အခန်း ၁၇၂၄
Vol. 115 Ch. 1724
အခန်း (၁၇၂၄) မျှော်လင့်ချက်အနည်းဖြင့် ရှေ့ဆက်သူ။
ချင်ယွင်သည် ရွှမ်ဟန်၏စကားကို ကြားသောအခါ သူပြောချင်သည့် အရာကို သူ သိပါသည်။
လူတစ်ယောက်ကို အသက်ပြန်သွင်းရန် မည်သို့ လွယ်ကူမည်နည်း။ ကောင်းကင်တာအို ပြန်ဝင်စားချိန်မှစ၍ နှစ်ပေါင်းတစ်ဘီလီယံ ကျော်သွားခဲ့ပြီ။ ထိုကလေးမလေးသည် ပြန်လည်ဝင်စားခြင်း ရှိ၊ မရှိ သို့မဟုတ် သူမသည် ဘဝပေါင်း မည်မျှ ပြန်လည်ဝင်စားခဲ့ သနည်း မသိနိုင်တော့ပေ။
မူလက ချင်ယွင်သည် ရွှမ်ဟန်ကို လက်လျှော့လိုက်ပြီဟု ထင်ထားသော်လည်း သူသည် ဤမျှထိ ဇွဲကောင်းလိမ့်မည်ဟု မည်သည့်အခါမှ မတွေးထားခဲ့ပေ။
"ငါ မင်းကို မေးချင်တယ်။ မင်း ငါ့ညီမကို အသက်ပြန်ရှင်လာအောင် ကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒီစကားက မင်း ငါ့ကို လိမ့်ခဲ့တာလား” ရွှမ်ဟန်က ချင်ယွင်ကို တည့်တည့် ကြည့်ရင်း မေးလိုက်သည်။
"ငါ အမှန်တိုင်း ပြောပြမယ်။ မင်းကို ငါလိမ်ခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် ငါ အခု အဲဒါကို မလုပ်နိုင်သေးဘူး။ နောက်ဆုံးတော့ မင်းအတွက် နှစ်သန်းပေါင်းတစ်ထောင်ကျော် ကုန်သွားပေမယ့် ငါ့အတွက်က အနှစ်တစ်ရာတောင် မပြည့်သေးဘူးလေ" ချင်ယွင်က ရွှမ်ဟန်ကို ကြည့်ပြီး ပြောလိုက်သည်။
ရွှမ်ဟန်က ချင်ယွင်ကို ကြည့်ပြီး ဘာမှပြန်မပြောပေ။ သူက ချင်ယွင်၏မျက်လုံးတွေကို ကြည့်နေပြီး၊ သူ့မျက်လုံးမှတဆင့် ချင်ယွင် ပြောခဲ့သည့်စကားတွေက မှန်မမှန်ဆိုသည်ကို သိချင်နေပုံရသည်။
"မင်း ငါ့ကို ဘာလို့ မင်းကို ယုံကြည်ပေးစေချင်တာလဲ။ အခု ငါက အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ကို ရောက်ရှိနေပြီ။ ငါတောင် ဒါကို မလုပ်နိုင်သေးဘူး။ ဘိုးဘေး နတ်ဘုရားတစ်ပါးတောင် မဟုတ်တဲ့လူတစ်ယောက်က ငါ့ကို ဘာလို့ ယုံကြည်စေချင်တာ လဲ။" ရွှမ်ဟန်က ထပ်မေးသည်။
မှန်ပါသည်၊ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေသည့် ဘိုးဘေး နတ်ဘုရားတစ်ပါးတောင်မှ မည်သည့်သဲလွန်စမှ မရှိခဲ့ပါဘူး။ ယခုအခါ ကောင်းကင် နတ်ဘုရားတစ်ပါးက သူ့ညီမကို အသက်ပြန်သွင်းနိုင်ကြောင်းကို သူ ယုံကြည်ရမည်။ ယင်းက သူ့ကိုယ်သူ ယုံကြည်ရန်အတွက်ပင် အလွန်ခက်ခဲပါသည်။
ချင်ယွင် ပြုံးလိုက်သည်။ ရွှမ်ဟန်က ယခုလိုမေးခွန်းမျိုး မေးလိမ့်မည်ဟု သူ မျှော်လင့်ပြီး သား ဖြစ်သည်။
သူက ဘာမှပြန်မပြောတော့ဘဲ သူ့လက်ဖဝါးကို တိုက်ရိုက် ဖြန့်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးထဲတွင် ဧရာမဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။
မှန်ပါသည်။ ထိုဝဲဂယက်ကြီးသည် အတိအကျ ပြန်လည်ဝင်စားခြင်းဝဲဂယက် ဖြစ်ပါသည်။ ပြင်းထန်သော ပြန်လည်ဝင်စားခြင်း စွမ်းအားသည် ချင်ယွင်၏ လက်ဖဝါးမှ ထုတ်လွှတ်နေ သည်။
ရွှမ်ဟန်သည် ချင်ယွင်၏လက်ဖဝါးထဲမှ ပြန်လည်ဝင်စားခြင်းဝဲဂယက်ကို မြင်သောအခါ အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ့မျက်လုံးများမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
"ဒါက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ဆိုတာ ခင်ဗျား သတိထားမိသင့်တယ်။ ဒီပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်က ပထမတန်းစား အစစ်မှန် အဓိပ္ပာယ်နယ်ပယ်ကို လုံးဝ ကျော်လွန်သွားပြီ။ တစ်နေ့, ငါ့ရဲ့ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ် လုံးဝ ပြီးပြည့်စုံသွားတာနဲ့, ဒီပြန်လည်ဝင်စားခြင်းရဲ့ စွမ်းအားကို အသုံးချပြီး ခင်ဗျား ညီမလေးကို အသက်ပြန်ရှင်လာ အောင် ငါ ကူညီပေးနိုင်တယ်" ချင်ယွင်က ရွှမ်ဟန်ကိုကြည့်ပြီး ပြောလိုက်သည်။
"ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ် ဟုတ်လား။ အရာအားလုံးရဲ့ ပြန်လည် ဝင်စားခြင်းကို ကောင်းကင်ဘုံတန်ခိုးက ချုပ်ကိုင်ထားတာ မဟုတ်ဘူးလား၊ ဒီလို အစစ်မှန် အဓိပ္ပါယ်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။" ရွှမ်ဟန်က ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။
"ငါ မပြောခဲ့ဘူးလား။ ဒါက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ အစစ်မှန် အဓိပ္ပာယ်ပါဆို။ ဒါပေမယ့် ဒီအစစ်မှန် အဓိပ္ပာယ်ကို နားလည်နိုင်တဲ့လူက ဒီကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်းပဲ ရှိတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်ဖို့ ခက်ခဲလွန်း တယ်။ ဒါကြောင့် ခင်ဗျား ခဏစောင့်ရမယ်။" ချင်ယွင်က ပြန်ဖြေသည်။
"စောင့်ရမယ်။ ငါစောင့်နေခဲ့တာ နှစ်တစ်ဘီလီယံရှိပြီ။ ဘာလို့ ငါ မစောင့်နိုင်ရမှာလဲ" ရွှမ်ဟန်က စိတ်လှုပ်ရှားစွာ ပြောသည်။
ထိုအချိန်တွင် ချင်ယွင်သည် အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။
ပထမတန်းစား, သို့မဟုတ် ဒုတိယတန်းစား, တတိယတန်းစား အစစ်မှန် အဓိပ္ပါယ်များကို နားလည်ပြီးနောက် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်။ အကယ်၍, သူသည် ပထမတန်းစား အစစ်မှန် အဓိပ္ပာယ်ကို ကျော်လွန်သည့် ဤအစစ်မှန် အဓိပ္ပာယ်ကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါက မည်သည့်အရာ ဖြစ်လာမည်နည်း။
"ငါ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို အပြည့်အဝ နားလည်ပြီးတာနဲ့, ငါ့ကနဦး စကြာဝဠာက လုံးဝ ပြီးပြည့်စုံသွားမှတောင် စိုးရတယ်။ ဒါဆို, ဒီပြီးပြည့်စုံခြင်းဆိုတဲ့ အဓိပ္ပာယ်က ငါက ကောင်းကင်ဘုံတန်ခိုးရဲ့ အရှင်သခင်တစ်ပါး ဖြစ်လာပြီဟု ဆိုလိုရာ မရောက်ဘူးလား" ချင်ယွင်က သူ့စိတ်ထဲကနေ ခေါင်းညိတ်ပြီး သူ့ကိုယ်သူ ပြောလိုက်ပါ သည်။
သို့သော် အလွန်လျင်မြန်စွာပင်၊ ချင်ယွင်သည် ရှုပ်ထွေးသွားပြန်သည်။ ဘိုးဘေးနတ်ဘုရား များ၏ အစစ်မှန် အဓိပ္ပါယ်သည် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ဘိုးဘေး နတ်ဘုရားများသည် လျှို့ဝှက်နက်ရှိုင်းသောအရာများကို နားလည်ဆင်ခြင်ရသေးသည်။ ထိုမှသာ ၎င်းတို့သည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား များ ဖြစ်လာနိုင်သည်။ ထိုသို့ဆိုလျှင်, အုပ်စိုးရှင်နယ်ပယ်ကရော….။
ထို့အပြင်၊ သူသည် နတ်ဘုရားကမ္ဘာသို့ ပထမဆုံး ရောက်ရှိစဉ်တုန်းက အုပ်စိုးရှင်နှင့် ပတ်သက်သည့်အကြောင်းကို မည်သည့်အခါမှ မကြားဖူးခဲ့ပေ။
"စကားမစပ်၊ စီနီယာ ရွှမ်ဟန်၊ စီနီယာ ဘာလို့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကြီးထဲ ရောက်နေတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ထင်ရှားသည်မှာ၊ ယခု သူတို့ရှိနေသည့် နေရာငယ်လေးကို ရွှမ်ဟန်က ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းသည် တန်ခိုးကြီးသော ကောင်းကင်တောင်အနီး ဒိုင်မေးရှင်းတစ်ခု၏ အက်ကွဲကြောင်းအတွင်းမှာ ဖြစ်သင့်သည်။ သို့သော်, ရွှမ်ဟန်သည် အဘယ်ကြောင့် ဤနေရာတွင် နေထိုင်ရန် ရွေးချယ်ခဲ့ရသည်ကို သူ အလွန်သိချင်နေခဲ့သည်။
ချင်ယွင်သည် သူ့ညီမကို ကယ်တင်နိုင်သည်ကို သိပြီးနောက် ရွှမ်ဟန်၏ စိတ်သည် အလွန် ပေါ့ပါးသွားပုံရသည်။ သူက ချင်ယွင်ကို ပြောသည် "မင်းက ငါကြီးပြင်းလာတာကို စောင့်ကြည့်ဖူးပဲ။ မင်း ငါ့ကို စီနီယာလို့ ခေါ်စရာ မလိုဘူး။ ငါတို့ ညီအကိုတွေလို့ပဲ ခေါ်ကြမယ်"
ချင်ယွင်က ပြုံးလိုက်သည်။ ထို့နောက် သူသည် ကြီးမားသော ဤအားသာချက်ကို အရယူပြီး အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို သူ၏အစ်ကိုအဖြစ် အသိအမှတ် ပြုနိုင်ခဲ့သည်။
"အစ်ကိုကြီး ရွှမ်ဟန်၊ ဒါဆိုလည်း အဖြစ်ပျက်တွေကို ပြောပြပါဦး။ ဒီနတ်ဘုရားကပ်ဘေး ဒုက္ခနဲ့ ပတ်သက်ပြီး ငါ သိပ်မရှင်းသေးဘူး။" ချင်ယွင်က မေးသည်။
ရွှမ်ဟန် ခေါင်းညိတ်လိုက်သည်။ "တကယ်တော့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်မှာ ငါနေထိုင်ရတဲ့ အကြောင်းရင်းက မင်းကို ဒီမှာ စောင့်နေဖို့ပဲ။ ဒီတန်ခိုးကြီးတဲ့ ကောင်းကင်တောင်ဟာ ဒီစကြာဝဠာရဲ့ အလယ်ဗဟိုပဲ။ အရာရာတိုင်း၊ အရာရာတိုင်းက ဒီတန်ခိုးကြီးတဲ့ ကောင်းကင်တောင်မပါဘဲ ပြေးမလွတ်ဘူးဆိုတာ ငါ သိထားတယ်။ တကယ်လို့ အနာဂတ်မှာ မင်း ကြီးထွားလာခဲ့ရင်, မင်းအနေနဲ့ ကောင်းကင်တောင်ကို သေချာပေါက် ရောက်လိမ့်မယ်။ ဒါကြောင့် မင်းကို ဒီမှာစောင့်နေဖို့ ငါရွေးချယ်ခဲ့တာ။ ငါ နှစ်ပေါင်း သန်း ၃၀၀ လောက် စောင့်ပြီးသွားပြီ။ ငါ မမျှော်လင့်ထားတာက မင်းအတွက် ငါ ဒီမှာ စောင့်နေတာက မှန်ကန်တယ်ဆိုတာပဲ။ ငါ မင်းကို စတွေ့စတုန်းက သိပ်ပြီး မသေချာသေးဘူး။ ဒါပေမယ့် နောက်ပိုင်း မင်းရဲ့စိတ်ဝိညာဉ် စွမ်းအား အတက်အကျ လှိုင်းတွေကို ငါခံစားမိတဲ့အခါ, မင်း အဲဒီမှာရှိနေတယ်လို့ ငါ သေချာသွားတာ”။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ရွှမ်ဟန်သည် သူ့ကို နှစ်ပေါင်း သန်း ၃၀၀ လောက် စောင့်မျှော်နေလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားပါဘူး။
“ဒါဆို ဒီနတ်ဘုရားကပ်ဘေးဒုက္ခ၊ ဒီကောင်းကင်ဘုံတံဆိပ်နဲ့ အုပ်စိုးရှင်လို့ခေါ်တဲ့ အရာ တွေက အတိအကျ ဘာတွေလဲ မင်း သိလား။ ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
ထိုစကားကို ကြားတော့ ရွှမ်ဟန်သည် သူ့မျက်နှာက ဆင်ခြင်စဉ်းစားသည့် အမူအရာ ပေါ်လာသည်။ နောက်ဆုံးမှာ သူက ပြောသည် “တကယ်တော့ လွန်ခဲ့တဲ့ နှစ်ဘီလီယံကျော် အတွင်းမှာ ငါ နတ်ဘုရားကပ်ဘေးဒုက္ခ တစ်ခုထက်ပိုပြီး ကြုံတွေ့ခဲ့ရဖူးတယ်။ တစ်ချိန်တုန်းက ငါကိုယ်တိုင်တောင် ကောင်းကင်ဘုံတံခါးထဲ ဝင်ပြီး အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ တွေးခဲ့ဖူးတယ်။ ဒါပေမယ့်, နှစ်ပေါင်းများစွာကြာတဲ့ တိုင် ကောင်းကင်ဘုံတံခါးထဲ ဘယ်သူမှ ဖြတ်ကျော်မဝင်နိုင်သလို တစ်ယောက်မှလည်း ပြန်ထွက်မလာဖူးဘူး။ ဒါ့ကြောင့် အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်ကိုလည်း ဘယ်သူမှ မမြင်ဖူးဘူး။ ဒါကြောင့် နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လို အဓိပ္ပာယ်မျိုးရှိနေလဲ ငါ မသိဘူး။ ဒါပေမယ့်၊ ဒီနတ်ဘုရားကပ်ဘေးဒုက္ခနဲ့ အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်ဆိုတဲ့အရာက ကောင်းကင်ဘုံတန်ခိုးနဲ့ ဆက်နွှယ်နေတဲ့အကြောင်း ငါသေချာတယ်”။
"ဘယ်တော့မှ ထွက်မလာခဲ့ဘူးလား။ အုပ်စိုးရှင်ပုဂ္ဂိုလ်ကိုလည်း မမြင်ဖူးဘူးလား" ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အကယ်၍, သူသည် ရွှမ်ဟန်၏စကားကို မကြားမိပါက မယုံဝံ့စရာ ဖြစ်နေဦးမည်။ ဖြစ်နိုင်တာက, ဤအရာအားလုံးသည် ကောင်းကင်ဘုံတန်ခိုး၏ လှည့်စားမူများ ဖြစ်နေမည်လား”။
“ပြန်မထွက်လာနိုင်ဘူးဆိုမှတော့, လူအများပြားက ဘာလို့ ကောင်းကင်ဘုံတံဆိပ်အတွက် ယှဉ်ပြိုင်နေကြတာလဲ။ ကောင်းကင်ဘုံတံခါးထဲ ဝင်ရောက်ချင်လို့လား" ချင်ယွင်သည် မေးခွန်းများ ဆက်တိုက် မေးလာခဲ့သည်။
ရွှမ်ဟန်သည် ထိုစကားကိုကြားတော့ သူက ရယ်ပြီး ရှေ့ကို ညွှန်ပြရင်း ပြောသည် "မင်း လမ်းအဆုံးကို ရောက်တဲ့အခါ မင်းရှေ့မှာ လမ်းမရှိတော့ဘူးဆိုတာကို ရုတ်တရက် တွေ့လိုက်ရလိမ့်။ ဒါပေမယ့် ဒီအချိန် လမ်းဘေးမှာ တွင်းနက်ကြီးတစ်ခု ရှိနေတယ်။ မင်း ခုန်ချချင်သလား မခုန်ချချင်ဘူးလား"
ထိုစကားကိုကြားတော့ ချင်ယွင်သည် ရွှမ်ဟန်၏အဓိပ္ပါယ်ကို ချက်ခြင်း နားလည်သွားပါ သည်။
သူ့အဓိပ္ပါယ်က အရမ်းရိုးရှင်းပါသည်။ ဘိုးဘေးနတ်ဘုရားများသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားသည့်အခါ, ကျင့်ကြံရန် နည်းလမ်းမရှိတော့ဘူးဟု ရုတ်တရက် သဘောပေါက်သွားကြသည်။ ရလာဒ်အနေဖြင့် သူတို့သည် ရုတ်တရက် သူတို့ပန်းတိုင် ပျောက်ဆုံးသွားခဲ့ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။
ထိုအချိန်မှာ, အကယ်၍, သူတို့သည် ထိုအကြီးမြတ်ဆုံးတန်ခိုးအစွမ်းက ထိုတွင်းနက်ကြီး ထဲ၌ ရှိနေသည်ဟု သိသွားခဲ့လျှင်, အမှန်တရားဟုတ်မဟုတ် သိရှိနိုင်ရန် သူတိုသည် တွင်းနက်ကြီးထဲသို့ ခုန်ချနိုင်ပါသေးသည်။
ချင်ယွင်သည် သူ့စိတ်နှလုံးထဲမှာ အနှိုင်းမဲ့ သက်ပြင်းချနေမိသည်။ ဘိုးဘေးနတ်ဘုရားများ သည် မည်မျှပင် အစွမ်းထက်နေပါစေ, သူတို့သည် ဤစကြာဝဠာကြီးကို ဖြတ်ကျော်နိုင် စွမ်း မရှိသေးပေ။
အကယ်၍, လျှိုဘိုသာ သူ့ကို မပြောပြခဲ့ဘူးဆိုလျှင်, သူသည် ဤစကြာဝဠာ၏ အပြင်ဘက်မှ ကမ္ဘာကြီးအကြောင်း, စကြာဝဠာပင်လယ်အကြောင်းနှင့် စကြာဝဠာ အုပ်စိုးရှင်နယ်မြေအကြောင်းကို သိနိုင်မည် မဟုတ်ပေ။
ထိုအခိုက်တွင်, ထိုဘိုးဘေးနတ်ဘုရားများသည် အနည်းငယ် ဝမ်းနည်းစရာကောင်းသည် ဟု ရုတ်တရက် သူ ခံစားလိုက်ရသည်။ သူတို့သည် ဤစကြာဝဠာ၏ ထိပ်ဆုံးမှာ ရပ်တည် နေကြသော်လည်း ရေတွင်းထဲက ဖားသူငယ်တွေ ဖြစ်နေကြတုန်းပင်။
"ဒါဆို အစ်ကို ရွှမ်ဟန်၊ ဒါက ဘာလဲဆိုတာ မင်း ငါ့ကိုကူပြီး ကြည့်ပေးနိုင်မလား" ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင်, သူ့လက်ဖဝါးပေါ်မှာ အနက်ရောင်ကျောက်လုံး တစ်ခု ပေါ်လာသည်။
မှန်ပါသည်။ ထိုအနက်ရောင်ကျောက်လုံးသည် တစ်ချိန်က ချင်ယွင် စုဆောင်းခဲ့သည့် အနက်ရောင်ကျောက်တုံး ဖြစ်ပါသည်။ သို့သော်, သူသည် နှစ်ပေါင်းများစွာ ကြာသည်အထိ အားလုံးကို မစုဆောင်းနိုင်သေးပေ။ ယခု ရွှမ်ဟန်ကို တွေးမိပြီး၊ ရွှမ်ဟန်အနေဖြင့် ၎င်းကို သေချာပေါက် သိရှိနိုင်သည်ဟု တွေးမိ၍ ဖြစ်သည်။
ချင်ယွင်၏လက်ထဲက အနက်ရောင်ကျောက်လုံးကို မြင်လိုက်ရတော့ ရွှမ်ဟန်သည် အံ့သြသည့် အမူအရာကို ဖော်ပြလာသည်။