← Chapters

အခန်း ၁၇၂၇

Vol. 116 Ch. 1727

အခန်း ၁၇၂၇

Vol. 116 Ch. 1727

အခန်း (၁၇၂၇) နတ်ဆိုးသားရဲလေးနှင့် ပြန်လည်တွေ့ဆုံခြင်း။

ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်။

ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ တစ်ခုမှာ ကောင်းကင်နတ်ဘုရား အဆင့်များအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ ဘိုးဘေးနတ်ဘုရား အဆင့်များအတွက် ဖြစ်သည်။

ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်ကို အမြဲကြည့်ချင်ရသည့် အကြောင်းရင်းမှာ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် မည်မျှ သတ်မှတ်ခံရသည်ကို ကြည့်ချင်ရုံသာမက ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ် ချက်များကိုလည်း ကြည့်ရူလို၍ ဖြစ်သည်။

သူ့အသိကျွမ်း ဘိုးဘေးနတ်ဘုရားများသည် အလွန်နည်းပါးလှသည်။ သူသိသည့် ဘိုးဘေး နတ်ဘုရားများသည် လက်တစ်ဖက်စာမျှသာ ရှိသည်။

ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက် ကျောက်ပြားဆီသို့ ဖြည်းညှင်း စွာ လျှောက်လာခဲ့သည်။ သူ ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်ဘုံတန်ခိုး အဆင့် သတ်မှတ်ချက် ကျောက်ပြားမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

ဤစွမ်းအင် အတက်အကျလှိုင်းသည် ကောင်းကင်ဘုံတန်ခိုးစွမ်းအား၏ ဘုန်းအာနုဘော် ကို ပြသနေပုံရပြီး၊ ကောင်းကင်ဘုံတန်ခိုးစွမ်းအား၏ ပြင်းထန်သော ဖိအားကို သယ်ဆောင် လာသည်။

ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက် ကျောက်ပြား၏ တစ်ခြမ်းကို ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်အဖြစ် ထွင်းထုထားပြီး၊ ကျန်တစ်ဖက်ကို ဘိုးဘေး နတ်ဘုရားအဆင့်သတ်မှတ်ချက်အဖြစ် ထွင်းထုထားသည်။

ချင်ယွင်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ဘက်ခြမ်း၏ ရှေ့တွင် ပေါ်လာပြီး၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ပေါ်တွင် သိပ်သည်းနေသည့် အလင်းစာလုံးများကို ပြသထားသည်။

ထိုစကားလုံးများ၏ စာကြောင်းတစ်ကြောင်းစီသည် အမည်တစ်ခုကို ကိုယ်စားပြုသည်။

ပထမနေရာ၊ လုံထျန်း၊ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား။

ဒုတိယနေရာ၊ မုရုန်ရှန်းယု၊ အထွက်အထိပ် ကောင်းကင်နတ်ဆိုးနတ်ဘုရား။

တတိယနေရာ၊ အိုးရန်ချင်း၊ အထွက်အထိပ် ကောင်းကင်နတ်ဘုရား။

...

ချင်ယွင်သည် နာမည်တစ်ခုစီကို တစ်ချက်စီ ကြည့်လိုက်သည်။ ထိုနာမည်တွေကို သူ အရင်က တစ်ခါမှ မကြားဖူးပါဘူး။

နောက်ဆုံးတွင် သူသည် ၁၆ မြောက် အမည်သို့ ရောက်သောအခါ၊ ချင်ယွင်သည် တူကုထျန်းဟိုင် ဖြစ်ကြောင်း မှတ်မိလိုက်ပါသည်။

ချင်ယွင်သည် ဆက်လက် ရှာဖွေခဲ့ပြီး နောက်ဆုံးတွင်, သူကိုယ်တိုင်က အဆင့် ၃၈ နေရာတွင် ရှိနေသည်ကို ရှာတွေ့ခဲ့သည်။

"ဒါဆို ငါက အဆင့် ၃၈ ပေါ့" ချင်ယွင်၏ ပါးစပ်ထောင့်က ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။

သူသည် ပြန်လည်ဝင်စာခြင်း အစစ်အမှန် အဓိပ္ပါယ်၏ စွမ်းအားကို အသုံးမပြုချိန်မှာပင်, သူသည် အမှန်တကယ်ပင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၈ မှာ ရှိနေခဲ့သည်။ သို့သော်၊ သူသည် ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်၏ စွမ်းအားကို အသုံးပြုသည်နှင့်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀ ယောက်သည်ပင် သူ၏ပြိုင်ဘက် ဖြစ်ကောင်းမှ ဖြစ်နိုင်ပါလိမ့်မည်။

ချင်ယွင်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ကို အတိုချုံး ကြည့်ရူပြီး ဖတ်ခဲ့ သော်လည်း သူသည် နာမည်များစွာနှင့် မရင်းနှီးပါ။

ထို့ကြောင့် ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားများ၏ အဆင့်သတ်မှတ်ချက်ကို မှတ်တမ်း တင်ထားသည့် ကောင်းကင်ဘုံတန်ခိုး ကျောက်ပြား၏ နောက်ဘက်ခြမ်းသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုး ကျောက်ပြားကို ကြည့်လိုက်သောအခါ ၎င်းသည် အချည်းနှီးဖြစ်နေကြောင်း သူ တွေ့ရှိခဲ့သည်။

"ဘာတွေ ဖြစ်နေတာလဲ၊ ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ်ချက်တွေကိုလည်း ဒီမှာ မှတ်တမ်းတင်ထားတယ်လို့ မပြောကြဘူးလား။ ငါ အဲဒါကို ဘာလို့ မမြင်ရတာလဲ" ချင်ယွင် သည် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

"ကောင်စုတ်လေး။ စိတ်နှောင့်ယှက် ဖြစ်မနေနဲ့။ ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ် ချက်တွေကို မင်း မြင်ချင်ရင်, မင်းအနေနဲ့ ဘိုးဘေးနတ်ဘုရားအဆင့်မှာ ရှိနေရမယ်။ မင်းရဲ့ လက်ရှိခွန်အားက ဘိုးဘေးနတ်ဘုရားအဆင့်မှာ သေချာပေါက် ရှိမနေတော့ မင်းနေနဲ့ ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ်ချက်တွေကို မမြင်ရဘူးပေါ့။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ဒါက ဘာဖြစ်ရတာလဲ။" ချင်ယွင်သည် အနည်းငယ် စိတ်ပျက်သွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

မူလက ရှေးခေတ်နတ်ဘုရားကမ္ဘာတွင် ပုန်းအောင်းနေသည့် တန်ခိုးကြီးမားသော ဘိုးဘေး နတ်ဘုရားများ ရှိမရှိကို သူ ကြည့်ချင်မိသည်။ ရွှမ်ဟန်ကဲ့သို့ ဘိုးဘေးနတ်ဘုရားများစွာ ရှိနေလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

ဝှီး…။

ထိုအချိန်မှာ ချင်ယွင်၏ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက် လာသည်။

ထိုအလင်းတန်း ပျောက်ကွယ်မသွားခင် ချင်ယွင်သည် လေတိုးသံသဲ့သဲ့ကိုသာ ကြားလိုက်ရသည်။

"အဲဒါ ဘာလဲ" ချင်ယွင် သိသိသာသာ တုန်လှုပ်သွားသည်။

ဤနေရာသည် နတ်ဘုရားဒီရေလှိုင်း၏ အတွင်းပိုင်း ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေတောင် မဝင်နိုင်ကြပါဘူး။ ဤနေရာတွင် သက်ရှိသတ္တဝါများ မည်သို့ ရှိနိုင်မည်နည်း။

ထို့အပြင် ၎င်း၏အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသည်။ ထို့ကြောင့် ၎င်း၏ခွန်အားက အားနည်းခြင်း မရှိသည်မှာ ထင်ရှားပါသည်။

ချင်ယွင်သည် ချက်ချင်း သတိရှိလာပြီး ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်လာသည်။

ဝှီး…။

ချင်ယွင်ရှေ့၏မှာ နောက်ထပ် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ဤတစ်ကြိမ်တွင် ချင်ယွင်သည် မည်သည့်အရာဖြစ်သည်ကို မြင်လုနီးပါး ဖြစ်သွားသည်။

၎င်းသည် ဦးခေါင်းအရွယ်အစားရှိ နတ်ဆိုးသားရဲငယ်လေး ဖြစ်ပုံရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နှင်းဖြူသဏ္ဌာန်ရှိပြီး ၎င်း၏အသွင်အပြင်ပေါ်တွင် ထူးဆန်းသော ပုံစံအချို့ ရှိသည်။

"အကျွမ်းတဝင်ရှိတဲ့ နတ်ဆိုးသားရဲကောင်လေးပဲ။ အရင်က သူ့ကို တစ်နေရာရာမှာ မြင်ဖူးမယ် ထင်တယ်။" ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ပြီး အော်ပြောလိုက်သည် "အကောင်ငယ်လေး၊ အဲဒါ မင်း ပဲလား။"

ဝှီး…။

အဖြူရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ချင်ယွင်၏ရှေ့တွင် လေးတိုးအသံတစ်ခု ထွက်ပေါ်လာသည်။

မှန်ပါသည်။ ထိုကောင်လေးသည် ခွေးပေါက်စအရွယ် နတ်ဆိုးသားရဲကောင်လေး ဖြစ်သည်။ ဦးခေါင်းပေါ်တွင် ခရမ်းရောင် ဦးချိုလည်း ရှိနေသည်။ ထိုအချိန်တုန်းက ချင်ယွင် သည် နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်း၌ ထူးဆန်းသော နတ်ဆိုးသားရဲလေး တစ်ကောင် ကို ကြုံတွေ့ခဲ့ဖူးသည်။

ထိုစဉ်တုန်းက ချင်ယွင်သည် အသတ်ခံရလုနီးပါးဖြစ်ခဲ့ပြီး နတ်ဆိုးသားရဲလေးလည်း သေသွားပြီဟု နဂိုက ထင်ထားခဲ့သော်လည်း ၎င်းသည် ကောင်းမွန်နေရုံသာမက ဤနေရာ တွင်လည်း ပေါ်လာမည်ဟု သူ မမျှော်လင့်ထားပေ။

အကောင်ငယ်လေးသည် ချင်ယွင်ကို မှတ်မိပုံပေါ်ပြီး၊ စိတ်လှုပ်ရှားစွာ ခုန်တက်ကာ ချင်ယွင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားသည်။

ချင်ယွင်လည်း ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် နတ်ဘုရားမြှုပ်နှံခြင်းတောင်တန်း၌ ရှိစဉ်၊ သူ၏ကနဦးစကြာဝဠာ ပြိုကွဲသွားခဲ့ပြီး၊ သူကိုယ်တိုင်လည်း သေဆုံးလုနီးပါး ဖြစ်ခဲ့ရ သည်။ ထိုအချိန်တုန်းက ဤကောင်ငယ်လေးသည် သူ့ရင်ခွင်ထဲတွင် ရှိနေခဲ့သည်။ သူ ထင်ထားသည်မှာ ထိုအကောင်ငယ်လေးလည်း ထိခိုက်မူရှိလောက်သည်ပေါ့။ ယခုမူကား၊ ၎င်းသည် အဆင်ပြေနေရုံသာမက၊ ယခင်အတိုင်းပင် ဖြစ်နေပုံရသည်။

"ကောင်လေး၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက် သည်။

အကောင်ငယ်လေးက ခေါင်းတညိတ်ညိတ် လုပ်ပြနေသည်။ သူ့လက်သည်း သေးသေး လေးတွေက တစ်ခုခုကို ထုတ်ဖော်ချင်သည့်အတိုင်း လေထဲမှာ လှုပ်ရှားနေတုန်းပင်။

သို့သော် ချင်ယွင် လုံးဝ နားမလည်ပါ။ ဒီကောင်ကလေး ဘာပြောချင်နေမှန်း သူ မသိပါဘူး။

ချင်ယွင်က သူ့စကားကို နားမလည်နိုင်မှန်း သိသွားပုံရပြီး၊ ချင်ယွင်၏ လက်ညှိုးကို ခပ်ဖွဖွ ကိုက်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းပြီး ဦးတည်ရာတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

ချင်ယွင်သည် ယခုအခါ ထိုကောင်ငယ်လေး၏ ဆိုလိုရင်းကို နားလည်သွားပြီ။ သူက ချင်ယွင်ကို သူ့နောက်လိုက်ဖို့ တောင်းဆိုနေခြင်း ဖြစ်သည်။

ချင်ယွင်က အရမ်းကို သိချင်နေသည့်အတွက် သူနောက်ကို လိုက်ပါသွားသည်။

ထိုကောင်ငယ်လေးက ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ။ သူကရော ဘာလို့ အင်မော်တယ် ကမ္ဘာကနေ ရှေးခေတ်နတ်ဘုရားကမ္ဘာအထိ ရောက်လာနိုင်တာလဲ သူ သိချင်နေမိသည်။

ထိုအကောင်ငယ်လေးသည် ချင်ယွင်ကို လမ်းတစ်လျှောက်လုံး ဦးဆောင်ပြီး နောက်ဆုံး တွင်, ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်အောက်မှာ ရပ်သွားသည်။

ဤရှေးဟောင်သစ်ပင်ကြီးသည် အလွန်ထူးခြားသည်။ အမှန်တကယ်ဆို သစ်ပင်ကြီး၏ အရှည်က မီတာတစ်ရာပေါင်းများစွာ ရှိသည်။ အဝေးမှာ ဧရာမသစ်ကိုင်းကြီးတွေက ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ ဆန့်ထွက်နေ၏။

သို့သော်၊ ချင်ယွင်ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ဤရှေးဟောင်းသစ်ပင်သည် နတ်ဘုရားဒီရေစီးကြောင်းအတွင်းမှာ အမှန်တကယ် ရှင်သန်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဤနတ်ဘုရားရေစီးကြောင်းအတွင်းမှာ သစ်ပင်မြက်ပင်များ လုံးဝ မရှိသည်ကို သိထားရ မည်။ ရှင်သန်နိုင်ရခြင်း၏ အဓိပ္ပာယ်မှာ ၎င်း၏ဖြစ်တည်မူဘဝက ထူးကဲလှ၍ ဖြစ်သည်။

သူ့ရှေ့က ဤကောင်ငယ်လေးသည်လည်း သူ့ရှေ့က ရှေးဟောင်းသစ်ပင်ကြီးအတိုင်းပင်။

အရေးအကြီးဆုံးကတော့ ဤရှေးဟောင်းသစ်ပင်ကြီးသည် တန်ခိုးကြီးသည့် ကောင်းကင် တောင်နှင့် သိပ်မဝေးလှပါဘူး။ ဆယ်မိုင်လောက်ပဲ ဝေးပါလိမ့်မည်။ နတ်ဘုရားများ အတွက်၊ ထိုကဲ့သို့သော အကွာအဝေးသည် တခဏမျှသာ ဖြစ်သည်။

"ဂူ… ဂူ…" အကောင်ငယ်လေးသည် အသံပြု၍ ရှေးဟောင်းသစ်ပင်ထိပ်ကို ညွှန်ပြကာ ချင်ယွင်ကို နောက်သို့ ဆက်လက်လိုက်ပါရန် အချက်ပြသည်။ ထို့နောက် ၎င်းသည် ပင်စည်ပေါ်သို့ ဆက်လက် တက်သွားခဲ့သည်။

ချင်ယွင်သည်လည်း သဘာဝအတိုင်း ပျံတက်သွားပြီး ထိုအကောင်ငယ်လေးနှင့်အတူ တဖြည်းဖြည်း လွင့်ပျံလာသည်။

မီတာတစ်ထောင်လောက်ထိ လွင့်မျောတက်သွားသည့်အခါ, သူတို့သည် ရှေးဟောင်း သစ်ပင်၏ထိပ်ဖျားသို့ ရောက်ရှိသွားသည်။ သို့သော် ထိုအချိန်တွင် ချင်ယွင်သည် ရှေးဟောင်းသစ်ပင်သည် အမှန်တကယ်ပင် အခေါင်းပေါက်ဖြစ်ပြီး အတွင်းမှာ ကြီးမားသော နေရာတစ်ခုရှိကြောင်း တွေ့ရှိခဲ့ရသည်။

ထိုအကောင်ငယ်လေးက ချင်ယွင်ကို လက်သည်းများဖြင့် ဝှေ့ယမ်းပြပြီး ထိုအထဲကို တိုက်ရိုက် ပြေးဆင်းသွားခဲ့သည်။

ချင်ယွင်သည်လည်း သေးငယ်သော အမြှေးပါးလွှာကို ထိုးဖောက်ဝင်ရောက်သကဲ့သို့၊ သစ်ပင်တွင်းရှိ လေဟာနယ်ထဲကို ရောက်ရှိလာခဲ့သည်။

သစ်ပင်အတွင်း လေဟာနယ်ထဲသို့ သူဝင်လိုက်သည်နှင့် ချင်ယွင်သည် သူ့ရှေ့ရှိ မြင်ကွင်း ကြောင့် အံ့အားသင့်သွားခဲ့သည်။

သစ်ပင်တွင်းရှိ လေဟာနယ်အတွင်းမှာ ထူထပ်သော လေဟာနယ်ဝဲဂယက်များ ရှိနေပြီး ထိုလေဟာနယ် ဝဲဂယက်လမ်းကြောင်းများ၏ အခြားတစ်ဖက်စွန်းမှ ထွက်လာသော အငွေ့အသက်က အဆင့်နိမ့် ဂြိုလ်ကမ္ဘာဖြစ်သည့် အင်မော်တယ်ကမ္ဘာ၏ အငွေ့အသက် များ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် လေဟာနယ် ဝဲဂယက်လမ်းများမှာ အင်မော်တယ် ကမ္ဘာများ တစ်ခုပြီးတစ်ခုဆီသို့ ဦးတည်သွားကြောင်း ချက်ချင်း သဘောပေါက်ခဲ့သည်။

"အင်မော်တယ်ကမ္ဘာ အသီးသီးရဲ့ လမ်းကြောင်းများစွာကို ဒီနေရာမှာ အတိအကျ ဘယ်သူ က ချမှတ်ထားတာလဲ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။" ချင်ယွင်သည် သစ်ပင်နံရံပေါ်ရှိ လေဟာနယ်ဝဲဂယက် လမ်းကြောင်းများကို ကြည့်လိုက်ရင်း သူ့နှလုံးသားက အံ့ဩခြင်း များဖြင့် ပြည့်နှက်နေသည်။

ရှေးခေတ်နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာကြားရှိ လေဟာနယ်လမ်းကြောင်း သည် သာမန်လူများ ဖွင့်နိုင်သည့်အရာ မဟုတ်ပေ။ သာမန်ဘိုးဘေးနတ်ဘုရားတစ်ပါး ပင်လျှင် ဤအရာကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

All Chapters