ ချမ်းသာပေးမယ်" ထိုလူငယ်က အေးစက်စွာ ပြောသည်။ သူ့လေသံက ငြင်းဆန်၍မရနိုင်သည့် တရားဝင် အမိန့်တစ်ခုကို သယ်ဆောင်လာသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးများတွင် အမျက်ဒေါသက တဟုန်ထိုး ပျံ့နှံ့လာ ခဲ့သည်။
"ငါ ဘာလို့ ပေးသင့်လဲ" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။ သူ့အကြည့်တွေက မကျေနပ်ဖြစ်ပြီး အလျော့မပေးလိုသည့် အမူအရာ ရှိနေသည်။
"ဟမ့်၊ မင်းက သေချင်နေတာလား။" ထိုလူငယ်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ အော်ပြော လိုက်သည်။
ထိုစကားကိုပြောပြီးနောက် သူသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။ သူ့ရုပ်အသွင်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ချင်ယွင်၏ရှေ့မှာ ပေါ်လာသည်။ သူသည် ကြီးမားပြင်းထန်သော စွမ်းအားဖြင့် လက်သီးတစ်ချက် ထိုးနှက်လိုက်လေသည်။
ချင်ယွင်သည်လည်း တူညီစွာပင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။
ချင်ယွင်သည် ဤကြောက်စရာကောင်းသော လက်သီးချက်၏ ရိုက်ခတ်မူကြောင့် နောက်ပြန် ဆုတ်သွားခဲ့ရပြီး ပေ ၃၀၀၀၀ အထိ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရသည်။
သေချာသည်မှာ ရောက်ရှိလာသည့် ထိုလူသည်လည်း မည့်သည့်အားသာချက်မှ မရှိခဲ့ဘဲ၊ သူ့ခန္ဓာကိုယ်လည်း နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
"ဘယ်လောက် ပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားလဲ။ ပေါ့ပေါ့တန်တန် လက်သီးချက်က ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတယ်။ ဒီလူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်မှာတောင် အားနည်းသူ မဟုတ်လောက်ဘူး" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး၊ အခုမှ ရောက်လာသည့် လူအပေါ် ကြည့်သည့် သူ့အကြည့်တွေက လေးနက်လာပါသည်။
ထိုလူသည် ချင်ယွင်၏ ခွန်အားကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရပြီး သူ့မျက်လုံး များတွင် အထင်အမြင်သေးမှုများက တဖြည်းဖြည်း လျော့ပါးလာသည်။ ချင်ယွင်ကို ကြည်သည့် သူ့အကြည့်တွေကလည်း လေးနက်သထက် လေးနက်လာခဲ့သည်။
"မင်းက ငါ့အကိုကြီးကို ရိုက်ဝံ့တာလား၊ မင်းတော့ သေချင်နေတာပဲ။"
သို့သော် ထိုအချိန်တွင် မိုးခြိမ်းသံသဖွယ် အော်ငေါက်သံတစ်ခု ထွက်ပေါ်လာသည်။ လင်းဘသည် အဝေးမှ ပြေးလာပြီး အဖြူရောင်ဝတ် လူငယ်ရှေ့တွင် ပေါ်လာသည်။ အနှိုင်းမဲ့ အစွမ်းထက်သော လက်သီးချက်က ထိုလူဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ထိုလူသည် အနည်းငယ် အံ့အားသင့်သွားပြီး လက်သီးတစ်ချက် ထပ်ထိုးလိုက်ပါသည်။
"ဘုန်း"
နောက်ထပ် ကျယ်လောင်သော ဆူညံပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာပြီး ထိုလူ၏ ပုံရိပ်သည် တစ်ဖန် လှုပ်ရှားသွားပြန်သည်။ သူသည် ပေရာပေါင်းများစွာ ဆုတ်ခွာသွားရပြီး၊ လေဟာနယ်ထဲ အရှိန်ဟုန်ဖြင့် လှမ်းဝင်သွားကာ လေဟာနယ်သည် ပြိုကွဲသွားခဲ့သည်။
လင်းဘသည် ထိုလက်သီးချက်ကြောင့် ခြေလှမ်း ဆယ်လှမ်းကျော် ဆုတ်သွားခဲ့သည်။
ထိုအနေထားကြောင့်, ဤလူသည် လင်ဘ၏လက်သီးချက်ကို အမှန်တကယ် ခံနိုင်ရည်ရှိခဲ့ ပြီး၊ ယင်းက ချင်ယွင်ကို ပို၍ပင် အံ့သြသွားစေခဲ့သည်။
လင်းဘ၏ စွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၂၀ တွင် ရှိနေကြောင်းကို သိရှိထားရမည်။ ဤလူသည် လင်းဘ၏လက်သီးချက်ကို ခုခံနိုင် သောကြောင့်၊ သူ့စွမ်းအားသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် တွင် ထိပ်တန်း ၃၀ စာရင်းဝင်သင့်သည်။
သို့သော် ထိုလူသည် လင်းဘကို စူးစူးစိုက်စိုက် ကြည့်နေရင်း၊ သူ့ရှေ့က ဤလူငယ်သည် ဤမျှလောက် အစွမ်းထက်မည်ကို မမျှော်လင့်ထားသည့်အတိုင်း လွန်စွာ တုန်လှုပ်သွားခဲ့ သည်။
"မင်း ဘယ်သူလဲ" ချင်ယွင်က ထပ်မံ တိုက်ခိုက်တော့မည့် လင်းဘကို ရပ်တန့်ရန် အသံပို့လွတ်ကာ တားဆီးလိုက်သည်။ သူက အဝတ်ဖြူဝတ် လူငယ်ကို ကြည့်ပြီး မေးသည်။
အဖြူရောင်ဝတ်လူငယ်သည် မျက်မှောင်ကြုတ်သွားသော်လည်း ပြန်မဖြေပေ။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်၏မျက်နှာမှာ မကျေမနပ် အရိပ်အယောင်များ ပေါ်လာပြန်သည်။
"သူ့နာမည်က တူကုရှီရှန်း၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၈ ရှိတယ်။ သူက မာနကြီးပြီး အေးစက်စက်နေတတ်တယ်။" ဝူဒေါင်ဇီက ချင်ယွင်၏အနားမှာ ပေါ်လာပြီး ပြောသည်။
ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်တွင် အဆင့် ၂၈ နေရာမှာရှိသူသည် မာနကြီးလွန်းသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် ၂၈ နေရာလေးဖြင့် မောက်မာလွန်းနေသည်။ ဤအရာက မာနကြီးလွန်းသည် မဟုတ်ပေဘူးလား?”
ဝူဒေါင်ဇီသည် ချင်ယွင်၏ အတွေးများဖြင့် မြင်နေပုံရသည်။ သူက ဟန်ဆောင်ချောင်းဆိုး ပြီး ပြောသည် "တူကုရှီရှန်းဆိုတာ လူတစ်ယောက်ထက် ပိုတယ်။ သူ့မှာ တူကုထျန်းဟိုင် ဆိုတဲ့ အမြွှာအစ်ကိုတစ်ယောက် ရှိသေးတယ်။ ဒီလူရဲ့ခွန်အားက ပိုပြီးတော့ အားကောင်း တယ်။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၆ ကို ရောက်နေ ပြီ။ သူတို့အမွှာညီအကိုက အမြဲတမ်း အတူရှိနေကြတာ။"
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၆ လား" ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ အကယ်၍, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်တွင် အဆင့် ၁၆ သာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင်, သူတို့သည် နောက်ထပ် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။
"ဟား..၊ ဟား၊ မင်းက တကယ့်ကို ကျွမ်းကျင်သူတစ်ယောက်ပဲ။ ကြည့်ရတာ မင်းက ငါ့ကို လှုပ်ရှားစေချင်တယ်ပေါ့… ညီလေး”။
ချင်ယွင်သည် သူ့စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာစဉ်မှာ, ကောင်းကင်ယံမှ ဟက်ဟက်ပက်ပက် ရယ်မောသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ကြံ့ခိုင်ခံ့သော ပုံရိပ်တစ်ခုက အဝေးမှ ပျံသန်းလာခဲ့သည်။