အခန်း ၁၇၂၆
Vol. 116 Ch. 1726
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၆)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၇၂၆) နတ်ဘုရားဒီရေလှိုင်း၏လျှို့ဝှက်ချက်များ။
ချင်ယွင်သည် ရွှမ်ဟန်၏အံ့သြမှုကို လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်တွင်၊ သူသည် အကန့်အသတ်မရှိသည့် နတ်ဘုရားဒီရေစီးကြောင်းအလယ်၌ လုံးလုံးလျားလျား ရှိနေခဲ့ သည်။
စကြဝဠာ၏ ဝါးမျိုခြင်းစွမ်းအင်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး၊ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တွင်းနက်ကြီးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
နတ်ဘုရားဒီရေလှိုင်း စွမ်းအင်သည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် သွန်းလောင်းနေခဲ့ပြီး၊ ထိုနတ်ဘုရားဒီရေလှိုင်း စွမ်းအင်သည် ချင်ယွင်၏ ကနဦး စကြာဝဠာ ထဲသို့ သွန်းလောင်းလာသည်နှင့်အမျှ ကနဦးစကြာဝဠာသည် တဖြည်းဖြည်း ပြောင်းလဲလာ သည်။
ကြယ်တွေ သိပ်သည်းလားသည်နှင့်အမျှ တောင်တန်းများ, မြေကြီး၊ မြစ်များ၊ ချော်ရည်များ သည် တဖြည်းဖြည်း ကြည်လင်ပြတ်သားလာသည်။
ချင်ယွင်၏ စကြာဝဠာထဲတွင်၊ သူဖန်တီးခဲ့သော နတ်ဘုရားကမ္ဘာသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။
တစ်ချိန်တုန်းက ချင်ယွင် ကနဦးစကြာဝဠာထဲသို့ ယူဆောင်လာခဲ့သည့် မဟာနတ်ဆိုး နတ်ဘုရား အကျဉ်းထောင်မှ နေထိုင်သူများသည် သူတို့နေထိုင်ရာ ကမ္ဘာကြီးသည် တဖြည်းဖြည်း ကျယ်ပြန့်လာသည်ကို ခံစားရနိုင်သည်။
အမှန်တကယ်, ချင်ယွင်က သူတို့ကို နတ်ဘုရားကမ္ဘာထဲသို့ ပြန်မလွှတ်ပေးချင်၍ မဟုတ်ပါ ဘူး။ ဆန့်ကျင်ဘက်အနေဖြင့်, သူသည် ထိုကဲ့သို့ မလုပ်ဆောင်နိုင်၍ ဖြစ်ပါသည်။
ထိုအချိန်တုန်းက ချင်ယွင်သည် သူတို့၏အသက်တွေကို ကယ်တင်ရန်အတွက် ၎င်းတို့ အားလုံးကို ကနဦးစကြာဝဠာထဲကို ခေါ်ဆောင်သွားခဲ့သည်။ သူတို့ ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့အား နတ်ဘုရားကမ္ဘာသို့ ပြန်လွှတ်ပေးပါက၊ သူတို့သည် စကြဝဠာတစ်ခုလုံး၏ အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေမည်မှာ သေချာပါသည်။ ထိုအချိန်တွင်၊ ကောင်းကင်ဘုံတန်ခိုးသည် သူတို့ဆီသို့ သေချာပေါက် ကျရောက်လာပါ လိမ့်မည်။ ထို့ကြောင့် ဤလူများသည် ကနဦးစကြဝဠာ၏ ပထမဆုံး မူလနေထိုင်သူများ သာ ဖြစ်လာနိုင်ပါတော့သည်။
ချင်ယွင်၏ကမ္ဘာကြီးသုံးခုသည် အဆက်မပြတ် ကျယ်ပြန့်လာသည်။ ကြယ်များသည် သိပ်သည်းနေပြီး၊ အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာတို့၏ တိုက်ကြီးများသည် စဉ်ဆက်မပြတ် ကျယ်ပြန့်လာနေသည်။ စကြဝဠာတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ပိုမို၍ ပေါများလာသည်။
သို့သော်လည်း စကြဝဠာ၏ဉပဒေသများသည် အခြေခံဉပဒေသများသာ ဖြစ်ပါသေးသည်။ အကယ်၍ အဆိုပါ ကောင်းကင်နတ်ဘုရားများသည် ချင်ယွင်၏ စကြဝဠာ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်လိုပါက၊ သူတို့သည် ချင်ယွင်၏ ကနဦးစကြဝဠာ အထွတ်အထိပ်သို့ ရောက်သည့်နေ့အထိ စောင့်ရပေလိမ့်မည်။
ထို့အပြင်၊ အတိတ်က သူတို့နားလည်ခဲ့သော အစစ်မှန် အဓိပ္ပါယ်များသည် ဤနေရာတွင် အသုံးမဝင်ပေ။ သူတို့သည် သူတို့ကိုယ်ပိုင် သက်ဆိုင်ရာ အားသာချက်များကို ဆုံးဖြတ်နိုင် ရန် သူတို့၏ ကျင့်ကြံမူအခြေခံ နယ်ပယ်များကိုသာ အားကိုးနိုင်ပါသည်။
ချင်ယွင်သည် ထိုလူများကို ခေတ္တလျစ်လျူရှုပြီး၊ သူတို့၏သေခြင်းရှင်ခြင်းကို သူတို့ဘာသာ ခွင့်ပြုပေးခဲ့သည်။
သူတို့အနေဖြင့် စကြဝဠာ၏ ချိန်ခွင်လျှာကို မနှောင့်ယှက်သရွေ့ ချင်ယွင်သည် သူတို့ သဘောအတိုင်း လိုက်ပါပေးလိမ့်မည်။
ဘန်း…။
ချင်ယွင်သည် ရှေ့ဆက်လျှောက်ကာ ဝါးမျိုနေရင်း နတ်ဘုရားဒီရေလှိုင်း၏ စွမ်းအင်ကို စုပ်ယူနေသည်။
ဤနတ်ဘုရားဒီရေလှိုင်းသည် သူ့အတွက် အန္တရာယ်မရှိတော့ဟုဆိုကတည်းက သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်ကို အနီးကပ် ကြည့်ရှုနိုင်သည်။
ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးအငွေ့များကြောင့် နတ်ဘုရားအာရုံများသည် အသုံးမဝင် ပေ။ သူသည် စိတ်ခံစားချက်ကို အားကိုးပြီး ရှေ့ကို ဆက်လျှောက်နိုင်ပါသည်။
သို့သော် မကြာမီ ချင်ယွင်သည် တန်ခိုးကြီးသော ကောင်းကင်တောင်၏ ဦးတည်ရာအရပ် ကို ခန့်မှန်းရန် နည်းလမ်းကို သိရှိလိုက်သည်။ ထိုအရာက တန်ခိုးကြီးသော ကောင်းကင် တောင်၏ ဖိအားအရ ခန့်မှန်းခြင်း ဖြစ်သည်။
သူ တန်ခိုးကြီးသော ကောင်းကင်တောင်သို့ အနီးကပ်လာလေ၊ ကောင်းကင်ဘုံတန်ခိုး၏ ဖိအားများက ပိုမို ပြင်းထန်လာလေ ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုး၏ ဖိနှိပ်မှုကို စိုက်ကြည့်ရင်း ရှေ့သို့ လျှောက်သွားခဲ့သည်။ သူ အမှန်တကယ် သွားနိုင်သည့်နေရာကို သူ မြင်ချင်မိသည်။
ဘန်း…။
ချင်ယွင်သည် ရှေ့သို့ ဆက်လက် ရွေ့လျားလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်အပေါ်ရှိ ဖိအား များက ပို၍ပင် ပြင်းထန်လာခဲ့သည်။
၎င်းသည် မမြင်နိုင်သော လက်ကြီးတဖက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲထုတ်ပစ်နေ သည့်အတိုင်းပင်။ ထိုမျှတင်မကပေ, သူ့စိတ်ဝိညာဉ်လည်း ပြိုကွဲလုနီးပါး ဖြစ်နေပုံရသည်။ သူ ရှေ့ကို ဆက်လျှောက်လာသည်နှင့်အမျှ ထိုစုတ်ဖြဲခံနေရသည့်ခံစားချက်က ပိုမို ပြင်းထန်လာခဲ့သည်။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် ကနဦးစကြဝဠာ၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားသော ကြောင့် ကောင်းကင်ဘုံတန်ခိုး၏ ဖိအားသည် သူ့အတွက် များစွာ လျော့နည်းသွားသည်။
"အယ်, အဲဒါ ဘာလဲ?"
ရုတ်တရက် ချင်ယွင်သည် အဖြူရောင် မြူခိုးအငွေ့ကြားမှာ တောက်ပနေသည့် အလင်းရောင်ကို မြင်ပြီး အံ့သြစွာ မေးလိုက်သည်။
ချင်ယွင်သည် ရှေ့ကို လှမ်းကြည့်လိုက်တော့ ထိုအရာက ထူးဆန်းသည့် ကျောက်တုံး တစ်တုံးဖြစ်နေကို တွေ့လိုက်ရပါသည်။
"ဒါက အရင်တုန်းက စီနီယာအစ်ကို ဝူဒေါင်ဇီနဲ့ တခြားသူတွေပြောခဲ့တဲ့ ကောင်းကင်ဘုံ တန်ခိုး သလင်းကျောက်များ ဖြစ်နေမလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် လက်ကိုဆန့်ထုတ်ပြီး ထိုသလင်းကျောက်ကို ထိလိုက်သည့်အခိုက်တွင် ပြင်းထန် ပြီး ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းကို သိသိသာသာ ခံစားလိုက်ရသည်။ ဤထူးဆန်းသော စွမ်းအင်သည် ပတ်ဝန်းကျင်ရှိ အဖြူရောင် မြူခိုးစွမ်းအင်နှင့် အတိအကျ တူညီသော်လည်း ၎င်းသည် အဖြူရောင် မြူခိုးစွမ်းအင်ထက် ပိုမိုသန့်စင်ပြီး ပိုသိပ်သည်းပါ သည်။
"လျှိုဘို, မြန်မြန်၊ ဒီသလင်းကျောက်က ဘာလဲ။ ပြီးတော့ ဒီအဖြူရောင်မြူခိုး ပတ်ပတ် လည်က စွမ်းအင်ကရော ဘာဖြစ်မလဲ။ ငါ့ကို ကူပြီး ကြည့်ပေးပါဦး” ချင်ယွင်က လျှိုဘိုကို အသံလွှင့်ပြီး ကမန်းကတန်း မေးလိုက်သည်။
ဤအချိန်အတောအတွင်း လျှိုဘိုသည် စကားမပြောသည်ကို သူသိသည်။ ထို့ကြောင့် သူ အိပ်ပျော်နေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူအကူအညီတောင်းနိုင်သည့် တစ်ဦးတည်းသော လူမှာ လျှိုဘို သာ ရှိသည်။
"ငါပြောပြီးပါပြီ။ ဘာမှ အရေးမကြီးရင် ငါ့ကို မနှောင့်ယှက်ပါနဲ့လို့ ... အယ်၊ မင်းလက်ထဲမှာ အဲဒါက ဘာလို့ ရှိနေတာလဲ" လျှိုဘိုက မကျေမနပ် ဖြစ်သွားခဲ့ပြီး၊ သူ မကျေမနပ် ဖြစ်နေချိန်မှာပင် ချင်ယွင်၏လက်ထဲက ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်က သူ့ကို ဆွဲဆောင်သွားခဲ့သည်။
"ဒါက အတိအကျ ဘာလဲ " လျှိုဘို၏စကားကို ကြားတော့ ချင်ယွင်သည် လျှိုဘိုအနေဖြင့် သူ့ရှေ့ရှိ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်ကို သိရှိနားလည်ကြောင်း သိလိုက်သည်။
"ဒီအရာက စကြဝဠာထဲက စွမ်းအင်ရင်းမြစ်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ သလင်းကျောက် တစ်ခုပဲ။ ဒါက စကြာဝဠာတစ်ခုလုံးမှာ အသုံးအများဆုံး စွမ်းအင်သလင်းကျောက် တစ်ခု လည်း ဖြစ်တယ်။ အဲဒါက မင်းမှာ ဘာလို့ ရှိနေတာလဲ။" လျှိုဘိုက ရှင်းပြသည်။
"ဒါဆို အဲဒါက စကြဝဠာရဲ့ မူလစွမ်းအင်ပေါ့။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ အဖြူရောင် မြူခိုးအငွေ့စွမ်းအင်ကို စုပ်ယူပြီးနောက် သူ့ကနဦးစကြာဝဠာသည် အဘယ့် ကြောင့် ပိုပိုမြန်ဆန်စွာ တိုးတက်လာရသည်ကို သူ အနည်းငယ် နားလည်လာသည်။
"ဒီသလင်းကျောက်တွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာဆို ဒါတွေကို ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်လို့ ခေါ်တယ်။ အဲဒါတွေက တန်ခိုးကြီး တဲ့ ကောင်းကင်တောင်ကနေ လာတာ ဖြစ်သင့်တယ်။ ဒီရေလှိုင်းစွမ်းအင်ဆိုတာလည်း ရှိသေးတယ်။ အဲဒါကရော မင်းပြောနေတဲ့ စကြဝဠာရဲ့ မူလစွမ်းအင်လို့ မင်း ထင်လား။" ချင်ယွင်က လျှိုဘိုကို အသံထုတ်လွှင့်မှုဖြင့် မေးလိုက်သည်။
'"အဲဒါကလည်း တကယ်ကို စကြဝဠာရဲ့ မူလစွမ်းအင်ပဲ။ ဒါပေမယ့် စကြဝဠာရဲ့ မူလစွမ်းအင်က နတ်ဘုရားကမ္ဘာမှာ ဘာလို့ ပေါ်လာတာလဲ။ ဒီကောင်းကင်ဘုံတန်ခိုးရှင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီကမ္ဘာပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ရူထောင့်အရဆို၊ ဘိုးဘေးနတ်ဘုရားတွေတောင်မှ ဒီစွမ်းအင်ကို ခုခံနိုင်စွမ်း မရှိကြဘူးလေ။" လျှိုဘိုက အံ့သြစွာ ပြောသည်။
ချင်ယွင်လည်း အံ့ဩသည့် အမူအရာကို ဖော်ပြလိုက်မိသည်။ နတ်ဘုရားကပ်ဘေးဒုက္ခ ကြုံတိုင်း ဤစွမ်းအင်သည် နတ်ဘုရားဒီရေလှိုင်းနှင့်အတူ ဖြစ်ပေါ်လာလိမ့်မည်။
ဆိုလိုသည်မှာ နတ်ဘုရားကပ်ဘေးဒုက္ခသည် နတ်ဘုရားဒီရေလှိုင်း စွမ်းအင်နှင့် ဆက်စပ်မှု ရှိနေသည်။ သို့သော်၊ ကောင်းကင်ဘုံတန်ခိုးရှင်သည် အဘယ်ကြောင့် စကြဝဠာ၏ မူလ စွမ်းအင်ကို သူ့နတ်ဘုရားကမ္ဘာထဲသို့ ထုတ်လွှတ်ပေးရသနည်း။
ချင်ယွင်သည် နတ်ဘုရားကပ်ဘေးဒုက္ခကြီး ဆင်းသက်ရသည့် အကြောင်းရင်း အစစ်အမှန် ၏ သဲလွန်စကို ဆုပ်ကိုင်မိသလို ခံစားရသော်လည်း လျင်မြန်စွာ ဝေဝါးသွားခဲ့သည်။
"မေ့လိုက်ပါ၊ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်က စကြဝဠာရဲ့ မူလစွမ်းအင် သလင်းကျောက်ဆိုမှတော့, ငါလည်း အဲဒါကို တိုက်ရိုက် စုပ်ယူနိုင်မလား။" ချင်ယွင်က လျှိုဘိုကို မေးသည်။
'"သေချာပေါက် စုပ်ယူနိုင်တာပေါ့။ ဒါပေမယ့် ဒီစွမ်းအင်သလင်းကျောက်က နည်းလွန်း တယ်။ အဲဒါက မင်းရဲ့စကြဝဠာအတွက် ရေပုံးထဲက ရေတစ်စက်သာသာပဲ။ တကယ်လို့, မင်းသာ ဒီသလင်းကျောက်ကြောကြီးကို ရှာနိုင်ခဲ့ရင်, မင်းအနေနဲ့ နှောင်းပိုင်း ထိုက်ကျိ နယ်ပယ်ကို ဖြတ်ကျော်ပြီး အထွတ်အထိပ် ထိုက်ကျိနယ်ပယ်ကိုတောင် ရောက်ရှိနိုင် တယ်။ အဲဒီအချိန်မှာ မင်းက ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ လုံးဝကို ပြိုင်ဘက်ကင်း ဖြစ်လိမ့်မယ်။" လျှိုဘို၏အသံက ထွက်ပေါ်လာသည်။
"အထွက်အထိပ် ထိုက်ကျိနယ်ပယ်လား" ချင်ယွင်၏ မျက်လုံးများက တောက်ပနေသည်။
ကနဦးစကြဝဠာ၏ ကြီးကျယ်ခမ်းနားသော နယ်ပယ်ကြီးလေးခုတွင် သူသည် ဒုတိယ နယ်ပယ်ဖြစ်သည့် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်တွင်သာ ရှိနေသေးသည်။ သူ ဒုတိယ နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့်၊ သူ့စကြဝဠာသည် တိကျသည့် အရွယ်အစားတစ်ခု ရှိလာတော့မည်။
သူ တတိယနယ်ပယ်သို့ ရောက်ရှိသောအခါ ဉပဒေသတွေကို ပုံဖော်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သူသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို စတင် နားလည်လာ လိမ့်မည်။
သို့သော်လည်း ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရန် လွယ်ကူမည့်ပုံမပေါ် ပေ။ စုဆောင်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။ ထို့အပြင်, ရှာဖွေရမည့် စွမ်းအင်ပမာဏ အများအပြား လိုအပ်လိမ့်မည်။
"ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်ကြောလား။ မတွေ့ရင် ကိစ္စမရှိဘူး။ တွေ့ရင်တော့ အကောင်းဆုံး ကြိုးစားရလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထို့အပြင်, သူသည် တွင်းနက်ကြီး၏ ဝါးမျိုခြင်းစွမ်းအားကို အသုံးပြုကာ ကောင်းကင်ဘုံ တန်ခိုးသလင်းကျောက်၏ စွမ်းအင်ကို ဝါးမြိုပြီး ရှေ့သို့ ဆက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုးသလင်းကျောက် အချို့ကို လည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဤကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များသည် မူလက တည်းက တန်ခိုးကြီးသော ကောင်းကင်တောင်အတွင်းမှ ဆင်းသက်လာခြင်း ဖြစ်သင့် သည်။ သို့သော် နတ်ဘုရားဒီရေလှိုင်းများက အရှိန်ဟုန်ပြင်းလာသဖြင့် ၎င်းတို့သည် တန်ခိုးကြီးသော ကောင်းကင်တောင်မှ လွင့်ထွက်လာခြင်း ဖြစ်လိမ့်မည်။
"ကြည့်ရသလောက်ဆို, ဒီကောင်းကင်ဘုံ တန်ခိုးသလင်းကျောက်တွေ ရှိနေရင်တောင်မှ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ထဲမှာပဲ ရှိနေသင့်တယ်" ထိုအကြောင်းကို တွေးပြီး နောက် ချင်ယွင်သည် အနည်းငယ် စိတ်ပျက်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ချင်ယွင်သည် ကြီးမားသော ကျောက်ပြားကြီး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုကျောက်ပြားကြီးသည် သူရှာဖွေနေသော ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက် ကျောက်ပြား အတိအကျပင်။