အခန်း ၁၇၁၈
Vol. 115 Ch. 1718
အခန်း (၁၇၁၈) တူကုထျန်းဟိုင်
လူထွားကြီး ပေါ်လာသည်နှင့် သူသည် ချင်ယွင်နှင့် အခြားသူများကို ပြင်းထန်သော ဖိအားများ ပေးလာခဲ့သည်။
ချင်ယွင်သည် သူ့ရှေ့ရှိ လူထွားကြီး၏ ခွန်အားသည် လုံးဝ ကြောက်စရာကောင်း ကြောင်း သေချာသည်။
"ဒီနှစ်ယောက်က အမြွှာတွေလား။ ဘယ်လိုပဲ ကြည့်ကြည့်၊ သူတို့အသွင်ပြင်တွေက လုံးဝ မတူဘူး" ချင်ယွင်သည် သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူ့ရှေ့က လူနှစ်ယောက်သည် နည်းနည်းလေးမှ ဆင်တူပုံမပေါ်ပေ။
"အဓိပ္ပာယ်မဲ့ စကားတွေ ရပ်ပြီး၊ သူတို့ကို သတ်ပစ်လိုက်" တူကုရှီရှန်းက ပြောလိုက်ပြီး၊ သူ့ပုံစံက အေးစက်ပြီး မာနကြီးပုံပေါ်နေသေးသည်။
ဒါပေမယ့် လူထွားကြီးသည် ထိုအနေထားကို အသားကျရနေပုံရပြီး ပြုံးကာ ပြောလိုက် သည် "ဟီး…၊ ဟီး….၊ ညီလေး၊ ဒီလူတွေက အသတ်ခံရမှာပါ။ သိပ်စိတ်မပူပါနဲ့။ ငါ သူတို့ကို အလွတ်ပေးမယ်လို့ မင်း ထင်နေတာလား။" "ဒါပေမယ့်, မင်းရဲ့စိတ်မရှည်တတ် တဲ့ အကျင့်ကိုတော့ မင်း ပြောင်းလဲပစ်ရမယ်။ မင်းကိုမွေးတုန်းက အမေက မင်းကို ကောင်းကောင်း ဂရုစိုက်ရမယ်လို့ ပြောခဲ့တယ်။ နှစ်တွေ မရေမတွက်နိုင်အောင် ကုန်ဆုံးသွားပေမယ့် ငါက မင်းရဲ့အစ်ကို ဖြစ်နေတုန်းပဲလေ..."
လူထွားကြီးက စကားအများကြီး ပြောလိုက်ပါသည်။ သို့သော်လည်း ချင်ယွင်သည် ဆွံ့အသွားရဆဲပင်။
လခွမ်း၊ ဒီအမြွှာညီအစ်ကိုက ပုံပန်းသဏ္ဍာန် ကွဲပြားရုံသာမကပေ။ သူတို့သည် လုံးဝ မတူကွဲပြားသည့် စိတ်သဘောထားကိုတောင် ပိုင်ဆိုင်ထားကြသည်။ ဤတူကုရှီရှန်းသည် လုံးဝ အေးစက်သော်လည်း၊ ဤတူကုထျန်းဟိုင်သည် လုံးဝ လေအိုးကြီး ဖြစ်ပုံရသည်။
"အဓိပ္ပာယ်မဲ့ စကားတွေရပ်ပြီး သူ့ကို သတ်ပစ်လိုက်" တူကုရှီရှန်းသည် တူကုထျန်းဟိုင်၏ စကားကို သည်းမခံနိုင်တော့ပုံရပြီး၊ ထပ်ပြောလိုက်သည်။
တူကုထျန်းဟိုင်က အလောတကြီး တုန့်ပြန်သည် "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မင်းက သူတို့ကို အရင်သတ်ဖို့ ပြောမှတော့ ငါ ဒီလူတွေကို သတ်ပစ်လိုက်မယ်" မင်းကြည့်ထား၊ ကလေးဘဝကတည်းကနေ အခုအချိန်အထိ, ငါက အရာရာမှာ မင်း သဘောအတိုင်း လုပ်ဆောင်ပေးတဲ့ အစ်ကိုကြီးတစ်ယောက်ပဲ။ ငါက မင်းထက်အရင် ခဏလေးစောပြီး ထွက်လာခဲ့ပေမယ့် အကိုကြီးက အကိုကြီးဖြစ်နေတုန်းပါပဲ..."
ချင်ယွင်နှင့် ဝူဒေါင်ဇီတို့၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားကြသည်။
ဤသောက်ကျိုးနည်း ညီအကိုနှစ်ယောက်က လုံးဝကို ထူးဆန်းသည့် လူနှစ်ယောက် ဖြစ်ပါသည်။
လင်းဘသည် သူ့မျက်လုံးများကို လှိမ့်ပတ်စကားရင်း ပြောစရာစကားမဲ့နေသည်။
"ဒီကလေးကို အရင်သတ်ပါ၊ ပြီးရင် အဲဒီနှစ်ယောက်ကို သတ်လိုက်ပါ" တူကုရှီရှန်းက လင်းဘကို ညွှန်ပြပြီး ပြောသည်။
တူကုထျန်းဟိုင်သည် လင်းဘကိုကြည့်ကာ တူကုရှီရှန်းဘက်သို့ ပြန်လှည့်ကြည့်လိုက် သည်။ "ညီလေး၊ ဒါတော့ ဆိုးလွန်းမနေဘူးလား။ ဒီကောင်လေးက ကလေးတစ်ယောက်ပဲ ရှိသေးတာ သေချာပါသည်။ အမေက ငါတို့ကို လူကြီးတွေကို လေးစားပြီး ငယ်ရွယ်သူကို ချစ်ရမယ်လို့ သင်ကြားပေးခဲ့တယ်လေ။ ငါတို့က ကလေးတွေကို ဘယ်လိုလုပ် အနိုင်ကျင့်လို့ ရမှာလဲ။ ငါ့စကာ့းကို နားထောင်စမ်းပါ။ ငါတို့ ဒီနှစ်ယောက်ကိုပဲ ဘာလို့ မသတ်တာလဲ..."
"မိုက်မဲတဲ့စကားတွေ ရပ်ပြီး၊ သူ့ကို သတ်ပစ်လိုက်စမ်းပါ" တူကုရှီရှန်းက ရှုံ့တွသော အမူအရာဖြင့် ထပ်ပြောသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ မင်းပြောတာကို နားထောင်မယ်။ ငါ့ညီကို ဘယ်သူက စိန်ခေါ်တာလဲ။" တူကုထျန်းဟိုင်က သဘောတူပြီး လင်းဘကို လှည့်ကြည့်လိုက်သည်။
လင်းဘသည်လည်း တူကုထျန်းဟိုင်ကို အရူးတစ်ယောက်ကို ကြည့်နေအတိုင်း ကြည့်ရင်း ပြောလိုက်သည် "မိန်းမဝဝကြီး၊ မင်း လှုပ်ရှားချင်ရင် မြန်မြန်လုပ်လိုက်ပါ"
လင်းဘက သူ့ကို အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောလာသည့်စကာကို တူကုထျန်းဟိုင် ကြားသောအခါ သူသည် ချက်ချင်း ဒေါသထွက်သွားသည်။ ဤတစ်ကြိမ်တွင် သူသည် အဓိပ္ပာယ်မဲ့ စကားတွေကို ရပ်လိုက် ပြီး လင်းဘကို တိုက်ရိုက် ထိုးသတ်လိုက်သည်။
ထိုလက်သီးချက်က အလွန်မင်း အစွမ်းထက်လွန်းသည်။ လက်သီးကို ကြောက်မက်ဖွယ် ဥပဒေသပုံစံများဖြင့် ဖုံးအုပ်ထားပြီး၊ မိုးကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေ၏။
လင်းဘ၏ မျက်လုံးများက တောက်ပလာကာ၊ ထိုလက်သီးချက်ကို တားဆီးရန် သူ့လက်သီးကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းဘ၏ တစ်ကိုယ်လုံး လွင့်ပျံသွားကာ သူ့ရုပ်အသွင်သည် မြေပြင်ပေါ်တွင် အလွန်လျင်မြန်စွာ လျှောတိုက်လွင့်သွားသည်။
တူကုထျန်းဟိုင်၏ ရုပ်အသွင်သည် လှုပ်ရှားသွားပြီး၊ သူ့ခန္ဓာကိုယ်မှ ခွန်အားကို ဖယ်ရှား လိုက်သည်။ သူသည် လေထဲသို့ ခြေတစ်လှမ်းတိုးကာ လင်းဘနောက်သို့ လိုက်သွားခဲ့ သည်။
"အယ်၊ လင်းဘ တကယ်ကို ရှုံးသွားပြီ။ ဒီတူကုထျန်းဟိုင်ရဲ့ အစွမ်းက တကယ် ကြောက်စရာကောင်းတယ်" ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။
လင်းဘ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မူသည် အလွန်မင်း ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် မဟာနတ်ဆိုးနတ်ဘုရားတစ်ပါး၏ လူပြန်ဝင်စားသူဖြစ်ပြီး လင်းဘ၏ ခန္ဓာကိုယ်အတွင်းမှာ အလွန်မင်း ကြောက်စရာကောင်းသည့် တန်ခိုးစွမ်းအား ရှိနေသည်။ ထို့ကြောင့် ချင်ယွင်သည် လင်းဘအတွက် မမျှော်လင့်ထားသည့် မည်သည့် အရာမျိုးကိုမျှ စိုးရိမ်ခြင်းမရှိခဲ့ပေ။
သို့သော် တူကုထျန်းဟိုင်၏ ခွန်အားက သူ့ကို အံ့အားသင့်စေခဲ့သည်။ လင်းဘ၏ လက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သူများသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အများအပြား မရှိနိုင်ပေ။
"ဘုန်း…၊ ဘုန်း…၊ ဘုန်း…ဘုန်း..”
တူကုထျန်းဟိုင်က လင်းဘကို မှီသွားခဲ့ပြီး သူ့လက်သီးတွေကို အဆက်မပြတ် ဝှေ့ယမ်း တိုက်ခိုက်သည်။ လက်သီးတစ်ချက်ချင်းစီသည် လင်းဘ၏ ရင်ဘတ်ပေါ်သို့ ကျရောက် သွားပြီး နတ်တောင်ပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်သွားသည်။
"ဘုန်း"
နောက်ထပ် မြေကြီးပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ တူကုထျန်းဟိုင်၏ လက်သီး ချက်ကြောင့် နတ်တောင်တစ်ခု လုံးလုံး ပျက်ဆီးသွားခဲ့သည်။ လင်းဘ၏ခန္ဓာကိုယ်လည်း အပျက်အစီးများတွင် မြှုပ်နှံသွားသည်။
"ငါ့ကိုများ မိန်းမတစ်ယောက်လို့ မင်းပြောရဲတယ်လား။ မင်းက သေချင်နေတာပဲ" တူကုထျန်းဟိုင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ရက်စက် ကြမ်းကြုတ်မှုတွေက ယခင်လို လေကြောရှည်ခြင်းမျိုး နည်းနည်းလေးမှ မရှိတော့ပါဘူး။ ယင်းအစား၊ သူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားပုံရ သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အပျက်အစီးများက ပေါက်ကွဲသွားခဲ့သည်။ လင်းဘ၏ ရုပ်အသွင်သည် လေထဲတွင် ပေါ်လာပြီး တူကုထျန်းဟိုင်ကို ကြည့်နေသည့် သူ့အကြည့်များက ဒေါသများဖြင့် ပြည့်နှက်နေသည်။
မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်က ထွက်လာပြီးကတည်းက သူသည် ချင်ယွင်မှ လွဲ၍ တခြားသူတစ်ဦးကို ပထမဆုံးအကြိမ် ရှုံးနိမ့်ရခြင်း ဖြစ်သည်။ ဤအရာက လင်းဘ၏ နှလုံးသားကို ဒေါသတဟုန်းဟုန်း တောက်လောင်စေခဲ့သည်။
ဘန်း..။
သူ့မျက်ခုံးကြားက ဉပဒေသကွင်းဆက်များ လင်းလက်တောက်ပလာရင်း လင်းဘ၏ မျက်လုံးတွေက စူးရှလာခဲ့သည်။ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းတစ်ခုက သူ့မျက်ခုံးကြားကနေ ထွက်ပေါ်လာသည်။
တူကုထျန်းဟိုင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာမှာ အံ့ဩဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ အတွေးတစ်ချက်ဖြင့် လင်းဘ၏နောက်ကွယ် တွင် လေဟာနယ်ကိုယ်ပွားတစ်ခု ပုံပေါ်လာသည်။ သူက လင်းဘပခုံးပေါ်ကို လက်တင် ရင်း သူ့ကို တားလိုက်သည် "လင်ဘရပ်၊ ရပ်လိုက်"
ချင်ယွင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း လင်းဘ၏ သုန်မှုန်နေသာ အကြည့်များက တဖြည်းဖြည်း လျော့ပါးလာသည်။
"မင်း ဘေးမှာ ခဏလောက် နားလိုက်ဦး။ နောက်ပိုင်းကိစ္စ ငါလုပ်လိုက်မယ်။" ချင်ယွင်က လင်းဘကို ပြုံးပြလိုက်သည်။
လင်းဘကို သူ့မျက်ခုံးနှစ်ခုကြားက ဉပဒေသကွင်းဆက် အသုံးမပြုရန် သူ တားမြစ်ရသည့် အကြောင်းရင်းက သူ့မျက်ခုံးနှစ်ခုကြားရှိ ဉပဒေသကွင်းဆက်များတွင် ပါဝင်နေသည့် စွမ်းအင်တွေက မည်မျှအထိ ကြောက်စရာကောင်းလဲဆိုသည်ကို သူ သိထား၍ ဖြစ်ပါသည်။ သူ အသုံးပြုပြီးသည်နှင့် အဆင့် ၁၆ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှက် ချက်ဝင်သူကို မဆိုထားနှင့်, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှက်ချက်တွင် ပထမက ပုဂ္ဂိုလ်ပင်လျှင် ခုခံနိုင်စွမ်း မရှိလောက်ပေ။
သို့သော် ထိုကြောက်မက်ဖွယ်စွမ်းအားကို အသုံးပြုသောအခါ၊ ထိုစွမ်းအားသည် ဘိုးဘေး နတ်ဘုရားများ၏ အာရုံကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။ ထိုဘိုးဘေးနတ်ဘုရား များသည် လင်းဘ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည်နှင့် လင်းဘသည် အမှန်တကယ်ပင် အန္တရာယ်ရှိလာပေလိမ့်မည်။
ထို့ကြောင့် ချင်ယွင်သည် လင်းဘကို သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားကို အသုံးပြုခြင်းမှ တားဆီးလိုက်ခြင်း ဖြစ်သည်။
လင်းဘသည် သူ့စိတ်ထဲတွင် အနည်းငယ် မကျေနပ်သော်လည်း ချင်ယွင်၏စကားကို ၁၀၀ ရာခိုင်နှုန်း နာခံသည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို ရပ်ရန်ပြောသောအခါ ချက်ချင်း ရပ်လိုက်သည်။
"အကိုကြီး၊ မင်းက ငါ့အတွက် သူ့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်။" လင်းဘက ပြောသည်။
"အသေချာပေါ့။ မင်း စောင့်ကြည့်နေလိုက်။" ချင်ယွင် ရယ်မောလိုက်သည်။
ထိုစကားကို ကြားတော့ လင်းဘသည် အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းသွားပြီး ဝူဒေါင်ဇီ၏ အနားကို ပြန်လာခဲ့သည်။
ဤဖြစ်စဉ်အတွင်း တူကုထျန်းဟိုင်သည် သူ့ကို အနှောင့်အယှက်ပေးခြင်း သို့မဟုတ် တားဆီးခြင်းမျိုး မပြုခဲ့ပေ။ ယခုအချိန်တွင် သူသည် လင်းဘ၏မျက်ခုံးကြားရှိ ဥပဒေသ ကွင်းဆက်နှင့် ပတ်သက်၍ သံသယအချို့ရှိနေဆဲ ဖြစ်သည်။ လင်းဘသည် ထိုဥပဒေသ ကွင်းဆက်ကို အသုံးပြုသည့်အခိုက်တွင် အန္တရာယ်ရှိသည့် အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ ထိုအငွေ့အသက်ကို သူ မခံစားရသည်မှာ ကြာခဲ့ပြီ။
အဝေးက တူကုရှီရှန်းအနေဖြင့်, အေးစက်စက် မျက်လုံးတစ်စုံဖြင့် ကမ္ဘာကြီးကို ကြည့်နေ ရင်း, အဝေးမှာ လွင့်မျောနေဆဲပင်။
"ကောင်စုတ်၊ ငါ သူ့ကို အရင်သတ်မလို့။ မင်း ဘာလို့ လှုပ်ရှားလာရတာလဲ" တူကုထျန်းဟိုင်က ချင်ယွင်ကို ကြည့်ကာ မေးလိုက်သည်။ သူသည် အပြင်လူများနှင့် ဘယ်တော့မှ စကားမပြောပေ။ စကားပြောသည့်အခါ ဘယ်တော့မှ နားမထောင်သည့် တူကုရှီရှန်းနှင့်သာ စကားပြောဖူးပါသည်။
"ဘာမှ မဟုတ်ပါဘူး။ မင်း တိုက်ခိုက်တဲ့အခါ မိန်းမတစ်ယောက်နဲ့တူတယ်လို့ ငါ ခံစားမိလို့ပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
သို့သော် သူပြောပြီးသည်နှင့် တပြိုင်နက် သူ့ရင်ဘတ်ထံသို့ ကြောက်မက်ဖွယ် စွမ်းအား တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
တူကုထျန်းဟိုင်၏ရုပ်အသွင်သည် ချင်ယွင်ရှေ့တွင် ပေါ်လာပြီး ချင်ယွင်၏ ရင်ဘတ်ကို လက်ဖြင့် ထိုးလိုက်သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ကိုယ်ပွားသည် ပေါက်ကွဲကာ လေထဲ သို့ လွင့်ပျယ်သွားခဲ့သည်။
တူကုထျန်းဟိုင်သည် ရုတ်တရက် သူ့ခေါင်းကို လှည့်ကာ အလွန်ရက်စက်သော အကြည့် ဖြင့် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်ဆီသို့ ပြေးသွားခဲ့သည်။