အခန်း ၁၇၃၄
Vol. 116 Ch. 1734
အခန်း (၁၇၃၄) လုံဟန်နှင့် တိုက်ခိုက်ခြင်း။
"တောင်းပန်ပါတယ်။ ငါ နဂါးကောင်းကင်နန်းတော်ထဲ မ၀င်နိုင်ဘူး" ချင်ယွင်က တခဏ လောက် စဉ်းစားပြီး ငြင်းလိုက်ပါသည်။
လုံဟန်၏ပါးစပ်မှ ထုတ်ပြောလာသည့် နဂါးအသွင်ပြောင်းခြင်း ရေကန်သည် သူ့အတွက် အလွန်ဆွဲဆောင်မှုရှိသော်လည်း ချင်ယွင်က ငြင်းဆန်လိုက်ဆဲပင်။
ပထမဆုံးအနေဖြင့်, သူသည် လူသားတစ်ဦး ဖြစ်သည်ကို မဆိုထားနှင့်ဦး။ သူ နဂါး ကောင်းကင်နန်းတော်သို့ ဝင်ရောက်ခြင်းက ဒုက္ခများစွာ ဖြစ်စေနိုင်သည်။ သူ နဂါး ကောင်းကင်နန်းတော်သို့ ဝင်ရောက်ပြီးနောက် သူ၏လွတ်လပ်ခွင့်သည် ထိန်းချုပ်မှုတစ်ခု အောက် ရောက်ရှိသွားလိမ့်မည်။ ထိုအချိန်တွင်၊ သူသည် ကောင်းကင်ဘုံတံဆိပ်များကို လုယူရာမှာ နဂါးကောင်းကင်နန်းတော်၏ အစီအစဉ်များကို နားထောင်ရတော့မည်။
သေချာပါသည်၊ အခက်ခဲဆုံးနှင့် အရေးကြီးဆုံးအချက်ကတော့ အနာဂတ်တွင် အချိန် ဘိုးဘေးနတ်ဘုရား သူ့ကို လာရှာသည့်အခါ, သူသည် အချိန်ဘိုးဘေးနတ်ဘုရား နောက်ကို လိုက်မည်လား သို့မဟုတ် နဂါးကောင်းကင်နန်းတော်အဖွဲ့မှာ ပါဝင်မှာလား ရွေးချယ်ရမည့် ကိစ္စဖြစ်သည်။
ထို့ကြောင့် သူသည် နဂါးကောင်းကင်နန်းတော်သို့ လုံးဝ မ၀င်နိုင်ပေ။
ချင်ယွင်၏ ငြင်းဆန်မှုကြောင့် လုံဟန်သည် မအံ့သြပေ။ အခြားတစ်ဖက်တွင်မူ၊ လုံယွန်က သူ့ကို ဆွဲဆောင်ချင်သော်လည်း လုံဟန်က တားဆီးလိုက်သည်။
လုံဟန်က ရုတ်တရက် ပြုံးပြီး ချင်ယွင်ကို ကြည့်ကာ ပြောသည် "လုံယွန်က မင်းကို ညီအစ်ကိုချင်လို့ခေါ်မှတော့ ငါ မင်းကို ညီငယ်ချင်လို့ ခေါ်မယ်။ ငါက မင်းထက် အသက်ကြီးမယ်။ မင်းက ငါ့ကို အစ်ကိုကြီးလုံဟန်လို့ပဲ ခေါ်နိုင်တယ်။"
"အစ်ကိုကြီး လုံဟန်" ချင်ယွင်က ခေါင်းညိတ်ပြီး ခေါ်လိုက်သည်။
လုံဟန်လည်း စိတ်ရင်းမှန်ပုံရသည်။ အနည်းဆုံးတော့ သူ့မှာ ရန်လိုသည့် ရည်ရွယ်ချက်မျိုး ရှိပုံမပေါ်ပါဘူး။
"ညီငယ်ချင်, မင်းရဲ့ ခွန်အားက တော်တော်လေး ကောင်းရမယ်။ ဘာလို့ ငါတို့ လက်ရည် မစမ်းကြည့်တာလဲ။" လုံဟန်က ရုတ်တရက် အကြံပြုလိုက်သည်။
"ကောင်းပြီ" ချင်ယွင် ခဏလောက်စဉ်းစားပြီး သဘောတူလိုက်သည်။
ဤလုံဟန်သည် မည်မျှ အစွမ်းထက်သည်ကို သူမြင်ချင်သလို, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ဦးသည် မည်မျှ အစွမ်းထက် သည်ကို သူ မြင်ချင်မိသည်။
"သွားရအောင်၊ ငါ မင်းကို တိုက်ပွဲခန်းမဆီ ခေါ်သွားပေးမယ်။ ငါတို့ အဲဒီမှာ ကောင်းကောင်း တိုက်ခိုက်လို့ရတယ်" လုံဟန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ စကားပြီးဆုံး သောအခါတွင် သူက ချင်ယွင်နှင့် လုံယွန်တို့ကို ပင်မခန်းမ၏နက်ရှိုင်းသော နေရာဆီသို့ ခေါ်ဆောင်သွားသည်။
တိုက်ပွဲခန်းမသည် ခန်းမအတွင်းရှိ ကျွမ်းကျင်သူများအတွက် နဂါးကောင်းကင်နန်းတော်၏ ဘိုးဘေးနတ်ဘုရားက ဖန်တီးထားသည့် လေဟာနယ်တစ်ခု ဖြစ်သည်။ သူတို့သည် သူတို့ ပတ်ဝန်းကျင်တွင် ကန့်သတ်ထားခြင်း မရှိဘဲ အတွင်းရှိ သတ်မှတ်နေရာတွင် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည်။
တိုက်ပွဲခန်းမ၏ အကာကွယ်သည် အလွန်ကြံ့ခိုင်သောကြောင့် ပျက်စီးရန် မဖြစ်နိုင်ပေ။
ချင်ယွင်သည် တိုက်ပွဲခန်းမသို့ ရောက်သောအခါ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူ များ၏ နည်းစနစ်များကြောင့် တုန်လှုပ်သွားခဲ့ရသည်။
မည်သူမဆို လေဟာနယ်တစ်ခုကို ဖန်တီးနိုင်သော်လည်း ထိုလေဟာနယ်ကို ဤမျှ အတိုင်းအတာအထိ တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခြင်းက သာမန်လူတစ်ယောက် ပြီးမြောက်နိုင်သည့်အရာ မဟုတ်ပါဘူး။
သူတို့ရှေ့က လေဟာနယ်သည် ရှေးခေတ်နတ်ဘုရားရှင်ကမ္ဘာထက် ဆယ်ဆ ပိုတည်ငြိမ် ပါသည်။ အထဲမှာ နေရာက အရမ်းကို ကျယ်ဝန်းသည်။ စတုရန်းမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းရှိနိုင်သည်။ ဤမျှကျယ်ဝန်းသောနေရာက သူတို့အနေဖြင့် အတွင်းမှာ စိတ်တိုင်းကြ တိုက်ခိုက်ရန် လုံလောက်ပါသည်။
"ဘယ်လိုလဲ၊ ငါတို့နဂါးကောင်းကင်နန်းတော်ရဲ့ တိုက်ပွဲခန်းမက မဆိုးဘူးမလား?" လုံဟန်က ချင်ယွင်ကို အမွှမ်းတင်ပြောသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူနှင့်ပေါင်းကြည့်မှသာ ဤလုံဟန်သည် အပေါ်ယံမှာမြင်ရသလို အေးစက်ခြင်းမရှိသည်ကို သူ တွေ့ရှိရသည်။ ဆန့်ကျင်ဘက် အနေဖြင့်, သူနှင့်လုံယွန်တို့သည် အခြားသူများနှင့် စကားပြောဆိုရခြင်းကို နှစ်သက်ကြ သည်။
"အစ်ကိုကြီး၊ မင်းက ညီအစ်ကို ချင်ယွင်နဲ့ တကယ် တိုက်မှာလား။ မင်းက သူ့အပေါ် မတရားအမြတ်ထုတ်နေတာ ရှင်းမနေဘူးလား" လုံယွန်က သူ့ပါးစပ်ကို သုတ်ပြီး ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော, မင်းနဲ့ချင်ယွင်က အတူတူ တိုက်ခိုက်ကြ။ ငါက မင်းတို့ နှစ်ယောက်ကို တစ်ယောက်ထဲ တိုက်ခိုက်မယ်ဆိုရင်ရော။" လုံဟန်က လုံယွန်ကို ပြောသည်။
"ဒါက ကောင်းမွန်တဲ့ ပူးပေါင်းမူတစ်ခုပဲ။ ပုံမှန်အတိုင်းဆို အစ်ကိုကြီးဖြစ်တဲ့မင်းက ငါ့ကို အမြဲတမ်း အနိုင်ကျင့်ခဲ့တယ်။ ဒီတစ်ခါ ညီအစ်ကိုချင်ယွင်နဲ့ငါ အတူလက်တွဲလိုက်ရင် မင်းကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်။" လုံယွန်က ပြောသည်။
ချင်ယွင်က ပြုံးပြီး မငြင်းပေ။
လုံဟန်၏ ခွန်အားက အရမ်းကို သန်မာသည်။ အကယ်၍, သူ တကယ် တိုက်ခိုက်လျှင် သူသည် သေချာပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူက လုံယွန်ကို ထည့်ပေးရင်တောင် ပြိုင်ဘက် ဖြစ်သည်ဟု မပြောနိုင်သေးပေ။ ထို့ကြောင့် သူသည် လုံဟန်ကို တစ်ယောက် ချင်း တိုက်ခိုက်ရန် လုံလောက်သည့် မာန်မာန မရှိသေးပေ။
"မင်းတို့ အဆင်သင့်ဖြစ်ပြီလား" ဖျတ်ခနဲလင်းလက်မူနှင့်အတူ လုံဟန်သည် မိုင်တစ်ရာ အကွာမှာ ပေါ်လာပြီး ချင်ယွင်နှင့် လုံယွန်အား ပြောလိုက်သည်။
လုံယွန်လည်း ချက်ချင်းပင် လေးနက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် အငွေ့အသက်တစ်ခု ပေါ်လာပြီး ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်က သူ့ပတ်ဝန်းကျင်တွင် ရှိနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးတစ်ဝက်အခြေအနေသို့ လုံးလုံး ရောက်ရှိသွားခဲ့သည်။
လုံယွန်၏ နဂါးတစ်ဝက် အသွင်အပြင်သည် ချင်ယွင်နှင့် အလွန်ကွာခြားသည်။ လုံယွန်၏ ရင်ဘတ်ကို ထူထဲသော မြေအဝါရောင် ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားပြီး သူ့နောက်ကျောသည် လိပ်ခွံဖြစ်သည်။ ၎င်း၏ခုခံမှုမှာ အလွန်အားကောင်းပြီး ရှည်လျား သော နဂါးအမြီးက ၎င်းနောက်တွင် ရှိနေသည်။
"ညီအစ်ကို ချင်ယွင်၊ မင်း နဂါးတစ်ဝက်အသွင်ပြောင်းခြင်း အခြေအနေထဲ ဝင်ထားသင့် တယ်။ မဟုတ်ရင် ငါ့အစ်ကိုကြီးရဲ့ တိုက်ခိုက်မှုကို လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။" လုံယွန်သည် လူသားပုံစံကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်ကို မြင်သောအခါ ချင်ယွင်အား သတိပေးလိုက်သည်။
"ကောင်းပြီ" ချင်ယွင်သည် တခဏလောက် တွေးပြီး နဂါးတစ်ဝက် အခြေအနေကို ဝင်ရောက်လိုက်သည်။
"စတော့" လုံဟန် ရုတ်တရက် ပြောလိုက်သည်။
သို့သော် သူ့အသံက ချင်ယွင်နှင့် လုံယွန်ဆီသို့ မရောက်မီတွင်၊ သူ့ရုပ်အသွင်သည် လုံယွန် ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဘုန်း"
လုံဟန်သည် လုံယွန်၏ရင်ဘတ်ကို ထိုးလိုက်သည်နှင့် ခုခံဖို့ အချိန်တောင် မရှိခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကာ လေဟာနယ်ထဲမှာ တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
"အင်း၊ ဘယ်လောက်မြန်လိုက်လဲ" ချင်ယွင်က သူ့စိတ်နှလုံးထဲမှာ အော်ပြောလိုက်သည်။
"ညီငယ်ချင်၊ သတိလက်လွတ်နေတာက မကောင်းဘူးနော်" သို့သော် ချင်ယွင်သည် သူ့အံ့အားသင့်မှုကို မဖယ်ရှားနိုင်ခင်မှာ လုံဟန်သည် ချင်ယွင်၏နောက်ကွယ်တွင် အချိန်အတန်ကြာကတည်းက ပေါ်လာခဲ့ပြီ။
"ဘုန်း"
လုံဟန်သည် ချင်ယွင်ဆီသို့ လက်သီးတစ်ချက် ထိုးလိုက်ပါသည်။ အနှိုင်းမဲ့ တည်ငြိမ်သော ဤလေဟာနယ်သည်ပင် အနည်းငယ် ယိမ်းယိုင်သွားသည်။ အကယ်၍ ၎င်းသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ လေဟာနယ်သာ ဖြစ်ခဲ့ပါက, အချိန်အတော်ကြာကတည်း က လေဟာနယ်တွင်း အပေါက်တစ်ခု ကျန်ရစ်ခဲ့ပေလိမ့်မည်။
သို့သော် သူ့လက်သီးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်ခဲ့ပေ။ ယင်းအစား၊ ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
"အယ်...၊ စိတ်ဝင်စားစရာပဲ။ မင်း ဒီလက်သီးချက်တွေကို ရှောင်နိုင်ခဲ့တယ်။" လုံဟန်သည် ချင်ယွင်ကို အဝေးမှ လှမ်းကြည့်ရင်း အံ့အားသင့်မှု အရိပ်အယောင်ကို ဖော်ပြလာပါသည်။
သူ့ခြေဖျားက လေဟာနယ်ကို ထိလိုက်သည်နှင့် သူ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီ။ နောက်တခဏတွင်၊ သူသည် ချင်ယွင်ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
ချင်ယွင်၏ မျက်လုံးတွေ ကျဉ်းသွားခဲ့ပြီး၊ သူ့လေဟာနယ်ကိုယ်ပွားတစ်ခုက လုံဟန်သည် ဘယ်ဘက်ခြမ်းမှာ ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ် သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်ကို သူ့လက်သီးပေါ်မှာ ဆုပ်ကိုင်ထားရင်း သူသည် လုံဟန်ဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။
ထိုလက်သီးချက်နှင့် ရင်ဆိုင်ရစဉ်မှာ လုံဟန်၏ပါးစပ်ထောင့်စွန်းသည် ပေါ့ပါးသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဘုန်း…."
ချင်ယွင်၏ လေဟာနယ်ကိုယ်ပွားသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုံယွန် ရောက်ရှိလာပြီး သူ၏ ပြင်းထန်သော အစစ်မှန် အဓိပ္ပာယ်ဖြင့် လုံဟန်ဆီသို့ ဝှေ့ယမ်းတိုက်ခိုက်သည်။
သို့သော်လည်း လုံဟန်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ပေါ်လာသည်။ သူသည် သူ့နောက်ကိုတောင် ပြန်လှည့်မကြည့်ဘဲ တိုက်ရိုက် ကန်ထုတ်လိုက်ပါသည်။
သနားစဖွယ် လုံယွန်သည် ယခုလေးတင် ရောက်ရှိလာပြီး လုံဟန်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။
ဘန်း….။
ထိုအချိန်တွင်၊ ဓားအလင်းတန်းတစ်ခုသည် လုံဟန်၏ မျက်ခုံးနှစ်ခုကြား နေရာဆီသို့ တည့်တည့် ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း လုံဟန်သည် ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ သူသည် လျှပ်စီးလက်သကဲ့သို့ သူ့လက်ကို ဆန့်ထုတ်ကာ ဓားအလင်းကို တိုက်ရိုက် ချိုးပစ်လိုက်သည်။
ချင်ယွင်သည် အဝေးမှ ဤမြင်ကွင်းကို မြင်သောအခါတွင် သူ့မျက်နှာပေါ်တွင် ထိတ်လန့်သည့်အမူအရာ ပေါ်လာသည်။
သူ့ဓားအလင်းတန်းသည် အလွန်အစွမ်းထက်ခြင်း မရှိသော်လည်း၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၀ နေရာမှ ပုဂ္ဂိုလ်သည်ပင် ၎င်းကို အတင်းအကျပ် ခုယူဝံ့ခြင်း မရှိပေ။ ဤလုံဟန်သည် ဓားအလင်းတန်းကို သူ့လက်ဖြင့် ချေမှုန်းပစ်လိုက် သည်။
"ဘယ်လောက်ပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားလဲ၊ ဘယ်လောက်တောင် ခိုင်မာတဲ့ အကာကွယ်လဲ။ ဘယ်လောက် ပြင်းထန်တဲ့ အရှိန်ဟုန်လဲ။ တကယ်ကို ပြီးပြည့်စုံလွန်း တယ်။ သူ့ရဲ့ အစစ်အမှန် ပုံစံက ဘာလဲ" ချင်ယွင်က သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ချင်ယွင်၊ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်လိုက်ပါ။ မဟုတ်ရင် မင်း စိတ်ဆင်းရဲစွာ ရှုံးနိမ့်ရလိမ့်မယ်" လုံဟန်က ရယ်မောပြီး နောက်အခိုက်အတန့်မှာ သူသည် ချင်ယွင်၏ ရှေ့မှာ ပေါ်လာခဲ့သည်။
ချင်ယွင်သည် သူ့လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပာယ်ကို အသုံးပြုပြီး ထွက်ပြေးရန် ကြံရွယ်နေချိန်တွင် လုံဟန် သူ့ဆီသို့ ဖြတ်သန်းလာသည်ကို မြင်လိုက်ရသည်။
သူသည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက သူ့ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
လေဟာနယ်ထဲတွင်၊ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက် ရပြီး သူ့တစ်ကိုယ်လုံး နောက်ပြန် ဆုတ်သွားရသည်။