အခန်း ၁၇၃၆
Vol. 116 Ch. 1736
အခန်း (၁၇၃၆) ကျောင်းထျန်း
ချင်ယွင်နှင့် လုံဟန်တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် ဆယ်ရက်ကြာသွားခဲ့ပြီ။
ဤဆယ်ရက်အတွင်း လုံဟန်နှင့် လက်ရည်စမ်းခြင်းအပြင် ချင်ယွင်သည် လေဟာနယ် ကြေးမှုန်ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ်ကို ဆင်ခြင်နေခဲ့ပါသည်။
လုံဟန်နှင့် သူ၏ အဆက်မပြတ် တိုက်ပွဲများတွင် သူ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည် သဘောပေါက်မှုက ပုံမှန်ထက်ပိုမြန်ကြောင်း ချင်ယွင် တွေ့ရှိခဲ့သည်။
ထို့ကြောင့် ဆယ်ရက်ကြာပြီးနောက် သူ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်မှု အနည်းငယ် တိုးတက်လာခဲ့သည်။
ဘန်း….။
ချင်ယွင်သည် သူ့အခန်းရှိ ဆုတောင်းဖျာပေါ်တွင် ထိုင်နေပြီး အကောင်ငယ်လေးက သူ့ဘေးတွင် လဲလျောင်းနေသည်။
သာမာန်အားဖြင့်၊ လူတွေရှိသည့်အခါ၊ သူသည် အကောင်ငယ်လေးကို ကနဦးစကြဝဠာထဲ ကို ထည့်ထားပြီး၊ တခြားဘယ်သူမှ မရှိသည့်အခါ သူ့ကို လွှတ်ထားသည်။
သို့သော် ထူးဆန်းသည်မှာ၊ ထိုအကောင်ငယ်လေးသည် စကြဝဠာနှစ်ခုကြား ကူးပြောင်း ခြင်းကို အသားကျပုံမပေါ်ပေ။ ဒုတိယအနေဖြင့်၊ ၎င်းသည် ကနဦးစကြဝဠာနှင့် လက်ရှိ စကြာဝဠာအတွင်းသို့ ဝင်ထွက်ခြင်းက သူ့အပေါ် ကောင်းကင်တာအိုက အနည်းငယ်မျှ မထိခိုက်စေပါ။ ယင်းကြောင့် ချင်ယွင်သည် ထိုအကောင်လေးငယ်က သူတို့စကြာဝဠာနှင့် အမှန်တကယ် မသက်ဆိုင်ကြောင်း သံသယဖြစ်မိသည်။
ချင်ယွင်သည် နောက်ဆုံးတွင် အချိန်က အဖြေတစ်ခုပေးသွားမည် ဖြစ်သောကြောင့် ဤကိစ္စကို လေးလေးနက်နက် မလေ့လာခဲ့ပေ။
မူလက သူသည် ဤတစ်လကို အေးအေးချမ်းချမ်း ဖြတ်သန်းရမည်ဟု ထင်ခဲ့သော်လည်း ချင်ယွင်သည် ဆယ့်တစ်ရက်မြောက်နေ့တွင် ကောင်းကင်အင်ပါယာမြို့တော်မှ လူတစ်စု ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ရောက်လာသည့်လူတစ်စု၏ ရည်ရွယ်ချက်က သူ့အတွက် အတိအကျပင်။
ကောင်းကင်အင်ပါယာမြို့တော်၊ မြို့တံခါးမှာ။
"ချင်ယွင်က နဂါးကောင်းကင်နန်းတော်ရဲ့ ဌာနခွဲထဲ ဝင်သွားတာ သေချာရဲ့လား" ထူးထူးခြားခြား ဂုဏ်သိက္ခာကြီးမားသည့် လူတစ်ယောက်က သူ့နောက်မှ လူနှစ်ယောက် ကို မေးသည်။
"ဟုတ်ကဲ့ပါ သခင်လေး။ သတင်းတစ်ခု ရထားပြီးသားပါ။ ချင်ယွင်က လုံယွန်နောက်ကနေ နဂါးကောင်းကင်နန်းတော်ထဲ လိုက်သွားပြီး နောက်ဘယ်တော့မှ ပြန်ထွက်မလာခဲ့ဘူး။ ဒီအကြောင်းကို ကိုယ်တိုင်စောင့်ကြည့်နေတဲ့ လူတစ်ယောက်က ပို့လိုက်တာပါ” ဆံပင်တို တိုနှင့် အမျိုးသားတစ်ယောက်က ပြန်ဖြေသည်။
"နဂါးကောင်းကင်နန်းတော်" ခမ်းနားထည်ဝါသည့် ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။ ခဏလောက် စဉ်းစားပြီးမှ သူက ပြောသည် "စောင့်ကြည့်ဖို့ လူတွေကို ဆက်လွှတ်လိုက်ပါ။ ချင်ယွင် နဂါးကောင်းကင်နန်းတော်ထဲက ထွက်သွားရင် ချက်ချင်း သတင်းပို့လိုက်ပါ။ ဒီ ချင်ယွင်က အလွန်အရေးကြီးတဲ့ လူတစ်ယောက်ပဲ။ သူပျောက်သွားရင်, မင်းတို့ သေမင်းကို သာ စောင့်နေလိုက်တော့"။
"ဟုတ်ကဲ့ပါ သခင်လေး။" ထိုလူနှစ်ယောက်၏ အမူအရာများက ပြောင်းလဲသွားပြီး ကမန်းကတန်း သဘောတူလိုက်သည်။ ထိုစကားပြောပြီးနောက် သူတို့သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုလူ သွားလေရာရာနေရာတိုင်း ပတ်ဝန်းကျင်မှလူများသည် ဂုဏ်သိက္ခာကြီးမားသော ထိုလူကို မကြည့်ဝံ့ဘဲ ဘေးသို့ ဖယ်သွားကြသည်။
'"ချင်ယွင်လား..၊ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက ငါတို့ ဘိုးဘေးနတ်ဘုရားနှစ်ပါးကို တကယ်ကို စော်ကားလိုက်မိပြီ။ အခု ဘိုးဘေးနတ်ဘုရားနှစ်ပါးစလုံးက လုံးဝကို ဒေါသထွက်နေပြီ။ သူတို့က ချင်ယွင်ရဲ့အသက်ကိုယူဖို့ ငါ့ကို တိုက်ရိုက် စေလွှတ်လိုက်တာ။ ချင်ယွင်မှာ အနည်းဆုံး ကောင်းကင်ဘုံတံဆိပ်တစ်ခု ရှိနေတယ်လို့ ပြောကြတယ်။ မာသာလဲ့ မင်း ဘယ်လိုထင်လဲ။" အလွန်ဂုဏ်သိက္ခာကြီးမားသောလူက စိတ်ပိုင်းဆိုင်ရာ ပို့လိုက်သည်။
"သခင်လေး...၊ ဒီချင်ယွင်က ရိုးရှင်းပုံ မပေါ်ဘူး။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားက တစ်ချိန်တုန်းက သူအားနည်းနေတဲ့အချိန်မှာ သူ့ကို လိုက်လံဖမ်းဆီးဖို့ လူတွေကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် သူ့ကို မသတ်နိုင်ခဲ့ကြဘူး။ သူ ကြီးပြင်းလာဖို့ တောင် ခွင့်ပြုပေးခဲ့တယ်။ ဒါကြောင့် သူ့ကို သတိလက်လွတ် လုပ်ဆောင်လို့မရဘူး" မာသာလဲ့က ပြန်ဖြေသည်။
ဂုဏ်သိက္ခာကြီးမားသည့် ထိုလူက ပြုံးပြီး၊ ခေါင်းညိတ်လက်ခံခြင်းမရှိသလို ငြင်းဆန်ခြင်း လည်း မရှိပေ။
အမှန်အတိုင်းပြောရလျှင် သူသည် ချင်ယွင်ကို အစပိုင်းတွင် အလေးအနက် မထားခဲ့ပေ။ သူနှင့်ပတ်သက်သည့် သတင်းအချက်အလတ်အချို့ကို ရရှိပြီးမှသာ သူသည် သူ့ကို အနည်းငယ် အာရုံစိုက်လာခဲ့သည်။
ချင်ယွင်၏ တစ်ခုတည်းသော အာရုံစိုက်ရန်ထိုက်တန်သည့်အချက်မှာ သူ့ကြီးထွားနှုန်းက မြန်လွန်းပြီး ပုံမှန်မဟုတ်သည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
သို့သော် ချင်ယွင်သည် ကောင်းကင်အင်ပါယာမြို့တော်တွင်ရှိသောကြောင့် ဤတစ်ကြိမ် တွင် သူသည် သူ့ကို လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။
"သခင်လေး၊ နဂါးကောင်းကင်နန်းတော်ထဲမှာ လုံဟန်ရှိနေတော့ ပြဿနာတချို့ ရှိနေ တယ်။ တကယ်လို့ သူသာ ချင်ယွင်ကို ကူညီမယ်ဆိုရင်၊ သူ့ကို ရင်ဆိုင်ဖို့က ငါတို့အတွက် ပိုခက်လိမ့်မယ်။" မာသာလဲ့က ဆက်ပြောသည်။
"စိတ်မပူပါနဲ့၊ အဲဒါက လုံဟန်ပဲလေ။ လုံထျန်းမှ မဟုတ်တာ။ တကယ်လို့, လုံထျန်းဆိုရင် ငါ ဒီကိစ္စကို စဉ်းစားကောင်းစဉ်းစားလိမ့်မယ်။ ဒါပေမယ့် ဒီလုံဟန်ကိုတော့ ကြောက်စရာ မလိုဘူး။" ခန့်ညားသည့် ထိုလူက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
"တကယ်တော့ သခင်လေးရဲ့ မိုးကြိုး အစစ်မှန် အဓိပ္ပါယ်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီ။ လျှို့ဝှက်ပညာရပ်တွေပါ ထည့်သွင်းလိုက်ရင် ဒါက လုံဟန်ထက် သာလွန် နေပြီ။ သူတို့ကို ဒီနည်းလမ်းတွေနဲ့ ဖိနှိပ်လိုက်ရုံပါပဲ။ သခင်လေး တကယ် တိုက်ခိုက်ရင်, ဒီလုံဟန်က သခင်လေးရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး။" မာသာလဲ့က မြှောက်ပင့်လိုက် သည်။
"မာသာလဲ့၊ မင်း ငါ့ကို ဘယ်အချိန်ကတည်းက မြှောက်ပင့်နေတာလဲ။ မင်း ဘာလို့ ငါ့ကို ဒီလောက် မြှောက်ပင့်နေတာလဲ" ခန့်ညားသောလူက ကျီစယ်လိုက်သည်။
"ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ။ သခင်လေးရဲ့ မိုးကြိုးအနှစ်သာရက တကယ့်ကို ပြင်းထန်လွန်းတယ်။" မာသာလဲ့က ရေရေလည်လည် ပြောသည်။
ခန့်ညားသောလူက ပြုံးရုံပြုံးနေပြီး ဘာမှပြန်မပြောပေ။
မာသာလဲ့သည် သူ၏ဓားတစ်ချောင်း ဖြစ်သည်။
ဤဓားသည် အစကတည်းက သူ့နောက်သို့ လိုက်ပါခဲ့ပြီး သူ၏ ကြီးထွားမှုနှင့်အတူ အမြဲတမ်း ရှိနေခဲ့သူဖြစ်သည်။
ထို့ကြောင့် သူသည် ဤဓားကို သူ၏အကောင်းဆုံးအဖော်အဖြစ် အမြဲမှတ်ယူထားသည်။ မာသာလဲ့က သူ့ကို သခင်လေးဟု အမြဲခေါ်နေသော်လည်း သူကျောင်းထျန်း၏ နှလုံးသားထဲမှာတော့ မာသာလဲ့သည် သူ့အတွက် အကောင်းဆုံးညီအကို ဖြစ်ခဲ့ပါသည်။
မှန်ပါသည်၊ သူကတော့ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ပဉ္စမမြောက် အဆင့်က ကျောင်းထျန်း ဖြစ်ပြီး၊ မုရုန်ရှန်းယုပြီးလျှင် ကောင်းကင်ဘုံရှင်နန်းတော်၏ ဒုတိယမြောက် နာမည်ကြီးပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။
ကျောင်းထျန်းသည် မြို့ဆီသို့ ဆက်လက် လျှောက်သွားခဲ့သည်။ သူ့ခရီးစဉ်၏ ဦးတည်ရာ မှာ ကောင်းကင်အင်ပါယာမြို့တော်၏ ကောင်းကင်ဘုံရှင် နန်းတော်ဌာနခွဲဆီသို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လုံဟန်သည်လည်း နဂါးကောင်းကင်နန်းတော်၌ ချင်ယွင်နှင့် တွေ့ဆုံနေသည်။
"ညီငယ်ချင်၊ ကောင်းကင်ဘုံရှင်နန်းတော်ရဲ့ ကျောင်းထျန်းက မြို့ထဲကို ဝင်သွားပြီဆိုတဲ့ သတင်းကို ငါတို့ ရထားတယ်။ သူက မင်းအတွက် ဒီကို ရောက်လာပုံရတယ်။ သူ့လူတွေက စံအိမ်အပြင်ကနေ စောင့်ကြည့်နေကြတယ်။" လုံဟန်က ချင်ယွင်ကို ပြောသည်။
"ကောင်းကင်ဘုံရှင်နန်းတော်၊၊ သူတို့ သူ့ကို ဒီလောက်မြန်မြန် ရှာတွေ့ခဲ့တာလား" ချင်ယွင် အံ့ဩသွားသည်။ ကောင်းကင်ဘုံရှင်နန်းတော်သည် ဒီနေရာကို တကယ် ရှာတွေ့လိမ့်မည် ဟု သူ မမျှော်လင့်ထားပေ။ ကောင်းကင်ဘုံရှင်နန်းတော်၏ ထောက်လှမ်းရေး စွမ်းအားကို သူ လျှော့တွက်ထားပုံရသည်။
"အဆင်ပြေပါတယ်၊ မင်း အိမ်ထဲမှာနေထိုင်သရွေ့ မင်းကို ဘယ်သူမှ ထိခိုက်စေမှာ မဟုတ်ဘူး။ နောက်ပြီး ငါနဲ့အတူရှိနေမှတော့ ကျောင်းထျန်းက မင်းကို ဘာမှ မလုပ်ဝံ့ဘူး။" လုံဟန်က ချင်ယွင်၏ပခုံးကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။
ချင်ယွင် ပြုံးလိုက်သည်။ သူ မကြောက်သော်လည်း စိတ်လှုပ်ရှားနေသည်။