အခန်း ၁၇၃၀
Vol. 116 Ch. 1730
အခန်း (၁၇၃၀) ကျောင်းချင်းကို သတ်ဖြတ်ခြင်း။
"မင်း ဘယ်သူလဲ" လုံယွန်က ချင်ယွင်ကိုကြည့်ကာ မေးသည်။
ကျောင်းချင်းသည် မည်သည့်စကားမှ မပြောသော်လည်း သူ့မျက်လုံးတွေက အရမ်းကို သတိထားနေသည်။
ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များမှလွဲ၍, လူအနည်းငယ်လောက်သာ သူတို့ရှေ့တွင် တိတ်တဆိတ် ထွက်ပေါ်လာနိုင်ပါသည်။
လုံယွန်၏အမေးကို ကြားတော့ ချင်ယွင်က ပြုံးပြီး ပြောသည် "ကျွန်တော်က ဖြတ်သွား ဖြတ်လာ တစ်ယောက်ပါ။ လူကြီးမင်းတို့ နှစ်ယောက် ဒီလောက် စိတ်ပါလက်ပါ တိုက်ခိုက် နေတာကို မြင်ရတော့, ကျွန်တော်အနေနဲ့ လူကြီးမင်းတို့ကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါ ဘူး။ ဒါပေမယ့်, လူကြီးမင်းတို့အနေနဲ့ ဒီလိုတိုက်ခိုက်နေကြရင် နောက်ဆယ်ရက်နဲ့ ဆယ့်ငါးရက်ကြာတောင်မှ ရလာဒ်ကို မဆုံးဖြတ်နိုင်လောက်ဘူး။ အဲဒါကြောင့် လူကြီးမင်း တို့ကို ကျွန်တော် နှောက်ယှက်လိုက်ရတာပါ။"
ချင်ယွင်၏စကားများသည် ရယ်စရာကောင်းသော်လည်း၊ ထိုစကားသည် သူတို့အတွက် အမှန်တရား ဖြစ်သည်။
သူတို့နှစ်ယောက်ကြား ခွန်အားကွာခြားချက်က သိပ်ကြီးကြီးမားမားကြီး မရှိပါဘူး။ အကယ်၍, သူတို့ တိုက်ပွဲပြီးသည်အထိ တကယ် စောင့်နေရမည်ဆိုလျှင် ဆယ်ရက်နှင့် ဆယ့်ငါးရက်ကြာအောင် စောင့်ကောင်းစောင့်ရနိုင်ပါသည်။
ချင်ယွင်သည် ဤမျှ အချိန်အကြာကြီး မစောင့်ချင်သည့်အတွက် အရင်ဆုံး ခုန်ထွက်လာရ ခြင်း ဖြစ်သည်။
လုံယွန်နှင့် ကျောင်းချင်းတို့သည် ချင်ယွင်၏ စကားကိုကြားသောအခါ သူတို့မျက်နှာများက ချက်ချင်းပင် မည်းမှောင်သွားကြသည်။ ချင်ယွင်၏စကားအရ, သူသည် ဤနေရာတွင် အချိန်အတော်ကြာအောင် ရှိနေသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် စောစောက သူတို့နှစ်ဦးကြား စကားစမြည်ပြောဆိုမူကို သူတို့ရှေ့မှ လူငယ်သည် ကြားရပေလိမ့်မည်။
"ဟမ့်၊ မင်း ဘာလို့ ထွက်လာတာလဲ ငါ့ကို ပြောစမ်းပါဦး။ ငါက ပျော်ရွှင်စရာကိစ္စဆို သဘောကြတယ်" လုံယွန်က ချင်ယွင်ကို ကြည့်ရင်း ပြောသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် "ကောင်းပြီ, ဒါဆို ပျော်ရွှင်ရမှာပါ။ လူကြီးမင်းတို့ အနက်ရောင် ကျောက်တုံးအကြောင်း ပြောနေတာ ကျွန်တော် ကြားလိုက်ပါ တယ်။ ကျွန်တော် အဲဒီအနက်ရောင် ကျောက်တုံးကို အရမ်း စိတ်ဝင်စားတယ်။ အဆင်ပြေရင်, အဲဒီအနက်ရောင် ကျောက်တုံး ဘယ်မှာရှိလဲ။ လူကြီးမင်းတို့ နှစ်ယောက် ပြောပြပါလား။ ကျွန်တော် သိချင်လို့ပါ"
"မင်းက သေချင်နေတာပဲ"
ချင်ယွင်၏စကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျောင်းချင်း၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
သူ့တစ်ကိုယ်လုံး ဖျတ်ခနဲ လင်းလက်သွားပြီး ချင်ယွင်၏ရှေ့ကို ရောက်ရှိလာသည်။ သူ့လက်ထဲမှ ထက်ရှသောဓားက မဆိုင်းမတွပင် ချင်ယွင်ဆီသို့ ထိုးစိုက်သွားသည်။
နတ်ဘုရားဓား၏ ထိပ်ဖျားတွင် အလွန်မင်း ကြောက်စရာကောင်းသည့် ထက်ရှမူ ပါဝင်နေ သည်။ ထိုကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများသည် လေဟာနယ်မှတဆင့် ထိုးခွင်းလာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ချင်ယွင်က ရယ်မောလိုက်သည်။ ဤအရာကို သူ မျှော်လင့်ထားပြီးသားပင်။ သူသည် ခပ်ဝေးဝေးမှာ ရပ်နေပြီး လုံးဝ မလှုပ်ရှားခဲ့ပါဘူး။
"ဖူး…"
နတ်ဘုရားဓားသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထိုးဖြတ်သွားသော်လည်း သွေးတစ်စမှ ထွက်မလာခဲ့ပေ။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခု ကွဲထွက်သွားပြီး ကျောင်းချင်းကို လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
သိုင်းတာအို၏ အစစ်မှန် အနှစ်သာရသည် သူ၏လက်သီးပေါ်တွင် ရစ်ဝဲနေပြီး သူ၏ စွမ်းအားသည် ကြီးမားလှသည်။
ကျောင်းချင်း၏ အမူအရာက ပြောင်းသွားသည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး အစွမ်းထက်သော ရွှေရောင်အလင်းဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ချွင်…။
ချင်ယွင်၏ လက်သီးသည် ရွှေရောင်အလင်းဒိုင်းပေါ်သို့ တိုက်ရိုက် ထိမှန်သွားပြီး ရွှေရောင် အလင်းဒိုင်းကို တိုက်ရိုက်ဖြိုခွဲကာ ကျောင်းချင်းသည် လွင့်ပျံသွားစေခဲ့သည်။
ကျောင်းချင်းသည် သူ့ခန္ဓာကိုယ်မှ ခွန်အားများကို မဖယ်ထုတ်နိုင်မီ လီတစ်ရာအကွာထိ နောက်သို့ တရွတ်တိုက်ဆွဲသွားခဲ့ပြီး၊ ချင်ယွင်ကို စူးရှသော အကြည့်ဖြင့် ကြည့်နေလေ သည်။
ချင်ယွင်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေရင်း ကျောင်းချင်းကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေလေသည်။
"တစ်စုံတစ်ယောက်က လေဟာနယ်ကြေးမှုန်ပုံရိပ်ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်နေ မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ကျောင်းချင်းက ချင်ယွင်ကို ကြည့်ကာ ပြောသည်။
"မင်းလည်း အားမနည်းပါဘူး။ သတ္တု ထာဝရထိုးဖောက်ခြင်း အစစ်မှန် အဓိပ္ပာယ်က သတ္တုနဲ့ပတ်သက်သမျှ အစစ်မှန် အဓိပ္ပာယ် အားလုံးထဲမှာ အစွမ်းထက်ဆုံးပဲ။" ချင်ယွင်က ပြုံးရင်းိ ပြောလိုက်သည်။
စွမ်းရည်တစ်ခုစီတိုင်းတွင် အလွန်မင်း အစွမ်းထက်သော အစစ်မှန်အဓိပ္ပာယ် ဥပဒေသများ ကို ပိုင်ဆိုင်ထားပြီး၊ သတ္တုစွမ်းရည်များကြားတွင် ထာဝရထိုးဖောက်ခြင်း အစစ်မှန် အဓိပ္ပာယ်သည် အစွမ်းထက်ဆုံး အစစ်မှန်အဓိပ္ပာယ် ဖြစ်သည်။ သူ့ရှေ့က ဤလူ၏ သတ္တု ဥပဒေသသည် အားမနည်းပေ။ အကယ်၍ သူသည် ထိုခဏ၌ လေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပာယ်ကို အသုံးမပြုပါက၊ သူသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
"ဟမ့်၊ အဓိပ္ပာယ်မဲ့စကားတွေ ရပ်လိုက်ပါ။ မင်း အခုပဲ သေမလား။ ဒါမှမဟုတ် အနက်ရောင် ကျောက်တုံးကို ဖြတ်ခုတ်မယ့်စိတ်ကူးကို စွန့်လွှတ်မလား။" ကျောင်းချင်းက ချင်ယွင်ကို ကြည့်ကာ ပြောသည်။
"တောင်းပန်ပါတယ်၊ ငါ ဘာမှမရွေးဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"မင်းက သေချင်နေတာဘဲ" ကျောင်းချင်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ့လက်ထဲမှဓားက တစ်ချက် ခုတ်ပိုင်းသွားသည်နှင့် လေဟာနယ်က ကွဲထွက်သွားသည်။ နောက်အခိုက်အတန့်တွင် သူ့လက်ထဲက ဓားသည် မိုင်တစ်ရာအကွာအဝေးတိုင် ထိုးဖောက် ဝင်ရောက်ပြီး ချင်ယွင်ဆီကို တိုက်ရိုက် ထိုးစိုက်သွားပါသည်။
ချင်ယွင်က အဆင်သင့်ဖြစ်နေပါပြီ။
ဤကျောင်းချင်းသည် လေဟာနယ်ကို ထိုးဖောက်ပြီး လေဟာနယ်ထဲမှ ဖြတ်သန်းလာရန် သူ၏ အစစ်မှန် အဓိပ္ပါယ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူ့အမြန်နှုန်းက ထူးထူးခြားခြား မြန်ဆန်သော်လည်း ချင်ယွင်သည် လေဟာနယ်၏ အစစ်မှန် အဓိပ္ပါယ်ကို အမှန်တကယ် နားလည်သဘောပေါက်ထားသူဆိုသည်ကို မေ့ထား၍ မရပေ။
ဘန်း….။
အတွေးတစ်ချက်ဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် သုံးပိုင်းကွဲသွားပြီး ကျောင်းချင်းဆီသို့ ဦးတည်သွားခဲ့သည်။
ချင်ယွင်သုံးယောက်၏စွမ်းအားက သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ ၎င်းတို့သည် ကျောင်းချင်း တစ်ယောက်တည်းကို ရင်ဆိုင်ရသည့်အခါ, ကျောင်းချင်းသည် ခုခံဖို့ အင်အားမရှိသလို အတင်းအကြပ် ဖိနှိပ်ခံလိုက်ရပါသည်။
ထိုအခိုက်တွင် ကျောင်းချင်းသည် သူ့နှလုံးသားထဲတွင် အလွန်တရာ နာကျင်မူကို ခံစားရ သည်။ သူ၏ ထိုးဖောက်ခြင်း အစစ်မှန် အဓိပ္ပာယ်သည် တစ်ယောက်တည်းကို တိုက်ခိုက် ရာတွင် ကြီးမားသော အားသာချက် ရှိပါသည်။ သို့သော် ယခု ချင်ယွင်သုံးယောက်နှင့် ရင်ဆိုင်ရသောအခါ သူ၏အခြေခံတိုက်ခိုက်မှုများကပင် တဖက်လူကို ထိခိုက်ဒဏ်ရာရ အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ထို့အပြင်၊ လေဟာနယ်ဖြတ်သန်းမူ အမြန်နှုန်းကို အားကိုးနေသော ချင်ယွင်၏ရှေ့တွင် သူသည် အနည်းငယ်မျှပင် အသာစီးမရခဲ့ပေ။
"ဟမ့်၊ မင်းကများ ငါ့ကိုသတ်ချင်ရအောင်, မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာ ပဲ" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။
ကျောင်းချင်း၏ စကားတွေက လက်ခံနိုင်စရာ မရှိပေ။ ထိုစကားက သူ့ကို တိုက်ရိုက် လုပ်ကြံခြင်း ဖြစ်သည်။ ထိုစကားက ချင်ယွင်၏ နှလုံးသားထဲက တားမြစ်ချက်ကို ချိုးဖောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ချုပ်တည်းမထားတော့ဘဲ သူ့လေဟာ နယ်ကို ချက်ချင်း အေးခဲပစ်လိုက်သည်။
လေဟာနယ်တစ်ခုလုံး အေးခဲသွားသည်နှင့် တစ်ပြိုင်နက် လေဟာနယ်တစ်ခုလုံး ရပ်တန့်သွားခဲ့သည်။
ချင်ယွင်၏ လေဟာနယ်အေးခဲမှုသည် ကျောင်းချင်းကဲ့သို့ ကျွမ်းကျင်ပညာရှင်များအတွက် တခဏမျှသာ ဖြစ်သော်လည်း ယင်းက လုံလောက်ပါသည်။
ဤအခိုက်အတန့်က သူ့ကိုသတ်ဖြတ်ရန် လုံလောက်ပါသည်။
"ဘန်း"
ချင်ယွင်သည် သူ့လက်သီးဖြင့် ကျောင်းချင်း၏ ရင်ဘတ်ထဲကို ထိုးလိုက်သည်။ ကြောက်မက်ဖွယ် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို သိုင်းပညာ၏ အစစ်မှန် အဓိပ္ပာယ် ဖြင့် မြှင့်တင်ထားပြီး၊ သူ့ခွန်အားကို ဆယ်ဆအထိ အပြည့်အဝ ထုတ်ဖော်ပေးနိုင်ခဲ့သည်။ ထိုကြောက်မက်ဖွယ် စွမ်းအားသည် ကျောင်းချင်း၏ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက် သွားပြီး ကျောင်းချင်း၏ အတွင်းအင်္ဂါများအားလုံးကို တိုက်ရိုက် ကွဲကြေသွားစေသည်။
ထိုမျှသာမကဘဲ ချင်ယွင်သည်လည်း သူ့လက်တွေကို ဆုပ်ထားသည်။ လေဟာနယ် ကိုယ်ပွားသည် လက်သီးချက်ဆန့်ထုတ်ကာ အနီးကပ် လိုက်ပါသွားရင်း ကျောင်းချင်း၏ နောက်ကျောကို ရိုက်ခွဲလိုက်ရာ သူ့ကျောရိုးတစ်ခုလုံး ချက်ခြင်း ကွဲသွားသည်။
နောက်ဆုံး လေဟာနယ်ကိုယ်ပွားသည် ကျောင်းချင်း၏ ဦးခေါင်းကို အားအင်အပြည့်ဖြင့် ထိုးနှက်လိုက်သည်။
"ဒိုင်း"
ကျောင်းချင်း၏ခေါင်းသည် ပေါက်ကွဲပြီး ချက်ခြင်း အစိပ်စိပ်မွှာမွှာ ဖြစ်သွားခဲ့သည်။
ဝှီး….။
ကျောင်းချင်း၏ခေါင်းထဲမှ ရွှေရောင်ပုံရိပ်တစ်ခုသည် ထွက်ပြေးရန် အခွင့်အရေးကို ဆုပ်ကိုင်ထားချင်သေးသည်။
သို့သော် ချင်ယွင်က ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် လေဟာနယ်ကို ဆုပ်ကိုင်လိုက်ပြီး မိုင်ထောင်ချီအဝေးမှ ရွှေရောင်လူသားလေးကို ဖမ်းဆုပ်လိုက်သည်။
မှန်ပါသည်။ ထိုလူသားလေး၏ အသွင်ပြင်သည် ကျောင်းချင်း၏ နတ်ဘုရား စိတ်ဝိညာဉ် ဖြစ်ပါသည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါ့ဆရာသခင်က ရွှေမိုးတိမ်ဘိုးဘေးနတ်ဘုရားပဲ၊ မင်း ငါ့ကို သတ်ရင်, သူက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ကျောင်းချင်းသည် သူ့စိတ်ဝိညာဉ် အဖမ်းခံရသည်ကို မြင်သောအခါ, ချက်ချင်း ထိတ်လန့်သွားပြီး အလျင် အမြန် ခြိမ်းခြောက်လိုက်သည်။
"တကယ်လား ဒါဆို မင်းရဲ့ဆရာသခင်ကို ငါ့ဆီလာရှာခွင့် ပြုလိုက်မယ်" ချင်ယွင်က လှောင်ပြောင်ပြီး ရွှေရောင်လူသားလေးကို သူ့ပါးစပ်ထဲကို တိုက်ရိုက် ပစ်ချလိုက်ပါသည်။
"မဟုတ်ဘူး" ကျောင်းချင်းသည် အလွန် မကျေမနပ် ဖြစ်နေပုံပင်။
သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ ချင်ယွင်၏အစာအိမ်အတွင်းရှိ တွင်းနက်ကြီးက သူ့စိတ်ဝိညာဉ်ကို မျိုချလိုက်ပြီး၊ နောက်ဆုံးတွင် ကနဦးစကြဝဠာ၏ စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်တော့ လုံယွန်သည် အလွန်မင်း တုန်လှုပ်ခြောက်ခြားနေသည့် အမူအရာ ကို ထုတ်ဖော်လိုက်ပါသည်။
ဤကျောင်းချင်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၃ ကျွမ်းကျင်သူ ဖြစ်သည်။ သူကိုယ်တိုင်တောင် သူ့ကို ဘာမှမလုပ်နိုင်ပါဘူး။ သို့သော်လည်း သူ့ရှေ့က ဤလူငယ်သည် အချိန်တိုလေးအတွင်းမှာပင် သူ့ကို သတ်ပစ်လိုက်သည်။ ဤအရာက သူ့နှလုံးသားထဲမှာ ဤလူငယ်လေးအပေါ် ကြောက်ရွံ့မှုကို ခံစားရစေသည်။
သို့သော်လည်း, သူသည် သူ၏အဆုံးမဲ့ အကာကွယ်နှင့်ပတ်သက်ပြီး ယုံကြည်မှုအချို့ ရှိနေသေးသည်။ သူ့ရှေ့က လူငယ်သည် သူ့လေဟာနယ်ကိုယ်ပွားကို ဆင့်ခေါ်ခဲ့လျှင်ပင် သူသည် တစ်ယောက်တည်းဖြင့် သုံးယောက်ကို ကာကွယ်နိုင်ဆဲ ဖြစ်သည်။
ချင်ယွင်သည် လုံယွန်ကို မကြည့်ခင် သူ့လက်ကြားထဲက ကျောင်းချင်းကို တချက်ကြည့် လိုက်သေးသည်။
လုံယွန်က သူ့ကို ထိတ်လန့်တကြား ကြည့်နေသည်ကို မြင်တော့ သူက ပြုံးပြီး ပြောသည် " စိတ်မပူပါနဲ့၊ ငါ့မှာ မင်းနဲ့ပတ်သက်ပြီး မကောင်းကြံတာမျိုး မရှိပါဘူး။ ငါက အဲဒီအနက်ရောင် ကျောက်တုံးရဲ့ တည်နေရာကို သိချင်ရုံသက်သက်ပါ။ မင်း ငါ့ကို ရန်မစသေရွေ့, ငါ မင်းကို အလွယ်တကူ သတ်ပစ်မှာ မဟုတ်ဘူး”။