အခန်း ၁၇၂၁
Vol. 115 Ch. 1721
အခန်း (၁၇၂၁) ကောင်ကင်တောင်တန်း
ဒုတိယ ကောင်းကင်ဘုံတံဆိပ် ပေါ်လာသည်နှင့် တပြိုင်နက်၊ ပြင်းထန်သော ကောင်းကင်ဘုံတန်ခိုး စွမ်းအင်အတက်အကျလှိုင်းက ပတ်ဝန်းကျင်မှ ချက်ချင်း ထွက်ပေါ်လာသည်။
ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ မလိုအပ်သည့် ဘေးဒုက္ခများ ဖြစ်ပေါ်မလာစေရန် ကောင်းကင်ဘုံတန်ခိုး၏ စွမ်းအင်အတက်အကျလှိုင်းများကို တားဆီးရန်အတွက် သူ့ပတ်ဝန်းကျင်တွင် ကန့်သတ်ချက်များကို ချက်ချင်း ချလိုက်ပါသည်။
ဤအခိုက်အတန့်တွင်၊ လင်းဘနှင့်ဝူဒေါင်ဇီတို့လည်း အနီးကပ်လာကာ ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ်ကို စပ်စုကာ ကြည့်နေကြသည်။
ယခင်က၊ ကောင်းကင်ဘုံတံဆိပ်ကို ကန့်သတ်ချက်အတွင်းမှာ စည်းတံဆိပ် ခတ်ထားသော ကြောင့် သူတို့သည် ဂရုတစိုက် ကြည့်ရူရန် မဖြစ်နိုင်ပေ။ ယခု၊ ကောင်းကင်ဘုံတံဆိပ်ကို အနီးကပ် လေ့လာကြည့်ပြီးနောက်၊ ဤကောင်းကင်ဘုံတံဆိပ်သည် ရွှေရောင်အလင်းတန်း အစား အနီရောင်အလင်းတန်း ထုတ်လွှတ်နေသည်ကို သူ တွေ့ရှိရသည်။
"ဟင်၊ ဒီကောင်းကင်ဘုံတံဆိပ်နှစ်ခုနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုများရှိနေလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
ထို့ကြောင့် သူသည် ပထမဆုံး ကောင်းကင်ဘုံတံဆိပ်ကို ချက်ချင်း ထုတ်လိုက်သည်။ ပထမဆုံး ကောင်းကင်ဘုံတံဆိပ်သည် ရွှေရောင်စကားလုံးကဲ့သို့ ရွှေရောင်အလင်းတန်း ဖြင့် ထွန်းလင်းတောက်ပနေသည်။
ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ်သည် တောက်လောင်နေသော မီးတောက်မီးလျှံ ကဲ့သို့ အနီရောင်အလင်းဖြင့် ထွန်းလင်းနေသည်။
"သတ္တုစွမ်းရည်နဲ့ မီးစွမ်းရည်လား။ ကောင်းကင်ဘုံတံဆိပ် ၁၂ ခုထဲက တစ်ခုချင်းစီက စွမ်းရည်တစ်ရပ်ကို ကိုယ်စားပြုတာများ ဖြစ်နေမလလား။ ချင်ယွင်က သူ့ကိုယ်သူ ပြောသည်။
"ဖြစ်နိုင်ချေ အရမ်းများတယ်" ဝူဒေါင်ဇီက ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ကောင်းကင်ဘုံတံဆိပ်ကို သေသေချာချာ ကြည့်နေပြီး၊ ကောင်းကင်ဘုံ တံဆိပ်တွင် ပါရှိသည့် လျှို့ဝှက်ဆန်းကြယ်မှုကို သူ မြင်ချင်မိသည်။
ထို့နောက်, ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတန်ခိုးစွမ်းအားကို စုစည်း ပြီး ကောင်းကင်ဘုံတံဆိပ်ထံသို့ ချဉ်းကပ်ကြည့်လိုက်သည်။
နတ်ဘုရားတန်ခိုးစွမ်းအားသည် ပထမဆုံးကောင်းကင်ဘုံတံဆိပ်ကို ထိမိသောအခါ၊ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်ကောင်းကင်ဘုံတံဆိပ်သည် ရွှေရောင်အလင်းတန်းတစ်ခုကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားသည်။ နောက်အခိုက်အတန့်တွင်၊ ချင်ယွင်၏ တစ်ကိုယ်လုံးသည် ရွှေရောင်အလင်းတန်းအလွှာတစ်ခု ဖြတ်ကျော်သွားပုံရပြီး၊ သူ့တစ်ကိုယ်လုံးသည် မပျက်ဆီးနိုင်သည့်အနေထားမျိုး ဖြစ်လာခဲ့သည်။ ဤအခိုက်အတန့် တွင် ချင်ယွင်သည် အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နေပုံရသည်။
အတွေးတစ်ချက်ဖြင့် ကောင်းကင်ဘုံတံဆိပ်သည် သူ့လက်သို့ ပြန်ရောက်လာသည်။
ဘန်း…။
ချင်ယွင်သည် ထိတ်လန့်သွားပြီး သူ့နတ်ဘုရားတန်ခိုးစွမ်းအားကို အသုံးပြုပြီး ဒုတိယ မြောက် ကောင်းကင်ဘုံတံဆိပ်ကို ထိတွေ့ရန် ကြိုးစားကြည့်သည်။
ဟုတ်ပါသည်, ၎င်းသည် ပထမကောင်းကင်ဘုံတံဆိပ် အတိုင်းပင်။ ကောင်းကင်ဘုံ တံဆိပ် က သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားသည်။ ချက်ချင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများဖြင့် လောင်ကျွမ်းသွားပုံရသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတန်ခိုးစွမ်းအားသည် အလွန်မင်း ပူပြင်းလာပြီး အားကောင်းလာခဲ့သည်။
"သေချာပါတယ်၊ ဒီကောင်းကင်ဘုံတံဆိပ် ၁၂ ခုထဲက တစ်ခုချင်းစီဟာ ရင်းနှီးပြီးသား စွမ်းရည်တစ်မျိုးကို ကိုယ်စားပြုထားတယ်။ တခြား ကောင်းကင်ဘုံတံဆိပ် ဆယ်ခုမှာ လည်း သစ်သား၊ ရေ၊ မြေကြီး၊ လေ၊ လျှပ်စီး၊ အသက်၊ အမှောင်၊ ပျက်စီးခြင်း၊ လေဟာနယ်နှင့် အချိန်စွမ်းရည်တွေ ရှိနေနိုင်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက် သည်။
အခုလေးတင် ကောင်းကင်ဘုံတံဆိပ်က သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားပြီးနောက် သူ့ခွန်အားက အနည်းဆုံး နှစ်ဆတိုးလာသည်ဟု သူ ခံစားရသည်။ ဤနှစ်ဆတိုးခြင်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ သူ၏အဆင့်ကို သေချာပေါက် အဆင့်များစွာ တိုးစေမည်ဖြစ်သည်။
"ဒီကောင်းကင်ဘုံတံဆိပ်က အခုလိုမျိုး အသုံးဝင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ တကယ်လို့, ငါသာ လေဟာနယ်စွမ်းရည် ကောင်းကင်ဘုံတံဆိပ်နဲ့ ပေါင်းစပ်နိုင်ခဲ့ရင်၊ ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ပိုပြီးတော့ ကြောက်စရာကောင်းလာမှာပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
သူကျွမ်းကျင်သောအရာသည် သတ္တုနှင့်မီး ဉပဒေသများ၏ အစစ်မှန် အဓိပ္ပါယ် မဟုတ်ပေ။ သူ တကယ်ကျွမ်းကျင်သည့်အရာက လျှပ်စီးစွမ်းရည်၊ လေဟာနယ်စွမ်းရည်နှင့် လေစွမ်းရည်တို့ ဖြစ်သည်။ ထို့ကြောင့်၊ ကောင်းကင်ဘုံတံဆိပ်ဖြင့် သူ့အင်အားကို တိုးမြင့်ခြင်းသည် သူ့အတွက် အကန့်အသတ်ရှိသေးသည်။
"အစ်ကိုကြီး၊ ငါတို့ ဘယ်သွားမလဲ။ ငါတို့ တောင်မြိုနတ်ဘုရားနန်းတော်ကို မပြန်သေးဘူး မဟုတ်လား" လင်းဘက အနည်းငယ် ဝမ်းနည်းနေဟန်ဖြင့် သူ့မျက်လုံးကြီးများကို ပုတ်ခတ်ရင်း မေးလိုက်သည်။
သူတို့ အပြင်ထွက်လာပြီး သိပ်မကြာသေးပေ။ ထို့ကြောင့်, သူတို့ ပြန်သွားချင်မည်လား။
"ငါတို့မပြန်ခင် ကောင်းကင်တောင်ကို သွားကြည့်ရအောင်" ချင်ယွင် ပြုံးလိုက်သည်။
သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်ကို သွားချင်သည်ဟု ယခင်က ပြောခဲ့ဖူး သော်လည်း, ထိုအချိန်တုန်းက သူသည် လိုက်လံဖမ်းဆီးခြင်း ခံနေရသောကြောင့် ထိုအခွင့်ရေးကို နှောင့်နှေးစေခဲ့သည်။ ယခု သူသည် တန်ခိုးကြီးသော ကောင်းကင် တောင်တန်းကြီး၏ ပုံပန်းသဏ္ဍာန်ကို အမှန်တကယ် မြင်ချင်မိသည်။
"အင်း အရမ်းကောင်းတယ်။ ငါတို့ ပြန်စရာ မလိုတော့ဘူး။" လင်းဘက ဝမ်းသာအားရ အော်လိုက်သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ လင်းဘနှင့် ကျန်းဟွာတို့၏ စိတ်နေ စိတ်ထားက တကယ်ကို အစွန်းနှစ်ဖက် ဖြစ်သည်။ သူတို့ ကြီးပြင်းလာသည်နှင့်အမျှ လင်းဘသည် ပိုမို ရယ်စရာကောင်းလာပြီး၊ ကျန်းဟွာက ပိုပိုပြီး တင်းမာကာ တည်ငြိမ်လာ သည်။ ဤသည်မှာ မဟာနတ်ဆိုးနတ်ဘုရားနှစ်ပါး၏ စိတ်နေသဘောထားများဟုပင် ဆိုနိုင်ပါသည်။
"မဟုတ်ဘူး၊ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကို မသွားနဲ့" သို့သော် ဝူဒေါင်ဇီသည် ရုတ်တရက် တားလိုက်သည်။
"ဘာလို့လဲ" လင်းဘက ဝူဒေါင်ဇီကို ဝမ်းနည်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ချင်ယွင်က ဝူဒေါင်ဇီကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ထိုမြင်ကွင်းကို မြင်တော့ ဝူဒေါင်ဇီက အလောတကြီး ရှင်းပြသည် "ပုံမှန်အတိုင်းဆို, တန်ခိုးကြီးတဲ့ ကောင်းကင်တောင်က ကြီးကြီးမားမား ဘာမှ မဖြစ်နိုင်ဘူး။ တန်ခိုးကြီးတဲ့ ကောင်းကင်ဘုံ သလင်းကျောက်တွေကို အားကိုးပြီး ချဉ်းကပ်နိုင်တယ်။ ဒါပေမယ့် အခု အချိန်မှာ နတ်ဘုရားကပ်ဘေးဒုက္ခက ဆင်းသက်လာခဲ့ပြီ။ ဒါကြောင့် တန်ခိုးကြီးတဲ့ ကောင်းကင်တောင်လည်း ကြောက်စရာကောင်းတဲ့ နတ်ဘုရားဒီရေစီးကြောင်းတွေနဲ့ ဖုံးလွှမ်းနေပြီ။ ဘိုးဘေးနတ်ဘုရားတွေတောင် မချဉ်းကပ်နိုင်တော့ဘူး။ တကယ်လို့ အတင်းအကြပ် ချဉ်းကပ်မယ်ဆိုရင်, သူတို့လည်း သေရုံပဲရှိလိမ့်မယ်”။
"နတ်ဘုရားဒီရေလှိုင်းလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"နတ်ဘုရားဒီရေလှိုင်းက အထူးစွမ်းအင် အမျိုးအစားတစ်ခုပဲ။ ဒီစွမ်းအင်က သိပ်ကို ကြောက်စရာကောင်းတယ်။ ဒီစွမ်းအင်က တန်ခိုးကြီးတဲ့ ကောင်းကင်တောင်တန်း တစ်ခု လုံးကို လွှမ်းခြုံထားပြီ။ ကောင်းကင်ဘုံတံဆိပ် ၁၂ ခုကို ရှာတွေ့မှပဲ ငါတို့က အဲဒီနတ်ဘုရား ဒီရေလှိုင်းကို ဖြတ်ကျော်ပြီး တန်ခိုးကြီးတဲ့ ကောင်းကင်တောင်တန်းထဲ ဝင်ရောက်နိုင်မယ်” ဝူဒေါင်ဇီက ရှင်းပြသည်။
ထိုစကားကိုကြားသောအခါ ချင်ယွင်လည်း အံ့ဩသွားသည်။ ယခုလိုအရာမျိုးကို သူ မမျှော်လင့်ထားပါဘူး။
သို့သော် သူ စိတ်မပြောင်းသေးပေ။ သူက ဝူဒေါင်ဇီကို ကြည့်ပြီး ပြောသည် "စီနီယာအစ်ကို၊ စိတ်မပူပါနဲ့။ ငါတို့က အဝေးကနေ လှမ်းကြည့်မှာပါ။ ငါတို့ အနီးကိုသွားမှာ မဟုတ်ပါဘူး"။
"မှန်ပါတယ်၊ ငါလည်း တစ်ချက်ကြည့်ရုံပဲ" လင်းဘအသံက ပဲ့တင်ထပ် ထွက်ပေါ်လာ သည်။
ဝူဒေါင်ဇီသည် ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ "ကောင်းပြီလေ၊ မင်းတို့ ကြည့်ချင်ရင်လည်း ငါ မင်းတို့ကို လိုက်ပို့ပေးမယ်။ ဒါပေမယ့် တန်ခိုးကြီးတဲ့ ကောင်းကင် တောင်ရဲ့ဧရိယာထဲ မဝင်မိအောင် မင်းတို့ သတိထားရမယ်။ မင်းတို့ ဝင်သွားပြီးရင် ဘယ်တော့မှ ပြန်ထွက်နိုင်မှာ မဟုတ်တော့ဘူး။"
ချင်ယွင်နှင့် လင်းဘတို့က ခေါင်းညိတ်ပြလိုက်သည်။
ဝူဒေါင်ဇီသည် တိုက်တွန်းမနေတော့ဘဲ ချင်ယွင်, လင်းဘတို့နှင့်အတူ တန်ခိုးကြီးသော ကောင်းကင်တောင်သို့ ပျံသန်းသွားခဲ့သည်။
ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ နယ်မြေသည် အမှန်ပင် ကျယ်ဝန်းလှသည်။ ချင်ယွင်၏ နယ်ပယ်အဆင့်က လူတွေတောင် တန်ခိုးကြီးသည့် ကောင်းကင်တောင်ကို မရောက်ခင် အချိန်အကြာကြီး ပျံသန်းဖို့ လိုအပ်နေပါသေးသည်။
ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် တန်ခိုးကြီးသော ကောင်းကင်တောင်တန်း၏ အပြင်ဘက်စွန်းသို့ မရောက်ရှိမီ သုံးလနီးပါးမျှ အချိန်ယူခဲ့ရ သည်။
လမ်းတစ်လျှောက်တွင်၊ ချင်ယွင်သည် လေဟာနယ်ကြေးမှုန်ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ရန် လက်မလွှတ်ခဲ့ပေ။ ယခုအခါ၊ ချင်ယွင်၏ လေဟာနယ်ကြေးမှုန်ပုံရိပ် သည် တစ်ဖန် ပြန်လည်မြင့်တက်လာပြီး သူသည် အလယ်အလတ်အဆင့်သို့ ဖြတ်ကျော် ရန် ခြေတစ်လှမ်း ပိုမိုနီးလာခဲ့ပြီ။
ချင်ယွင်နှင့် အခြားသူများသည် တန်ခိုးကြီးသော ကောင်းကင်တောင်တန်းသို့ ရောက်သော အခါ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရသည်။
သူတို့ရှေ့မှာ ဧရာမတောင်ကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားပြီး တောင်ထိပ်ကို လုံးဝ မမြင်ရပေ။
ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အင်မော်တယ်တောင်သည် အလွန်မြင့်ပြီး ကြီးမားပါ သော်လည်း ၎င်းသည် သူ့ရှေ့က တောင်ကြီးရှေ့တွင် တောင်ငယ်တစ်ခုမျှသာ ဖြစ်ပါသည်။ သူ့ရှေ့က တောင်ကြီးသည် ပေသိန်းနှင့်ချီမြင့်သည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်နှင့် လင်းဘတို့သည် ဝူဒေါင်ဇီ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့ပြီး တန်ခိုးကြီး သော ကောင်းကင်တောင်တန်းထံသို့ မချဉ်းကပ်ခဲ့ပေ။ ယင်းအစား သူတို့သည် တန်ခိုးကြီး သော ကောင်းကင်တောင်တန်းမှ မိုင်တစ်ရာအကွာတွင် ရပ်နေခဲ့ကြသည်။
သို့သော်ငြားလည်း ချင်ယွင်သည် ၎င်းတို့အပေါ် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားရဆဲ ဖြစ်သည်။ ထိုကြောက်မက်ဖွယ်ဖိအားသည် သူတို့၏စိတ်နှလုံးထဲတွင် စကားလုံး ဖြင့် ဖော်မပြနိုင်သော အကြောက်တရားကို ခံစားလာရပြီး ဒူးထောက်ပြီး ဝတ်ပြုကိုးကွယ် ရန်ပင် စိတ်အားထက်သန်လာသည်။
ဧရာမတောင်ထိပ်ပေါ်တွင် ဉပဒေသကွင်းဆက် ပုံစံအမျိုးမျိုး ရှိနေသည်။ ဤပုံစံများသည် တောင်ကြီးကို ဖြတ်ကျော်ပြီး အရောင်အမျိုးမျိုးဖြင့် ဖုံးအုပ်ထားသည်။
ဤကမ္ဘာပေါ်ရှိ လူတိုင်း နားလည်နိုင်သော အစစ်မှန် အဓိပ္ပါယ် ဉပဒေသကွင်းဆက်များ အားလုံးကို ဤကောင်းကင်တောင်ကြီးက ထိန်းသိမ်းထားသည်။
တစ်နည်းဆိုရသော် လူတိုင်းနားလည်နိုင်သော အစစ်မှန် အဓိပ္ပါယ်များသည် ဤတန်ခိုးကြီးသော ကောင်းကင်တောင်ကြီးအတွင်း၌ ရှိနေပါသည်။
ဟုတ်ပါသည်, ခြွင်းချက်လည်း ရှိနေပါသည်။ ဥပမာအားဖြင့်၊ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်သည် တန်ခိုးကြီးသော ကောင်းကင်တောင်၏အတိုင်းတာကို ကျော်လွန်သွားခဲ့ပြီ။
"ဒါက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကြီးပဲ။ အရင်တုန်းကဆို ကျင့်ကြံဖို့အတွက် ဒီမှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီး စုဝေးခဲ့ကြတယ်။ အခုတော့ သူတို့အားလုံး ထွက်သွားကြပြီ”။ ဝူဒေါင်ဇီက သူ့ရှေ့က နယ်မြေကြီးကို ညွှန်ပြပြီး ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ တန်ခိုးကြီးသော ကောင်းကင်တောင်ကို လွှမ်းခြုံထား သည့် တန်ခိုးကြီးပြီး ထူးဆန်းသောစွမ်းအင်ကို သူ ခံစားနိုင်သည်။ ဤစွမ်းအင်သည် ထူးထူးခြားခြား ကြောက်စရာကောင်းလွန်းသည်။