← Chapters

အခန်း ၁၇၂၅

Vol. 115 Ch. 1725

အခန်း ၁၇၂၅

Vol. 115 Ch. 1725

အခန်း (၁၇၂၅) နတ်ဘုရားဒီရေလှိုင်းစွမ်းအင်

"ဒီကျောက်တုံးကို မင်း ဘယ်က ရခဲ့တာလဲ" ရွှမ်ဟန်သည် ချင်ယွင်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။

"အိုး၊ ငါ ဒီကျောက်တုံးကို အင်မော်တယ်ကမ္ဘာမှာရှိတုန်းက စုဆောင်းခဲ့တာ။ ဘာဖြစ်လို့ လဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ငါ မင်းကို တစ်ခုပဲ ပြောနိုင်တယ်။ မင်းခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဲဒီကျောက်တုံးတွေ အားလုံးကို လွင့်ပစ်လိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် ကံဆိုးမှုတွေကို အလွယ်တကူ ယူဆောင်လာလိမ့်မယ်" ရွှမ်ဟန်က ပြောသည်။

"ကံဆိုးမူလား၊ ဒါ မဟုတ်သေးပါဘူး။ ဒီကျောက်တုံး ၁၂ တုံးက အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ လျှို့ဝှက်ရတနာတွေနဲ့ ဆက်စပ်နေ တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား။ ဘာလို့ ကံဆိုးမှုတွေ ယူဆောင်လာတာလဲ။" ချင်ယွင် အံ့ဩသွားသည်။

သူ့လက်ထဲမှာ ကျောက်တုံးကိုးခု ရှိပြီးသား ဖြစ်သည်။ ရှောင်ဘိုင်နှင့် အခြားသူများသည် နတ်ဘုရားကမ္ဘာသို့ ရောက်ရှိလာသောအခါ၊ လျူရန်ယွင်နှင့် အခြားသူများ တွေ့ရှိခဲ့သော ကျောက်တုံးများကို နတ်ဘုရားကမ္ဘာသို့ ယူဆောင်လာခဲ့ပြီး ဖြစ်သည်။ မူလက သူတို့သည် ဤကျောက်တုံးများက ကြီးမားသော ရတနာတစ်ခု ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း၊ မမျှော်လင့်သည့်အရာမှာ, ဤကျောက်တုံးများက သူ့အား ကံဆိုးစေမည်ဟု ရွှမ်ဟန်က အမှန်တကယ် ပြောလာခြင်းဖြစ်သည်။

ဘန်း…။

ရွှမ်ဟန်သည် လက်ဖဝါးကို လှန်လိုက်ပြီး သူ့လက်ထဲမှာ ကျောက်တုံးနှစ်ခု ပေါ်လာသည်။

ထိုကျောက်တုံးများကို မြင်သောအခါ ချင်ယွင် မျက်လုံးများ ပြူးကျယ်သွားသည်။

ယခု သူ့တွင် ကျောက်ခဲကိုးလုံး ရှိပြီး ရွှမ်ဟန်၏ နှစ်ခုကို ပေါင်းလိုက်ပါက, ချက်ချင်းဆိုသ လို ကျောက်တုံး ၁၁ ခု ရှိလာတော့မည်။

"ဒီကျောက်တုံးတွေရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ငါကိုယ်တိုင်လည်း သိချင်တဲ့ အတွက် ငါ ဒီကျောက်တုံးတွေကို တမင်တကာ စုဆောင်းထားတာ။ ဒီကျောက်တုံးတွေက အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ လျှို့ဝှက်ချက် တွေကို ဖုံးကွယ်ထားတယ်လို့ အမြဲလိုလို ကောလဟာလတွေ ထွက်ပေါ်နေတယ်။ ဒါပေမယ့်, ဒီကျောက်တုံးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့အရာက အလုံးစုံ ပြီးပြည့်စုံ ခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ အမွေနှစ်ဖြစ်မယ်လို့ ငါ မထင်ဘူး" ရွှမ်ဟန်က ပြောသည်။

"ဒါဆို အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ အမွေနှစ် မဟုတ်ဘူးပေါ့။ ဒါဆို ဘာလဲ။" ချင်ယွင်က ရွှမ်ဟန်ကို အံ့သြသည့် အမူအရာဖြင့် မေးသည်။

ရွှမ်ဟန်က ခေါင်းယမ်းပြီး ပြောသည် "ဒီကျောက်တုံးတွေက ငါထင်ထားတာထက်တောင် ပိုရှေးကျတယ်။ ငါ နှစ်တစ်ဘီလီယံလောက် ရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီကျောက်တုံး တွေက ငါ့အရင် ပေါ်နေပြီ။ ဒီအနက်ရောင်ကျောက်တုံးတွေက နယ်မြေသုံးခုမှာ ပြန့်ကျဲနေ တယ်။ ၁၂ ခုစလုံးကို စုဆောင်းရတာ ဘယ်လောက်ခက်ခဲမလဲ။ ဒါပေမဲ့ လူတစ်ယောက်က ၁၂ ခုစလုံးကို စုဆောင်းပြီး အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားရဲ့ အမွေနှစ်ကို ရှာဖွေဖို့ အနက်ရောင်ကျောက်တုံး ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တယ်။ ဒါပေမယ့်, နောက်ဆုံးမှာ ဒီလူနဲ့ပတ်သက်ပြီး ဘာသတင်းမှ မရတော့ဘူး လို့ ငါ ကြားဖူးတယ်။ ဒီနောက် ဒီအနက်ရောင် ကျောက်တုံးတွေက နယ်မြေသုံးခုထဲ တစ်ဖန် ပြန့်ကျဲသွားပြန်တယ်။ ဒီလိုပဲ တစ်ကြိမ်ထက်မက ဖြစ်ပျက်နေပုံရတယ်။"

ချင်ယွင်က အံ့သြသည့် အမူအရာ ဖြစ်ပေါ်နေသည်။

ရွှမ်ဟန်၏ အဓိပ္ပါယ်ကို သူနားလည်ပါသည်။ သူဆိုလိုသည်မှာ အနက်ရောင်ကျောက်တုံး ၁၂ ကို စုဆောင်းမိသည့် လူသည် သေဆုံးသွားခဲ့ပြီ။

ရုတ်တရက် ချင်ယွင်သည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

အနက်ရောင်ကျောက်တုံး ၁၂ ခုနှင့် ကောင်းကင်ဘုံတံဆိပ် ၁၂ ခု အဘယ်ကြောင့် ရှိနေရသနည်း။ ထို့ပြင်, အနက်ရောင်ကျောက်တုံး ၁၂ ကို စုဆောင်းမိသည့်လူသည် အဆုံးသတ်တွင် သေဆုံးသွားခဲ့သည်။ ကောင်းကင်ဘုံတံဆိပ်တွေကို စုစည်းပြီး ကောင်းကင်ဘုံတံခါးထဲ ဝင်ရောက်နိုင်သည့်လူမျိုးကို အရင်က တခါမှ မတွေ့ဖူးပေ။ ဤနှစ်ခုကြား မလွှဲသာမရှောင်သာ ဆက်နွှယ်မှုများ ရှိနေနိုင်မလား။

ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ လျှို့ဝှက်ချက်က ပိုရှုပ်ထွေးလေ ဖြစ်လာသည်။

နတ်ဘုရားကပ်ဘေးဒုက္ခ ဆင်းသက်လာသည်နှင့်အမျှ၊ ကောင်းကင်ဘုံတံဆိပ် ၁၂ ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံတံခါးကို ဖွင့်နိုင်မည်...

ဤအရာအားလုံးကို ကောင်းကင်ဘုံက နောက်ကွယ်ကနေ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော်, အခုလိုလုပ်ဆောင်ရခြင်း၏ နောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ။

ကောင်းကင်ဘုံသည် အားအားယားယား လုပ်ဆောင်နေမည် မဟုတ်ပေ။ ထိုသို့ လုပ်ဆောင်ရန်အတွက် သူ့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိရမည်။

ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် ကစားပွဲကြီးတစ်ခုကစားရန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို စစ်တုရင်အပိုင်းအဖြစ် အသုံးပြုရ သည်။ ကောင်းကင်ဘုံ တန်ခိုးရှင်သည် မည်သူမျှမသိသော စစ်တုရင် ကစားနည်း တစ်ခုကို ကစားရန်အတွက် အရာအားလုံးကို စစ်တုရင်ခုံအဖြစ် အသုံးပြုနေခဲ့သည်။

ချင်ယွင်သည် အများကြီး မတွေးတောနိုင်ခဲ့ပေ။ သူသည် ကောင်းကင်ဘုံ၏ အတွေးတွေကို မည်သို့ ခန့်မှန်းနိုင်မည်နည်း။

ယခုအချိန်တွင်၊ သူသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို တတ်နိုင်သမျှ အမြန်ဆုံး နားလည်အောင်ကြိုးစားပြီး သူ့စကြာဝဠာကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံသာ တတ်နိုင်ပါသည်။ ဤနည်းဖြင့်သာ သူသည် အချိန်မရွေး ကျရောက်လာနိုင်သည့် ဤအကျပ်အတည်းကို ရင်ဆိုင်နိုင်လိမ့်မည်။

"မင်း ဒီကျောက်တုံးတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို သိချင်နေသေးတယ်ဆိုတာ ငါ သိတယ်။ ရိုးရိုးသားသားပြောရရင် ငါလည်း သိချင်တယ်။ ဒါကြောင့် ဒီကျောက်တုံး နှစ်ခုကို မင်းကို ငါ ပေးလိုက်မယ်။ နောက်ဆုံး ကျောက်တုံးကို စုဆောင်းပြီးတဲ့အခါ ဒီကျောက်တုံးရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ မင်းနဲ့အတူ ငါပါလိုက်ခဲ့မယ်။" ရွှမ်ဟန်က ကျောက်တုံးနှစ်တုံးကို ချင်ယွင်ကို ပေးလိုက်သည်။

ချင်ယွင် ခေါင်းညိတ်ပြပြီး ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။

မူလက သူသည် ကျောက်တုံများ၏လျှို့ဝှက်ချက်ကို ရွှမ်ဟန်သိမည်ဟု ထင်ခဲ့သော်လည်း ရွှမ်ဟန်ကိုယ်တိုင်ပင် သိရှိခြင်းမရှိဟု သူ မမျှော်လင့်ခဲ့ပေ။ သူထံမှ မျှော်လင့်မထားသော သတင်းများပါ ယူဆောင်လာခဲ့ပြီး ကျောက်တုံး၏ လျှို့ဝှက်ချက်ကို ပို၍ပင် မှုန်ဝါးသွားစေခဲ့ သည်။

"အစ်ကိုကြီး ရွှမ်၊ မင်း ဒီကောင်းကင်တောင်မှာ တစ်သက်လုံး နေမှာလား။" ချင်ယွင်က ရွှမ်ဟန်ကို ကြည့်ပြီး မေးသည်။

ရွှမ်ဟန်က ခေါင်းညိတ်ပြီး ပြောသည် "အခု ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ဘိုးဘေး နတ်ဘုရားတွေ အားလုံး ပုန်းအောင်းနေကြပြီ" သူတို့က ဒီနတ်ဘုရားကပ်ဘေးဒုက္ခကို ရှောင်ချင်ကြပေမယ့် သူတိုရှောင်ချင်သလို ရှောင်လို့မရဘူးဆိုတာ သူတို့ သိကြတယ်။ အနှေးနဲ့အမြန်ဆိုသလို, ရှေးခေတ်နတ်ဘုရားကမ္ဘာလည်း ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, ဘိုးဘေးနတ်ဘုရားတွေလည်း နတ်ဘုရား ကပ်ဘေးဒုက္ခထဲ ကျိန်းသေပေါက် ကျရောက်ကြလိမ့်မယ်။ ငါလည်း ခြွင်းချက်မရှိဘူး။ ဒါ​ပေမယ့်​ ငါ အချိန်​အတိုင်းအတာတခုထိ တိတ်တိတ်ဆိတ်ဆိတ် နေချင်သေးတယ်” ခဏဖြစ်ဖြစ်ပေါ့”။

ချင်ယွင်က ခေါင်းညိတ်ပြသည်။ ရွှမ်ဟန်သည် သူ့ညီမကို အသက်ပြန်သွင်းနိုင်ရန် ကျင့်ကြံခဲ့ခြင်း ဖြစ်ကြောင်း သူ သိသည်။ အခု သူသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ မကျင့်ကြံနိုင် တော့ပေ။

အကြီးမြတ်ဆုံး အုပ်စိုးရှင်တစ်ဦး ဖြစ်လာရန်အတွက် သူ မတိုက်ခိုက်ချင်ပါဘူး။ ထို့ကြောင့် သူ့မှာ မည်သည့်အလိုဆန္ဒမျှ မရှိပေ။

ရွှမ်ဟန်၏ ရှင်သန်လိုစိတ်ကို ပံ့ပိုးပေးနိုင်သည့် တစ်ခုတည်းသော ယုံကြည်ချက်က သူ့ညီမ ကို ပြန်လည်ရှင်သန်ရန်ဖြစ်ပြီး၊ သူသည် ထိုယုံကြည်ချက် အားလုံးကို ချင်ယွင်အပေါ်မှာ ထားရှိထားသည်။

"စီနီယာ၊ ကျွန်တော် ဘယ်လို အပြင်ထွက်ရမှာလဲ။ ဒီရေစီးကြောင်းထဲမှာ ဘာတွေဖြစ်နေ လဲ စီနီယာ သိလား" ချင်ယွင်က ကျယ်ပြောလှသော အဖြူရောင်လွင်ပြင်ကြီးကို ကြည့်ရင်း ပြောလိုက်သည်။ ဤထူးဆန်းသော စွမ်းအင်သည် အလွန်ကြောက်စရာကောင်းသည်။ ရွှမ်ဟန်က သူ့ကို မကယ်ခဲ့ဘူးဆိုရင် အခုအချိန်မှာ သူ သေသွားနိုင်သည်။

'"ဒီဒီရေလှိုင်းစွမ်းအင်က တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ပေါ်ကနေ ဆင်းသက်လာတာ။ နတ်ဘုရားကပ်ဘေးဒုက္ခတစ်ခု ဆင်းသက်လာတိုင်း၊ နတ်ရားကပ်ဘေးဒုက္ခ မပြီးမချင်း ဒီဒီရေလှိုင်းတွေက အပြင်ဘက်ကို ပြန့်နှံ့သွားလိမ့်မယ်။ အဲဒါကို ငါတောင် မခုခံနိုင်ဘူး။ ဒါကြောင့် မင်းအနေနဲ့ ဒီနတ်ဘုရားဒီရေလှိုင်းတွေကနေ ဝေးနိုင်သမျှ ဝေးဝေးနေနိုင်ရင် ပိုကောင်းမယ်။" ရွှမ်ဟန်က ပြောသည်။

ချင်ယွင်သည် အံ့သြသည့် အမူအရာကို ဖော်ပြလာသည်။ ဤနတ်ဘုရားဒီရေလှိုင်းစွမ်းအင် သည် ဆက်လက် ပြန့်နှံ့နေပါက, တစ်နေ့တွင် ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးကို လုံးလုံးလျားလျား လွှမ်းခြုံနိုင်မည် မဟုတ်ပါလား။

ထိုစွမ်းအားကြီး ပုဂ္ဂိုလ်များ၏ နတ်ဘုရားကမ္ဘာအတုကို ဖန်တီးရန် ရွေးချယ်မူသည် ပညာရှိ သော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း ချင်ယွင်သည် ရုတ်တရက် ခံစားလိုက်ရသည်။ အနည်းဆုံးတော့၊ နတ်ဘုရားကမ္ဘာ၏ အနိမ့်ဆုံးအဆင့်မှာ တည်ရှိသူများသည် အန္တရာယ်များစွာကို ရှောင်ရှားနိုင်စေရန် အာမခံချက် ပေးနိုင်သည်။

"ဒီရေလှိုင်းစွမ်းအင်က တန်ခိုးကြီးတဲ့ ကောင်းကင်တောင်အတွင်းကနေ ဆင်းသက်လာ တယ်ဆိုမှတော့, ငါ့ရဲ့ကနဦးစကြာဝဠာက ဒါကို စုပ်ယူနိုင်ပါ့မလား?" ရုတ်တရက် ချင်ယွင်၏ နှလုံးသားထဲတွင် ရဲရင့်သော အတွေးတစ်ခု ပေါ်လာသည်။

ထိုအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ချင်ယွင်သည် မကြိုးစားကြည့်ဘဲ မနေချင်တော့ပေ။

ထို့ကြောင့် ချင်ယွင်သည် အပြင်ဘက်ရှိ အဖြူရောင် မြူအခိုးအငွေ့များဆီသို့ တိုက်ရိုက် လျှောက်သွားသည်။

ဘန်း…

ချင်ယွင်၏ လက်ဖဝါးပေါ်မှာ တွင်းနက်တစ်ခု ပေါ်လာပြီး လေဟာနယ်အတားအဆီးထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။

တွင်းနက်ကြီးသည် အဖြူရောင် မြူအခိုးအငွေ့များကို ထိတွေ့လိုက်သည့်အခိုက်တွင်၊ အဖြူရောင် မြူအခိုးအငွေ့၏ စွမ်းအင်ကို ချင်ယွင်၏ တွင်းနက်ကြီးမှ တိုက်ရိုက် ဝါးမျိုသွားခဲ့သည်။

"အယ်… ငါ အောင်မြင်ပြီ"

ချင်ယွင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး၊ ကနဦးစကြဝဠာအတွင်းသို့ ဝင်ရောက်လာ သည့် အဖြူရောင် မြူအခိုးအငွေ့များ၏ အပြောင်းအလဲများကို ခံစားမိစေရန် သူ့စိတ်ကို ချက်ခြင်း ပို့လွှတ်ကြည့်လိုက်သည်။

သို့သော် ချင်ယွင်ကို ထိတ်လန့်တုန်လှုပ်စေသည့်အရာမှာ အဖြူရောင် မြူအခိုးအငွေ့များ ဝင်ရောက်လာသည်နှင့်အမျှ သူ့ကနဦးစကြာဝဠာသည် ပိုမိုလျင်မြန်စွာ ပြောင်းလဲလာခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော ပြောင်းလဲမှုသည် နားလည်ရခက်သော်လည်း ချင်ယွင်သည် စကြဝဠာ၏ အရှင်သခင်ဖြစ်နေဆဲပင်။ စကြာဝဠာထဲရှိ ပြောင်းလဲမှုတိုင်းကို သူ ရှင်းရှင်း လင်းလင်း ခံစားနိုင်သည်။ ထို့ကြောင့် သူသည် ကနဦးစကြဝဠာအတွင်းရှိ အဖြူရောင် မြူအခိုးအငွေ့၏ သက်ရောက်မူကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်လေသည်။

"ဒါက အသုံးဝင်နေမှတော့ ငါ ဘာကို စောင့်နေရမှာလဲ။" ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ မဆိုင်းမတွဘဲ သူသည် တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲကာ အဖြူရောင် မြူအခိုးအငွေ့ထဲသို့ ပျံသန်းသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ရွှမ်ဟန်၏မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေ တော့သည်။

စာစဉ် (၁၁၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters