← Chapters

အခန်း ၁၇၂၈

Vol. 116 Ch. 1728

အခန်း ၁၇၂၈

Vol. 116 Ch. 1728

အခန်း (၁၇၂၈) ကောင်းကင်ဘုံဆုတောင်းဖျာ။

ချင်ယွင်သည် ထိုလေဟာနယ် ဝဲဂယက်လမ်းကြောင်းများဆီကို လျှောက်သွားခဲ့သည်။ ဤလေဟာနယ် ဝဲဂယက်လမ်းကြောင်းတစ်ခုစီသည် မတူညီသော အင်မော်တယ်ကမ္ဘာ များဆီသို့ ဦးတည်သွားပြီး အချို့သည် သေမျိုးကမ္ဘာသို့ပင် ဦးတည်သွားသည်ကို သူ တွေ့ ရှိခဲ့သည်။

"ဖြစ်နိုင်တာက အဲဒီအနက်ရောင်ကျောက်တုံးတွေကို ရှာဖို့များ ဖြစ်နိုင်မလား" ချင်ယွင်က ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။ ဤလမ်းကြောင်းများသည် အင်မော်တယ်ကမ္ဘာ အမျိုးမျိုးရှိ အနက်ရောင်ကျောက်တုံးများကို ရှာဖွေရန် အဓိကအင်အားစုများအတွက် လမ်းကြောင်းများ ဖြစ်ကြောင်း သူ ခံစားမိသည်။

"တကယ်လို့, ငါသာ အင်မော်တယ်ကမ္ဘာ ဝင်နိုင်ပြီး၊ မိန်းမလေးယောက်နဲ့ ချင်ဖိုးကို ပြန်ကြည့်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သူ့လက်ရှိ နယ်ပယ်ဖြင့်ဆိုပါက, သူ့အနေဖြင့် အင်မော်တယ်ကမ္ဘာကို ပြန်သွားရန်မှာ မဖြစ်နိုင်တော့ပါဘူး။ သူသည် သူ့ကျင့်ကြံမှုအခြေခံကို မဖြတ်မတောက်ဘဲ၊ အင်မော်တယ် ကမ္ဘာထဲသို့ ဝင်လိုက်သည်နှင့်၊ အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်တာအို ဉပဒေသများက သူ့အား စစ်ထုတ်ပစ်ကြလိမ့်မည်။

ဤသည်မှာ အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်လာသူများသည် နတ်ဘုရားတစ်ပိုင်းများ သာ ဖြစ်နေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

ချင်ယွင်က သက်ပြင်းချလိုက်ပြီး သူ့နှလုံးသားထဲက တောင့်တမှုကို စွန့်လွှတ်လိုက်ပါသည်။

သူ့ကနဦးစကြဝဠာသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသည်နှင့် တပြိုင်နက်, သူသည် ဤစကြဝဠာ ဉပဒေသများ၏ ဖိနှိပ်မှုကို လျစ်လျူရှုနိုင်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက် သွားရောက်ပြီး၊ သူ့အမျိုးသမီးလေးယောက်နှင့် အခြားသူများကို ခေါ်ယူနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် အမျိုးသမီးလေးယောက်သည် အင်မော်တယ်ကမ္ဘာတွင် ကောင်းမွန်စွာ နေထိုင်နေပါသည်။ သူမတို့သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှ မထွက်ခွာသရွေ့ အန္တရာယ် အနည်းငယ်သာ ရှိပါလိမ့်မည်။ ဒုတိယအနေဖြင့်, သူမတို့သည် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိနေကြပြီ။ သူမတို့၏ ကျင့်ကြံမူအဆင့်သည် အလွန်မြင့်မား ပြီး လူအနည်းငယ်လောက်သာ သူမတို့ကို ထိခိုက်စေနိုင်မည်။ ထို့ကြောင့် ချင်ယွင် သူမတို့ အတွက် လုံးဝ မစိုးရိမ်ပါ။

"ယစ်ထုတ်အဘိုးကြီးရော, ဘယ်ကမ္ဘာကို သွားနေလဲလို့ ငါ သိချင်မိသား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ချင်ယွင်သည် ယစ်ထုတ်အဘိုးကြီး သူ့ခရီးစဉ်မှ ပြန်လာနိုင်စွမ်း မရှိမည်ကို အနည်းငယ် စိုးရိမ်သွားသည်။

သို့သော် ယစ်ထုတ်အဘိုးကြီးသည် ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသူ တစ်ဦး ဖြစ်ကြောင်း ချင်ယွင် သိလိုက်သည်။ တွေးခေါ်မှုစွမ်းရည်အရ သူသည် အခြားသူများထက် အသိပညာ ပိုမိုမြင့်မားသည်။ ထို့အပြင် ချင်ယွင်၏ထင်မြင်ချက်အရ ယစ်ထုတ်အဘိုးကြီး သည် ၎င်း၏မွေးရပ်မြေကမ္ဘာသို့ ပြန်သွားဖွယ်ရှိသည်။

ချင်ယွင်သည် သူ့နှလုံးသားထဲက အတွေးအာရုံများကို လွှင့်ပစ်လိုက်ပါသည်။ သူသည် ယစ်ထုတ်အဘိုးကြီးကို အလွန်လွမ်းဆွတ်နေသော်လည်း ယခု အလွန်အရေးကြီး လုပ်ဆောင်ရမည့်အရာများ ရှိနေသေးသည်ကို သူသိသည်။

"ဂူ… ဂူ…"

အကောင်ငယ်လေးသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့ရှေ့က မြင့်မားသည့် စင်မြင့်ကြီးဆီကို ဦးတည်ပြီး သူ့ခြေသည်းသေးသေးလေးကို ညွှန်ပြလိုက်သည်။

ထိုအချိန်မှသာ ချင်ယွင်သည် ထိုထောင့်တွင် ဆုတောင်းဖျာတစ်ချပ် ရှိနေကြောင်း သိလိုက်ရသည်။

ချင်ယွင်သည် ဆုတောင်းဖျာကို လှမ်းကြည့်လိုက်သော်လည်း ၎င်းနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားမူကိုမျှ မတွေ့ခဲ့ရပေ။

ချင်ယွင်၏အမြင်အရ ဤအရာသည် သာမာန်ဆုတောင်းဖျာတစ်ခုသာ ဖြစ်သင့်သည်။ ဤနေရာသည် တန်ခိုးကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံသည့် နေရာတစ်ခု ဖြစ်သင့်သည်။

"ဂူ… ဂူ…"

အကောင်ငယ်လေးက ထပ်ပြီးအော်ပြီး သူ့ကိုထိုင်ရန် အလွန်ကို လူသားဆန်သည့် အမူအရာဖြင့် လုပ်ပြလိုက်သည်။

ချင်ယွင်က အံ့သြတကြီး အမူအရာဖြင့် အကောင်ငယ်လေးကို ကြည့်လိုက်ပြီး "မင်း ငါ့ကို ဒီဆုတောင်းဖျာပေါ်မှာ ထိုင်စေချင်တာလား"

အကောင်ငယ်လေးက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

ချင်ယွင်က ရယ်မောလိုက်သော်လည်း သူသည် ထိုအကောင်ငယ်လေး၏ သဘောအတိုင်း ထိုဆုတောင်းဖျာပေါ်မှာ ထိုင်လိုက်ပါသေးသည်။

သို့သော် ချင်ယွင်သည် ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည့်အခိုက်မှာ၊ သူသည် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသကဲ့သို့ လုံးဝ ကွဲပြားခြားနားသွားသည် ကို ခံစားရသည်။

ထိုတောင်ကြီးသည် ကြောက်စရာကောင်းလောက်အောင် မြင့်မားသည်။ အကယ်၍, ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက, ထိုတောင်သည် တန်ခိုးကြီးသော ကောင်းကင် တောင်ပင် ဖြစ်နေသင့်သည်။

"အတိအကျ ဘာဖြစ်နေတာလဲ.." ချင်ယွင်သည် ရုတ်​တရက်​ ထရပ်​လိုက်​လျှင်, သူ့​ရှေ့က မြင်ကွင်းလည်း ရုတ်​တရက်​ ကွယ်​သွားသည်​။ သူသည် သစ်ပင်၏ အတွင်းဘက်သို့ ပြန်လှည့်ကြည့်ပြန်သည်။

သို့သော်၊ သူသည် နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ၎င်းသည် တူညီသော မြင်ကွင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်သည့် အချိန်တိုင်း၊ သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်ထိပ်၌ ရှိနေပြီး၊ ကမ္ဘာအရပ်ရပ်ရှိ သက်ရှိသတ္တဝါအားလုံးကို မြင်နေရသည့်အတိုင်း ခံစားရသည်။

ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွားသည်။

ဤဆုတောင်းဖျာသည် တန်ခိုးကြီးသော ကောင်းကင်တောင်နှင့် ပတ်သက်မှု ရှိနေပါသ လား။

"ကောင်လေး၊ တုန်လှုပ်မနေနဲ့၊ မင်းရဲ့ဒီဆုတောင်းဖျာကို ကောင်းကင်တောင်ထိပ်က ရှေးဟောင်း သစ်ပင်တစ်ပင်ရဲ့ အရွက်တွေနဲ့ ရက်လုပ်ထားတာ။ အဲဒီရှေးဟောင်းသစ်ပင် က ကောင်းကင်တောင်ထိပ်ပေါ်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်ကြီးထွားနေခဲ့ တယ်။ ဒါကြောင့် မင်းလည်း ကောင်းကင်တောင်ထိပ်ပေါ်မှာ ထိုင်နေရသလို ခံစားရတာ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ကောင်းကင်တောင်ထိပ်ပေါ်က ရှေးဟောင်းသစ်ပင်ရဲ့ အရွက်တွေနဲ့ ရက်လုပ်ထားတာ လား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

တန်ခိုးကြီးသော ကောင်းကင်တောင်ထိပ်တွင် ရှေးဟောင်းသစ်ပင်တစ်ပင်ရှိမည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင်, ထိုရှေးဟောင်းသစ်ပင်၏ အရွက်များကို ဆုတောင်းဖျာတစ်ချပ် ရက်လုပ်ခဲ့သည့် တစ်စုံတစ်ယောက် ရှိနေမည်ဟု ပို၍ပင် ထင်မထားခဲ့ပေ။

"ဒါပေမယ့်, ဒီရှေးဟောင်းသစ်ပင်ရဲ့အရွက်တွေကို ခူးခဲ့တဲ့လူက အတိအကျ ဘယ်သူလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဟမ့်၊ အဲဒါကို ခူးဖို့လား” အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတောင် တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ထိပ်ကို ရောက်နိုင်မယ်လို့ မင်း ထင်လား။" လျှိုဘို၏ အသံထွက်လာသည်။

ချင်ယွင် ခေါင်းခါလိုက်သည်။

အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးသည် တန်ခိုးကြီး သော်လည်း၊ တန်ခိုးကြီးသော ကောင်းကင်တောင်သည် စကြဝဠာတစ်ခုလုံး၏ ပင်မ အူတိုင် ဖြစ်သည်။ တန်ခိုးကြီးသော ကောင်းကင်ဘုံတန်ခိုးရှင်မှလွဲ၍, တန်ခိုးကြီးသော ကောင်းကင်တောင်ထိပ်မှ ရပ်တည်နိုင်သူ အခြားလူ မရှိနိုင်ပေ။

"မင်း သိတာတော့ ကောင်းပါတယ်။ အဲဒီလူက အဲဒီအရွက်တွေကို ဆုတောင်းဖျာအဖြစ် သန့်စင်ဖို့ တစ်ရွက်ချင်း စုဆောင်းခဲ့ရတာ။ အနှစ်တစ်သောင်းတိုင်းမှာ သစ်ရွက် တစ်ရွက် က ကောင်းကင်တောင်ထိပ်ကနေ လွင့်ပျံလာတယ်။ အဲဒီအရွက်တွေကို တစ်ရွက်ပြီး တစ်ရွက် စုဆောင်းပြီး နောက်ဆုံး ဒီဆုတောင်းဖျာကို ရက်လုပ်ထားတာ။" လျှိုဘိုက ပြန်ပြောသည်။

ချင်ယွင် ဆွံ့အသွားသည်။

အရွက်တစ်ရွက်ကို စုဆောင်းရန် အနှစ်တစ်သောင်း ကြာမည်။ အရွက်အားလုံးကို စုဆောင်းရန် နှစ်သောင်းပေါင်း မည်မျှကြာမည်နည်း။ ထိုဆုတောင်းဖျာမှာ အရွက် တစ်ထောင်ထက်မနည်း ရှိနေမှာပင် စိုးရသည်။

ထို့အပြင် ဤလူသည် ၎င်းကို ဆုတောင်းဖျာအဖြစ် သန့်စင်ခဲ့သည်။ ထိုသို့ဖြစ်ပါလျှက်, သူကိုယ်တိုင်ကရော အဘယ်ကြောင့် ဤနေရာ၌ စွန့်ပစ်ထားခဲ့သနည်း။ ရတနာတစ်ခုလို သိမ်းမထားသင့်ဘူးလား။

ချင်ယွင်၏နှလုံးသားသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသော်လည်း ဤဆုတောင်းဖျာ သည် ဖော်မပြနိုင်သော အသုံးဝင်မူရှိကြောင်း သူလည်း သိထားသည်။

ဤဆုတောင်းဖျာပေါ်တွင် ထိုင်ကာ အစစ်မှန် အဓိပ္ပာယ်ကို နားလည်ဆင်ခြင်ခြင်းသည် ပုံမှန်ထက် အဆတစ်ရာ သို့မဟုတ် တစ်ထောင်ပင် ပိုမြန်သည်။

ထိုအကြောင်းကို တွေးရင်း ချင်ယွင် အရမ်းပျော်သွားသည်။

ချက်ချင်းပင် သူသည် ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေဟာနယ်ကြေးမှုန် ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ်ကို ဆင်ခြင်လိုက်သည်။

ဘန်း….။

ချင်ယွင်၏ တစ်ကိုယ်လုံးသည် တန်ခိုးကြီးသော ကောင်းကင်တောင်ထိပ်တွင် တင်ပျဉ်ခွေ ထိုင်နေပုံရသည်။ အစစ်မှန် အဓိပ္ပါယ် ဉပဒေသများ အားလုံးသည် သူ့ခြေရင်း၌ လုံးလုံး လျားလျား ရှိနေခဲ့သည်။

အဝေးတွင် ပုံရိပ်ယောင်များသည် ပရမ်းပတာ ဖြစ်နေပြီး နတ်ဘုရားကမ္ဘာ၏ အတားအဆီး များသည် ၎င်းတို့ရှေ့တွင် ရှိနေခဲ့သည်။

ဤခံစားချက်မျိုးသည် အစစ်မှန် အဓိပ္ပာယ်များ၊ ဥပဒေသများနှင့် လျှို့ဝှက်ဆန်းကြယ်မှု များ အားလုံးကို ထိန်းချုပ်ထားပြီး အခြားအရာအားလုံးထက်တွင် ရှိနေပုံရသည်။

ချင်ယွင်၏စိတ်သည် သူ့ခန္ဓာကိုယ်မှ ကျယ်ပြောလှသော လေဟာနယ် လှိုင်းလုံးများ ထွက်ပေါ်လာစဉ် တိတ်တဆိတ် ငြိမ်သက်သွားခဲ့သည်။

ပတ်ဝန်းကျင် လေဟာနယ်သည် ကွဲကြေနေသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်းကွဲသွားကာ ချင်ယွင်၏ ရုပ်အသွင်သည် ပို၍ပင် ထင်ယောင်ထင်မှား ဖြစ်လာသည်။

အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချင်ယွင်သည် ထိုနေရာတွင် ဆယ်နှစ်ကြာအောင် ထိုင်နေခဲ့သည်။

ဤဆယ်နှစ်တာ ကာလအတွင်း၊ သူသည် လေဟာနယ်ကြေးမှုန်ပုံရိပ်၏ အစစ်မှန် အဓိပ္ပာယ်ကို နားလည်ဆင်ခြင်ရာမှ လုံးဝ နှစ်မြှုပ်နေခဲ့သည်။

All Chapters