အခန်း ၁၇၃၂
Vol. 116 Ch. 1732
အခန်း (၁၇၃၂) နဂါးကောင်းကင်နန်းတော်
"ဒါက ကောင်းကင်အင်ပါယာမြို့တော်ပဲ။ ဘယ်လိုလဲ၊ လူတွေ အများကြီးရှိတယ် မဟုတ်လား" လုံယွန်က ပြုံးပြီး ပြောသည်။
ချင်ယွင်သည် မြို့ထဲသို့ ရံဖန်ရံခါ ပျံသန်းဝင်ရောက်နေသော နတ်ဘုရားများကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ကောင်းကင်အင်ပါယာမြို့တော်တွင် အမှန်တကယ်ပင် လူပေါင်းများစွာ ရှိနေပြီး၊ ၎င်းတို့ သည် နေရာပေါင်းစုံမှ အချိန်တိုင်း ရောက်ရှိလာနေကြသည်။ ထို့အပြင် အချိန်ကြာလာ သည်နှင့်အမျှ ဤနေရာသို့ လာရောက်သူ လူဦးရေလည်း တိုးလာခဲ့သည်။
"မင်း စောစောက ပြောခဲ့တဲ့ အနှိုင်းမဲ့မာကြောတဲ့ အဲဒီကျောက်တုံးက ဘယ်မှာလဲ" ချင်ယွင်သည် မြို့၏လမ်းများတစ်လျှောက် လုံယွန်နောက်မှ လိုက်ပါလာခဲ့သည်။
ကောင်းကင်အင်ပါယာမြို့ထဲတွင် မည်သူမျှ ပျံသန်းခွင့် မရှိပါ။ ကောင်းကင်ယံတွင် ဘိုးဘေးနတ်ဘုရားအဆင့် သတ်ဖြတ်ခြင်း အစီအရင်ဝင်္ကပါတစ်ခု ရှိနေသည်။ မသေချင် သည့် မည်သူမဆို ကောင်းကင်ကနေ မပျံသန်းရဲကြပေ။
“ဒီထူးဆန်းတဲ့ ကျောက်တုံးက ကောင်းကင်အင်ပါယာမြို့တော်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကောင်းကင်အင်ပါယာ စင်မြင့်ပေါ်မှာပဲ။ ဒါပေမယ့် အခု ကောင်းကင်အင်ပါယာ စင်မြင့်က လုံးဝ ပိတ်သွားပြီ။ ရက်ပေါင်း ၃၀ မပြည့်မချင်း ဖွင့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီတစ်လအတွင်း တည်းခိုဖို့ နေရာရှာရမယ်” လုံယွန်က ကူကယ်ရာမဲ့ ပြောလိုက်သည်။
ရက်ပေါင်းဒါဇင်နီးပါး အတူနေထိုင်ပြီးနောက် လုံယွန်နှင့် ချင်ယွင်တို့သည် တစ်ဦးနှင့် တစ်ဦး အလွန်ရင်းနှီးလာကြသည်။
လုံယွန်တွင် အကျင့်ဆိုးမရှိကြောင်း ချင်ယွင် သိရှိသည်။ သူသည် ရိုးရိုးရှင်းရှင်း တွေးခေါ် တတ်သူ တစ်ဦး ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ လုံယွန်သည်လည်း ချင်ယွင်သည် အလွန်ကောင်းမွန်စွာ ပြောဆို တတ်သူ ဖြစ်ကြောင်း ခံစားမိသည်။ တခဏအတွင်းမှာဆို, သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် သိပ်ရင်းနှီးသည့်ပုံမပေါ်ပေ။
"အဆင်ပြေပါတယ်၊ ဒါပေမယ့် လူတွေ အများကြီးရှိနေတယ်။ ကျင့်ကြံဖို့ နေရာတစ်ခုကို အလွယ်တကူ ရှာမရမှာ စိုးရတယ်" ချင်ယွင်က ပြောသည်။
သူသည်လည်း ကောင်းကင်အင်ပါယာမြို့တော်တွင် ခဏနေရန် စီစဉ်ထားသည်။ အနည်းဆုံးတော့ အနက်ရောင်ကျောက်တုံးအကြောင်း မေးမြန်းစုံစမ်းရန် အချိန်တစ်ခု လိုအပ်ပါသည်။
"ဒီအတွက် စိတ်မပူပါနဲ့။ နေဖို့ကောင်းတဲ့ နေရာတစ်ခု ငါ ရှာနိုင်ပါတယ်။" လုံယွန်က သူ့ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။ ထို့နောက် ချင်ယွင်အား မြို့တွင်း လုံခြုံသော နေရာဆီ ဦးဆောင်ခေါ်သွားသည်။
မကြာခင်မှာပင်, လုံယွန်က ချင်ယွင်ကို နန်းတော်တစ်ခုဆီ ခေါ်သွားခဲ့သည်.
ခမ်းမထိပ်တွင် “နဂါးကောင်းကင်နန်းတော်”ဟူသည့် စာလုံးသုံးလုံး ရေးထွင်းထားသည်။
"နဂါးကောင်းကင်နန်းတော်လား" ချင်ယွင် အနည်းငယ် ထိတ်လန့်သွားသည်။
လမ်းတစ်လျှောက်မှာ လုံယွန်က နဂါးကောင်းကင်နန်းတော်သည် အင်အားစုကြီးသုံးခုထဲ က တစ်ခုဖြစ်သည့်အကြောင်း သူ့ကို ပြောပြဖူးသည်။ သို့သော်, လုံယွန်သည် သူ့ကို ထိုနေရာသို့ အမှန်တကယ် ခေါ်ဆောင်လာမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
"သွားကြရအောင်။ ငါ မင်းကိုပြောဖို့ မေ့သွားတယ်။ ငါက နဂါးကောင်းကင်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါကြောင့် မင်း အေးအေးဆေးဆေး နေနိုင်တယ်။ မင်းကို ဘယ်သူမှ အနှောင့်ယှက်ပေးမှာ မဟုတ်ဘူး" လုံယွန်က ချင်ယွင်ကို ပြုံးပြရင်း ပြောသည်။
ချင်ယွင်သည် နောက်ဆုံး ခေါင်းညိတ်မပြခင် ခဏလောက် စဉ်းစားလိုက်သည်။
သူ အခု ထွက်သွားရင်တောင် သင့်တော်သည့် နေရာတစ်ခုကို ရှာဖွေရန် ခက်ခဲ့လိမ့်မည်။ ယင်းအစား, သူသည် နဂါးကောင်းကင်နန်းတော်တွင် ဦးစွာနေထိုင်ခြင်းက ပိုကောင်းပါ သည်။
ထို့အပြင်၊ သူ့ရှေ့ရှိနန်းတော်သည် ဤကောင်းကင်အင်ပါယာမြို့တော်ရှိ နဂါးကောင်းကင် နန်းတော်၏ ဌာနခွဲတစ်ခုသာ ဖြစ်ပုံရသည်။ ထိုနေရာတွင် ဘိုးဘေးနတ်ဘုရားများ ရှိမည် မဟုတ်သောကြောင့် ဤနေရာတွင် နေထိုင်ခြင်းက ပြဿနာ မဖြစ်သင့်ပေ။
"ဒါဆိုလည်း မင်းကိုပဲ ဒုက္ခပေးရတော့မယ်။" ချင်ယွင်က လုံယွန်ကို ပြောသည်။
"မင်းက ဘာကို ဒီလောက်ယဉ်ကျေးနေတာလဲ။ ငါက မင်းကို ညီအစ်ကိုလို သဘောထား ပြီးသား။ တကယ်လို့, မင်းသာ လူသားတစ်ဦးမဟုတ်ခဲ့ရင်, ငါက မင်းကို နဂါးကောင်းကင် နန်းတော်ထဲ ဆွဲသွင်းပြီးသွားပြီ" လုံယွန်က ချင်ယွင်၏ပခုံးကို ပုတ်ပြီး ပြောသည်။
ချင်ယွင် ပြုံးလိုက်သည်။ လုံယွန်၏ စိတ်သဘောထားသည် အလွန်ရိုးရှင်းပြီး ရိုးသားသည်။ သူသည် တကယ်တကယ် မိတ်ဆွေဖွဲ့သင့်သည့် လူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်သည် လုံယွန်နှင့်အတူ နဂါးကောင်းကင်နန်းတော်သို့ လိုက်သွားပြီး လမ်းတစ်လျှောက်တွင် အခြားသော ကောင်းကင်နတ်ဘုရားများနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုကောင်းကင်နတ်ဘုရားများသည် လုံယွန်ကို အလွန်လေးစားကြသည်။ ပထမအချက်က သူ့ခွန်အားကြောင့်ဖြစ်ပြီး၊ ဒုတိယအနေဖြင့် လုံယွန်သည် များသောအားဖြင့် လူတွေအပေါ် အလွန်ရိုးသားသောကြောင့် ဖြစ်ပါသည်။
ချင်ယွင်နှင့်ပတ်သက်ပြီး၊ သူတို့အနေဖြင့် နည်းနည်း ထူးဆန်းသည်ဟု ခံစားမိကြသော် လည်း သူတို့ ဆက်မမေးရဲကြပါဘူး။ နောက်ဆုံးတွင် ချင်ယွင်သည် လုံယွန်နှင့်အတူ လိုက်ပါလာခဲ့သည်။
"ရပ်....."
သို့သော် ချင်ယွင်နှင့် အခြားသူများသည် နဂါးကောင်းကင်နန်းတော်၏ နောက်ဘက် ဥယျာဉ်သို့ ရောက်ရှိလာချိန်တွင် ရုတ်တရက် အသံတစ်ခုကြောင့် ရပ်တန့်သွားခဲ့သည်။
ချင်ယွင်နှင့် လုံယွန်တို့ နှစ်ယောက်စလုံး ခေါင်းကို လှည့်ကြည့်လိုက်သည်။ လုံယွန်သည် ထိုလူရောက်လာသည်ကိုမြင်သောအခါ မသိစိတ်က အလိုလို မျက်မှောင်ကြုတ်သွားသည်။
ချင်ယွင်လည်း ထိုလူကို ကြည့်လိုက်သည်။ ဤသည်မှာ အဖြူရောင်ဝတ်ရုံကို ဝတ်စားထား သော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော နဂါးတန်ခိုး အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ့အစွမ်းသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦးထက် အားမနည်းသင့်ပေ။
"သူ့နာမည်က လုံအောင်းတဲ့။ သူက ကောင်းကင်ဘုံဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့်ရှစ်ပဲ။ ပုံမှန်အတိုင်း ငါနဲ့ သူ့ရဲ့ဆက်ဆံရေးက သိပ်အဆင်မပြေဘူး။ သူနဲ့တွေ့ရမယ် လို့ ငါ မမျှော်လင့်ထားဘူး။" လုံယွန်က ချင်ယွင်ကို အသံဖြင့်ပို့ကာ ပြောသည်။
ချင်ယွင်သည် ယခင်က ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ကို မြင်ဖူးသော ကြောင့် ထိုလူကို သိသည်။ အဋ္ဌမနေရာသည် အမှန်တကယ်ပင် လုံအောင်း ဖြစ်သည်။
"လုံအောင်း, မင်း ဘာလုပ်နေတာလဲ" လုံယွန်က အေးစက်စွာ ဟစ်အော်လိုက်သည်။
"သူက ဘယ်သူလဲ" လုံအောင်းက မဖြေဘဲ မေးခွန်းထုတ်သည်။
"သူက ငါ့ညီအစ်ကို တစ်ယောက်ပဲ။ သူက ငါနဲ့ ခဏနေမလို။ ဘာပြဿနာရှိလို့လဲ" လုံယွန်က အေးစက်စွာ ပြောလိုက်သည်။
"သေချာပေါက် ပြဿနာ ရှိတာပေါ့။ မင်း အပြင်လူတစ်ယောက်ကို နန်းတော်ထဲ ခေါ်လာတာ ဘာသဘောလဲ။ နောက်ပြီး သူက လူသားတစ်ယောက်။ သူက တခြား အင်အားစုကနေ လွှတ်လိုက်တဲ့ သူလျှိုဖြစ်နေမှာ မင်း မစိုးရိမ်ဘူးလား။" လုံအောင်းက လုံယွန်ကိုကြည့်ကာ ပြောသည်။
"မဖြစ်နိုင်ဘူး၊ သူက ငါ့ညီအစ်ကိုလို့ ငါပြောထားပြီးသား။ တစ်ခုခုဖြစ်ခဲ့ရင် ငါ တာဝန်ယူ မယ်။ ဒီထက်ပိုပြီး ဘာမှ ပြောစရာမရှိဘူး။ ငါ သွားတော့မယ်။" လုံယွန်က အေးစက်စွာ ပြောလိုက်သည်။
လုံအောင်းသည် ဤနေရာတွင် တမင်တကာ ပြဿနာရှာနေကြောင်း သူ ရှင်းရှင်း လင်းလင်း သိသည်။ ထို့အပြင် ဤဌာနခွဲခန်းမတွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိသည့် အပြင်, သူလျှိုလုပ်ပြီး ခိုးဝင်ရလောက်အောင် ထိုက်တန်သည့်အရာ ဘာမှမရှိပေ။
"ဟမ့်၊ မင်းက ခန်းမထဲမှာ နေနိုင်တယ်။ ဒါပေမယ့်, သူတော့ မရဘူး။ ငါတို့ရဲ့ နဂါး ကောင်းကင်နန်းတော်မှာ အပြင်လူတွေကို ခန်းမထဲ လုံးဝ ၀င်ခွင့်မပြုရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်။ နောက်ပြီး ဒီလူသားက သူလျှိုတစ်ယောက် ဖြစ်နေတယ်လို့ ငါ သံသယရှိတယ်။" အခြားတစ်ဖက်မှ လုံအောင်းသည် လုံယွန်ကို တိုက်ရိုက် တားပြီး ပြောလိုက်သည်။
"သူက သေချာပေါက် သူလျှိုမဟုတ်ဘူးလို့ ငါ ပြောပြီးပါပြီ။ နောက်ပြီး ငါတို့ နဂါး ကောင်းကင်နန်းတော်မှာ အပြင်လူတွေ မဝင်ရဆိုတဲ့ တားမြစ်စည်းကမ်းက ဘယ်အချိန်က ရှိသွားတာလဲ။ လုံအောင်း မင်း ငါ့ကိုဆက်ပြီး ပြဿနာရှာနေရင်၊ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" လုံယွန်က လုံအောင်းကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက် သည်။
"ဟမ့်၊ ဒီလိုလား။ မင်းက ဘာလို့ ဒီလောက် ရိုင်းပြနေတာလဲ။ တကယ်လို့, မင်းအစ်ကိုကြီး ဒီမှာရှိနေရင်, ငါ မင်းကို နည်းနည်းပါးပါး ကြောက်ကောင်း ကြောက်နေဦးမယ်။ ဒါ့အပြင်, မင်းက ငါ့ပြိုင်ဘက်လို့ ထင်နေတာလား။" လုံအောင်းက လုံယွန်ကို ရန်လိုသည့် အမူအရာဖြင့် ကြည့်ရင်း ပြောသည်။
"မင်း" လုံယွန်သည် လုံးဝ ဒေါသထွက်သွားပြီး၊ လုံအောင်းကို ဒေါသတကြီး စိုက်ကြည့်နေ သည်။
လုံအောင်းက လုံယွန်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်ပြီး ပြောသည် "ငါတို့ နဂါးကောင်းကင် နန်းတော်မှာ အပြင်လူတွေ မ၀င်ရောက်ဖို့ တားမြစ်ထားတဲ့ စည်းကမ်းမျိုး မရှိဘူး။ ဒါပေမယ့် ငါက ဒီဌာနခွဲခန်းမကို လောလောဆယ် တာဝန်ယူနေတယ်။ ဒီနေ့ကစပြီး ငါလုံအောင်းက ဒီဌာနခွဲခန်းမကို တာဝန်ယူနေသရွေ့ မင်းဆိုတဲ့လုံယွန်က ဘယ်သူ့ကိုမှ ခေါ်လာခွင့်မရှိဘူး"
သူသည် လုံယွန်ကို ရန်စသည့်အမူအရာဖြင့် ကြည့်ရန်လည်း မမေ့ခဲ့ပေ။
လုံယွန် ဒေါသအကြီးအကျယ် ဖြစ်ကာ သူ့လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
သူတို့နှစ်ယောက်ကြားတွင် တိုက်ပွဲတစ်ခု ပေါက်ကွဲထွက်လာတော့မည်။