← Chapters

အခန်း ၁၇၃၉

Vol. 116 Ch. 1739

အခန်း ၁၇၃၉

Vol. 116 Ch. 1739

အခန်း (၁၇၃၉) သွေးနီရောင်ကျောက်တုံးကြီး။

ယခုအချိန်တွင် ထောင်ပေါင်းများစွာသော လူများသည် ကောင်းကင်အင်ပါယာမြို့တော်၏ ဗဟိုရင်ပြင်တွင် စုဝေးနေကြသည်။

ဤလူအားလုံးသည် ပန်းတိုင်တစ်ခုတည်းဖြင့် ကောင်းကင်အင်ပါယာမြို့တော်ဆီသို့ အပြေးအလွှား ပြေးလာကြခြင်း ဖြစ်သည်။ သူတိုသည် ကျောက်တုံးဖွင့်ပွဲ ခမ်းနားတွင် ပါဝင်ရန် ရောက်ရှိလာကြပြီး စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ကို သိမ်းပိုက်လိုကြ သည်။

နတ်ဘုရားကမ္ဘာတွင်၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို မြင်တွေ့ ရန် သင့်အတွက် အလွန်ခက်ခဲနိုင်သော်လည်း လက်ရှိ ကောင်းကင်အင်ပါယာမြို့တော် သည် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြင့် ပြည့်လုနီးပါးဖြစ်နေပြီး ၎င်းတို့အများစုမှာ အဆင့်နိမ့်သူများ မဟုတ်ကြပေ။

ဤကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် အင်အားစုအမျိုးမျိုး၏ ကျွမ်းကျင်သူများ စုဝေးနေကြခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းတွင် အသက်ရွယ်အို ကောင်းကင် နတ်ဘုရားနယ် အများအပြားလည်း ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

တခဏအတွင်းမှာပင် ကောင်းကင်အင်ပါယာမြို့တော်၏ အလယ်ဗဟိုမှ ရင်ပြင်သည် ပျော်ရွှင်စရာအကောင်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။

ရင်ပြင်၏ အလယ်ဗဟိုတွင် အချင်းဝက် ဒါဇင်များစွာရှိသည့် ကျောက်တုံးကြီး တစ်တုံး ရှိနေသည်။ ဤကျောက်တုံးကြီးသည် သွေးနီရောင်ရဲနေပြီး၊ ၎င်း၏မျက်နှာပြင်သည် ချောမွေ့ခြင်း မရှိသော်လည်း အနှိုင်းမဲ့မာကျောသည်။

ဤကျောက်တုံးသည် အပြင်ဘက် ကောင်းကင်ဘုံတစ်ခုမှ ဆင်းသက်လာသည်ဟု ဆိုကြ သည်။ ၎င်းသည် ကောင်းကင်အင်ပါယာမြို့တော်သို့ အလွန်ခဲ့သော နှစ်ပေါင်း ၁၀ ဘီလီယံ ကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ရှေးခေတ်ကနေ ယခုအချိန် အထိ ဤနေရာတွင် သိမ်းဆည်းထားခဲ့သည်။ ထိုကျောက်တုံးကြီးကို မည်သူမျှ မချိုးဖြတ်နိုင်သလို, အနည်းငယ်တောင် မရွှေ့နိုင်ခဲ့ပါဘူး။

တစ်ချိန်က၊ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးသည် စူးစမ်းလိုစိတ်ဖြင့် ကြိုးစားခဲ့ဖူးသည်။ သူသည် ထိုကျောက်တုံးကြီးကို သူ့ကိုယ်ပိုင် လက်နက်အဖြစ် သန့်စင်ချင်သော်လည်း နောက်ဆုံးမှာ မအောင်မြင်ခဲ့ပါဘူး။

ထို့ကြောင့် ဤကျောက်တုံးသည် တိုက်ရိုက်ပင် လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး၊ ဤကျောက်တုံးကြီးကြောင့်လည်း ဤကောင်းကင်အင်ပါယာမြို့တော်ကို တည်ဆောက်ခဲ့ ခြင်း ဖြစ်သည်။

ယခု ရင်ပြင်ကြီးသည် ထောင်သောင်းမကသော ကောင်းကင်နတ်ဘုရားများဖြင့် ဝန်းရံ ထားသည်။ ဤကောင်းကင်နတ်ဘုရားများသည် ဤကျောက်တုံးတစ်ဝိုက်တွင် ရပ်နေကြ သည်။

ထိုကျောက်တုံးကြီး၏ အထက်တွင် တန်ခိုးကြီးပြီး ထူးခြားသော စွမ်းအားတစ်ခု ရှိနေသည်။ ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် မှ ကျွမ်းကျင်ပညာရှင်များသည် ဤကျောက်တုံးကြီးနှင့် မီတာတစ်ရာအတွင်း အလွယ် တကူ မချဉ်းကပ်နိုင်ခဲ့ကြပေ။

ထို့ကြောင့် ရင်ပြင်ပေါ်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ပေါ်လာသည်။ ဤကျောက်တုံး ကြီး၏ မီတာတစ်ရာအတွင်း မည်သူမျှမရှိဘဲ မီတာတစ်ရာအကွာတွင် လှည့်ပတ်နေသူများ သာ ရှိကြသည်။

ချင်ယွင်သည် လုံဟန်၏နောက်သို့ လိုက်ပါသွားပြီး ကျောက်တုံးကြီးရှေ့သို့ ရောက်ရန် အနီးနားရှိ လူအုပ်ကြီးကို ဖြတ်ကျော်သွားခဲ့သည်။

လုံဟန်သည် နဂါးကောင်းကင်နန်းတော်၏ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး နဂါးကောင်းကင် နန်းတော်သည် ထိပ်တန်း အင်အားစုသုံးခုထဲမှ တစ်ခုဖြစ်သည်။ ထုံးစံအတိုင်း၊ အခြားသော ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများက သူ့ကို မနှိုးဆော်ဝံ့ကြပေ။

ချင်ယွင်သည် လုံဟန်နှင့် အခြားလူများနောက်မှ လိုက်ပါသွားခဲ့သည်။ တစ်ချက်ကြည့် လိုက်လျှင်, ရင်ပြင်အလယ်မှာ ကြီးမားသည့် သွေးနီရောင် ကျောက်တုံးကြီးကို သူ တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဧရာမသွေးကျောက်တုံးထံမှ ထုတ်လွှတ်သော စွမ်းအင်ကို သူ ခံစားနိုင်သည်။

သေချာသည်မှာ, နဂါးကောင်းကင်နန်းတော်က ကျွမ်းကျင်သူတွေအပြင် ချင်ယွင်သည် ကောင်းကင်ဘုံရှင်နန်းတော်နှင့် ကျယ်ပြောကောင်းကင် နန်းတော်ထဲက လူတွေကိုလည်း တွေ့ခဲ့ပါသည်။

ကောင်းကင်ဘုံရှင်နန်းတော်ကို သဘာဝအတိုင်း ကျောင်းထျန်းက ဦးဆောင်ခဲ့သည်။ သူ့နောက်မှာတော့ အားနည်းခြင်းမရှိသည့် ကောင်းကင်နတ်ဘုရားနှစ်ပါး ရှိသည်။ ၎င်းတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများ ဖြစ်သင့်သည်။

ချင်ယွင်သည် ကျောင်းထျန်းကို ရှာတွေ့သည့် တစ်ချိန်တည်းမှာပင် ကျောင်းထျန်းက ချင်ယွင်ဘက်ကို လှမ်းကြည့်လာသည်။

သို့သော်လည်း သူသည် ချင်ယွင်ကို ယခုချိန်မှာ မတိုက်ခိုက်ခဲ့ပေ။ နောက်ဆုံးတွင်၊ အခု ဤနေရာ၌ လူတော်တော်များများ ရှိနေခဲ့ပြီ။ ထို့ကြောင့် သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ပါဘူး။

ချင်ယွင်သည် ကျောင်းထျန်းကို ဂရုမစိုက်တော့ပါ။ ကျောင်းထျန်း၏ ခွန်အားသည် အားမနည်းသော်လည်း ယခုအခါ သူ၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို အသုံးချနိုင်ပြီ ဖြစ်သည်။ သူ တကယ် လှုပ်ရှားချင်သည်ဆိုရင် ကျောင်းထျန်းကို သတ်ဖြတ်ခြင်းက အလွယ်လေးဟု ပြော၍ရသည်။

ထို့အပြင်၊ ကျောင်းထျန်းသည် ချင်ယွင်၏မျက်လုံးထဲတွင် ငါးစာမျှသာ ဖြစ်သည်။

ချင်ယွင်သည် ကျယ်ပြောကောင်းကင်နန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။ လမ်းကို ဦးဆောင်နေသူမှာ တကယ်ကို အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ အကယ်၍, ချင်ယွင်သာ မမှားပါက ဤအမျိုးသမီးသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ဆဋ္ဌမမြောက်နေရာမှ မုယွီ ဖြစ်သင့်သည်။

ဤမုယွီ၏ ရုပ်ရည်အသွင်အပြင်သည် အလွန်ကောင်းမွန်ပြီး သူမ၏ စိတ်နေသဘောထား ကလည်း အထူးကောင်းမွန်သည်။ သို့သော် လုံဟန်က ဤမုယွီသည် ရက်စက်ကြမ်းကြုတ် ပြီး အရှင်သခင်မတစ်ဦး ဖြစ်ကြောင်း သူ့ကို ပြောပြဖူးသည်။ သူမသည် တစ်ချိန်က သူ့ချစ်သူကို သတ်ဖြတ်ခဲ့သည့် တရားခံ၏ ဂိုဏ်းဝင်အားလုံးကို သတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် ဤမုယွီသည် မည်သူမျှ မထိဝံ့သော ဆူးပင်တစ်ပင် ဖြစ်လေသည်။

သူမချစ်သူ အသတ်ခံခဲ့ရပြီးနောက် သူမသည် ယောက်ျားတွေကို ထပ်မတွေ့တော့ပါဘူး။

အစပိုင်းမှာ သူမကို လိုက်ရှာသူတွေ ရှိခဲ့သော်လည်း, နောက်ပိုင်း သူမ စိတ်ဆိုးသွားပြီး လိုက်ရှာသူအားလုံးကို တိုက်ရိုက် သတ်ပစ်ခဲ့ပါသည်။ အဆုံးမှာတော့ သူမကို မည်သူမှ လိုက်မရှာဝံ့တော့ဘဲ သတ်ဖြတ်ခြင်းအလှနတ်သမီးဆိုသည့် နာမည်ပြောင်တစ်ခု ရရှိလာခဲ့ သည်။

ချင်ယွင်သည် ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးတစ်ဦးကို အကောင်းမြင်မိ သည်။ ဟုတ်ပါသည်၊ ထိုအကောင်းမြင်စိတ်သည် ယောက်ျားနှင့် မိန်းမကြားက ဆက်ဆံရေးမျိုး မဟုတ်ဘဲ ဖြူစင်သည့် လေးမြတ်မှုတစ်ခုသာ ဖြစ်သည်။

အားကြီးသူက အားနည်းသူများကို အမဲလိုက်နေကြသော ဤကမ္ဘာကြီးတွင်၊ ဘဝလမ်းခရီး ကို ပုံကြီးချဲ့၍ မရနိုင်ပေ။

ချစ်မြတ်နိုးရသူတစ်ဦးအတွက် ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ခြင်း။ ဤအရာသည် မသင့်လျှော်သည့် ကိစ္စတစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် အမျိုးသမီးများနှင့် ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အလွန်အမင်း ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် မုယွီအပေါ် လေးစားမှုအချို့ရှိနေဆဲ ဖြစ်သည်။

သေချာပါသည်၊ အကယ်၍, သူမသာ သူနှင့် အမှန်တကယ် ရန်သူဖြစ်ချင်သည်ဆိုလျှင် ချင်ယွင်အနေဖြင့်, သူမအပေါ် နည်းနည်းလေးမှ ညှာတာမူပြမှာ မဟုတ်ပါဘူး။

အင်အားစုကြီးသုံးခုအပြင် အခြားသော အင်အားစုများမှ ကျွမ်းကျင်ပညာရှင်များလည်း ရောက်ရှိနေပါသည်။ ဤကျွမ်းကျင်သူများသည်လည်း ဘိုးဘေးနတ်ဘုရား အသီးသီးနှင့် သက်ဆိုင်သူများ ဖြစ်ကြပြီး ၎င်းတို့နောက်မှ ဘိုးဘေးနတ်ဘုရားအချို့ကို ကိုယ်စားပြု သည်။

ထို့ကြောင့်၊ ရင်ပြင်ပေါ်တွင် ဘိုးဘေးနတ်ဘုရားတစ်ပါးမှ မရှိသော်လည်း၊ ဘိုးဘေး နတ်ဘုရားပေးလိုသည့် ဆန္ဒအားလုံးကို တစ်ပါတည်း ယူဆောင်လာခဲ့ပြီး ဖြစ်သည်။

"လူတိုင်း ရောက်လာကြပြီဆိုတော့, ငါ လိုရင်းအချက်ကို တိုက်ရိုက်ပြောပါ့မယ်။ လူတိုင်း က ဒီကျောက်တုံးကြီးကို ချိုးဖြတ်ဖို့ ရောက်လာကြတာ ဖြစ်ရမယ်။ ဒါပေမယ့် ဒီကျောက်တုံးကြီးကို သမားရိုးကျ တိုက်ခိုက်နည်းတွေနဲ့ ချိုးဖြတ်လို့ မရဘူး။ ဒါကြောင့် ဒီနေ့ ဒီအခမ်းအနားကြီးကို ကျင်းပရတဲ့ ရည်ရွယ်ချက်က လူတိုင်းရဲ့ ခွန်အားတွေကို စုစည်း ပြီး ဒီကျောက်တုံးကြီးကို ဘယ်သူက ချိုးဖျက်နိုင်မလဲဆိုတာ သိစေချင်လို့ပဲ။ ဒီကျောက်တုံး ကို ချိုးဖျက်နိုင်တဲ့ ဘယ်သူမဆို ကောင်းကင်ဘုံတံဆိပ်ကို ပိုင်ဆိုင်လိမ့်မယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မှန်ပါသည်။ ဤလူသည် ကောင်းကင်ဘုံမြို့တော်၏ မြို့တော်သခင် ချန်ယုဖြစ်ပါသည်။ သူ့စွမ်းအားက သိပ်ကြီးမားခြင်းမရှိသလို အားနည်းခြင်းလည်း မရှိပေ။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သတ္တမအဆင့်မှာ ရှိပြီး အင်အာစုကြီး သုံးခုနှင့် ပတ်သက်ခြင်း မရှိပေ။ ယင်းအစား၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို ကိုယ်စားပြုသည်။ သူသည် ဤကျောက်တုံးဖွင့်ပွဲ အခမ်းအနားကို စီစဉ်သူလည်း ဖြစ်သည်။

"ဒီကျောက်တုံးထဲမှာ ကောင်းကင်ဘုံတံဆိပ် တကယ်ရှိတယ်လား၊ ငါတို့က မင်းကို ဘာလို့ ယုံရမှာလဲ" ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက ချက်ချင်း ပြန်ပြောခဲ့ သည်။

"မှန်တယ်။ ဒီနတ်ဆိုးကျောက်တုံးထဲမှာ ကောင်းကင်ဘုံတံဆိပ် ရှိမရှိကို ဘယ်သူ သိနိုင်မှာ လဲ။ အဲဒါက ဟာသသက်သက်ဆိုရင်ရော။" ကောင်းကင်နတ်ဘုရား ပညာရှင်တစ်ဦးက ပဲ့တင်ထပ်အသံဖြင့် ပြောလိုက်သည်။

ရုတ်တရက် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူလူအုပ်ကြီးသည် ရင်ပြင် အတွင်းမှာ အတင်းအဖျင်း ပြောလာကြပြီး၊ ယခုအချိန်တွင် အားလုံးက ၎င်းတို့၏သံသယ များကို ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။

ချင်ယွင်လည်း အရမ်းသိချင်နေခဲ့သည်။ ဤစတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်၏ သတင်းသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ ဤကျောက်တုံးကြီးကို မည်သူကမှ မဖြတ်ကျော်နိုင်ခဲ့သည့်အတွက် ဤကောင်းကင်ဘုံတံဆိပ်သည် ဤကျောက်တုံးကြီးထဲမှာ ရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။

ချန်ယုက ပြုံးပြီး ရှင်းပြသည် "လူတိုင်း၊ ဒီစတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ဟာ ဒီကျောက်တုံးထဲမှာ ရှိနေတယ်ဆိုတာ ငါ အာမခံနိုင်ပါတယ်။ မင်းတို့ ငါ့ကိုမယုံရင်တောင် ကောင်းကင်လေဘိုးဘေးနတ်ဘုရားကို မယုံဘူးလား။ ဒီသတင်းက သူ့ပါးစပ်ကနေ ထွက်ပေါ်လာတာ။"

"ကြီးမြတ်သော ကောင်းကင်လေဘိုးဘေးနတ်ဘုရားလား" ကွင်းပြင်ထဲတွင် ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့ကြသည်။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။

ထိုကြီးမြတ်သော ကောင်းကင်လေဘိုးဘေးနတ်ဘုရားကို သူလည်း ကြားဖူးသည်။ ထိုဘိုးဘေးနတ်ဘုရားသည် နှစ်ပေါင်း ကုဋေရာနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သည်ဟု ဆိုကြ သည်။ ထို့အပြင်၊ ထိုလူ၏ပင်ကိုယ်စွမ်းရည်က ရှေးဖြစ်ဟောခြင်း ဖြစ်သည်။ သူဟောခဲ့သမျှ အရာအားလုံးကလည်း ဖြစ်ပျက်ခဲ့သည်။

ချန်ယုသည် ထိုစကားများကို ပြောပြီးသည်နှင့်ပင် တက်ရောက်လာသူ အားလုံးက ကန့်ကွက်ခြင်း မရှိကြတော့ပေ။ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်သည် ဤကြီးမား သော သွေးကျောက်တုံးအတွင်း၌ ရှိနေသည်ဟု လူတိုင်းက ယုံကြည်လာကြသည်။

ချန်ယုသည် လူအုပ်ကြီးက ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ သူက ပြုံးရင်း "ဒါဆိုလည်း, ကျေးဇူးပြုပြီး ဒီသွေးကျောက်တုံးကို ဖွင့်ဖို့ ကြိုးစားကြပါ" ပြောလိုက်ပါ သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပါသည်။

"ငါလုပ်မယ်" နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ရှေ့သို့ ခြေလှမ်းလှမ်းရန် ပထမဆုံး ထွက်ပေါ်လာပြီဟု ဆိုနိုင်သည်။

All Chapters