← Chapters

အခန်း ၁၇၃၈

Vol. 116 Ch. 1738

အခန်း ၁၇၃၈

Vol. 116 Ch. 1738

အခန်း (၁၇၃၈) လုံဟန်ကို ကြောက်ရွံ့စေခြင်း။

ကနဦးစကြဝဠာအတွင်းမှာ.....

ချင်ယွင်သည် ပန်းများပြည့်နေသော ကမ္ဘာပေါ်တွင် ရပ်နေပြီး ထိုပန်းများမှ ယူဆောင်လာ သော သင်းရနံ့ကို ခံစားနေမိသည်။

ဤအခိုက်အတန့်တွင် သူသည် အနှိုင်းမဲ့ ပျော်ရွှင်သည့် ခံစားချက်ကို ခံစားနေရသည်။ ထိုခံစားချက်က သူ့ကို မထင်မှတ်ဘဲ လှပသွားစေခဲ့သည်။

ထိုပန်းများအားလုံးကို သူ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အနိမ့်ဆုံးနှင့် အရိုးရှင်း ဆုံး သက်ရှိပုံစံများသာ ဖြစ်သော်လည်း၊ ချင်ယွင်အတွက်မူ၊ ၎င်းတို့သည် သူ့စကြဝဠာကို ဖန်ဆင်းခြင်းအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

"ငါ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို အလယ်အလတ်အဆင့်အထိ နားလည် သွားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

သူ့စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်သည် လုံး၀ ပုံသဏ္ဍာန် မပေါ်သေးသော်လည်း ပြန်လည် ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်အပေါ် သူ့နားလည်နိုင်စွမ်းကို မထိခိုက်စေခဲ့ပါ။

အတွေးတစ်ခုက ပွင့်လာခဲ့ပြီး အတွေးတစ်ခု ကျဆုံးသွားခဲ့သည်။

ချင်ယွင်၏စိတ်ဆန္ဒအတိုင်း ပတ်ဝန်းကျင်ရှိ ပန်းများသည် အဆက်မပြတ် ပြောင်းလဲနေ သည်။

"ငါ ဒီဉာဏ်အလင်းကို နားလည်ဖို့ ဘယ်နှစ်ရက်လောက် အချိန်ယူခဲ့ရလဲ သိချင်မိသား။" ချင်ယွင်၏စိတ်သည် ကနဦးစကြဝဠာမှ ထွက်ခွာလာခဲ့သည်။

သူသည် ထိုဉာဏ်အလင်းကို တခဏသာ ခံစားခဲ့ရသော်လည်း ၎င်းသည် ရက်အနည်းငယ်၊ လပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များပင် ကုန်လွန်သွားဖွယ်ရှိသည်။

ချင်ယွင်သည် သူ့မျက်လုံးဖွင့်ကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ လုံဟန်နှင့် လုံယွန်တို့သည် ခြံဝန်းအပြင်ဘက်တွင် ရှိနေသည်ကို သူ တွေ့ရှိခဲ့သည်။

"ညီငယ်ချင်၊ နောက်ဆုံးတော့ မင်း နိုးလာခဲ့ပြီပေါ့။ မင်းမနိုးလာရင် ငါတို့က ဝင်ပြီး မင်းကို နှိုးတော့မလို့။" လုံဟန်က ပြောသည်။

"မှန်တယ်၊ ငါတို့လည်း မင်းက မင်းမေ့လျော့ခြင်းနယ်ပယ်ကို တိုက်ရိုက် ဝင်ရောက်သွား မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ရက်ပေါင်းနှစ်ဆယ်က ဖျတ်ခနဲ ကုန်ဆုံးသွားခဲ့တယ်။" လုံယွန်က ပဲ့တင်ထပ်အသံဖြင့် ပြောသည်။

"ရက်နှစ်ဆယ်လား။" ချင်ယွင် အနည်းငယ် မှင်သက်သွားခဲ့သည်။ သူ့ဉာဏ်အလင်း ဝင်စားမူက ရက်နှစ်ဆယ်လောက် ကြာသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

"ကံကောင်းလိုက်တာ၊ မင်းက အချိန်မီ နိုးလာခဲ့တယ်။ မင်းက ဖွင့်ပွဲအခမ်းအနားကို လွတ်မသွားခဲ့ဘူး။ ဒီနေ့က အခမ်းအနား စတဲ့နေ့ပဲ။" လုံယွန်က ပြုံးပြီး ပြောသည်။

ချင်ယွင်သည် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်မိသည်။ သူသည် ကျောက်တုံးဖွင့်ပွဲ အခမ်းနားမှာ တစ်ခုခု လုပ်ချင်တုန်းပင်။ အကယ်၍, သူ လွဲချော်သွားမည်ဆိုလျှင်, နှမြောစရာ ဖြစ်မနေဘူးလား။

"လွန်ခဲ့တဲ့ ရက်ပေါင်း နှစ်ဆယ်အတွင်းမှာ ညီအစ်ကိုချင်က ဘာတွေ နားလည်ခဲ့လဲ ငါ သိချင်မိသား။ မင်း လေဟာနယ်ကြေးမှုန်ပုံရိပ်ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို အဆင့်မြင့် နယ်ပယ်အထိ ရောက်သွားပြီလား။ ဒါဆိုရင်တော့ ငါတို့ အရင်ယှဉ်ပြိုင်ပြီးမှ သွားရင်လည်း အချိန်မနှောင်းသေးပါဘူး။" လုံဟန်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်သည်။

ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ဤလုံဟန်သည် အမှန်တကယ်ပင် တိုက်ခိုက်ခြင်းကို ရူးသွပ်သူဖြစ်သည်။ လွန်ခဲ့သည့် ရက်နှစ်ဆယ်အတွင်း သူနှင့်မတိုက်ခိုက်နိုင်သည့်အတွက် သူသည် အမှန်တကယ် ယားယံနေပေသည်။

"မင်း ကြိုးစားကြည့်ချင်လား" ချင်ယွင်သည် လုံဟန်ကို ရုတ်တရက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း လေဟာနယ်ကြေးမှုန်ပုံရိပ်ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို အဆင့်မြင့်အဆင့်ထိ တကယ် နားလည်သွားပြီလား။ လာ…, လာ…၊ တိုက်ပွဲခန်းမသွားပြီး ကောင်းကောင်း တိုက်ခိုက်ကြ ရအောင်။" လုံဟန်က စိတ်လှုပ်ရှားစွာ ပြောသည်။

အရင်တုန်းက ချင်ယွင်သည် သူ့အတွက် ပြိုင်ဘက်မဟုတ်သလို တိုက်ခိုက်ရာမှာလည်း စိတ်ရှိလက်ရှိ မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ အကယ်၍ ချင်ယွင်သည် လေဟာနယ် ကြေးမှုန် ပုံရိပ်၏ အစစ်မှန် အဓိပ္ပါယ်ကို အဆင့်မြင့်အဆင့်ထိ နားလည်သွားပါက၊ သူသည် ကောင်းကောင်း တိုက်ခိုက်နိုင်တော့မည်။

သို့သော်လည်း ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် "တိုက်ပွဲခန်းမကို သွားစရာ မလိုပါဘူး။ ဒီမှာ အဆင်ပြေပါတယ်"

"အဲ့လိုတော့ မဖြစ်ဘူး။ ညီငယ်ချင်၊ ငါတို့ ဒီမှာတိုက်ခိုက်ရင် ကောင်းကင်အင်ပါယာ မြို့တော်တစ်ခုလုံးကို ဖျက်ဆီးမိလိမ့်မယ်။" လုံဟန်က ငြင်းသည်။

သို့သော်​ သူ​ပြောပြီး​သည်နှင့်, သူမျက်​နှာက ​ပြောင်းသွားခဲ့သည်​။

အကြောင်းမှာ ဤအခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်သည် လုံးဝ မှောင်မိုက်သွားခဲ့ပြီး ကောင်းကင်ယံ၌ ကြီးမားသော ရုပ်သဏ္ဍာန်တစ်ခု ပေါ်လာသည်ကို သိလိုက်ရသော ကြောင့်ဖြစ်သည်။ ဤပုံရိပ်သည် ချင်ယွင်မှလွဲ၍ အခြားလူ မဟုတ်ပေ။

ဤပုံရိပ်ကြီး ပေါ်လာသည်နှင့်တပြိုင်နက်၊ လုံဟန်သည် သူ့ခန္ဓာကိုယ်က လုံးဝ လှုပ်ရှားနိုင် စွမ်း မရှိတော့ကြောင်း တွေ့ရှိခဲ့ရပြီး၊ အလွန်အမင်း ကြောက်ရွံ့မှုတစ်ခုက သူ့နှလုံးသားထဲ တွင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့သည်။

"ဟူး"

အမှောင်ရိပ်က ပျောက်ကွယ်သွားပြီး ကောင်းကင်က တောက်ပလာပြန်လည် တောက်ပလာသည်။

သို့သော် လုံဟန် အံ့ဩသွားရသည့်အချက် ချင်ယွင်၏လက်ချောင်းသည် သူ့နဖူးကို ထိထားပြီးဖြစ်နေခြင်းပင်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" လုံဟန်သည် အခုချိန်ထိ ထင်ယောင်ထင်မှား ဖြစ်နေတုန်းပါပဲ။ အစောပိုင်းက အဖြစ်ပျက်တွေကို သူ မသိသော်ခဲ့လည်း ချင်ယွင်သည် ဤအရာအားလုံး၏နောက်ကွယ်တွင် ရှိနေကြောင်း သူသိသည်။

သူ့ဘေးမှာ ရပ်နေသည့် လုံယွန်သည် သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးသည့် အမူအရာ ရှိနေခဲ့ သည်။ ထိုအချိန်တွင် သူ့အစ်ကိုကြီးသည် ရုတ်တရက် ဆွံ့အသွားခဲ့သည်။ ချင်ယွင်သည် ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့အစ်ကိုကြီး၏ မျက်ခုံးကြားတွင် သူ့လက်ချောင်းကို ထောက်ထားလိုက်သည်။

ချင်ယွင်၏ လုပ်ဆောင်ချက်သည် ရိုးရှင်းသော်လည်း၊ ယင်းက ချင်ယွင်သည် လုံဟန်ကို သတ်ပစ်ရန် အချိန်အလုံအလောက်ရှိသည်ဟု ဆိုလိုသည်။

"ဘယ်လိုလဲ၊ ငါက ဘယ်လောက် အစွမ်းထက်နေပြီလဲဆိုတာ မင်း သိပြီလား" ချင်ယွင်က မှုန်မှိုင်းနေသော လုံဟန်ကို ကြည့်ရင်း ပြုံးလိုက်သည်။

"အခုနက မင်းရဲ့လှုပ်ရှားမူက ဘာလဲ၊ ငါ ဘာလို့ မမြင်ဖူးတာလဲ" လုံဟန်က ပဟေဠိဆန် သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

မှန်ပါသည်။ ထိုခဏ၌ သူ ရှုံးသွားခဲ့ပြီ။ အကယ်၍, ချင်ယွင်သာ သူ့ကို သတ်ချင်သည်ဆို လျှင်, အခုအချိန်မှာ သူ အလောင်းဖြစ်နေလောက်ပြီ။

ဘိုးဘေးနတ်ဘုရားတစ်ပါးတောင် အခုလိုမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။

"ဒါက ခုနက ငါ နားလည်ထားတဲ့ အစစ်မှန် အဓိပ္ပါယ်ပဲ။ သူ့ကို လေဟာနယ် အကြောက် တရားလို့ခေါ်တယ်။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။

လေဟာနယ် အကြောက်တရားလား?

လုံဟန်သည် ၎င်းက မည်သည့် အစစ်မှန် အဓိပ္ပါယ်မျိုး ဖြစ်သည်ကို တွေးနေသည့်အလား နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။

ချင်ယွင် ရယ်မောလိုက်သည်။ လေဟာနယ်အကြောက်တရား အစစ်မှန် အဓိပ္ပာယ်ဆိုတာ မရှိပါဘူး။ အခုနက သူအသုံးပြုခဲ့သည့်အရာသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ် ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင်၊ သူသည် လုံဟန်ကို ပြန်လည်ဝင်စားခြင်း ဝဲဂယက်ထဲသို့ ကျရောက် သွားစေခဲ့သည်။ လေဟာနယ်ထဲရှိ ထိုမြင်ကွင်းကိုလည်း သူ့စိတ်ဆန္ဒအတိုင်း ထင်ဟပ်စေ ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ထိုခဏတွင်၊ လုံဟန်သည် နတ်ဘုရားတန်ခိုး အနည်းငယ်မျှပင် မရှိတော့ဘဲ သေမျိုးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ချင်ယွင်၏ ကောင်းကင်ဘုံတန်ခိုးစွမ်းအားဖြင့် ဖိနှိပ်ခံရမှုနှင့်အတူ သူ့တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်သွားသည်မှာ သဘာဝပင်။

ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်၊ အရာအားလုံး ပြန်လည်ဝင်စားခြင်း။

ယခုအချိန်တွင်၊ ချင်ယွင်၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ် အလယ်အလတ် အဆင့်၏ စွမ်းအားဖြင့်၊ သူသည် စက္ကန့်ပိုင်းအတွင်း ကောင်းကင်နတ်ဘုရားတစ်ပါး၏ ပြန်လည်ဝင်စားခြင်းကို သူအလိုရှိသည့်အတိုင်း ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

တစ်နည်းဆိုရသော် ချင်ယွင်သည် ထိုစက္ကန့်အတွင်းမှာ သူ့ရှေ့မှလူကို ဖန်တီးသူ ဖြစ်သည်။

၎င်းသည် တစ်စက္ကန့်မျှသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ အမှန်တကယ်ဆို ဤနေရာသည် ချင်ယွင်၏ ကိုယ်ပိုင်စကြာဝဠာထဲမှာ မဟုတ်ပါဘူး။

သေချာသည်မှာ, ဤလှုပ်ရှားမှုသည် ကောင်းကင်နတ်ဘုရားများကို ရင်ဆိုင်ရာမှာသာ အသုံးဝင်ပါသည်။ အကယ်၍ ဘိုးဘေးနတ်ဘုရားတစ်ပါးသည် ဤလှုပ်ရှားမူအား သူ့အလို ဆန္ဒဖြင့် လုံးလုံးလျားလျား တွန်းလှန်လာခဲ့ပါက၊ ချင်ယွင်၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်သည် အဆင့်မြင့် အဆင့်သို့ မရောက်ရှိသရွေ့, သို့မဟုတ် သူ့စကြာဝဠာသည် အထွတ်အထိပ်အထိ မကြီးထွားသေးသ၍ သူ့အလိုဆန္ဒသည် ဘိုးဘေးနတ်ဘုရား၏ အလိုဆန္ဒကြောင့် လုံးလုံးလျားလျား ပျက်ဆီးသွားရလိမ့်မည်။

“အကိုကြီးလုံ, တကယ်လို့ အစ်ကြီးလုံ လက်ရည်စမ်းချင်တယ်ဆိုရင်, ငါ ကျောက်တုံးဖွင့်ပွဲ က ပြန်လာတဲ့အခါ မင်းနဲ့ တိုက်ခိုက်ပေးမယ်လို့ ငါ ကလိပေးမယ်။” ချင်ယွင်က ဆိုးသွမ်း သော အပြုံးဖြင့် ပြောလိုက်သည်။

"တိုက်ခိုက်တာကို ရပ်လိုက်ပါပြီ၊ လုံးဝ မတိုက်တော့ဘူး၊ ငါလုံထျန်းနဲ့ တိုက်မယ်ဆိုရင် တောင် မင်းနဲ့တော့ မတိုက်ရဲတော့ဘူး" လုံဟန်က သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းလိုက်သည်။

သူ့နှလုံးသားထဲမှာ ချင်ယွင်က အရိပ်မည်းကြီးတစ်ခု ချန်ထားရစ်ခဲ့ပြီ။ အခု သူ ချင်ယွင်ကို မြင်လိုက်ရတော့ သူ့နှလုံးသား၏ နက်ရှိုင်းဆုံးနေရာမှ အနည်းငယ် ကြောက်ရွံ့နေသေး သည်။

လခွမ်း...၊ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။

တစ်ဖက်တွင်မူ၊ လုံယွန်သည် လုံဟန်အား မျက်လုံးများဖွင့်ကာ စိုက်ကြည့်နေသည်။ ထိုခဏတွင် ချင်ယွင်က သူ့အစ်ကိုကြီး သူ့ကို ကြောက်သွားအောင် မည်သို့လုပ်ခဲ့သည်ကို သူ နားမလည်ပေ။

သူ လုံထျန်းနှင့် တိုက်ခိုက်ရမည်ဆိုလျှင်, ချင်ယွင်နှင့် မတိုက်ခိုက်ဝံ့သည်အထိ တကယ့်ကို အဆိပ်ပြင်းလွန်းသည်။

ချင်ယွင်က ပြုံးလိုက်သည်။ လုံဟန်သည် ယခင်က သူ့ကို နှိပ်စက်ညှဉ်းပန်းမှု အများအပြား ရှိခဲ့သော်လည်း ယခု နောက်ဆုံးတွင် သူသည် မြို့ကို ပြန်လည်သိမ်းယူရန် အခွင့်အရေး ရခဲ့သည်။ မူလက သူနှင့် နောက်ထပ် အကြိမ်အနည်းငယ် ကစားချင်သော်လည်း ယခု တစ်ကြိမ်တည်းဖြင့် ဤမျှအထိ ကြောက်လန့်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

တစ်ချိန်တည်းမှာပင် ချင်ယွင် ပျော်ရွှင်ရသည့် အကြောင်းရင်းတစ်ခု ရှိပါသေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤစကြဝဠာအတွင်းမှာ ကောင်းကင်ဘုံ၏အလိုဆန္ဒနှင့် ပြန်လည်ဝင်စားခြင်း၏ အစစ်မှန် အဓိပ္ပာယ်ကို အသုံးပြုခဲ့သော်လည်း ကောင်းကင်ဘုံ တန်ခိုးက လုံးဝ တုံ့ပြန်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ရလာဒ်အနေဖြင့် ချင်ယွင်သည် သူ့စိတ်ထဲမှ ထင်မြင်ယူဆချက်များက ပို၍ပင် သေချာသွားခဲ့သည်။

ကောင်းကင်ဘုံတန်ခိုးရှင်သည် တစ်ခုခု ဖြစ်နေသည်။ အနည်းဆုံးတော့ သူသည် ချင်ယွင်ကို အာရုံစိုက်ရန် အချိန်မရှိလောက်အောင် ဒုက္ခရောက်နေသည်ဟု ပြော၍ရသည်။

“ကောင်းကင်ဘုံ၊ မင်း ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်ပါ။ ဒီအချိန်အတွင်းမှာ ငါ ကောင်းကောင်း ကြီး ကြီးပြင်းလာရမယ်။" ချင်ယွင်က သူ့ကိုယ်သူ သူ့စိတ်နှလုံးထဲတွင် ရွှင်လန်းစွာဖြင့် ရေရွတ်လိုက်ပါသည်။

All Chapters