အခန်း ၁၇၃၇
Vol. 116 Ch. 1737
အခန်း (၁၇၃၇) သက်ရှိဖန်တီးခြင်း။
မှန်ပါသည်။ ချင်ယွင် စိတ်လှုပ်ရှားနေခဲ့သည်။
ဤကာလအတွင်းတွင် လုံဟန်နှင့် တိုက်ခိုက်ခြင်းက သူ့ကို အမှန်တရားကို ရှာဖွေ တွေ့ရှိစေခဲ့သည်။
စစ်မှန်သော တိုက်ပွဲများက သူ့ခွန်အားကို တိုးမြင့်စေသည်။ ထို့ကြောင့် သူသည် မတူညီသော ကျွမ်းကျင်သူများကို အမှန်တကယ် တိုက်ခိုက်လိုခဲ့သည်။ ထို့အပြင် ၎င်းသည် သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏ လေဟာနယ်ကြေးမှုန်ပုံရိပ် အနှစ်သာရသည် ပိုမိုမြန်ဆန်စွာ တိုးတက်လာမည် ဖြစ်သည်။
ဟုတ်ပါသည်။ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိပါသေးသည်။ ထိုအရာက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားဖြစ်သည်။
ထိုအချိန်တုန်းက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့ကိုသတ်ဖြတ်ရန် လူတွေကို စေလွှတ်ခဲ့ပြီး၊ သူ့ဒေါသကို ထိန်းထားခဲ့ရသည်။ သူသည် သူ့နောက်ကို လိုက်လံ တိုက်ခိုက်ခဲ့သည့် လူနှစ်ယောက်ကို သတ်ပစ်လိုက်သော်လည်း ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို မကိုင်တွယ်နိုင်သေးဘူး။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက လွယ်လွယ်နှင့် လက်မလျှော့ဟု သူ ထင်ထားသည်။ နောက်ဆုံးတွင် ချင်ယွင်က သူ့သားကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား သည် နောက်ဆုံးတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်လာနိုင်သည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို ထောင်ဖမ်းချင်သည်။ ဘိုးဘေးနတ်ဘုရားတစ်ပါးက သူ့ကို သတ်ချင်သည်ဆိုလျှင်ပင်, နောက်ဆုံးရလာဒ်က သေခြင်းတရားဖြစ်မည်ဟု သူ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားကို သိစေချင်သည်။
မေ့ထား၍မရသည့် အရာက, ချင်ယွင်မှာ သူ့ကနဦးစကြာဝဠာတွင် ဝှက်ထားသည့် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးတစ်ခု ရှိနေဆဲဖြစ်သည်။
ဤကျောက်ရုပ်ထုကြီးသည် ကြီးမားသော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား နယ်ပယ်မှာ ရှိနေသည်။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သေးငယ် သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးမျှသာဖြစ်ပြီး ဟွန်ထျန်း နတ်ဆိုး ကျောက်ရုပ်ထုကြီးက လုံလောက်ပါသည်။
သေချာသည်မှာ, ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို ထောင်ဖမ်းနိုင်ရန် ကျောင်းထျန်းကို အသုံးပြုခြင်းက လွယ်ကူသော အလုပ်မဟုတ်ပေ။ နောက်ဆုံးတွင်၊ ဘိုးဘေးနတ်ဘုရားများကြားမှာ နတ်ဘုရားကပ်ဘေးဒုက္ခအတွင်း ၎င်းတို့အား တိုက်ခိုက် ရန် ခွင့်မပြုသည့် စည်းမျဉ်းတစ်ခု ရှိနေသည်။ ထို့ကြောင့် ချင်ယွင်သည် ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းအချို့ကို စဉ်းစားရန် လိုအပ်နေသေးသည်။
"အစ်ကိုကြီး လုံဟန်၊ အဓိကအင်အားစုကြီးလုံး မကြာခင်မှာ ကောင်းကင်အင်ပါယာ မြို့တော်မှာ စုဝေးကြလိမ့်မယ်။ အဲဒီကျောက်တုံးက အတိအကျ ဘယ်လိုမျိုးလဲ" ချင်ယွင် က လုံဟန်ဘက်လှည့်ပြီး မေးသည်။
“ငါလည်း မသိဘူး။ ဒါပေမယ့် အဲဒီကျောက်တုံးက အရမ်းမာတယ်။ ဒီကောင်းကင်ဘုံ အပြင်ဘက်က လာတာလို့ ပြောကြတယ်” လုံဟန်က ပြောသည်။
"ကောင်းကင်ဘုံအပြင်ဘက်ကလား" ချင်ယွင် အံ့သြသွားသည်။
လုံဟန်သည် စကြာဝဠာကို ရည်ညွှန်းကြောင်း သူသိသည်။
"ဒီကျောက်တုံးက အရမ်းမာနေမှတော့ ဘယ်လို ဖွင့်ရမှာလဲ" ချင်ယွင်က ဆက်မေးသည်။
လုံဟန်က ခေါင်းယမ်းပြီး ပြောသည် "အခြားနည်းလမ်း မရှိဘူး။ အဲဒါကြောင့် လူတွေ အများကြီး ဒီနေရာကို စုဝေးလာကြတာ။ သူတို့က ဘယ်သူက ဒီကျောက်တုံးကို ချိုးဖြတ် ပြီး၊ ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ဖော်နိုင်မလဲဆိုတာ သိချင်နေကြတယ်လေ”။
"ဒါဆို ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ဖော်ပြီးရင် ဘယ်သူ ရနိုင်မလဲ" ချင်ယွင်က ထပ်မေး သည်။
"တခြား ဘာပြောစရာရှိသေးလို့လဲ။ ထုံးစံအတိုင်း ငါတို့က အဲဒါကို လုယူကြမှာပေါ့။ နောက်ဆုံး လုယူဖို့ခွန်အားရှိတဲ့ဘယ်သူမဆို ဒါမှမဟုတ် ကံကောင်းတဲ့သူက ပိုင်ဆိုင်သွား လိမ့်မယ်။" လုံယွန်က ကြားဖြတ်ပြောသည်။
လုံဟန်က ပြုံးပြီး ခေါင်းညိတ်ပြသည်။ သေချာသည်မှာ, သူလည်း တူညီသည့်အတွေးမျိုး ရှိနေသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က စတင်တွေးတောလိုက်သည်။ လုံဟန်နှင့် အခြားသူများ ပြောခဲ့သည့် စကားအရဆို၊ ဤစတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ် ပေါ်လာသည်နှင့် တပြိုင်နက် ကြီးကြီးမားမား ပရမ်းပတာ ဖြစ်မည်မှာ သေချာပါသည်။
"စကားမစပ်၊ အစ်ကိုကြီး လုံဟန်၊ မင်းတို့ မင်းတို့နောက်ကွယ်က ဘိုးဘေးနတ်ဘုရားကို ဘယ်လို ဆက်သွယ်လေ့ရှိလဲ။" ချင်ယွင်က မေးသည်။
ထိုစကားကိုကြားသောအခါ လုံဟန်က ရယ်မောပြီး ပြောသည် "ဘိုးဘေးနတ်ဘုရားကို ဆက်သွယ်ဖို့ ငါတို့အတွက် ဘာမှ မလိုအပ်ပါဘူး။ ဘိုးဘေးနတ်ဘုရားက ငါတို့ကို အာရုံစိုက်ထားလိမ့်မယ်။ လိုအပ်တာနဲ့ ငါတို့က ဘိုးဘေးနတ်ဘုရားရဲ့ နာမတော်ကို စိတ်နှလုံးထဲမှာ တိတ်တိတ်လေး ရွတ်ဆိုလိုက်ရုံပဲ။ ဘိုးဘေးနတ်ဘုရားက ငါတို့ရဲ့ အသံတွေကို သဘာဝအတိုင်း ကြားနိုင်ပြီး ငါတို့ကို အသံပို့လွှတ်ပေးလိမ့်မယ်။"
ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ့စိတ်ထဲမှာ ရယ်မောလိုက်သည်။
ဘိုးဘေးနတ်ဘုရားများသည် သူတို့ကို နောက်ကွယ်ကနေ စောင့်ကြည့်နေကြသည်။ ထို့ကြောင့် ဤကိစ္စက လွယ်ကူသွားပါပြီ။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ကောင်းကင်အင်ပါယာမြို့တော်ကို စောင့်ကြည့်နေသမျှ သူ့ကို ထွက်ပေါ်လာစေရန် နည်းလမ်းရှိပေလိမ့်မည်။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား လမ်းပေါ်ရောက်ရှိလာသရွေ့ ချင်ယွင်က သူ့ကို သတ်ဖြတ်ရန် နည်းလမ်းတစ်ခု ရှိလာလိမ့်မည်။
ယခုအချိန်တွင်၊ ချင်ယွင်အတွက် တစ်ခုတည်းသော စိုးရိမ်မှုမှာ ထိုအချိန်ရောက်သည့်အခါ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားတစ်ပါးသာ ကောင်းကင်အင်ပါယာ မြို့တော် ကို အာရုံစိုက်ရုံမည်မဟုတ်၊ အခြားဘိုးဘေးနတ်ဘုရားများလည်း အာရုံစိုက်လာမည့် အရေး ဖြစ်သည်။ အကယ်၍, အခြားဘိုးဘေးနတ်ဘုရားများသာ ကူညီမည်ဆိုပါက သူအတွက် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို သတ်ဖြတ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်တော့ပေ။
"ကြည့်ရတာ, ငါ ရွှီဟန်ကို လှုပ်ရှားပေးဖို့ တောင်းဆိုရမယ့်ပုံပဲ။" ချင်ယွင်က ခဏလောက် စဉ်းစားပြီး သူ့ကိုယ်သူ တွေးလိုက်သည်။
သူပြောသည်နှင့် ရွှီဟန်က သူ့ကို သေချာပေါက် ကူညီပေးလိမ့်မည်ဟု သူ ယုံကြည်သည်။
ရွှီဟန်၏ ထွက်ပေါ်လာမူနှင့်အတူ၊ အရာအားလုံးကို ကိုင်တွယ်ရန် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
ထိုအကြောင်းကို တွေးရင်း ချင်ယွင်သည် သူ့ရဲစွမ်းသတ္တိကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
အကယ်၍, လုံဟန်နှင့် လုံယွန်တို့သာ သူ ဘိုးဘေးနတ်ဘုရားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ရန် စီစဥ်နေသည့်ကြောင်းကို သိရှိသွားပါက, ချင်ယွင် ရူးနေပြီဟု သူတို့ သေချာပေါက် ထင်ကြလိမ့်မည်။
တကယ်ဆို, ချင်ယွင်သည် အရူးတစ်ယောက် မဟုတ်ပေ။ သူသည် တစ်ချက်တည်းဖြင့် ပစ်လွှတ်ရန် ဆုံးဖြတ်ထား၍ ဖြစ်သည်။
နောက်ဆုံးအကြိမ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးသည့်နောက်တွင် သူသည် အချက်တစ်ချက်ကို သဘောပေါက်ခဲ့သည်။ ကောင်းကင်ဘုံတန်ခိုးရှင်သည် သူ၏ ကနဦးစကြာဝဠာစွမ်းအားကို အသုံးပြုခြင်းကို ခုခံရည် အားနည်းသွားပုံရသည်။
ထိုကဲ့သို့ပင်, သူ နတ်ဘုရားဒီရေလှိုင်းအတွင်းမှာ တွင်းနက်ကြီးကို အသုံးပြုပြီး ကောင်းကင် ဘုံတန်ခိုးစွမ်းအားကို ဝါးမြိုနေစဉ်မှာ ကောင်းကင်ဘုံတန်ခိုးစွမ်းအားသည် နည်းနည်းလေး မှ မတုန့်ပြန်ခဲ့ပေ။ ၎င်းသည် ကောင်းကင်ဘုံတန်ခိုးနှင့် အနီးဆုံးနေရာဖြစ်သည့် တန်ခိုးကြီး သော ကောင်းကင်တောင်ခြေရင်း၌ ဖြစ်နေသည်ကို သိထားရလိမ့်မည်။
ထို့ကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် အလွန့်လွန် ရဲရင့်သော ခံယူချက်တစ်ခု ထွက်ပေါ် လာပြီး၊ ယင်းက ကောင်းကင်ဘုံတန်ခိုးရှင်သည် ကြီးမားသောဒုက္ခကို ခံစားနေရခြင်း ဖြစ်လိမ့်မည်။
နတ်ဘုရား ဒီရေလှိုင်းဟုခေါ်သည့် အရာသည် ဤစကြာဝဠာထဲက စွမ်းအင်ဖြစ်ပြီး၊ ထိုစွမ်းအင်သည် ဤစကြဝဠာထဲတွင် အမှန်တကယ် ပျံ့နှံ့နေနေခဲ့သည်။ ဆိုလိုသည်မှာ ဤစကြဝဠာကိုယ်တိုင်က တစ်ခုခု လွဲမှားနေခြင်း ဖြစ်လိမ့်မည်။ နှစ်တစ်သန်းကြာတိုင်း ဖြစ်ပေါ်လာသည့် နတ်ဘုရားကပ်ဘေးဒုက္ခ၏ စမ်းသပ်မှုများသည် နတ်ဘုရားများအတွက် စမ်းသပ်မှုတစ်ခု မဟုတ်ဘဲ ဤစကြဝဠာ ဉပဒေသများ၏ အစီအစဥ်သည် ပရမ်းပတာ ဖြစ်နေခြင်းပင် ဖြစ်သည်။
ထိုသို့ဆိုလျှင်၊ နတ်ဘုရားကပ်ဘေးဒုက္ခအချိန်ကာလသည် ချင်ယွင်၏စကြာဝဠာ ကြီးထွား ရန် အကောင်းဆုံးအချိန်အခါ ဖြစ်နေပါသည်။
ဟုတ်ပါသည်၊ ဤအရာက ချင်ယွင်၏ ထင်မြင်ယူဆချက် သက်သက်သာ ဖြစ်ပါသည်။ သူသည် ဤနောက်ကွယ်မှာ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို စူးစမ်းရန် လိုနေပါသေးသည်။
သို့သော်လည်း ချင်ယွင်သည် သူ၏ခန့်မှန်းချက်က အလွန်မှန်ကန်သည်ဟု ယုံကြည်နေခဲ့ သည်။
ထို့ကြောင့်၊ သူသည် ကိုယ့်ကိုယ်ကို သန်မာလာစေရန် ဤနတ်ဘုရားကပ်ဘေးဒုက္ခ ကာလ ကို အသုံးပြုရမည် ဖြစ်သည်။ သူ့စကြဝဠာ ကြီးထွားလာရန် ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ လိုအပ်သည်။ တန်ခိုးကြီးသည့် ကောင်းကင်တောင်အတွင်းမှာ ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်ကြော ရှိနေနိုင်သည်။
"ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ဖို့ အရှိန်မြှင့်တင်ရန် လိုနေသေးပုံပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ယခုအချိန်တွင် သူ အဓိကနားလည်ဆင်ခြင်ရန် လိုအပ်နေသည့်အရာမှာ ပြန်လည်ဝင်စား အစစ်မှန် အဓိပ္ပါယ်နှင့် လေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပါယ် ဖြစ်သည်။ သို့သော်၊ ပြန်လည်ဝင်စား အစစ်မှန် အဓိပ္ပါယ်သည် အလွန်နက်နဲပြီး ၎င်း၏တိုးတက်မှုက အလွန်မင်း နှေးကွေးလွန်းပါသည်။
ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်နှင့် ယှဉ်ရင် လေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အဓိပ္ပါယ်က ပိုရိုးရှင်းပါသည်။
အကယ်၍ ချင်ယွင်သာ သူ၏ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို အလယ်အလတ် အဆင့်အထိ မြှင့်တင်နိုင်ခဲ့မည်ဆိုရင်, သူ့ကနဦးစကြာဝဠာ၏ နောက်နယ်ပယ်ဖြစ်သည့် ယင်ယန်နယ်ပယ်ကို ဖြတ်ကျော်ပြီး၊ သူသည် ယင်ယန်နယ်ပယ်၏ အလယ်တန်းအဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ပါလိမ့်မည်။
ထိုအချိန်တွင်၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားရင်း, ချင်ယွင်သည် အများကြီး မတွေးတော့ပေ။ ယခုအချိန်တွင် သူသည် သူ၏ အစစ်မှန် အဓိပ္ပါယ်ကို အမြန်ဆုံး နားလည်သဘောပေါက်ရန် လိုအပ်နေ သေးသည်။
…
နောက်ရက်အနည်းငယ်တွင် ချင်ယွင်သည် လုံဟန်ကို လက်ရည်စမ်းရန် နောက်တစ်ကြိမ် သွားမရှာတော့ပေ။ ယင်းအစား သူသည် အထီးကျန်စွာ ကျင့်ကြံနေခဲ့သည်။
ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် လေဟာနယ်ကြေးမှုန် အနှစ်သာရကို တိုးတက်စေနိုင်သော် လည်း ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်သည် စကြာဝဠာတစ်ခု၏ မရှိမဖြစ် လိုအပ် ဆုံး လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေခြင်းတစ်ခု ဖြစ်သည်။
နတ်ဘုရားသစ်တော်ပင်ပင်အောက်တွင် ချင်ယွင်သည် စဉ်းစားတွေးတောနေသည် အမူအရာဖြင့် သစ်ပင်ရှေ့တွင် ရပ်နေခဲ့သည်။
ထိုနတ်ဘုရားသစ်တော်ပင်သည် မူလက အနှစ် ၁၀၀၀၀ တွင် တစ်ကြိမ်သာ ပွင့်သည်။ နောက်ဆုံး ပန်းပွင့်ချိန်သည် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ သာရှိသေးသည်။ ယုတ္တိဗေဒအရ ပြောရလျှင် နောက်တစ်ကြိမ် ပန်းပွင့်ချိန်အထိ အနှစ် ၇၀၀၀ လိုပါသေးသည်။ သို့သော် ဤအခိုက်အတန့်တွင် ဤနတ်ဘုရားသစ်ပင်သည် နတ်ဘုရားသစ်တော်ပန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ကံကောင်းထောက်မစွာ၊ မည်သူမျှ ဤမြင်ကွင်းကို မတွေ့လိုက်ရပေ။ မဟုတ်ပါက သူတို့သည် အလွန်တုန်လှုပ်သွားလိမ့်မည်မှာ သေချာပါသည်။
နတ်ဘုရားသစ်တော်ပန်း ပန်းပွင့်ပြီး သိပ်မကြာခင်မှာပင် ပန်းပွင့်များသည် ညှိုးနွမ်းပြီး ကြွေကျကာ အရွက်များလည်း ကြွေကျသွားကြသည်။
ချင်ယွင်သည် သစ်ပင်အောက်တွင် စဉ်းစားတွေးတောနေသည် အမူအရာဖြင့် ရပ်နေဆဲ ဖြစ်ပြီး နတ်ဘုရားသစ်ပင်၏ ပြောင်းလဲမှုတိုင်းကို ခံစားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ ခဲ့သည်။ တဖြည်းဖြည်းနှင့် ချင်ယွင်သည် ၎င်းအထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။
ပန်းပွင်များက ကြွေကျပြီး၊ ကြွေကျနေသော အရွက်များသည် ၎င်းတို့၏အမြစ်ဆီသို့ ပြန်လည်ရောက်သွားသည်။ ဤဖြစ်ရပ်များက မကြာခဏ မြင်တွေ့နေရပြီး၊ အရာခပ်သိမ်း ၏ ပြန်လည်ဝင်စားမူ၏ အကောင်းဆုံး ဖော်ပြချက်များ ဖြစ်လာပါသည်။
အနှစ် ၁၀၀၀၀ တစ်ကြိမ်ဖြစ်စေ, သို့မဟုတ် နှစ်သန်း ၁၀၀ ပြည့်တိုင်း တစ်ကြိမ်ဖြစ်စေ၊ အရာအားလုံးသည် ပြန်လည်ဝင်စားခြင်း၏ ဉပဒေသကို လိုက်နာကြရပါသည်။
ထိုအကြောင်းကိုတွေးရင်း ချင်ယွင်သည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး သူ့စိတ်က ကနဦး စကြာဝဠာထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ပါသည်။
သူ့စိတ်က နစ်မြုပ်သွားစဉ်မှာ, သူ့စကြဝဠာထဲမှ မထင်မရှား ဂြိုလ်တစ်ခုသည် ကမ္ဘာမြေကြီး ပြိုကွဲလောက်သည့် ပြောင်းလဲမူတွေကို ကြုံတွေ့နေရပါသည်။
မူလက လူသူဆိတ်သုဉ်းသော ထိုဂြိုဟ်ကမ္ဘာပေါ်သည် အမှန်တကယ်ပင် တောက်ပသော အနီရောင်အလင်းများဖြင့် ပြည့်နှက်နေသည်။
သူ စကြဝဠာကြီးကို ဖန်တီးပြီးကတည်းက ချင်ယွင်သည် ပထမဆုံး သက်ရှိများကို ဖန်ဆင်းခြင်းပင် ဖြစ်ပါသည်။