အခန်း ၁၇၂၀
Vol. 115 Ch. 1720
အခန်း (၁၇၂၀) အဆင့်ဖြတ်ကျော်ခြင်း။
လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ချန်ထားရစ်ခဲ့သော ကြီးကျယ်ခမ်းနားသည့် လျှို့ဝှက်ပညာရပ်သုံးခုသည် ပညာရပ်တစ်ခုထက် ပညာရပ်တစ်ခုက ပိုမိုအားကောင်း သော်လည်း ၎င်းတို့သည် လေဟာနယ်ကြေးမှုန်ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ်ကို အလွန်မင်း နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။
ယခုတော့ ချင်ယွင်သည် မကြာသေးမီက လေဟာနယ်ကြေးမှုန်ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ် ကို နားလည်သဘောပေါက်ခဲ့ပြီး၊ လေဟာနယ်ကြေးမှုန်ပုံရိပ် လေဟာနယ်ဖြတ်သန်းကို အသုံးပြုခင်းက သူ့အတွက် အလွန်ခက်ခဲနေပြီ ဖြစ်သည်။
သေချာသည်မှာ, ချင်ယွင်၏ စိတ်ဝိညာဉ်သည်လည်း ၎င်းပညာရပ်ကို အကြိမ်ပေါင်းများစွာ ဆက်တိုက် အသုံးပြုပြီးနောက် အလွန်ပင်ပန်းနွမ်းနယ်လာပါသည်။
အကယ်၍, ချင်ယွင်၏ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကြောင့်သာ မဟုတ်ပါက၊ သူသည် လေဟာနယ်ကြေးမှုန်ပုံရိပ် လေဟာနယ်ဖြတ်သန်းခြင်းကို အကြိမ်များစွာ အသုံးပြုနိုင်မည် မဟုတ်ပေ။
သို့သော်၊ ချင်ယွင်သည် ယခုအချိန်တွင် မည်မျှပင် ပင်ပန်းနေပါစေ၊ ၎င်းကို ဖော်မပြဝံ့ပေ။ သူဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအချိန်တွင် တူကုထျန်းဟိုင်သည် သတိထားမိပြီး၊ သူ့နောက်သို့ သေချာပေါက် လိုက်လံတိုက်ခိုက်လိမ့်မည်။
"ဘယ်လိုလဲ..၊ ထပ်တိုက်ချင်သေးလား" ချင်ယွင်သည် တူကုထျန်းဟိုင်ကို ကြည့်ရင်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
တူကုထျန်းဟိုင်၏အမူအရာသည် ဝက်ဗိုက်ကဲ့သို့ ရုပ်ဆိုးနေသည်။
သူ၏ ဆွဲငင်ခြင်း အစစ်မှန် အဓိပ္ပါယ်သည် တစ်ဖက်လူကို လုံးဝ သက်ရောက်မူ မရှိတော့ ပေ။ ယင်းအစား တဖက်လူက သူ့ပတ်ပတ်လည်မှာ မျောက်တစ်ကောင်လို လှည့်ပတ် ကစားနေသည်။ အကယ်၍, ဤအတိုင်းသာ ဆက်တိုက်နေပါက သူ့အတွက် အမှန်တကယ် မဖြစ်နိုင်တော့ပေ။
"တိုက်ခိုက်တာ ရပ်လိုက်၊ တိုက်ခိုက်တာ ရပ်လိုက်" တူကုထျန်းဟိုင်က ကူကယ်ရာမဲ့ ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်က ပြုံးလိုက်သည်။
တူကုထျန်းဟိုင်၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၆ ဖြစ်ပြီး ချင်ယွင်၏ လက်ရှိအင်အားဖြင့် အမှန်ပင် သူ့ကို အနိုင်မယူနိုင်ပေ။
ချင်ယွင်သည် သူ့လေဟာနယ်ကြေးမှုန်ပုံရိပ်ကို နောက်ပိုင်း အသုံးမပြုနိုင်တော့ဘူးဆိုရင်, သူ့အတွက် အရမ်း ခက်ခဲပါလိမ့်မည်။
"ဟမ့်၊ အမှိုက်ပဲ..." တူကုရှီရှန်း၏ အသံထွက်လာသည်။
တူကုထျန်းဟိုင်သည် တူကုရှီရှန်းကို အားကိုးရာမဲ့ ကြည့်နေသော်လည်း တူကုရှီရှန်းသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ပါ။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် သူ့စိတ်နှလုံးထဲမှာ ရယ်မောလိုက်သည်။
ဤညီအကိုနှစ်ယောက်သည် တကယ်ကို ထူးဆန်းသည်။ အစ်ကိုကြီးသည် ညီငယ်ထက် သန်မာသော်လည်း ညီငယ်၏စကားကိုသာ နားထောင်ရသည်။
"ညီလေး၊ အစ်ကိုကြီးမှာလည်း တခြားရွေးချယ်စရာ မရှိဘူးလေကွယ်။ သူ့ရဲ့ အစစ်မှန် အဓိပ္ပာယ်ကို ကြည့်လိုက်ပါ။ ငါ့ရဲ့တိုက်ခိုက်မှုတွေက သူ့အပေါ် လုံးဝ အသုံးမဝင်ဘူး။ ငါတို့ အရင်ထွက်သွားပြီး ဘာလို့ နောက်မှ ပြန်မလာတာလဲ" တူကုထျန်းဟိုင်သည် တူကုရှီရှန်း ကို ကြည့်ပြီး ပြောသည်။
"ဟမ့်" တူကုရှီရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီး တူကုထျန်းဟိုင်အား ပြန်မဖြေဘဲ အလင်းတန်းတစ်ခုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
"ညီလေး၊ ငါ့ကိုစောင့်ဦးဟ" ထိုမြင်ကွင်းကိုမြင်တော့ တူကုထျန်းဟိုင်က အလင်းတန်း တစ်ခုအဖြစ် အမြန်ပြောင်းပြီး နောက်မှ လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ယောက် ထွက်သွားသည်ကို မြင်တော့ ချင်ယွင်သည် ညစ်ညမ်းသည့် လေကို ပါးစပ်ထဲ ပြင်းပြင်းရှူထုတ်ပြီး မြေပြင်ပေါ် လဲကျသွားသည်။
သူသည် ပင်ပန်းလွန်းလှပြီ။ အခုလေးတင်ပဲ၊ လေဟာနယ်ကြေးမှုန်ပုံရိပ် ဖြတ်သန်းခြင်းက သူ့စိတ်စွမ်းအင်ကို အလွန်အကျွံ စားသုံးသွားခဲ့ပြီ။
အကယ်၍, ဤညီအကိုနှစ်ယောက်သာ ထွက်မသွားခဲ့ဘူးဆိုလျှင်, သူသည် ထိန်းထားနိုင် မည် မဟုတ်တော့ပေ။
"အကိုကြီး"
"ချင်ယွင်"
လင်းဘနှင့် ဝူဒေါင်ဇီတို့လည်း အဝေးကနေ ပျံသန်းလာကြပြီး သူတို့မျက်နှာတွေက စိုးရိမ်မှု အပြည့်နှင့်ပင်။
"ငါ အဆင်ပြေတယ်။ ငါတို့ ဒီကနေ ထွက်သွားရအောင်။ သူတို့ တစ်စုံတစ်ခုကို သတိရပြီး နောက်ပိုင်း ပြန်လာနိုင်တယ်" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
လင်းဘနှင့်ဝူဒေါင်ဇီတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်သည်။
ထို့ကြောင့် ချင်ယွင်သည် လင်းဘနှင့်ဝူဒေါင်ဇီကို ခေါ်ဆောင်လာပြီး ဤနေရာမှ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။ သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာ တူကုထျန်းဟိုင်နှင့် တူကုရှီရှန်း တို့သည် ဤနေရာကို ပြန်ရောက်လာကြသည်။
ထင်ရှားသည်မှာ၊ အစောပိုင်းက ချင်ယွင်သည် သူ့ကန့်သတ်ချက် အဆုံးတွင် ရှိနေသည်ကို သူတို့လည်း သဘောပေါက်ကြသည်။
ချင်ယွင်သည် လင်းဘ, ဝူဒေါင်ဇီတို့နှင့်အတူ ထွက်ခွာသွားခဲ့သော်လည်း တောင်မြို နတ်ဘုရားနန်းတော်သို့ တိုက်ရိုက် မပြန်ခဲ့ပေ။ ယင်းအစား အလွန်ဝေးလံသည့် တောင်တန်းတစ်ခုကို တွေ့ပြီး ရပ်လိုက်ကြသည်။
သူ ယခုလိုလုပ်ရခြင်း၏ အကြောင်းအရင်းက လူအများပြား သူ့နောက်ကို တိတ်တဆိတ် လိုက်လာပြီး တောင်မြိုနတ်ဘုရားနန်းတော်ဆီ မလိုလားအပ်သည့် အန္တရာယ်များ ယူဆောင်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖြစ်သည်။ ထို့အပြင့် ချင်ယွင်ကိုယ်တိုင်လည်း ပြန်လည် ကုစားရန် လိုအပ်နေသောကြောင့် ဖြစ်သည်။
ချင်ယွင်သည် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့စိတ်ဝိညာဉ်သည် ပတ်ဝန်းကျင် လေဟာနယ်ထဲတွင် နှစ်မြှုပ်နေလေသည်။
အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသများကို အသက်သွင်းခြင်းသည် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများအပေါ် အခြေခံခြင်း မဟုတ်ဘဲ၊ နတ်ဘုရားစိတ်ဝိညာဉ်အပေါ်တွင် အခြေခံပါ သည်။ ထို့ကြောင့် ချင်ယွင် အစောပိုင်းက အသုံးပြုခဲ့သည့်စွမ်းအားမှာ သူ၏နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအား ဖြစ်ပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးမူကို ပြန်လည် ဖြည့်တင်းရန်အတွက် ကနဦးစကြဝဠာအတွင်းရှိ မရဏဘုရင်၏နတ်ဘုရားကျောက်တုံးမှ နတ်ဘုရား ဝိညာဉ်စွမ်းအားကို တဖြည်းဖြည်း စုပ်ယူနေပါသည်။
ဉပဒေသများ၏ အစစ်မှန် အဓိပ္ပါယ်ကို အသုံးပြုရာတွင် စိတ်ဝိညာဉ် စွမ်းအားသည် ဗိုလ်ချုပ်နှင့်တူပြီး၊ ဉပဒေသများ၏စွမ်းအားသည် လက်နက်တစ်ခုနှင့် တူပေသည်။
ဉပဒေသများ၏ အစစ်မှန် အဓိပ္ပါယ်ကို နက်နဲစွာ ပိုမိုနားလည်လေ၊ သူ့လက်ထဲတွင် စစ်သူရဲများ ပိုမိုများပြားလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ထိုစစ်သူရဲများကို အမိန့်ပေးသောအခါ ဗိုလ်ချုပ်သည်လည်း ပို၍ ဝန်ထုပ်ဝန်ပိုးများလေ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံမှုအခြေခံ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိလာလေ၊ လူတစ်ဦး၏ နတ်ဘုရား တန်ခိုးစွမ်းအား မည်မျှ တန်ခိုးကြီးလာသည်ကို သိရှိထားရမည် ဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည့်အချက်မှာ, လူတစ်ဦး၏နတ်ဘုရား စိတ်ဝိညာဉ်သည် မည်မျှ အစွမ်းထက်သနည်း၊ ဉပဒေသများကို မည်မျှ နက်ရှိုင်းစွာ နားလည်သဘောပေါက်သနည်း ဆိုသည့် အချက်များ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအချက်နှစ်ချက်သည် လူတစ်ဦး၏စွမ်းအားကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်သည့် အခြေခံအချက်များ ဖြစ်သောကြောင့်ပင်။
သေချာသည်မှာ, နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများသည် ကွဲပြားပါသည်။ နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများသည် ရုပ်ခန္ဓာကိုယ်၏ စွမ်းရည်များကို သာ အသုံးချကြသည်။ နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူအချို့သည် အစစ်မှန် အဓိပ္ပာယ်ကို နားလည်ခဲ့ကြသော်လည်း အများစုမှာ ရုပ်ခန္ဓာကိုယ်နှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများသည် နောက်ပိုင်းအဆင့်များ တွင် တိုးတက်ရန် ပို၍ခက်ခဲကြသည်။
အခုအချိန်မှာ ချင်ယွင်လည်း ထိုနည်းအတိုင်းပင်။ သူ၏ နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ် ကျင့်ကြံမူသည် တစ်ဆို့နေပြီ ဖြစ်သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ရန် အရမ်းကို ခက်ခဲနေပါပြီ။ ယခုအခါ သူသည် ပို၍ အားကောင်းလိုပါက သူ၏ ဉပဒေသ နယ်ပယ်ကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရုံသာ တတ်နိုင်ပါသည်။
ဘန်း..။
ချင်ယွင်သည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးမှ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားကို စုပ်ယူနေစဉ်, သူသည် သူ့စိတ်ကို ပတ်ဝန်းကျင် လေဟာနယ်ထဲသို့ ပေါင်းထည့်လိုက်သည်။
အခုလေးတင် လေဟာနယ်ကြေးမှုန်၏ အစစ်မှန် အဓိပ္ပါယ်ကို ထုတ်ဖော်အသုံးပြုခြင်းက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပါသည်။ ယင်းက သူ၏လေဟာနယ်ကြေးမှုန် အစစ်မှန် အဓိပ္ပါယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေသည်။
ဘန်း…။
ပတ်ဝန်းကျင် လေဟာနယ်သည် အနည်းငယ် တုန်ခါသွားပြီး ကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်နေပုံရသည်။
အဝေးမှာ ရပ်နေသည့် လင်းဘနှင့်ဝူဒေါင်ဇီတို့သည် ထိုမြင်ကွင်းကို မြင်တော့ အံ့သြသွားပုံ ပင်။
သို့သော်၊ သူတို့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ ချင်ယွင်၏ ခန္ဓာကိုယ်သည် လေဟာနယ် တွန့်လိမ်သွားသည့်အတိုင်း အမှန်တကယ်ပင် တွန့်လိမ်နေခြင်း ဖြစ်သည်။ ချင်ယွင်၏ ဦးခေါင်းသည် ရှည်လျားကျည်းမြောင်းသော အကွက်တစ်ခုအဖြစ် ဆွဲထုတ်သွားပြီး သူ့တစ်ကိုယ်လုံးသည် ပုတိုတို ဗူးသီးတစ်လုံးအသွင် ပြောင်းလဲသွားသည်။ ဤမြင်ကွင်းက တကယ့်ကို ထူးဆန်းခဲ့ပါသည်။
ထို့နောက်ပိုင်းတွင်, ချင်ယွင်၏ တစ်ကိုယ်လုံးသည် အစိတ်ပိုင်း အများပြားအသွင် ပြောင်းလဲသွားသည်။ ၎င်းသည် ကွဲနေသည့် မှန်တစ်ချပ်ကဲ့သို့ သူ့တစ်ကိုယ်လုံး လုံးဝ အက်ကွဲသွားသည်။
ထိုမြင်ကွင်းက အဝေးမှာရှိနေသည့် လင်းဘနှင့် ဝူဒေါင်ဇီတို့တို့ အလွန်ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ဤလေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပါယ်သည် သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် အလွန်ပျော်ရွှင်နေခဲ့သည်။ အကြောင်းမှာ၊ ယခုလေး တင်၊ သူ၏လေဟာနယ်ကြေးမှုန်ပုံရိပ် အနှစ်သာရသည် ကနဦးအဆင့်မှ ကနဦးအဆင့် အထွက်အထိပ် တိုက်ရိုက် တိုးမြင့်သွားခဲ့သည်။ သူသည် အလယ်အလတ်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့သော်လည်း အလယ်အလတ်အဆင့်နှင့် မဝေးတော့ပေ။
ဤအောင်မြင်မှုသည် ချင်ယွင်၏စိတ်နှလုံးကို အလွန်ပျော်ရွှင်စေသည်။ အကြောင်းမှာ အစစ်မှန် အဓိပ္ပါယ် ဉပဒေသများကို အဆင့်ဖြတ်ကျော်ရခြင်းသည် လွယ်ကူသော အလုပ် မဟုတ်သောကြောင့်ပင်။
အချို့သော လူများသည် အစစ်မှန် အဓိပ္ပာယ် ဉပဒေသများကို နှစ်ပေါင်းသောင်းနှင့်ချီ၍ သို့မဟုတ် နှစ်ပေါင်းသိန်းချီ၍ ဆင်ခြင်လျှင်ပင် တိုးတက်မှုရရှိရန် ခက်ခဲပါသည်။ သူသည် တိုတောင်းလှသော အချိန်ခဏလေးအတွင်းမှာ ကနဦးအဆင့်မှ ကနဦးအဆင့်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော် ခြင်းသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်။
သူသည် အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်ပြီးသည်နှင့် ချင်ယွင်သည် လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ ဒုတိယမြောက် လျှို့ဝှက်ပညာရပ်ကို လေ့ကျင့် နိုင်မည် ဖြစ်သည်။
ယခုအချိန်တွင်၊ သူသည် သူ၏လေဟာနယ်ကြေးမှုန်ပုံရိပ် ဖြတ်သန်းခြင်းကို ပို၍ ကျွမ်းကျင်လာခဲ့ပြီး၊ လေဟာနယ်ကြေးမှုန်ပုံရိပ် ဖြတ်သန်းခြင်းကို အသက်သွင်းရန် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအား ပမာဏသည် ယခင်ကထက် များစွာ လျော့နည်းသွားခဲ့ သည်။
တစ်နည်းဆိုရသော် ချင်ယွင်သည် အချိန်မရွေး လှည့်ပတ်သွားလာရန် လေဟာနယ် ကြေးမှုန်ပုံရိပ် ဖြတ်သန်းခြင်းကို အသုံးမပြုနိုင်သော်လည်း တိုက်ပွဲတစ်ခုအတွင်းမှာ အကြိမ်ပေါင်းများစွာ အသုံးပြုရန်အတွက် ပြဿနာ မရှိတော့ပေ။
"ကြည့်ရတာ ငါ့စိတ်ဝိညာဉ် စွမ်းအားက တကယ်ကို အသုံးဝင်ပုံပဲ။ ငါ လေဟာနယ် ကြေးမှုန်ပုံရိပ်ကို မြန်မြန် ဆန်ဆန် နားလည်နိုင်ခဲ့တဲ့ အကြောင်းရင်းက ငါ့စိတ်ဝိညာဉ် စွမ်းအားကြောင့်ပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
စိတ်ဝိညာဉ် စွမ်းအား ပိုမိုအားကောင်းလေ၊ အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသများကို နားလည်ရန် ပိုမိုလွယ်ကူလေ ဖြစ်သည်။
"မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဒုတိယကောင်းကင်ဘုံတံဆိပ်နဲ့ ပထမကောင်းကင်ဘုံတံဆိပ် ဘာကွာခြားလဲ အရင်ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့လက်ကို လှန်လိုက်သည်နှင့် ချင်ယွင်၏လက်ထဲတွင် ဒုတိယမြောက် ကောင်းကင်ဘုံ တံဆိပ် ပေါ်လာသည်။