← Chapters

အခန်း ၁၇၃၅

Vol. 116 Ch. 1735

အခန်း ၁၇၃၅

Vol. 116 Ch. 1735

အခန်း ၁၇၃၅ လုံဟန်၏ခွန်အား

"ဘုန်း…"

ချင်ယွင်သည် ကောင်းကင်မှ ကန်ထုတ်ခံရပြီး မြေပြင်ပေါ်သို့ လဲကျသွားပုံရသည်။ ကြောက်စရာကောင်းသည့် သက်ရောက်မှုက အမှန်ပင် ကြောက်စရာကောင်းလွန်းသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ ငါထွက်ပြေးဖို့ ငါ့ရဲ့လေဟာနယ်ကြေးမှုန်ပုံရိပ် ကိုယ်ပွားကို ရှင်းရှင်းလင်းလင်း အသုံးခဲ့ပါတယ်။ သူရဲ့တိုက်ခိုက်မှုကို ငါ ဘယ်လိုလုပ် ခံရသေးတာလဲ။" ချင်ယွင် ဝေခွဲမရဖြစ်သွားသည်။

သူသည် လေဟာနယ်ကို ဖြတ်သန်းရန် သူ့လေဟာနယ်ကိုယ်ပွားကို အသုံးမပြုခဲ့ဘဲ ပုံရိပ်တစ်ခုဖန်တီးရန် ၎င်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူ့အစစ်အမှန် ခန္ဓာကိုယ်သည် လျှို့ဝှက်စွာ ထွက်ပြေးသွားသော်လည်း ဤလုံဟန်က ရှာဖွေတွေ့ရှိမည်ဟု သူ မမျှော်လင့်ခဲ့ ပေ။

'"ဟား...၊ ဟား...၊ လေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပါယ်က တကယ့်ကို သန်မာလွန်းတယ်။ ဒါပေမယ့် မင်းရဲ့နားလည်နိုင်စွမ်းက အရမ်းကို နိမ့်ကျနေသေးတယ်။ အခုနက ငါ မင်းရဲ့ လှည့်ကွက်ကို မတွေ့ခဲ့ရပေမယ့်၊ အဲဒါကို ဖျက်ဆီးဖို့ ငါအစွမ်းကုန် ကြိုးစားသရွေ့ မင်း ငါ့ရဲ့တိုက်ခိုက်မှု အကွာအဝေးအတွင်းကနေ ရှောင်နိုင်မှာ မဟုတ်ဘူး။" လုံဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချင်ယွင် အနည်းငယ် မှင်သက်သွားခဲ့သည်။ မူလက လုံဟန်သည် သူ၏ လှုပ်ရှားမှုများကို မြင်တွေ့သွားသည်ဟု ထင်ခဲ့သော်လည်း ယခုအခါ လုံဟန်သည် အကွာအဝေးအတွင်းမှ တိုက်ခိုက်ခြင်းမျှသာ ဖြစ်ပုံရသည်။

သို့သော် ဤတိုက်ခိုက်မှု အကွာအဝေးသည် အလွန်ပြင်းထန်လွန်းသည်။

"ညီအစ်ကိုချင်၊ မင်းကို ပြောဖို့မေ့နေတာ။ ငါ့အစ်ကိုအကြီးဆုံးက တိုက်ပွဲနဂါးပဲ။ သူ့မှာ မွေးရာပါ တိုက်ပွဲဝင်ဖွဲ့စည်းပုံ ရှိတယ်။ သူနားလည်ထားတဲ့ အစစ်မှန် အဓိပ္ပာယ်က ခွန်အားရဲ့ အစစ်မှန် အဓိပ္ပာယ်လည်း ဖြစ်တယ်။ အကြွင်းမဲ့ ခွန်အားပေါ့။ ငါ့ရဲ့ ခုခံကာကွယ် မှုကတောင် မခုခံနိုင်ဘူး။" လုံယွန်က သတိပေးလာသည်။

ချင်ယွင် အံ့ဩသွားသည်။

အကြွင်းမဲ့ခွန်အား။ ဤလုံဟန်သည် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ဤမျှ ကြောက်စရာ ကောင်းသည့် ခွန်အားကို ထုတ်ဖော်နိုင်ခြင်းက အံ့သြစရာ မရှိတော့ပေ။

အကယ်၍, သူ အစွမ်းကုန် ထိုးနှက်တိုက်ခိုက်လျှင်, လေဟာနယ်အတွင်း အပေါက်ကြီး တစ်ခုတောင် ပေါက်သွားနိုင်ပါသည်။

"ဟား...၊ ဟား...၊ ဘာဖြစ်နေတာလဲ၊ ညီငယ်ချင် မင်းက ကြောက်သွားပြီလား။" လုံဟန်က ရယ်မောလိုက်သည်။

"အစ်ကိုကြီး လုံဟန်က ဒီလောက်အထိ အစွမ်းထက်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ အစ်ကိုကြီး လုံဟန်ရဲ့ခွန်အားက သန်မာပေမယ့် ငါ့ကို ရိုက်ဖို့ လွယ်မှာ မဟုတ်ဘူး။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"အိုး? ဒါဆို ညီအစ်ကိုချင်က မင်းရဲ့လှုပ်ရှားမှုတွေကို ကောင်းကောင်း အသုံးမချသေးဘူး ပေါ့၊ ဒါဆိုလည်း ငါ ကောင်းကောင်း ခံစားကြည့်ရမှာပေါ့။" လုံဟန်က တခစ်ခစ်ရယ်ပြီး ချင်ယွင်၏ရှေ့မှာ ထပ်ပြီး ပေါ်လာသည်။

နောက်ထပ် လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်ပြီး၊ ထိုလက်သီး၏ အစွမ်းက ယခင်က ထက် ပို၍ပင် သိသိသာသာ ပြင်းထန်လာပါသည်။

"ဘုန်း…"

လက်သီးချက်ဖြင့်၊ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ ပေါက်ကွဲသွားပြီး၊ လေဟာနယ် တစ်ခုလုံးသည် လှိုင်းလုံးများကဲ့သို့ အကွာအဝေးသို့ ပြိုလဲကျသွားသည်။

ချင်ယွင်၏ရုပ်အသွင်သည် သဘာဝအတိုင်း ကြေမွသွားသော်လည်း ၎င်းသည် သူ့ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ပေ။

"အစ်ကိုကြီး လုံဟန်, ငါဒီမှာ။" ချင်ယွင်၏ အသံက အခြားလမ်းကြောင်းမှ ထွက်ပေါ်လာ သည်။

"စိတ်ဝင်စားစရာပဲ။ မင်းက ငါ့လက်သီးချက်ကို ရှောင်နိုင်ခဲ့တယ်" လုံဟန်က တခစ်ခစ် ရယ်ပြီး သူ့ပုံရိပ်က ချင်ယွင်၏နောက်မှာ ပေါ်လာပြန်သည်။

ချင်ယွင်၏ရုပ်အသွင်က ပျောက်ကွယ်သွားပြန်သည်။

ချင်ယွင် ပြန်ပေါ်လာတိုင်း၊ လုံဟန်၏ရုပ်အသွင်သည် သူ့နောက်သို့ အနီးကပ် လိုက်ပါလာ သည်။

ချင်ယွင်သည် လုံဟန်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် အချိန်တိုင်း လေဟာနယ်ကြေးမှုန် ပုံရိပ်ကို အသုံးပြုခဲ့သော်လည်း၊ သူ့စိတ်ထဲတွင် အလွန်တုန်လှုပ်သွားခဲ့သည်။

သူ၏ လေဟာနယ် ကြေးမှုန်ပုံရိပ်သည် တည်နေရာရွေ့ပြောင်းခြင်းနှင့် တူညီသော်လည်း ဤလုံဟန်သည် သူ၏လှုပ်ရှားမှုပညာရပ်ဖြင့် သူ့အား အမီလိုက်နိုင်ခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့် တိုက်ခိုက်ခြင်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ချင်ယွင်၏ရုပ်အသွင်နှင့် လုံဟန်သည် အဆက်မပြတ် လှုပ်ရှားနေသည်။ ဘေးမှာ ရပ်နေသည့် လုံယွန်သည် သဘာဝအတိုင်း လိုက်မမှီနိုင်ဘဲ မတ်တပ်ရပ်ပြီး ပြဇာတ်ကို ကြည့်နေရုံသာ တတ်နိုင်ပါတော့သည်။

"သောက်ကျိုးနည်း၊ ဒါက ဘယ်လိုအရှိန်ဟုန်မျိုးလဲ။" လုံယွန်က သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့်ဆိုပါက၊ သာမန် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် နောက်ဆက်တွဲ ပုံရိပ်နှစ်ခုကိုသာ မြင်နိုင်လိမ့်မည်။

"ဘုန်း.."

လုံဟန်က ထပ်ပြီး ထိုးနှက်လိုက်သော်လည်း ရလာဒ်ကတော့ အတူတူပင်။

"ညီငယ်ချင်၊ မင်း ဒီအတိုင်း ထွက်ပြေးနေရင်, ယှဉ်ပြိုင်တိုက်ခိုက်ခြင်းက အဓိပ္ပာယ် မရှိတော့ဘူး။ လုံဟန်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

ချင်ယွင်သည်လည်း ရှိုက်ကြီးတငင် ပြုံးပြသော်လည်း သူ့ရင်တွင်း၌ ကျိန်ဆဲလိုက်သည်။

ထိပ်တိုက် ရင်ဆိုင်ရမှာလား?

ဘယ်လိုတိုက်ခိုက်ရမှာလဲ?

မင်းလို ကြောက်စရာကောင်းတဲ့ မွန်းစတားတစ်ကောင်ကို ဘယ်သူက တိုက်ခိုက်ရဲမှာလဲ။

သို့သော် ဤကဲ့သို့ ထွက်ပြေးနေခြင်းသည် ဖြေရှင်းချက်မဟုတ်ကြောင်း သူလည်း သိပါသည်။ ဒဏ္ဍာရီလာ လေဟာနယ်ကြေးမှုန်ပုံရိပ်ကလည်း အဆုံးမဲ့ အသုံးနိုင်သည့်အရာ မဟုတ်ပေ။

"ကောင်းပြီ, ဒါဆို ငါတို့ တစ်ကွက်လှုပ်ရှားပြီး ရလာဒ်ကို ဆုံးဖြတ်ကြမယ်ဆို ဘယ်လိုလဲ။ ငါ တစ်ကွက် လှုပ်ရှားမယ်။ အစ်ကိုကြီး လုံဟန်၊ မင်းလည်း တစ်ကွက် လှုပ်ရှားပါ။" ချင်ယွင်က ပြောသည်။

"ကောင်းပြီ ငါသဘောတူတယ်" လုံဟန်က ရယ်မောလိုက်သည်။

လုံဟန်က သဘောတူသည်ကို မြင်တော့ ချင်ယွင်၏နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသော်လည်း နောက်အခိုက်အတန့်မှာတော့ သူ့အကြည့်တွေက စူးရှလာပါ သည်။

ထို့နောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် လှိုင်းလုံးများ ထွက်ပေါ်လာသည်။ ထိုကြောက်စရာကောင်းသော လေဟာနယ် လှိုင်းလုံး သည် လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

"အင်း။ စိတ်ဝင်စားဖို့ ကောင်းတယ်။ အရှိန်အဟုန်အရဆို, ဒီလှုပ်ရှားမှုက အတော်လေး အားကောင်းသင့်တယ်။" လုံဟန်က ပြုံးပြီး ပြောသည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "ဒီလှုပ်ရှားမှုက စီနီယာတစ်ယောက် လက်ဆင့်ကမ်းပေးခဲ့ တဲ့ လျှို့ဝှက်ပညာရပ်ကြီး သုံးခုထဲက တစ်ခုပဲ။ အခု ငါ အသုံးပြုနိုင်တဲ့ အပြင်းထန်ဆုံး လှုပ်ရှားမှုတစ်ခုလည်း ဖြစ်တယ်။ အစ်ကိုကြီးလုံဟန်၊ အစ်ကိုကြီး လုံဟန်က ဒီအကွက်ကို လက်ခံနိုင်ပါ့မလား ငါ သိချင်မိတယ်။"

"မင်း လုပ်စရာရှိတာလုပ်ပါ။ ဟား...၊ ဟား..." လုံဟန်က ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ့မျက်လုံးတွေက ပြင်းထန်သည့် တိုက်ခိုက်ရေး စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်လည်း အဓိပ္ပာယ်မဲ့ ပြောနေသည်ကို ရပ်လိုက်သည်။ ဤလုံဟန်သည် တိုက်ပွဲကို အရူးအမူး စွဲလမ်းသူဟု ပြောနိုင်ပါသည်။

ဘန်း…။

အင်အားကြီးမားသော လေဟာနယ် လှိုင်းလုံးကြီးသည် ချင်ယွင်၏လက်ကို ဖုံးလွှမ်းသွား သည်။ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်စွမ်းအင်က ကျုံ့သထက်ကျုံ့သွားခဲ့ သည်။ အဆုံးတွင်၊ ချင်ယွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် ပြင်းထန်စွာ ကျုံ့သွားခဲ့သည်။

မူလက ချင်ယွင်နှင့် လုံဟန်သည် ကီလိုမီတာ ရာနှင့်ချီ ကွာဝေးသော်လည်း တခဏချင်းမှာ သူတို့သည် ဆယ်ကီလိုမီတာအထိ ကျုံ့သွားခဲ့သည်။ ကျုံ့သွားသော လေဟာနယ်ကို အတူပေါင်းစပ်ခြင်းက အနိုင်းမဲ့ ကြီးမားသော စွမ်းအင်များ ပါဝင်ပါသည်။

"စိတ်ဝင်စားစရာပဲ၊ လေဟာနယ်ကို ဒီလိုမျိုး ကစားနိုင်တာပဲ" လုံဟန် အံ့သြစွာ မေးလိုက် သည်။ သူ့လက်မောင်းတစ်ခုလုံးသည် အရွယ်အစား နှစ်ဆတိုးလာသည့်အလား ချက်ချင်း ပင် ဖောင်းကားလာသည်။ သူ့ကြွက်သားများတွင် ပါရှိသော စွမ်းအားသည် တုနှိုင်းမရ အောင် ကြောက်စရာကောင်းသည်။

"ငါ့ရဲ့ ဒီအကွက်ကို ခံယူလိုက်ပါ၊ လေဟာနယ်အလွှာထပ်ခြင်းလက်သီး" ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး လုံဟန်ကို လက်သီးဖြင့် ထိုးလိုက်သည်။ လွှမ်းခြုံထား သော လေဟာနယ်ကို ချက်ချင်း လွှတ်ပေးခဲ့သည်။ လေဟာနယ်လွှတ်ပေးခြင်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်လှိုင်းလုံးကြီးတစ်ခု ချက်ချင်း ပျံ့နှံ့သွားသည်။ ကြောက်မက်ဖွယ် လေဟာနယ်လှိုင်းလုံးများသည် ဤလေဟာနယ်အတွင်းရှိ အရာ အားလုံးကို အပိုင်းပိုင်းဖြိုခွဲပစ်ရန် လုံလောက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လုံယွန်သည် သရဲတစ္ဆေမြင်လိုက်ရသလို ခံစားရသည်။ သူသည် ကြောက်လန့်တကြား အဝေးကို ပြေးထွက်သွားသည်။ ထိုကဲ့သို့ အားကောင်းလှ သော လေဟာနယ် စွမ်းအင်အတက်အကျလှိုင်းများကို သူ ခံနိုင်ရည်ရှိမည်ဟု မပြောဝံ့ပေ။

လုံဟန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူသည် ချင်ယွင်မှ တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ်လာသော လေဟာနယ် စွမ်းအင်အတက်အကျများကို အပြင်းအထန် ထိုးနှက် လိုက်သည်။

"ဘုန်း.."

ပျံ့နှံ့သွားသော လေဟာနယ် လှိုင်းဂယက်များသည် ချက်ခြင်း ပိတ်ဆို့ခံလိုက်ရပြီး၊ တန်ပြန် ရိုက်ခတ်မူကြောင့် နောက်ပြန် မဆုတ်ခွာခင် နှလုံးခုန်လောက်သည့် လှိုင်းဂယက်များ သည် တခဏကြာ ရပ်သွားခဲ့သည်။

တခဏချင်းမှာပင်, လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲမှာ ကီလိုမီတာ တစ်ထောင်နီးပါး ရှည်လျားသည့် လေဟာနယ်အပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

"ချင်ယွင် သေသွားပြီလား" လုံယွန်သည် လုံဟန်အနားသို့ ပေါ်လာပြီး လေဟာနယ် အပေါက်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ချင်ယွင်၏အသံကို သူ မကြားရပေ။

"တကယ်လား။ အခုနက ငါလည်း စိတ်လှုပ်ရှားပြီး ငါ့ခွန်အား ၈၀ ရာခိုင်နှုန်းကို အသုံးပြုမိ သွားတယ်။ သူ တကယ် အဆင်ပြေရဲ့လား" လုံဟန်က အံ့သြစွာ မေးလိုက်သည်။

လုံယွန်၏ မျက်လုံးများက အရောင်ဖျော့သွားသည်။ သူ့ခွန်အား၏ ရှစ်ဆယ်ရာခိုင်နှုန်း လား။

သာမာန်အားဖြင့် လုံဟန်သည် သူ့ခွန်အား၏ ၅၀ ရာခိုင်နှုန်းကို အသုံးပြုသောအခါ၊ သူသည် မကျေနပ်သည့်တိုင် အရိုက်ခံရပေလိမ့်မည်။ အခုအချိန်မှာတော့ သူ့ခွန်အား၏ ၈၀ ရာခိုင်နှုန်းကို တစ်ပြိုင်နက် လှုပ်ရှားခဲ့သည်။ ချင်ယွင်သည် တကယ်ကို ကံမကောင်းခဲ့ပေ။

"ငါ အဆင်ပြေပါတယ်"

လုံယွန်နှင့် လုံဟန်တို့သည် ချင်ယွင်အတွက် စိတ်ပူနေချိန်မှာ ချင်ယွင်၏ပုံရိပ်က သူတို့ အနားတွင် ပေါ်လာသည်။ သို့သော် သူ့ပုံစံက သိသိသာသာ ဖရိုဖရဲဖြစ်နေသည်။ သိသိသာသာပင်၊ သူသည် အခုနက ထိုထိုးနှက်မှုဒဏ်ကို များစွာခံစားခဲ့ရသည်။

"ကံကောင်းလိုက်တာ၊ မင်း အဆင်ပြေနေတယ်။ ငါ အခုနက် မတော်တဆ အင်အား အလွန်ကျွံ သုံးမိသွားတယ်။" လုံဟန်က ပြောသည်။

ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသော လေဟာနယ်အပေါက်ကြီးကို ကြည့်လိုက်ရင်း သူ့ပါးစပ်ထောင့်က ခါးသီးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

သူ့ခွန်အား၏ ရှစ်ဆယ်ရာခိုင်နှုန်းက ဤမျှ အစွမ်းထက်နေပြီဆိုလျှင်, သူ့ခွန်အား အပြည့် က မည်သို့ ဖြစ်လာမည်နည်း။

All Chapters