← Chapters

အခန်း ၁၇၁၉

Vol. 115 Ch. 1719

အခန်း ၁၇၁၉

Vol. 115 Ch. 1719

အခန်း (၁၇၁၉) လေဟာနယ်ကြေးမှုန် လေဟာနယ်ဖြတ်သန်းခြင်း။

တူကုထျန်းဟိုင် ရောက်ရှိလာခြင်းမှာ အနှိုင်းမဲ့ မြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဘန်း…။

လက်သီးတစ်ချက်က ချင်ယွင်ဆီသို့ တိုက်ရိုက် တိုးဝင်သွားပြီး ကြောက်မက်ဖွယ် ဖိနှိပ်ခြင်း ခံစားချက်ကို သယ်ဆောင်လာသည်။ ထိုကဲ့သို့ ဖိနှိပ်မူခံစားချက်မျိုးသည် တုနှိုင်းမရ အောင် ကြီးမားသည့် နတ်တောင်ကြီးက သူ့ဆီကို ရုတ်တရက် ထုရိုက်လိုက်သည့် အတိုင်းပင်။

"မြေစွမ်းရည် ဥပဒေသ အစစ်မှန် အဓိပ္ပါယ်လား" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါ သည်။

တူကုထျန်းဟိုင်၏ လက်သီးနည်းစနစ်တွင် အစစ်မှန်အဓိပ္ပါယ် ဥပဒေသကို ထည့်သွင်း ထားပြီး ဖြစ်ကြောင်း ထင်ရှားပါသည်။ ထို့အပြင်, ထိုအစစ်မှန်အဓိပ္ပါယ်အပေါ် သူ၏ နားလည်မှုသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ။ သူလုပ်သည့် လှုပ်ရှားမှု တိုင်းတွင် ဥပဒေသ၏ ပြင်းထန်သော အငွေ့အသက်ကို ခံစားရနိုင်သည်။

ချင်ယွင်သည် လျစ်လျူမရှုဝံ့ပေ။ သူသည် ထိုထိုးချက်ကို ရင်ဆိုင်ရန် သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အား အားလုံးကို စုစည်းရန် ကြံရွယ်ရင်း သိုင်းပညာ အစစ်မှန် အဓိပ္ပာယ်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။

"ဘုန်း"

ကောင်းကင်တုန်လှုပ်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံး လွင့်ထွက်သွားသည်။

သူ့လက်မောင်းတစ်ခုလုံးသည် ပြင်းထန်သော ထုံကျင်မူကို ခံစားလိုက်ရပြီး၊ သူ့ရုပ်အသွင် က ဥက္ကာပျံကဲ့သို့ အဝေးကတောင်ပေါ်သို့ ပြုတ်ကျသွားသည်။

"လခွမ်း…၊ ဘယ်လောက် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။ လင်းဘကို လွင့်ထွက် အောင်လုပ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။" ချင်ယွင်သည် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင်၊ နတ်ဘုရားလျှပ်စီးတစ်သိန်းက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား သလို ခံစားလိုက်ရသည်။ ထိုကြောက်မက်ဖွယ်စွမ်းအားသည် သူခုခံနိုင်သည့်အရာ မဟုတ်ခဲ့ပေ။

ဘန်း…။

သို့သော် ချင်ယွင် ကျိန်ဆဲနေချိန်တွင် လေဟာနယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားသည် ကို ခံစားလိုက်ရသည်။

ချင်ယွင်သည် ထိုအကြောင်းကိုပင် မတွေးနိုင်တော့ဘဲ ဘေးသို့ အမြန် ရှောင်သွားခဲ့သည်။

သို့သော် သူပျောက်ကွယ်သွားသည့် အခိုက်တွင်၊ သူ့နောက်ရှိ ဧရာမတောင်ကြီးသည် ချက်ခြင်းဆိုသလို လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်က ရှုံ့မဲ့သွားသည်။ သူ့ရှေ့က ဤလူသည် သေချာပေါက် တိုက်ခိုက်ရေး စက်ရုပ်တစ်ရုပ် ဖြစ်သည်။ ထိုကြောက်မက်ဖွယ်စွမ်းအားသည် အမှန်ပင် ကြောက်စရာကောင်းလွန်းသည်။

"ဟမ့်၊ မင်း ထွက်ပြေးချင်ရင်တောင်, လမ်းမရှိဘူးတော့"

ဤအခိုက်တွင်၊ တူကုထျန်းဟိုင်သည် လေဟာနယ်ထဲ ခြေဆောင့်နင်းလိုက်ပြီး သူ့ခြေဖဝါး အောက်မှ ကြောက်မက်ဖွယ်ရာ စုပ်ယူခြင်း စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

မူလက လေထဲတွင် ရှိနေသည့် ချင်ယွင်သည် ဤကြောက်မက်ဖွယ် စုပ်ယူမှု စွမ်းအား ကြောင့် ချက်ချင်းပင် ဆွဲချခံလိုက်ရပြီး မြေပြင်ပေါ်တွင် ခိုင်မြဲစွာ လှဲလျောင်းသွားရသည်။

"ဆွဲငင်ခြင်းဉပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်" ချင်ယွင်သည် သူ့စိတ်နှလုံးထဲမှာ သက်ပြင်း ချလိုက်မိပါသည်။

သူ့ရှေ့ရှိ လူထွားကြီး နားလည်ထားသည့် အစစ်မှန် အဓိပ္ပါယ်မှာ တကယ်ပင် ဆွဲငင်ခြင်း ဉပဒေသ ပါ၀င်နေမည်ဟု သူ မည်သည့်အခါမှ စိတ်မကူးခဲ့ဖူးပါဘူး။

ယခုအချိန်တွင် ချင်ယွင်၏ ခြေရင်းအောက်ရှိ ဆွဲငင်အားမှာ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်တောင်မှ ပျံသန်းရန် မဆိုထားနှင့် မတ်တပ်မရပ်နိုင်သ လောက်ဖြစ်နေပြီ။

"ကောင်လေး၊ အခု ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း သိပြီမို့လား။ ငါ မင်းကို ပြောပြမယ်။ ငါ့ဆွဲငင်ခြင်းဉပဒေသက အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီ၊ ပြီးပြည့်စုံခြင်း အဆင့်နဲ့ မဝေးတော့ဘူး။ ဒီနေရာမှာ ဆွဲငင်အားက ရှေးခေတ်နတ်ဘုရားကမ္ဘာထက် အဆ ၁၀၀၀၀ ရှိတယ်။ မင်းဟာ ဘိုးဘေးနတ်ဘုရားတစ်ပါး မဟုတ်ဘူးဆိုရင်, မင်းအနေနဲ့ ငါ့ဆွဲငင်အားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။" တူကုထျန်းဟိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက စဉ်းလှီးတုံးပေါ် ကျရောက်နေသည့် ငါးတစ်ကောင်ကဲ့သို့ ချင်ယွင်ကို ကြည့်နေလေသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါ၊ လေးနက်မှု အရိပ်အယောင်တစ်ခုက သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးအရပ်မှာ တောက်ပသွားခဲ့သည်။

ဤသည်မှာ သူသည် ဆွဲငင်ခြင်းဉပဒေသကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး၊ ဤမျထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

တူကုထျန်းဟိုင် နားလည်ထားသည့် အရာသည် လေးလံသည့်မြေစွမ်းရည် ဉပဒေသ မဟုတ်ဘဲ လေးလံသည့်မြေစွမ်းရည် ဉပဒေသထက် ပိုမိုအားကောင်းသည့် ဆွဲငင်ခြင်း ဉပဒေသ ဖြစ်နေသည်။

သူ့လက်သီးက အရမ်းကို ပြင်းထန်နေရသည့် အကြောင်းရင်းမှာ, သူသည် သူ့လက်သီးကို ဆွဲငင်ခြင်း ဉပဒေသနှင့် ချိတ်ဆက်ထားပြီး၊ တခဏအတွင်းမှာ သူ့လက်သီး၏ စွမ်းအားကို အဆ ၁၀၀၀၀ အထိ မြင့်တင်နိုင်သောကြောင့် ဖြစ်သည်။

"အဆင့် ၁၆ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးက တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။ ဒီဆွဲငင်ခြင်း အစစ်မှန် အဓိပ္ပါယ်က ဒုတိယ တန်းစား ဉပဒေသတွေရဲ့ အထွတ်အထိပ် ရောက်နေမှာတောင် ငါ ကြောက်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အစစ်မှန် အဓိပ္ပါယ် ဉပဒေသများသည် အမျိုးအစားများစွာ ရှိပြီး၊ အစစ်မှန် အဓိပ္ပါယ် ဉပဒေသတစ်ခုချင်းစီ၏ စွမ်းအားမှာလည်း အလွန်ကွဲပြားပါသည်။ ဆွဲငင်ခြင်း ထိခိုက်စေ နိုင်သော အစစ်မှန် အဓိပ္ပါယ် ဉပဒေသသည် အလွန်အစွမ်းထက်သော အစစ်မှန် အဓိပ္ပါယ် တစ်ခု ဖြစ်မည်မှာ သေချာပါသည်။

သို့သော် ချင်ယွင်ကို ဤအရာတစ်ခုတည်းဖြင့် သတ်နိုင်သည်ဆိုလျှင်တော့, သူသည် ချင်ယွင်ကို လျှော့တွက်လွန်းရာ ကျပေလိမ့်မည်။

"သေ"

တူကုထျန်းဟိုင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ဆွဲငင်ခြင်းဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ် လွှမ်းခြုံထားသည့် လက်သီးသည် ချင်ယွင်ဆီသို့ တိုက်ရိုက် တိုးဝင်သွား သည်။ ချင်ယွင်၏တစ်ကိုယ်လုံးသည် သူ့ခြေရင်းအောက်ရှိ ဆွဲငင်အားဖြင့် ချည်နှောင်ထား သောကြောင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ပေ။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် ချင်ယွင်ကို အသားစများ အဖြစ် တိုက်ရိုက် ချေမွပစ်နိုင်ပါသည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်၏ မျက်နှာက ထိတ်လန့်သည့် အရိပ်အယောင် ဖြစ်ပေါ်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးနေရာတွင် အပြုံးရိပ်သမ်းနေသည်။

တူကုထျန်းဟိုင်က ချင်ယွင်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ချိန်မှာ ချင်ယွင်၏ ခန္ဓာကိုယ်က ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။

"အယ်" တူကုထျန်းဟိုင်သည် သူ့လက်သီးကို လေဟာနယ်ထဲသို့ ထိုးသွင်းမိသွားပြီး၊ လေဟာနယ်က ကြေမွသွားသော်လည်း ချင်ယွင်ကို ထိခိုင်မိခြင်းမရှိခဲ့ပေ။

တူကုထျန်းဟိုင် အံ့သြသွားသည်။ ချင်ယွင်သည် သူ့ဆွဲငင်ခြင်းဉပဒေသ အစစ်မှန် အဓိပ္ပာယ်ဖြင့် ချည်နှောင်ခံထားရသည်မှာ ရှင်းလင်းသည်။ သူ မည်သို့ ပျောက်ကွယ်သွား နိုင်မည်နည်း။

"မင်း ငါ့ကို မသတ်နိုင်ဘူး" ချင်ယွင်သည် အခြားတစ်နေရာတွင် ပေါ်လာပြီး တူကုထျန်း ဟိုင်ကို ပြုံးပြုံးကြီး ကြည့်နေသည်။

ရှေ့သို့ တစ်ဖန် ပျံထွက်သွားရင်း တူကုထျန်းဟိုင်၏ မျက်လုံးများက တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွင်၏ရှေ့သို့ တစ်ဖန်ရောက်လာပြီး သူ့ဘက်သို့ ပြင်းပြင်းထန်ထန် ထိုးနှက်ပြန်သည်။

သို့သော်, ရလာဒ်ကတော့ အတူတူပင်။ သူ့လက်သီးချက် ချင်ယွင်ထံသို့ ရိုက်ခတ်သွားသည့် အခိုက်မှာ ချင်ယွင်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။

"မင်း ငါ့ကို မသတ်နိုင်ဘူးလို့ ငါပြောခဲ့သားပဲ" ချင်ယွင်၏ရုပ်အသွင်သည် အခြား တစ်နေရာ၌ ထပ်မံ ပေါ်လာသည်။

"လျှပ်တပြက် ရွေ့လျားခြင်း အစစ်မှန် အဓိပ္ပါယ်လား။ မဖြစ်နိုင်ဘူး။ လျှပ်တပြက် ရွေ့လျား ခြင်း အစစ်မှန် အဓိပ္ပါယ်ဆိုရင်တောင် ငါ့ရဲ့ ဆွဲငင်ခြင်း ဉပဒေသက သက်ရောက်မှု ရှိနေဦးမှာပဲ။ ငါ့ကို ပြောစမ်းပါ။ မင်း ဘယ်လို လုပ်လိုက်တာလဲ" တူကုထျန်းဟိုင်သည် ချင်ယွင်ကိုကြည့်ကာ မေးခွန်းထုတ်သည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "မင်း လေဟာနယ်ကြေးမှုန်ပုံရိပ် အဓိပ္ပါယ် အစစ်အမှန်ကို ကြားဖူးရဲ့လား ငါ သိချင်တယ်"

'"ဒါက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန် အဓိပ္ပါယ် မဟုတ်လား။ အဲဒါကို ငါ ဘယ်လိုလုပ် မကြားဖူးပဲနေမလဲ။ ဒီလေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပါယ်က ပထမတန်းစား အစစ်မှန် အဓိပ္ပါယ်ထဲမှာတောင် ထိပ်တန်းဆယ်ခု ထဲ ပါနိုင်တယ်။" တူကုထျန်းဟိုင်က ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ရယ်မောပြီး ဆက်ပြောသည် "မှန်တယ်၊ အခုနက ငါ အသုံးပြုတဲ့အရာက တကယ်ကို လေဟာနယ်ကြေးမှုန် အစစ်မှန် အနှစ်သာရထဲက လျှို့ဝှက်ပညာရပ် တစ်ခုဖြစ်တဲ့ လေဟာနယ်ကြေးမှုန်ပုံရိပ် လေဟာနယ် ဖြတ်သန်းခြင်းပဲ။ ငါ မင်းကို မတိုက်ခိုက်ခင် အချိန်အတော်ကြာကတည်းက ပတ်ဝန်းကျင်မှာ မရေမတွက် နိုင်တဲ့ လေဟာနယ်ကြေးမှုန်တွေ ငါ စိုက်ထူထားပြီးသား။ ဆိုလိုချင်တာက ငါက ငါသွားချင်တဲ့ နေရာတိုင်းကို ဖြတ်သန်းသွားနိုင်တယ်"။ ဉပမာအနေနဲ့…..။

ချင်ယွင်၏အသံက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက်တွင်၊ ချင်ယွင်၏ ရုပ်အသွင်သည် တူကုထျန်းဟိုင် နောက်ကွယ်တွင် ထူးထူးခြားခြား ပေါ်လာပြီး တူကုထျန်းဟိုင်၏ နောက်ကျောကို သူ၏လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်လေသည်။

တူကုထျန်းဟိုင် မတုံ့ပြန်ခင်မှာ, သူသည် ချင်ယွင်၏ လက်ချက်ကြောင့် လွင့်ပျံသွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီး မီတာတစ်သောင်းရှည်လျားသည့် တွင်းနက်ကြီး တစ်ခုအဖြစ် ဆွဲထုတ်သွားခဲ့သည်။

သို့သော် တူကုထျန်းဟိုင် မတ်တပ်ထမရပ်နိုင်ခင်မှာ ချင်ယွင်၏ရုပ်အသွင်သည် တူကုထျန်း ဟိုင်၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ဖန်ပေါ်လာပြီး သူ့အပေါ် ခြေတစ်လှမ်းဖြင့် တက်နင်းလိုက် လေသည်။

ယခုအချိန်တွင် ချင်ယွင်သည် ဆွဲငင်အားဒဏ်ကို ခံနေရဆဲ ဖြစ်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်သည် တူကုထျန်းဟိုင်နှင့် တွဲချည်နေပြီး သူ့ကို မြေပြင်ပေါ် အတင်းဖိနှိပ်ထားသည်။

ဤအခိုက်တွင်၊ တူကုထျန်းဟိုင်သည် သူ့စိတ်နှလုံးထဲတွင် ကျိန်ဆဲနေခဲ့သည်။ ဤ သောက်ကျိုးနည်း လေဟာနယ်ကြေးမှုန်သည် ကောလဟာလအတိုင်း သောက်ကျိုးနည်း ပုံမှန်မဟုတ်ပေ။

အနီးနားက ပတ်ဝန်းကျင် လေဟာနယ်ထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်း ရှိနေမှတော့ မည်သူကရော သူ့ကို နာကျင်အောင် လုပ်နိုင်တော့မည်နည်း။

ထို့အပြင်၊ ယခုအချိန်တွင်၊ သူသည် သူ့ကိုယ်ပိုင် ဆွဲငင်အားဖြင့် ဖိနှိပ်ခံနေရပြီး၊ သူ မတ်တပ် မရပ်နိုင်ခင် ချင်ယွင်အပေါ် သုံးစွဲထားသည့် သူကိုယ်ပိုင်ဆွဲငင်ခြင်း အစစ်မှန် အဓိပ္ပာယ်ကို ဖယ်ရှားပစ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

သူသည် မတ်တပ်ထရပ်ပြီး ချင်ယွင်ကို တိုက်ခိုက်ရန် ပြင်ဆင်သောအခါ, ချင်ယွင်၏ ရုပ်အသွင်သည် ပေတစ်ထောင်အကွာတွင် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရပြီး၊ ယင်းက သူ့ကို အလွန်မင်း နာကြည်းဒေါသ ဖြစ်စေသည်။

လေဟာနယ်ကြေးမှုန်ပုံရိပ် လေဟာနယ် ဖြတ်သန်းခြင်း၊ ဤအရာက အတော်ကို ပုံမှန်မဟုတ်ဘူး မဟုတ်ပါလား။

ချင်ယွင်သည် ပေါ့ပေါ့ပါးပါး ပြုံးနေသော်လည်း သူ့စိတ်က သက်တောင့်သက်သာ မရှိခဲ့ပေ။

ဤလေဟာနယ်ကြေးမှုန်ပုံရိပ် လေဟာနယ်ဖြတ်သန်းခြင်းသည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားမှ ထားရစ်ခဲ့သည့် ကြီးကျယ်ခမ်းနားသော လျှို့ဝှက်ပညာရပ် သုံးမျိုးထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် လူများကို သတ်ဖြတ်ရာမှာ မမြင်နိုင်သော်လည်း နောက်ဆုံးတွင်၊ ချင်ယွင်သည် လေဟာနယ်ကြေးမှုန်၏ အစစ်မှန် အဓိပ္ပါယ်ကို ကနဦး အဆင့်သာ နားလည်သဘောပေါက်ထားသည်။ သူသည် ၎င်းပညာရပ်ကို အကြိမ် အနည်းငယ်သာ အသက်သွင်းခဲ့ပြီး၊ သူသည် ပင်ပန်းလွန်းသဖြင့် အသက်ရှူမဝလုနီးပါး ဖြစ်ခဲ့ရသည်။

All Chapters