← Chapters

အခန်း ၁၇၂၃

Vol. 115 Ch. 1723

အခန်း ၁၇၂၃

Vol. 115 Ch. 1723

အခန်း (၁၇၂၃) ရွှမ်ဟန်နှင့် တွေ့ဆုံခြင်း။

"ဒါက ဘယ်မှာလဲ"

ချင်ယွင်သည် သတိမေ့မြောရာမှ နိုးလာသောအခါ ပန်းများနှင့် သစ်ပင်အများပြား ဝန်းရံထားသည့် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

၎င်းတို့ပတ်ဝန်းကျင်မှာ လေဟာနယ်တစ်ခု ရှိနေခဲ့ပြီး၊ အဖြူရောင် အခိုးအငွေ့များဖြင့် ဖုံးအုပ်ထားသည့် အစွမ်းထက် စွမ်းအင်လွှာတစ်ခု ရှိနေသည့်အတိုင်းပင်။

"ငါ အခု နတ်ဘုရားဒီရေလှိုင်းထဲ ရောက်နေတာလား။" ချင်ယွင်သည် သူ့ပတ်ပတ်လည်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရင်း၊ အဖြူရောင် အခိုးအငွေ့များထဲတွင် အစွမ်းထက် သော စွမ်းအင်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကြီးမားသော စွမ်းအင် သည် ယခင်က နတ်ဘုရားဒီရေလှိုင်းစွမ်းအင် အတိအကျပင်။

"ကြည့်ရတာ, ငါ နတ်ဘုရားဒီရေလှိုင်းထဲ တကယ် ရောက်နေပုံရတယ်။ ငါက နတ်ဘုရား ဒီရေလှိုင်းတွေကြောင့် အသတ်မခံရဘူးလား။ ဒါဆို ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခင်က သူသည် နတ်ဘုရားဒီရေလှိုင်း ဝါးမျိုခံရပြီးနောက် သတိမေ့သွားခဲ့သည်။ ယခု သူ နိုးလာသောအခါ ဤနေရာတွင် အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မေးစရာရှိတာက, ဒီနတ်ဘုရားဒီရေလှိုင်းထဲမှာ ဘာလို့ ဒီလောက်ခမ်းနားထည်ဝါတဲ့ နတ်ဘုံနတ်နန်းတစ်ခု ရှိနေရတာလဲ။ ငါကရော ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ။" ချင်ယွင်၏စိတ်နှလုံးသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ယခင် နတ်ဘုရားဒီရေလှိုင်းသည် ရုတ်ချည်း ဖြစ်ပေါ်လာခဲ့ပြီး၊ သူ မလွတ်မြောက်နိုင်ခင် သူ့ကို ဝါးမျိုသွားခဲ့သည်။

"မင်း စဉ်းစားနေစရာ မလိုပါဘူး။ ငါ မင်းကို ကယ်ထားတာ" ထိုအချိန်မှာပင် အသံနက်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အဖြူရောင်ဝတ် ပုံရိပ်တစ်ခုက သစ်သားအိမ်မှ လျှောက်ထွက်လာသည်။

ချင်ယွင် ကြက်သေသေ ဖြစ်သွားခဲ့သည်။ တကယ်ကို သစ်သားအိမ်ထဲမှာ တခြား တစ်ယောက် ရှိနေခဲ့သည်။

ယခုပင်၊ သူသည် စူးစမ်းရှာဖွေရန် သူ့စိတ်ဝိညာဉ် စွမ်းအားကို ရှင်းရှင်းလင်းလင်း အသုံးပြု ထားသော်လည်း မည်သူမျှ မတွေ့ခဲ့ရပေ။ အခု သစ်သားအိမ်ထဲက တစ်စုံတစ်ယောက် အဘယ့်ကြောင့် ထွက်လာရသနည်း။

ထိုလူသည် အရင်က သူ့ကို တစ်နေရာရာမှာ မြင်ဖူးသကဲ့သို့ အနည်းအကျဉ်း ရင်းနှီးပုံ ပေါက်သည့် လူတစ်ယောက်ဖြစ်သည်။

ရုတ်တရက် ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားကာ နောက်ဆုံးတွင် သူသည် ဤလူကို မြင်ဖူးသည့်နေရာကို သတိရသွားသည်။

"ရွှမ်ဟန်"

မှန်ပါသည်။ သူ့ရှေ့က ဤလူသည် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်ဖြင့် သံသရာ သစ်ပင်ထဲကို ဝင်သွားပြီးနောက်၊ သူနှင့် ချည်နှောင်မိခဲ့သည့် ရွှမ်ဟန် အတိအကျပင်။

ထိုအချိန်တုန်းက, ရွှမ်ဟန်သည် နတ်ဘုရားကမ္ဘာ၏ ကောင်းကင်ဘုံအမှတ်သား ချောက်နက်ကြီးတွင် စိတ်ပျက်အားငယ်ခြင်းကို ခံစားနေရပြီး သူ့ကိုယ်သူ သတ်သေခြင်း မပြုခင်, သူက ချင်ယွင်၏တည်ရှိမှုကို အမှတ်တမဲ့ ခံစားလိုက်ရသည်။ အဆုံးတွင်၊ နှစ်ဘီလီယံပေါင်းများစွာ ပိုင်းခြားထားသည့် အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်၍ ချင်ယွင်၏ စိတ်ဝိညာဉ်နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ချင်ယွင်က ရွှမ်ဟန် အသက်ရှင်လောက်ဟု မူလက ထင်ထားခဲ့သော်လည်း, သူသည် အရွှမ်ဟန်ကို ထပ်တွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။

ယခုအချိန်တွင် ရွှမ်ဟန်သည် သူ၏ယခင်ပုံစံနှင့် များစွာ ပြောင်းလဲခြင်း မရှိပေ။ တစ်ခုတည်းသော အပြောင်းအလဲမူက သူ့ဆံပင်နှင့် မျက်လုံးများက ဖြူဖျော့နေပြီ ဖြစ်သည်။

ဤမီးခိုးရောင်သည် သူ့မျက်လုံးများတွင် သေခြင်းတရားကို ခံစားနိုင်သည့်အတိုင်း ပျံ့နှံ့နေသည့် မီးခိုးရောင်ဖြစ်သည်။

"ဘိုးဘေးနတ်ဘုရားနယ်ပယ်"

ချင်ယွင် ကြက်သေသေ ဖြစ်သွားခဲ့သည်။ သူ့ရှေ့ရှိ ရွှမ်ဟန်သည် ဘိုးဘေး နတ်ဘုရားနယ်ပယ်အထိ သိသိသာသာ တက်လှမ်းသွားခဲ့ပြီ။

သူ့စွမ်းအားသည် မည်သည့်အဆင့်သို့ ရောက်ရှိသွားသည်ကို ချင်ယွင် မသိနိုင်ပေ။

"မင်း အသက်ရှင်နေသေးတာလား" ချင်ယွင်က ရွှမ်ဟန်ကိုကြည့်ပြီး မေးသည်။

"ထိုင်ပါဦး" ရွှမ်ဟန်သည် ချင်ယွင်၏မေးခွန်းကို မဖြေပါ။ ယင်းအစား သူက သူ့ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းပြီးနောက် သစ်သားစားပွဲလေးနှင့် ကုလားထိုင်သေးသေးလေး နှစ်ခုသည် သစ်ပင်အောက်မှာ ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ သူ့ရှေ့ရှိ သစ်သားစားပွဲလေးနှင့် ကုလားထိုင်တို့သည် အလွန်ဟောင်းနွမ်းနေပြီ သို့မဟုတ် အရောင်မှိန်နေပြီဟုသာ ဖော်ပြနိုင်သည်။ အဆုံးတွင်၊ ရွှမ်ဟန်နေထိုင်သော သစ်သားအိမ်ရှေ့မှ ဤစားပွဲနှင့် ကုလားထိုင်လေးသည် ရွှမ်ဟန်ကိုယ်ပိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ချင်ယွင် မှတ်မိသည်။

ရွှမ်ဟန်သည် ဤမျှ လွမ်းဆွတ်နေလိမ့်မည်ဟု ချင်ယွင် မထင်ခဲ့ပေ။ ရွှမ်ဟန်သည် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့ညီမသေဆုံးမှုကို လက်မလွှတ်သေးကြောင်း သူ ချက်ချင်း နားလည်သွားခဲ့သည်။

"အနှစ်တစ်ဘီလီယံ၊ ငါ မင်းကိုစောင့်နေခဲ့တာ နှစ်တစ်ဘီလီယံရှိပြီ။ အခု အဖြေပေးလို့ ရမလား" ရွှမ်ဟန်က ချင်ယွင်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။

ချင်ယွင်က ပြုံးပြီး ခါးခါးသီးသီး ပြောသည် "မင်းအတွက် နှစ်ဘီလီယံလောက် ကုန်သွားပြီ၊ ဒါပေမယ့် ငါ့အတွက်က နှစ်ဒါဇင်ပဲ ရှိသေးတယ်။ ဒီလောက်မြန်မြန် ဆုံတွေ့ဖို့ ငါ တကယ် ကို မမျှော်လင့်ထားဘူး"

ချင်ယွင်၏ ခါးသီးသော အပြုံးကို မြင်လိုက်ရသောအခါ ရွှမ်ဟန်က ပြောသည် သူ့မျက်နှာ ပေါ်တွင် ခံစားချက် အရိပ်အယောင်များ ရှိနေသည်။ "အဲဒီတုန်းက ငါ သေဖို့ စီစဉ်ထားပေ မယ့် မင်းကို မတော်တဆတွေ့ဖို့ မမျှော်လင့်ထားဘူး။ မင်းရဲ့စကားကြောင့် ငါလည်း သေဘေးက လွတ်မြောက်ခဲ့တယ်။ ဒါ့အပြင်, ငါဆက်ပြီး ကျင့်ကြံခဲ့တယ်။ နှစ်ဘီလီယံ ကျော်ကြာတော့ ငါ ပိုပိုပြီး သန်မာလာခဲ့တယ်။ အဲဒီတုန်းက မင်းပြောခဲ့တဲ့ စကားတွေက ငါ့အတွက် လိမ်ညာစကားတွေလို့လည်း ခံစားလာရတယ်။ ဒါပေမယ့် ငါ့စိတ်နှလုံးထဲမှာ ကံကောင်းခြင်းဆိုတဲ့ မျှော်လင့်ချက်တစွန်းတစ ရှိနေသေးတယ်"။

"နှစ်ပေါင်းများစွာကြာပြီး၊ ငါက ရှင်ခြင်းနဲ့သေခြင်းတရားကို နားလည်လာခဲ့တယ်။ အဆုံးမှာ, ငါက သေခြင်းတရားရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်လာခဲ့တယ်။ ငါ အဆင့်ချိုးဖြတ်ပြီး ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်။ သေခြင်းတရားရဲ့ နက်ရှိုင်းမူတွေကို စဉ်ဆက်မပြတ် နားလည်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ငါဟာ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်။" ရွှမ်ဟန်က ဆက်ပြောသည်။

ချင်ယွင်သည် အလွန်တုန်လှုပ်သွားခဲ့သည်။

သေခြင်းတရား၏ လျှို့ဝှက်ဆန်းကြယ်မူ၊ ပြီးပြည့်စုံသော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား။

ဤရွှမ်ဟန်သည် အမှန်တကယ် မြင့်မားသော နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

လူတစ်ဦးသည် အစစ်မှန် အဓိပ္ပါယ်ကို လုံးလုံး နားလည်ပြီးသည်နှင့် ၎င်းတို့သည် ဘိုးဘေး နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် ၎င်းသည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား သို့မဟုတ် ကြီးမြတ်သော ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရားများသာ ဖြစ်လာနိုင်ပါသည်။ အစစ်မှန် အဓိပ္ပါယ်၏ လေးနက်သော အဓိပ္ပါယ်ကို နှိုက်နှိုက်ချွတ်ချွတ် နားလည်နိုင်မှသာလျှင် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ (ဘိုးဘေးနတ်ဘုရားအဆင့်သတ်မှတ်ရာတွင် ဤအပိုဒ်ကို သေချာနားအောင် ဖတ်သင့်ပါသည်။

ရွှမ်ဟန်၏ သေခြင်းတရား၏ အစစ်မှန် အဓိပ္ပါယ်သည် ပထမတန်းစား အစစ်မှန် အဓိပ္ပါယ် ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ အစစ်မှန် အဓိပ္ပါယ် ပြီးပြည့်စုံသွားသောအခါ၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ထို့နောက် သူသည် သေခြင်းတရား၏ လျှို့ဝှက်ဆန်းကြယ်သော အဓိပ္ပါယ်ကို စေ့စေ့စပ်စပ် နားလည်ခဲ့ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ပြီးပြည့်စုံခြင်း ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။

လူတစ်ယောက်သည် ပထမတန်းစား အစစ်မှန် အဓိပ္ပာယ်၏ အထွတ်အထိပ်သို့ ရောက်ရှိ ပြီးနောက်၊ ထိုလူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။

ဒုတိယတန်းစားနှင့် တတိယတန်းစား အစစ်မှန် အဓိပ္ပာယ်တို့၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ထိုသည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား များ ဖြစ်လာကြလိမ့်မည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများသည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားထက် သန်မာရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများထက် နယ်ပယ် အဆင့်မြင့်မားသောကြောင့် မဟုတ်ဘဲ၊ ၎င်းတို့၏ အစစ်မှန် အဓိပ္ပါယ်သည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများ နားလည်ထားသော အစစ်မှန် အဓိပ္ပါယ်ထက် ပိုသန်မာသောကြောင့် ဖြစ်သည်။

သို့သော်၊ လူတစ်ယောက်သည် အစစ်မှန် အဓိပ္ပါယ်၏ ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိ သွားသည်နှင့် တစ်ပြိုင်နက်၊ သေးငယ်သော ကောင်းကင်ဘုံအဆင့်နှင့် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့်တို့သည် စွမ်းအားအရာ၌ များစွာကွာခြား မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံအဆင့် ပြီးပြည့်စုံခြင်းအဓိပ္ပာယ်သည် တာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်သည်ဟု ဆိုလိုသောကြောင့် ဖြစ်ပါသည်။

တာအိုသည် သန်မာသူနှင့် အားနည်သူကြား ခွဲခြားထားခြင်း မရှိပေ။ ထို့ကြောင့် ပြီးပြည့်စုံ သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများကို သတ်ဖြတ်ရန် အလွန်ခက်ခဲသည်။

ရွှမ်ဟန်သည် ဒဏ္ဍာရီလာ ကောင်းကင်ဘုံအဆင့် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု ချင်ယွင်က တစ်ခါမှ မထင်ထားခဲ့ပေ။

"ဒါပေမယ့် ငါ ကောင်းကင်ဘုံအဆင့်ရဲ့ ပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်တဲ့အခါ ငါဟာ လူတစ်ယောက်ကို အလွယ်တကူ သတ်နိုင်ပေမယ့် တစ်ယောက်မှ အသက် ပြန်မရှင်နိုင် ဘူးဆိုတာ သိလိုက်ရတယ်။" ရွှမ်ဟန်ကပြောပြီး သူ့မျက်နှာက စိတ်လှုပ်ရှားလာသည်။

All Chapters