← Chapters

အခန်း ၁၇၂၂

Vol. 115 Ch. 1722

အခန်း ၁၇၂၂

Vol. 115 Ch. 1722

အခန်း (၁၇၂၂) ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားဒီရေလှိုင်း။

ကောင်းကင်တောင်ကို ဖုံးအုပ်ထားသည့် ထိုစွမ်းအင်သည် ထူးဆန်းနေသေးသည်။ ချင်ယွင်သည် အဝေးမှပင် တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်အတက်အကျလှိုင်းကို ခံစားနိုင်သည်။

အကယ်၍, သူသာ တန်ခိုးကြီးသော ကောင်းကင်တောင်သို့ အတင်းအကြပ်ဝင် ရောက်ခဲ့မည်ဆိုလျှင်, ဤကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသောစွမ်းအင်ကြောင့် သူ ပျောက်ကွယ်သွားမည်မှာ သေချာပါသည်။

"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်က ဘယ်မှာလဲ" ချင်ယွင်က ထပ်မေးသည်။

ဝူဒေါင်ဇီက ခေါင်းယမ်းပြီး ပြောသည် "ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ကျောက်ပြားကို ဒီနတ်ဘုရားဒီရေစီးကြောင်းတွေက ဖုံးလွှမ်းသွားပြီ။ ကောင်းကင် နတ်ဘုရားအဆင့်သတ်မှတ်ချက်မှာ ဘယ်နေရာတွေ ပြောင်းလဲသွားလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။"

ထိုစကားကို ကြားတော့ ချင်ယွင်သည် အနည်းငယ် စိတ်ပျက်သွားသည်။

သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်ကို တစ်ချက်ကြည့်ရန်နှင့် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သူ့နာမည်ကို မည်သည့်အဆင့်တွင် သတ်မှတ်ထား သည်ကို ကြည့်ရှုရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ကျောက်ပြားကို နတ်ဘုရား ဒီရေလှိုင်းများက ဖုံးလွှမ်းသွားခဲ့ပြီး၊ ၎င်းအနီးသို့ ကပ်ရန် မဖြစ်နိုင်တော့သလို သူ၏အဆင့် ကို သိရှိရန်လည်း မဖြစ်နိုင်တော့ပေ။

"မေ့လိုက်ပါ သွားကြစို့" ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ထွက်သွားချင်သည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်၏တစ်ကိုယ်လုံး ရုတ်တရက် မှင်သက်သွားပြီး အေးခဲသွား သည်။

"အယ်၊ အခုက ဘာဖြစ်တာလဲ" ချင်ယွင်သည် အံ့သြသွားပြီး တန်ခိုးကြီးသော ကောင်းကင် တောင်တန်းဆီသို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် သူ့စိတ်ထဲမှာ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံ၏ဦးတည်ရာသည် တန်ခိုးကြီးသော ကောင်းကင်တောင်ဆီမှ ဖြစ်သည်။

ထိုအသံ၏ အကြောင်းအရာနှင့် ပတ်သက်၍ ချင်ယွင် အံ့အားသင့်သွားသည်။

"မင်း ဒီမှာလား"

မှန်ပါသည်။ အခုန ထိုအသံသည် ချင်ယွင်နှင့် အရမ်းကို ရင်းနှီးနေသည့်အလား မင်း တကယ် ရောက်လာပြီလားဟု ပြောခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်သည် လင်းဘနှင့် ဝူဒေါင်ဇီတို့ကို ကြည့်လိုက်သည်။ နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် သံသယများ ရှိနေကြသည်။ ရှင်းရှင်းပြောရရင်, သူတို့သည် အခုနက ထိုအသံကို မကြားရပါဘူး။ တစ်နည်းဆိုရသော် သူတစ်ယောက်တည်းသာ အစောပိုင်းက ထိုအသံကို ကြားရခြင်း ဖြစ်သည်။

"စီနီယာ အစ်ကိုဝူ၊ လင်းဘကို တောင်မြိုနတ်ဘုရားနန်းတော်ကို အရင်ပြန်ခေါ်သွားလိုက် ပါ။ ကျွန်တော် တခြားလုပ်စရာတွေ ရှိနေသေးတယ်" ချင်ယွင်က ဝူဒေါင်ဇီကို ပြောသည်။

"မင်းက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ထဲ ဝင်ချင်လို့ မဟုတ်ပါဘူးနော်" ဝူဒေါင်ဇီက စိုးရိမ်တကြီး မေးသည်။

"မဟုတ်ဘူး၊ ကျွန်တော့်အသက်နဲ့ ရင်းပြီး ဟာသလုပ်မှာ မဟုတ်ဘူး။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ဝူဒေါင်ဇီက ခေါင်းညိတ်လိုက်သည်။ ချင်ယွင်သည် အရွယ်ရောက်ပြီးသူ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း သူ နားလည်ခဲ့သည်။

"အစ်ကိုကြီး၊ ငါမပြန်ချင်ဘူး။ မင်းနောက် လိုက်ပါရစေ။" ချင်ယွင်က သူ့ကို ပြန်ခိုင်းသည့် စကားကို လင်းဘ ကြားသောအခါ, သူသည် အနည်းငယ် စိတ်မချမ်းသာ ဖြစ်သွားခဲ့သည်။

"မင်း ပြန်သွားလိုက်ပါ။ စိတ်မပူပါနဲ့။ ငါထွက်သွားမှာ မဟုတ်ဘူး။ ကိစ္စပြီးတာနဲ့ မင်းကို လာရှာလိုက်မယ်။ အဲဒီအချိန်မှာ မင်းကို ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ခေါ်သွား မယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"အကိုကြီး၊ မင်းရဲ့ စကားကို တည်ရမယ်။" လင်းဘ၏ မျက်လုံးများက တောက်ပလာ သည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။

ထိုအခါမှ လင်းဘသည် ဝူဒေါင်ဇီနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

လင်းဘနှင့်ဝူဒေါင်ဇီတို့ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက် ချင်ယွင်သည်လည်း တန်ခိုးကြီးသော ကောင်းကင်တောင်ဆီသို့ ဦးတည်သွားခဲ့သည်။

မှန်ပါသည်။ ချင်ယွင်က နေခဲ့ရန်ရွေးချယ်ရသည့် အကြောင်းရင်းက တန်ခိုးကြီးသော ကောင်းကင်တောင်ကို နောက်တစ်ကြိမ် အနီးကပ် ထပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။

အခုနက ထိုအသံသည် ထူးဆန်းလွန်းပြီး၊ သူနှင့်အတော်လေး ရင်းနှီးနေသည်ဟု ချင်ယွင် ခံစားရသည်။ ထိုလူက သူ့ကို သေချာပေါက် သိနေရမည်။

သို့သော်, အခုလေးတင်၊ ဝူဒေါင်ဇီက တန်ခိုးကြီးသည့် ကောင်းကင်တောင်မှာ သက်ရှိ သတ္တဝါတွေ မရှိတော့ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထိုသို့ဆိုလျှင်, တန်ခိုးကြီးသည့် ကောင်းကင်တောင်ကနေ အသံတစ်ခု မည်သို့ ထွက်လာနိုင်မည်နည်း။

ချင်ယွင်သည် တန်ခိုးကြီးသော ကောင်းကင်တောင်၏ အစွန်အဖျားသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရပေ။

ချင်ယွင် စိတ်ပျက်သွားချိန်မှာ သူ့ရှေ့က အရိပ်တစ်ချို့က သူ့အာရုံကို ဆွဲဆောင်သွားခဲ့ သည်။

ဤလူများသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိကြပြီး၊ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဉပဒေသစွမ်းအင် အတက်အကျလှိုင်းများသည် ထိုမျှ ပြင်းထန်ခြင်း မရှိပေ။ ရှေးခေတ်နတ်ဘုရားကမ္ဘာတွင်၊ ၎င်းတို့သည် အလယ်အလတ် အစွမ်းထက်ဆုံးဟု သာ ယူဆနိုင်သည်။

ချင်ယွင်သည် အနည်းငယ် ထူးဆန်းသွားသည်။ ယုတ္တိနည်းအရပြောရလျှင် နတ်ဘုရား ဒီရေလှိုင်းသည် တိုးလာနေခဲ့ပြီး တန်ခိုးကြီးသော ကောင်းကင်တောင်၏ အနီးတစ်ဝိုက် သည် အလွန်အန္တရာယ်များသည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှ ကျွမ်းကျင်သူများပင်လျှင် အဝေးတွင် ရှိနေမည် ဖြစ်သည်။ ထိုလူများသည် ဤနေရာတွင် မည်သည့်အရာများ လုပ်ဆောင်နေကြသနည်း။

နတ်ဘုရားဒီရေလှိုင်းသည် တစ်ချိန်လုံး မလှုပ်မယှက်ဘဲ ရပ်နေခြင်း မဟုတ်ပေ။ ရုတ်တရတ် ကျယ်ပြန့်လာပြီး လူတွေကို ဆွဲခေါ်သွားခြင်းမျိုး ဖြစ်သွားနိုင်သည်။ ဆွဲငင်ခံရသည်နှင့် တကယ်ကို သေခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။

ထို့ကြောင့်, အကယ်၍, ဤလူများ ဤနေရာတွင် ရှိနေကြသည်ဆိုလျှင်, သေချာပေါက် သူတို့ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုခု ရှိနေရလိမ့်မည်။ မဟုတ်ရင် သူတို့အသက်ကို စွန့်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။

ချင်ယွင်သည် သူ့မျက်နှာကို အလျင်စလို ထုတ်မပြဘဲ အမှောင်ထဲတွင် ပုန်းအောင်းရန် ရွေးချယ်ခဲ့သည်။

ဤလူတွေ လုပ်ဆောင်ချင်သည့်အရာကို သူ မြင်ချင်သော်လည်း နောက်မြင်ကွင်းက ချင်ယွင်ကို အံ့သြသွားစေခဲ့သည်။

ထိုလူများသည် အလောင်းတွေကို တကယ် ဆယ်ယူနေခြင်း ဖြစ်သည်။ မှန်ပါသည်။ သူတို့သည် နတ်ဘုရားဒီရေလှိုင်းကြောင့် သေဆုံးသွားသူများ၏ အလောင်းတွေကို ဆယ်နေခြင်း ဖြစ်သည်။

နတ်ဘုရားဒီရေလှိုင်းထဲသို့ ဝင်ရောက်လာကြသူ အားလုံးသည် သူတို့ခန္ဓာကိုယ်က နဂိုအတိုင်းဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဉ်များက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။

ထိုလူများသည် ဤလူသေအလောင်းများပေါ်ရှိ ရတနာများ ရယူနိုင်ရန် အလောင်းများကို ဆယ်ယူနေခြင်း ဖြစ်သည်။

သာမန် ကောင်းကင်နတ်ဘုရားများပင်လျှင် အဖိုးတန် ရတနာ တစ်ခု, နှစ်ခု ရှိနိုင်သည်ကို သိထားရမည်။ ထို့ကြောင့် သူ့ရှေ့မှ ဤလူလေးဦးသည် ဤမတရားသော ကံကြမ္မာကောင်း ကို ရယူနေကြသည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ဤလူများသည် သေခြင်းတရားကို အမှန်တကယ် မကြောက်ကြပေ။ ယခုလိုအချိန်မျိုးမှာ ပင် သူတို့သည် ရတနာတွေကို အမှန်တကယ် လိုချင်နေကြသည်။ သူတို့သည် သေခြင်း တရားကို အမှန်တကယ် တောင်းခံနေကြခြင်း ဖြစ်သည်။

အကယ်၍ ဒီရေလှိုင်းသည် ရုတ်တရက် ထပ်ပြီး ပေါက်ကွဲခဲ့ရင် သူတို့အသက်တွေတောင် ဆုံးရှုံးသွားမှာ မဟုတ်ပေဘူးလား။ ထို့အပြင်၊ အကယ်၍, သူတို့သည် လူသေအလောင်းများ ကို ဆယ်ယူရန် နတ်ဘုရားပစ္စည်းများကို အသုံးပြုပြီး၊ နတ်ဘုရားဒီရေစီးကြောင်းကို အဆက်မပြတ် နှိုးဆော်နေမည်ဆိုပါက၊ နတ်ဘုရားဒီရေလှိုင်းသည် တစ်ဖန် ပေါက်ကွဲနိုင် ချေရှိသည်။

ချင်ယွင် ပြန်လှည့်ထွက်ရန် ရည်ရွယ်လိုက်သည်။ ဤလူလေးယောက်သည် သေခြင်း တရားကို တောင်းခံနေကြသည်။ သူသည် အကြောင်းပြချက်မရှိဘဲ သူ့အသက်ကို မစွန့်လွှတ်ချင်ပေ။

"ဘုန်း"

သို့သော် ချင်ယွင် လှည့်ထွက်ခွာခါနီးတွင် မူလက ငြိမ်သက်နေသော နတ်ဘုရားဒီရေလှိုင်း စွမ်းအင်သည် ရုတ်တရက် မြင့်တက်လာသည်။ ထူထပ်သော အဖြူရောင် အခိုးအငွေ့များ သည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် ထိုလူလေးယောက်နှင့် ချင်ယွင်ဆီသို့ တိုးဝင်လာခဲ့သည်။

"မကောင်းတော့ဘူး"

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး၊ သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး အဝေးသို့ အမြန်ပြေးသွားခဲ့သည်။

“အား…”

သူ့နောက်မှ သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်လာခဲ့သည်။ ရှင်းနေသည်မှာ၊ ထိုလူလေးယောက်သည် နတ်ဘုရားဒီရေလှိုင်း လွှမ်းမိုးလာခြင်းမှ လွတ်မြောက်နိုင်စွမ်း မရှိဘဲ စုပ်ယူခြင်းခံသွားရသည်မှာ ထင်ရှားပါသည်။

"လခွမ်း…"

ချင်ယွင်သည် ထွက်ပြေးသွားရင်း, သူ့စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

သို့သော်၊ နတ်ဘုရားဒီရေလှိုင်း မြင့်တက်လာသည့် အရှိန်ဟုန်က တကယ်ကို ကြောက်စရာ ကောင်းလွန်းသည်။ ချင်ယွင်သည် လေဟာနယ်ကြေးမှုန်ပုံရိပ် ဖြတ်သန်းခြင်းကို အသုံးပြုခဲ့ သော်ငြားလည်း သူသည် နတ်ဘုရားဒီရေလှိုင်း၏ ဖမ်းဆုပ်ခြင်းခံခဲ့ရပြီး နောက်ဆုံးတွင် ၎င်းအတွင်းသို့ စုပ်ယူသွားခဲ့သည်။

All Chapters