အခန်း ၁၇၃၃
Vol. 116 Ch. 1733
အခန်း (၁၇၃၃) နဂါးအသွင်ပြောင်းရေကန်။
ချင်ယွင် ပေါက်ကွဲလုနီးနီး လူနှစ်ယောက်ကို ကြည့်ပြီး၊ သူတို့ကို ဖျောင်းဖျရန် ကြံရွယ်လိုက် ပါသည်။
ယင်းက ချင်ယွင်သည် ဖြစ်လာမည့်အရာအားလုံးကို ကြောက်ရွှံ့၍ မဟုတ်ပေ။ သို့သော်, သူသည် လုံယွန်ကို (ဤပြဿနာအတွင်း) ဆွဲမခေါ်ချင်ပါဘူး။ လုံယွန်သည် လုံအောင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိသည်။
တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးသည်နှင့် ချင်ယွင်ကို ကူညီပေးလျှင်ပင်, သူသည် နဂါးကောင်းကင် နန်းတော်မှ လူများ၏ ဝိုင်းရံခံရမည်မှာ သေချာပါသည်။
ဟုတ်ပါသည်။ အရေးကြီးဆုံးကတော့ ချင်ယွင်သည် လူအများ၏ အာရုံကိုဆွဲဆောင်မိပြီး၊ အနှောင့်အယှက် အဖြစ်မခံချင်ပါဘူး။ ယခု သူ့ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ဘုံတံဆိပ် နှစ်ခု ရှိနေပြီ။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိခြင်းမရှိနိုင်ဟု အာမမခံ နိုင်ပေ။
ဥပမာ၊ ယနေ့ ကောင်းကင်အင်ပါယာမြို့တော်တွင် လူများစွာ စုရုံးလာရသည့် အကြောင်း ရင်းမှာ ကောင်းကင်ဘုံတံဆိပ်ကြောင့် ဖြစ်သည်။
ပထမနှင့် ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ်များ သူ့ကိုယ်ပေါ်တွင် ရှိနေကြောင်း ထိုလူများသာ သိရှိသွားခဲ့ပါက, ထိုလူများသည် သူ့ကို တညီတညွတ်တည်း တိုက်ခိုက်ကြ လိမ့်မည်။ ထိုအချိန်တွင်၊ ချင်ယွင်သည် သူ၏အတောင်ပံများပါ ပေါင်းထည့်လျှင်ပင် အဝေးကို ပျံသန်းထွက်ပြေးရန် ခက်ခဲပေလိမ့်မည်။
"လုံအောင်း မင်း ဘာလုပ်ချင်လို့လဲ" သို့သော် လုံအောင်း လှုပ်ရှားတော့မည့်အခိုက် ဂုဏ်သိက္ခာရှိသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် အရပ်ရှည်ရှည် သန်မာသော အမျိုးသားတစ်ဦးသည် အဝေးမှ လျှောက်လှမ်းလာ ခဲ့သည်။
ဤအရပ်မြင့်မြင့်, သန်မာသော အမျိုးသားသည် အလွန်မင်း လွှမ်းမိုးကြီးစိုးသည့် အငွေ့အသက်ကို ဖြန့်ကျက်ထားသည်ကို ချင်ယွင် သတိပြုမိသည်။ တစ်ချိန်တည်းမှာပင်၊ အစစ်မှန် အဓိပ္ပာယ် ဉပဒေသ၏ အငွေ့အသက်သည် အလွန်ပြင်းထန်သည်။ ၎င်းသည် သူ့ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ အစစ်မှန် အဓိပ္ပါယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့ ကြောင်း ထင်ရှားပါသည်။
"အကိုကြီး" လုံယွန်သည် ထိုလူကိုတွေ့သောအခါ ချက်ချင်းပင် ဝမ်းသာသွားသည်။
တစ်ဖက်တွင်မူ လုံအောင်း၏ အမူအရာက မည်းမှောင်သွားသည်။
"လုံဟန်, ငါ မင်းကို အမှန်တိုင်း ပြောပြမယ်။ မင်းညီက ငါတို့နဂါးကောင်းကင် နန်းတော်ထဲ အပြင်လူတစ်ယောက်ကို ခေါ်လာချင်နေတာ။ သူက သူလျှိုတစ်ယောက်ဆိုရင် ဘယ်လို လုပ်မလဲ" လုံအောင်းက အရပ်ရှည်ပြီး သန်မာသည့်လူကို ကြည့်ပြီး ပြောလိုက်သည်။
လုံဟန်ဟုခေါ်သော ထိုလူသည် ဘာမှပြန်မပြောဘဲ ချင်ယွင်ကို ကြည့်လိုက်သည်။
ထိုလူ၏အကြည့်တွေက ချင်ယွင်ကို စိုက်ကြည့်နေစဉ်, ချင်ယွင်သည် စူးစမ်းရှာဖွေခံရသည့် အလား ချက်ချင်း ခံစားလိုက်ရသည်။
သူ့ကို ကြည့်ပြီးနောက် ထိုလူ၏မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည်လည်း သူ့ရှေ့မှလူ၏ ကိုယ်ရေးအချက်လက်အရ ဤလုံဟန်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် စတုတ္ထမြောက် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း နားလည်လိုက်ပါသည်။
ဤကဲ့သို့ အစွမ်းထက်သူတစ်ဦးနှင့် တွေ့ဆုံရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ လုံဟန်သည် အမှန်တကယ်ပင် လုံယွန်၏ အစ်ကိုကြီး ဖြစ်နေလိမ့်မည်ဟုလည်း သူ မမျှော်လင့်ခဲ့ပေ။
"အစ်ကိုကြီး၊ ညီအစ်ကိုချင်ယွင်က သူလျှို မဟုတ်ပါဘူး။ သူက ငါ့ညီအစ်ကိုပါ။" လုံယွန်က လုံဟန်ကို ကမန်းကတန်း ကြည့်ပြီး ပြောလိုက်သည်.
လုံဟန်က ခေါင်းညိတ်ပြပြီး လုံအောင်းကို ကြည့်ကာ ပြောသည် "ဒီကိစ္စအတွက် မင်း စိတ်ပူနေစရာ မလိုတော့ဘူး။ တစ်ခုခုဖြစ်ရင် ငါ တာဝန်ယူနိုင်တယ်။ တကယ်လို့, ငါက မလုံလောက်သေးဘူးလို့ မင်း ထင်ရင်, ငါ လုံထျန်းကို ကိုယ်တိုင်ကိုယ်ကျ မင်းကို လာပြော ခိုင်းလိုက်မယ်”။
လုံထျန်း၏နာမည်ကို ကြားတော့ လုံအောင်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး၊ စောဒက မတက်ဝံ့တော့ပေ။
လုံထျန်းက ဘယ်သူလဲ။
သူသည် နဂါးမျိုးနွယ်၏ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထဲတွင် အစွမ်းထက်ဆုံး ဖြစ်သလို, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ် ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်သည် အကြွင်းမဲ့ ခွန်အားကို မဆိုလိုပေ။ ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်မှ စူးစမ်းမခံရအောင် အထူးနည်းလမ်းများကို အသုံးပြု၍ တားဆီးနိုင်စွမ်းရှိသည့် အလွန်မင်း အစွမ်းထက်သော ကောင်းကင်နတ်ဘုရာ အချို့လည်း ရှိကြပါသည်။ သို့သော်, လုံထျန်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ပထမနေရာ ရယူနိုင်ခြင်းကြောင့် သူ့ခွန်အားသည် အလွန်မင်း ကြောက်စရာကောင်းသည်ဟု ဆိုလိုပါသည်။
လုံအောင်းသည် နောက်ထပ်စကား မပြောဝံ့တော့ဘဲ၊ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ထွက်သွားလေသည်။
ထိုမြင်ကွင်းကိုမြင်တော့ လုံယွန်က အရမ်းပျော်သွားသည်။ သူက လုံအောင်း၏ နောက်ကျောကို ကြည့်ပြီး လှောင်ရယ် ရယ်မောလိုက်သည်။
တစ်ဖက်တွင်မူ၊ လုံဟန်သည် ချင်ယွင်ဆီသို့ လျှောက်လာပြီး "မင်းက ငါတို့နဂါးမျိုးနွယ်ထဲ ကလား" ဟု မေးသည်။
ဤလုံဟန်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးစိတ်ဝိညာဉ် စွမ်းအင်အတက်အကျကို ခံစားမိ ကြောင်း ချင်ယွင်သည် သူ့စိတ်ထဲတွင် ချက်ချင်း နားလည်လိုက်သည်။ ဤလုံဟန် မည်သို့ ပြုလုပ်ခဲ့သည်ကို သူမသိသော်လည်း သူ့စိတ်ထဲတွင် အလွန်သတိထားနေသေးသည်။
"အကိုကြီး၊ မင်း မှားနေတာလား။ ချင်ယွင်က လူသားတစ်ယောက်ပါ၊ ငါတို့နဂါးမျိုးနွယ်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လုံယွန်ဘေးမှ ရယ်မောလိုက်သည်။
သို့သော် လုံဟန်က ဘာမှပြန်မပြော။ ယင်းအစား သူက ချင်ယွင်ကို စိုက်ကြည့်နေသည်။
"မှန်တယ်၊ ငါက လူသားတစ်ယောက်ပါပဲ။ ဒါပေမယ့်, ငါ နဂါးမျိုးနွယ်က စီနီယာ တစ်ယောက်နဲ့ တစ်ကြိမ် တွေ့ဖူးတယ်။ သူက သူ့နဂါးစိတ်ဝိညာဉ်ကို ငါ့ဆီ လွှဲပေးခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ နဂါးသွေးမျိုးဆက်စွမ်းအင်ကို ငါ ရခဲ့တယ်။ ဒါကြောင့် မင်းခံစားရတဲ့ နဂါးစိတ်ဝိညာဉ် စွမ်းအင်အတက်အကျတွေလှိုင်းက ဟိုတုန်းက အဲဒီစီနီယာ ပေးခဲ့တဲ့ နဂါး စိတ်ဝိညာဉ် စွမ်းအင်အတက်အကျ လှိုင်းတွေပဲ။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေလိုက် သော်လည်း သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားကို လျှို့ဝှက်စွာ စုစည်းထားသည်။
အကယ်၍, ဤလုံဟန်ကသာ သူ့ကို တိုက်ခိုက်ချင်သည်ဆိုလျှင်, သူ ချက်ချင်းပင် သေချာပေါက် ခုခံရလိမ့်မည်။
သို့သော် ချင်ယွင်၏ စကားများကို လုံဟန်ကြားပြီးနောက် သူ့မျက်လုံးများက ပိုမို ပျော့ပျောင်းလာသည်။ အရင်ကလို ထက်ရှသည့်ပုံ မပေါ်တော့ပါဘူး။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "မင်း နဂါးအသွင်ပြောင်းလဲခြင်း အခြေအနေကို ငါ့ကို ကြည့်ခွင့် ပေးနိုင်မလား။ မင်း နဂါးတစ်ဝက်အသွင်ပြောင်းခြင်း အခြေအနေမှာဆိုရင်လည်း အဆင်ပြေပါတယ်”။
နဂါးပုံစံတစ်ခုလုံးသည် ကြီးမားလွန်းသောကြောင့် လုံဟန်က သူ့ကို နဂါးတစ်ဝက်ပုံစံ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲခိုင်းခြင်း ဖြစ်သည်။
"ရပါတယ်" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့စိတ်က တစ်ချက် လှုပ်ရှားသွားပြီး၊ သူ့တစ်ကိုယ်လုံး နဂါးတစ်ဝက် အနေအထားသို့ ရောက်ရှိသွားသည်။ သူ၏ ခရမ်းရောင် နဂါးအကြေးခွံများသည် နေရောင်အောက်တွင် အလွန်မင်း မာကျောပြီး ရက်စက် ကြမ်းကြုတ်နေပုံရသည်။
လုံယွန် ဆွံ့အသွားသည်။ ချင်ယွင်သည် ၎င်းတို့၏ နဂါးမျိုးနွယ် စွမ်းရည်များကို ပိုင်ဆိုင် ထားမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"သေချာပါတယ်၊ အဲဒါက အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့တဲ့ ရှေးဟောင်း စိတ်ဝိညာဉ်နဂါးပဲ။ အဲဒါက ငါတို့နဂါးမျိုးနွယ်ရဲ့ စီနီယာတစ်ယောက် ဖြစ်သင့် တယ်။" လုံဟန်သည် နဂါးတစ်ပိုင်းဖြစ်နေသော ချင်ယွင်ကို ဂရုတစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဘာ...၊ ရှေးဟောင်း စိတ်ဝိညာဉ်နဂါးလား" လုံယွန်လည်း အလွန်မင်း ခြောက်ခြားသည့် အမူအရာကို ထုတ်ဖော်လာသည်။
"ရှေးဟောင်း စိတ်ဝိညာဉ်နဂါးက ဘာဖြစ်လို့လဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဘာဖြစ်ရမှာလဲ။ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးက ငါတို့နဂါးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ။ သူ့အဆင့်အတန်းက အရမ်းကို မြင့်မားလွန်းတယ်။ ရှေးခေတ် နတ်ဘုရား ကမ္ဘာမှာ ခွန်အားကိုသာ အသိအမှတ် ပြုထားကြပေမယ့် ငါတို့နဂါးမျိုးနွယ်ထဲမှာတော့ ငါတို့ရဲ့ သွေးမျိုးဆက်က အလွန့်တရာ အရေးကြီးတယ်။ ဥပမာ ငါက နဂါးလိပ်တစ်ကောင် ပဲ။ နဂါးမျိုးနွယ်ထဲမှာဆို ရှေးဟောင်းသွေးမျိုးဆက်မရှိတဲ့အတွက် အထင်သေးခံရတယ်။ အစ်ကိုကြီး လုံဟန်နဲ့ အစ်ကိုကြီး လုံထျန်းတို့ရဲ့ ဂရုစိုက်မူသာ မရှိဘူးဆိုရင်, ငါ့အနေနဲ့ ဒီအတိုင်းအတာအထိ ကြီးပြင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။” လုံယွန်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး၊ ချင်ယွင်ကို ကြည့်သည့် သူ့အကြည့်တွေက မနာလိုဖြစ်လာသည်။
ချင်ယွင်သည် ဆွံ့အသွားခဲ့သည်။ နဂါးများသည် သူတို့၏ သွေးမျိုးဆက်ကို အလွန်တန်ဖိုး ထားသည်ကို သူသိသော်လည်း၊ ဤအရာက အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာမှာ သာ ဖြစ်သည်ဟု သူ ထင်ထားခဲ့သည်။ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲမှာလည်း ထပ်တူ ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုရှေးဟောင်း စိတ်ဝိညာဉ်နဂါးသည် နဂါးမျိုးနွယ်၏ မြင့်မြတ်သော အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်ဟု သူ မမျှော်လင့်ခဲ့ပါ။
“ချင်ယွင်” မင်းအနေနဲ့ အဆင်ပြေရင် မင်းရဲ့မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ပြောပြပါဦး” လုံဟန်က ဆက်မေးသည်။
ချင်ယွင်သည် မသိစိတ်က အလိုလို မျက်မှောင်ကြုတ်သွားမိသည်။ သို့သော်, သူသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ သူက တုန့်ပြန်ဖြေလိုက်ပါသည် “ငါ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်တစ်ခုကတော့ အချိန်ရပ်တန့်ခြင်းပဲ။ နောက်တစ်ခုကတော့ စိတ်ဝိညာဉ်ကိုယ်ပွားပဲ”။
ချင်ယွင်၏စကားကို ကြားပြီး လုံယွန်သည် ထိတ်လန့်ချောက်ခြားစွာ သူ့ပါးစပ်ကို ကျယ်စွာ ဖွင့်လိုက်ပြီး၊ ပြောစရာစကားမဲ့နေခဲ့သည်။
လုံဟန်၏ မျက်လုံးများလည်း စိတ်လှုပ်ရှားသွားသည့် အရိပ်ယောင် ဖြစ်ပေါ်နေသည်။ သူသည် ချင်ယွင်၏ မွေးရာပါနတ်ဘုရားစွမ်းရည်များကြောင့် ချောက်ချားသွားသည်မှာ သေချာပါသည်။
"ချင်ယွင်၊ မင်းကို အခု မေးပါရစေ။ မင်း နဂါးကောင်းကင်နန်းတော်ထဲ ဝင်ဖို့ ဆန္ဒရှိလား” လုံဟန်က ရုတ်တရက် မေးလိုက်သည်။
ချင်ယွင် မှင်သက်သွားခဲ့သည်။ လုံဟန်က သူ့ကို နဂါးကောင်းကင်နန်းတော်နှင့် ပူးပေါင်းရန် ဖိတ်ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ပေ။
လုံယွန်သည် လုံဟန်ကို ထိတ်လန့်စွာ ကြည့်ရင်း အံ့သြသည့် အမူအရာ ဖြစ်ပေါ်နေသည်။ "အစ်ကိုကြီး၊ မင်းလုပ်ချင်တာက ....”။
“မှန်တယ်။ ငါ ချင်ယွင်ကို နဂါးအသွင်ပြောင်းခြင်းရေကန်ထဲ ဝင်စေချင်တယ်။ နဂါး အသွင် ပြောင်းခြင်းရေကန်ထဲ မဝင်ခင်မှာတောင် သူ့ရဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်တွေက အရမ်း အားကောင်းနေပြီ။ တကယ်လို့, သူသာ နဂါးအသွင်ပြောင်းခြင်း ရေကန်ထဲကို ဝင်လိုက် မယ်ဆိုရင် သူ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်တွေက ကြံ့ခိုင်သွားပြီး၊ သေချာပေါက် အလွန်မင်း ကြောက်စရာကောင်းလာလိမ့်မယ်”။ လုံဟန်က ပြောသည်။
လုံယွန်လည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ဇဝေဇဝါဖြစ်ပြီး " နဂါးအသွင်ပြောင်းခြင်း ရေကန်။ အဲဒါက ဘာလဲ" ဟု မေးသည်။
လုံဟန်က ချင်ယွင်ကို ကြည့်ပြီး ရှင်းပြသည် "နဂါးအသွင်ပြောင်းခြင်းရေကန်လို့ ခေါ်တဲ့ အရာက ငါတို့နဂါးမျိုးနွယ်အဖြစ် လက်ခံရတဲ့ နှစ်ခြင်းခံခြင်း နည်းလမ်းတစ်ခုပဲ။ ပုံမှန် အတိုင်းဆို, နဂါးအသွင်ပြောင်းခြင်း ရေကန်မှာ နှစ်ခြင်းခံပြီးတာနဲ့ လူတစ်ယောက်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်တွေက အရမ်းကို တိုးတက်လာလိမ့်မယ်။ ကောင်းကင် နတ်ဘုရားနယ်ပယ်မှာတောင် ဒါက အရမ်းကောင်းတဲ့ အခန်းကဏ္ဍတစ်ခုပဲ”။
ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူ နဂါးကောင်းကင်နန်းတော်ထဲသို့ ဝင်ရောက်ဖို့က, ချင်ယွင်အနေဖြင့် တခဏ လောက် စဉ်းစားရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။