အခန်း ၁၇၂၉
Vol. 116 Ch. 1729
အခန်း (၁၇၂၉) နောက်ဆုံးလက်ကျန် အနက်ရောင်ကျောက်တုံး၏ တည်နေရာ။
ဘန်း…။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးများမှ ပြင်းထန်သော လေဟာနယ် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင် လေဟာနယ်သည် အလွန်မင်း တုန်လှုပ်သွားပုံရပြီး သူ့ရှေ့ရှိ လေဟာနယ် သည် ချက်ချင်း ပြိုကျသွားသည်။
"ဟူး။ နောက်ဆုံးတော့ ငါအဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်ပြီးသွားခဲ့ပြီ။ ငါ ဒီမှာထိုင်နေတာ ဆယ်နှစ် ရှိပြီ။ ဒါက ခံစားချက်ကောင်း တစ်ခုတော့ မဟုတ်ဘူး" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူတို့အဆင့်မှာ တံခါးပိတ်ကျင့်ကြံသည်နှင့် ဆယ်နှစ်ဟူသည် အချိန်တိုလေး ဖြစ်သည်။ ပညာရှင်အချို့သည် အနှစ်တစ်ထောင် သို့မဟုတ် နှစ်သောင်းပေါင်းများစွာပင် တံခါးပိတ် ကျင့်ကြံနိုင်ပေမည်။
သို့သော်လည်း ချင်ယွင်သည် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း များစွာ အမြတ်ထွက်ခဲ့သည်။
ဤဆယ်နှစ်တာ အချိန်ကာလသည် သူ၏ လေဟာနယ်ကြေးမှုန် အနှစ်သာရကို အလယ် အလတ်အဆင့်အထိ ဖြတ်ကျော်နိုင်ခဲ့သည်။
အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား သို့မဟုတ် လေဟာနယ် ဘိုးဘေး နတ်ဘုရားသာ ဤနေရာတွင် ရှိနေခဲ့ပါက ၎င်းတို့သည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားမည်မှာ သေချာပါသည်။
လေဟာနယ် အစစ်မှန် အဓိပ္ပာယ်သည် လူတိုင်းနားလည်ထားသည့် အစစ်မှန် အဓိပ္ပာယ် များကြားတွင် နားလည်ရန် အခက်ခဲဆုံး အစစ်မှန် အဓိပ္ပာယ်များထဲမှ တစ်ခုဖြစ်သည်။ ထိုအချိန်တုန်းက သူတို့သည် ကနဦးအဆင့်ကနေ အလယ်အလတ်အဆင့်အထိ ဖြတ်ကျော်နိုင်ရန် နှစ်တစ်သန်းအောက် သို့မဟုတ် နှစ်တစ်သိန်းထက်မက အချိန်ယူခဲ့ရ သည်။
သို့သော်လည်း ချင်ယွင်သည် ကနဦးအဆင့်မှ အလယ်အလတ်အဆင့်အထိ ဖြတ်ကျော်ရန် ဆယ်နှစ်သာ အချိန်ယူခဲ့ရသည်။ အကယ်၍, ဤသတင်းသာ ပျံ့နှံ့သွားပါက လူတိုင်းကို ထိတ်လန့်စေမည်မှာ သေချာပါသည်။
ချင်ယွင် ပြုံးလိုက်သည်။ သူသည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ပြီး လေဟာနယ်ဖွဲ့စည်းပုံကို အခြားသူများထက် ပိုသိပါသည်။ ထို့ကြောင့်၊ သူသည် လေဟာနယ် အစစ်မှန် အဓိပ္ပါယ်ကို နားလည်ရန် သဘာဝအတိုင်း ပိုမိုလွယ်ကူပါသည်။
"ကနဦးစကြဝဠာက ငါ့ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ရာမှာ ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဆယ်နှစ်ကြာသွား ခဲ့ပြီ။ အပြင်ဘက်ကမ္ဘာမှ, ဘယ်လိုတွေ ဖြစ်နေမလဲ ငါ သိချင်မိသား။ အခု အပြင်ထွက်ရ မယ့် အချိန်ရောက်ပြီ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်တွင် သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ကောင်းကင်ဘုံ ဆုတောင်းဖျာကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ဤကောင်းကင်ဘုံဆုတောင်းဖျာသည် ပစ္စည်းကောင်းတစ်ခု ဖြစ်သည်၊ ၎င်းအပေါ်တွင် ထိုင်ကာ ဆင်ခြင်ပါက, သေချာပေါက် အချိန်များစွာ သက်သာစေလိမ့်မည်။
"ကောင်လေး သွားကြစို့။ ငါ မင်းကို ခေါ်သွားလိုက်မယ်" ချင်ယွင်က သူ့ဘေးနားက အိပ်ပျော်နေသည့် အကောင်ငယ်လေးကို အော်ခေါ်ပြီး သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကောင်းကင်တောင်၏ အစွန်းဘက်ဆီ လျှောက်သွားသည်။
ယခုအချိန်တွင် ချင်ယွင်၏ လေဟာနယ် အနှစ်သာရအပေါ် နားလည်သဘောပေါက်မှု သည် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ သူ့ခွန်အားသည် သဘာဝအတိုင်း အတော်လေး တိုးမြင့်လာခဲ့သည်။
ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်တွင် သူ၏အဆင့်သည် တိုးတက်လာသော် လည်း ချင်ယွင်သည် ၎င်းကို ဂရုမစိုက်ပေ။ ယခုအချိန်တွင် သူသည် သူ့မိဘများ တည်ရှိရာ နေရာကို သိရှိနိုင်စေရန် အချိန်ဘိုးဘေးနတ်ဘုရားကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေရန် သာ လိုလားခဲ့သည်။
သူ့ကိုယ်ပိုင် အမြင်အရဆို၊ အချိန်ဘိုးဘေးနတ်ဘုရားသည် နတ်ဘုရားကပ်ဘေးဒုက္ခ မပြီးမချင်း ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ချင်ယွင်သည် အကောင်ငယ်လေးကို တလမ်းလုံး သယ်ဆောင်သွားပြီး မကြာမီ နတ်ဘုရား ဒီရေလှိုင်း၏ အပြင်ဘက်စွန်းသို့ ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်အတွင်း၊ ဤနတ်ဘုရား ဒီရေလှိုင်းသည် ယခင်ကထက် များစွာ ကျယ်ပြန့်လာခဲ့သည်။ ယခု၊ တန်ခိုးကြီးသော ကောင်းကင်တောင်၏ အချင်းဝက်ကို နတ်ဘုရား ဒီရေလှိုင်းစွမ်းအင်က လုံး၀ ဖုံးလွှမ်းထားပြီ။ နှစ်ပေါင်းရာဂဏန်းအတွင်း၊ ဤနတ်ဘုရား ဒီရေလှိုင်းသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ မြစ်များနှင့် တောင်များ တစ်ဝက်ကို သိမ်းပိုက်သွားနိုင်သည်။
"ဘုန်း"
ချင်ယွင်သည် နတ်ဘုရားဒီရေလှိုင်း စွမ်းအင်ထဲမှ ထွက်ခွာခါနီးတွင် အပြင်ဘက်မှ ကျယ်လောင်စွာ တိုက်ခိုက်သံများ ကြားလိုက်ရသည်။
"အယ်? တစ်ယောက်ယောက် တိုက်ခိုက်နေတယ်။"
ချင်ယွင်၏နှလုံးသည် ခုန်သွားပြီး ချက်ချင်းဆိုသလို နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားကာ နတ်ဘုရား ဒီရေလှိုင်း၏ အပြင်ဘက်တွင် ပေါ်လာသည်။
ထို့နောက် မိုင်ထောင်ချီဝေးသော တောင်ထွတ်တစ်ခုတွင် တိုက်ပွဲဝင်နေသည့် ပုံရိပ်နှစ်ကို သူ တွေ့လိုက်ရသည်။
ထိုလူနှစ်ယောက်၏ ခွန်အားက မပျော့ညံ့ပါဘူး။ ၎င်းတို့ထဲမှ တစ်ယောက်သည် လူသား ဟုတ်ပုံမပေါ်ပေ။ သူသည် တဖက်လူ၏ နတ်ဘုရားဓား တိုက်ခိုက်မူကို ပြင်းပြင်း ထန်ထန် လှုပ်ခါနိုင်ရန် သူ့ခန္ဓာကိုယ်ကို အမှန်တကယ် အသုံးပြုနေခဲ့သည်။
"ဘုန်း"
နတ်ဘုရားသားရဲ အသွင်ပြောင်းထားသည့် အမျိုးသားသည် သူ့လက်သီးကို တဖက်လူ၏ နတ်ဘုရားဓားပေါ်သို့ ရိုက်သွင်းလိုက်သည့်အခိုက် တုနှိုင်းမရအောင် ကြောက်မက်ဖွယ် ကောင်းသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပါသည်။
သူတို့နှစ်ဦးစလုံး ဤကြောက်မက်ဖွယ်စွမ်းအင်ကြောင့် လှုပ်ခါသွားကြပြီး၊ လက်ရည်တူနေ ပုံရသည်။
ချင်ယွင်သည် ခပ်ဝေးဝေးတွင် ရပ်ကာ သူတို့ နှစ်ယောက်ကြား တိုက်ပွဲကို ကြည့်နေသည်။ သူ၏ခန့်မှန်းချက်အရ ၎င်းတို့နှစ်ဦးသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် တွင် ထိပ်တန်း ၂၀ စာရင်းတွင် ပါဝင်သင့်သည်။
နတ်ဘုရားသားရဲဖြစ်သူ၏ လက်သီးဖြစ်စေ, သို့မဟုတ် တဖက်လူ၏ ဓားပညာရပ်ဖြစ်စေ, ၎င်းတို့အားလုံးတွင် အစစ်မှန် အဓိပ္ပါယ်၏ အလွန်မင်း အစွမ်းထက်သော ဉပဒေသများ ပါဝင်နေပြီး ၎င်းတို့၏စွမ်းအားများသည် အရပ်မျက်နှာအားလုံးကို ခြိမ်းခြောက်လျက်ရှိ သည်။
"လုံယွန်, အဲဒီအနက်ရောင်ကျောက်တုံးကို လွှဲပေးပါ။ မဟုတ်ရင် ငါ့ကို မယဉ်ကျေးတဲ့ အတွက် အပြစ်မတင်နဲ့" ဓားကိုင်ထားသည့် ကောင်းကင်နတ်ဘုရားက နတ်ဘုရားသားရဲ အသွင်ပြောင်း အမျိုးသားကို အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ့လက်ထဲက ဓားသည် ရွှေရောင်အနှစ်သာရများ ပျံ့နှံ့နေသည်။ စူးရှသော အငွေ့အသက်က အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်ပုံရသည်။
"ဟမ့်၊ ကျောင်းချင်း ငါပြောခဲ့ပါတယ်။ အနက်ရောင်ကျောက်တုံးက ငါ့လက်ထဲမှာ မရှိဘူး လို့။ သေချာတာက, တကယ်လို့ ရှိနေရင်တောင် ငါ မင်းဆီ လွှဲပေးမှာမဟုတ်ဘူး။ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေလား။ မင်းရဲ့ ထာဝရထိုးဖောက်ခြင်း အစစ်မှန် အဓိပ္ပာယ်က သန်မာပေမယ့် ငါ့ရဲ့အဆုံးမဲ့ အကာကွယ်ကလည်း အားမနည်းဘူး။ မင်းရဲ့ ဓားက ငါ့ကို လုံးဝ မထိခိုက်စေနိုင်ဘူး။" လုံယွန်ဟုခေါ်သော နတ်ဘုရားသားရဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူတို့ ပြောစကားတွေကို ကြားပြီး၊ ချင်ယွင်သည် သူတို့၏ ကိုယ်ရေးအချက်လက်တွေကို ချက်ချင်း နားလည်သွားခဲ့သည်။
သူရှေ့မှ ဤလူနှစ်ယောက်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့်၁၃ နှင့် အဆင့် ၁၄ မှာရှိသည့် ကျောင်းချင်းနှင့် လုံယွန်တို့ ဖြစ်သည်။
ဤကျောင်းချင်းသည် လူသားတစ်ဦးဖြစ်ပြီး၊ ထာဝရထိုးဖောက်ခြင်း အစစ်မှန် အနှစ်သာရ ကို ကျင့်ကြံထားပြီး သူ၏ဓားပညာသည် အလွန်အမင်း အဖျက်စွမ်းအား ကြီးမားသည်။
လုံယွန်အနေဖြင့်မူ၊ သူသည် ရှေးဟောင်းနဂါးလိပ်မျိုးနွယ်ဝင် တစ်ဦးဖြစ်ပြီး ၎င်း၏ အကာကွယ်စွမ်းအားမှာ ထူးထူးခြားခြား ကြံ့ခိုင်လွန်းသည်။
အဆုံးစွန် တိုက်ခိုက်ရေး စွမ်းအားတစ်ခုသည် အဆုံးစွန် ခုခံကာကွယ်ခြင်း စွမ်းအားတစ်ခု နှင့် ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ၎င်းတို့နှစ်ဦးသည် အဆုံးအဖြတ်မရှိ တိုက်ခိုက်နေရ ပြီး ရလာဒ်ကို မဆုံးဖြတ်နိုင်သေးပေ။
သို့သော် ဤလူနှစ်ယောက်၏ ကိုယ်ရေးအချက်လက်များနှင့် နှိုင်းယှဉ်လျှင် ချင်ယွင်သည် ထိုလူနှစ်ယောက်ပြောခဲ့သည့် အနက်ရောက်ကျောက်တုံးကို ပို၍ပင် သိချင်နေခဲ့သည်။
သူ့မှာ အနက်ရောင်ကျောက်တုံး ၁၁ တုံး ရှိပြီးသား ဖြစ်သည်။ သူသည် ဤနောက်ဆုံး အနက်ရောင်ကျောက်တုံး မည်သည့်နေရာတွင် ရှိနေသည်ကို အမြဲတမ်း သိရှိခြင်း မရှိခဲ့ပေ။ အကယ်၍ ဤလူနှစ်ဦးပြောသည့် အနက်ရောင် ကျောက်တုံးသည် သူရှာဖွေနေသည့် အနက်ရောင်ကျောက်တုံး ဖြစ်နေခဲ့လျှင်, ၎င်းသည် တိုက်ဆိုင်လွန်းလှသည်။
ချင်ယွင်သည် သူ့ကိုယ်သူ ထုတ်ဖော်မပြသေးဘဲ သူ့အငွေ့အသက်ကို ထိန်းချုပ်ထား သည်။
သူ၏ လက်ရှိကျင့်ကြံမှုနှင့်အတူ ကနဦးစကြဝဠာအတွင်းရှိ တွင်းနက်၏ ဝါးမျိုခြင်းစွမ်းအား နှင့် ပေါင်းစပ်ထားခြင်းဖြင့် သူ့ဆီကနေ မည်သည့်အငွေ့အသက်မှ ပေါက်ကြားရန် မဖြစ်နိုင် ပေ။၊ ထို့ကြောင့် သူတို့နှစ်ဦးသည် ချင်ယွင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။ (တွင်းနက်ဟူသည်မှာ black hole အလွယ်ပြန်ဆိုထားခြင်း ဖြစ်သည်။)
"ဟမ့်၊ မင်းလက်ထဲမှာ အနက်ရောင် ကျောက်တုံးမရှိဘူးလို့ မင်း ဘယ်လို ပြောနိုင်ရတာ လဲ။ ဟိုတုန်းက မင်း အဲဒီအနက်ရောင်ကျောက်တုံးကို တိုင်ယွမ်ရှေးဟောင်း အပျက်ဆီး နယ်မြေထဲကနေ ယူဆောင်လာခဲ့တယ်။ ဒါပေမယ့် အခု မင်းလက်ထဲမှာ အဲဒီအနက်ရောင် ကျောက်တုံးမရှိဘူးလို့ ပြောနေတော့ ငါ တကယ်ယုံမယ်လို့ မင်း ထင်လား" ကျောင်းချင်း က အေးစက်စွာ ဟစ်အော်လိုက်သည်။
"မင်း ယုံချင်ယုံ မယုံချင်နေ၊ ဒီအနက်ရောင် ကျောက်တုံးက ငါ့လက်ထဲမှာ တကယ်မရှိဘူး။ ဒါ့အပြင်၊ အဲဒီအနက်ရောင်ကျောက်တုံးက ဘာအသုံးဝင်လို့လဲ။ အသုံးဝင်ဖို့အတွက်ဆို အနက်ရောင် ကျောက်တုံး ၁၂ တုံး ပြည့်အောင် စုဆောင်းရဦးမယ်။ မင်း အနက်ရောင် ကျောက်တုံး ၁၁ တုံးကို သွားမရှာခင်, အဲဒီအနက်ရောင် ကျောက်တုံးကို ငါ့ဆီ လာမေးနေခဲ့ တယ်။ ဒါက မင်းအတွက် ဒုက္ခများစွာကနေ ကယ်တင်ပေးလိုက်တာလို့ ငါ ထင်တယ်" လုံယွန်က မယုံနိုင်စွာ ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် သူသည် ကျောင်းချင်းကို အရင်ဆုံး တိုက်ခိုက်လိုက်ပါသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မိုးပြာရောင် ဉပဒေသကွင်းဆက်ပုံစံများ တဟုန်ထိုး ပျံနှံ့ထွက်ပေါ်လာ ကာ၊ သူ့အသားအရေကို မိုးပြာရောင် ပြောင်းသွားစေသည်။ ၎င်းသည် ချပ်ဝတ်တန်ဆာ အဖြစ် သိပ်သည်းပြီး အနှိုင်းမဲ့ မာကြောသွားသလိုပင်။
ကျောင်းချင်းသည် သူ့လက်ထဲမှ ထက်ရှသောဓားကို ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရား ဓား၏ ထိပ်ဖျားသည် လေဟာနယ်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ထူးထူး ခြားခြား ချွန်ထက်လာသည်။
အဝေးမှာ ဧရာမတောင်တန်းကြီးသည် လေထဲမှတဆင့် ထိုးဖောက်ခံလိုက်ခဲ့ပြီး ကြီးမား သော အပေါက်ကြီးတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။
သူတို့နှစ်ယောက် တိုက်ခိုက်ချိန်မှာ သူတို့၏ စွမ်းအားက ကြီးမားလွန်းလှသည်။
ယခုအချိန်တွင် ချင်ယွင်သည် ထိုလူဦးနှစ်ဦး ပြောနေသည့် အနက်ရောင် ကျောက်တုံးသည် သူ ရှာဖွေနေသည့် အနက်ရောင်ကျောက်တုံးဖြစ်ကြောင်း လုံး၀ သေချာသွားခဲ့ပြီ။
ဤအရာက ချင်ယွင်ကို ပို၍ပင် စိတ်လှုပ်ရှားစေပါသည်။
သိသာထင်ရှားသည်မှာ၊ ဤလုံယွန်သည် နောက်ဆုံး အနက်ရောင်ကျောက်တုံးနှင့် ပတ်သက်မှု တစ်ခုခု ရှိရပေမည်။ အကယ်၍, ထိုအနက်ရောင် ကျောက်တုံးသည် သူ့ခန္ဓာကိုယ်ပေါ်မှာ မရှိလျှင်ပင်, သူသည် ထိုအနက်ရောင်ကျောက်တုံးနှင့် ထိတွေ့ခွင့်ရ သည့် နောက်ဆုံးလူ ဖြစ်နေပါသေးသည်။ သူသည် ထိုအနက်ရောင်ကျောက်တုံး၏ တည်နေရာကို သိရှိနိုင်ဖွယ်ရှိသည်။
ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် လုံယွန်ကို ဤကိစ္စနှင့်ပတ်သက်ပြီး တကယ် မေးမြန်းချင်မိသည်။
ထို့ကြောင့် ချင်ယွင်သည် သူ့အငွေ့အသက်ကို မဖုံးကွယ်တော့ပေ။ ယင်းအစား သူသည် တိုက်ရိုက် ထွက်လျှောက်လာခဲ့ပြီး ကောင်းကင်ယံမှာ လက်ရေညီစွာ တိုက်ပွဲဝင်နေသည့် လူနှစ်ယောက်ကို ကြည့်ကာ မေးမြန်းလိုက်ပါသည် "လူကြီးမင်းတို့၊ ဒီလောက်အချိန်ကြာ အောင် တိုက်ခိုက်ထားတာတောင် မပင်ပန်းကြသေးဘူးလား။ လူကြီးမင်းတို့ ခဏလောက် အနားမယူချင်ဘူးလား"
သူတို့နှစ်ဦးသည် ချင်ယွင်၏အမေးကို ကြားလိုက်သောအခါတွင် ၎င်းတို့၏ အကြည့်များက ချင်ယွင်အပေါ် ချက်ခြင်း ကျရောက်သွားပြီး ချင်ယွင်ဆီသို့ ကြည့်နေသည့် သူတို့၏ အကြည့်များက အလွန်မင်း စူးရှလာသည်။
သူတို့သည် ချင်ယွင်၏ ထွက်ပေါ်လာမူကို အမှန်တကယ်ပင် သတိမထားမိခဲ့ကြပေ။ ယင်းက သူတို့ကို အလိုလို နိုးကြားသတိထားမူအဖြစ် အလေးနက် ခံစားရစေသည်။