အခန်း ၁၇၄၀
Vol. 116 Ch. 1740
အခန်း (၁၇၄၀) အမှောင်ရှေးဟောင်းမီးလျှံ
ပထမဦးဆုံး အသံထွက်ပေါ်လာသည်နှင့် လူတိုင်း၏အကြည့်တွေက ထိုလူအပေါ် ကျရောက်သွားကြသည်။
လူထွားကြီးတစ်ဦးသည် လူအုပ်ထဲမှ ထွက်လျှောက်လာသည်။ သူသည် အရပ်ရှည်ပြီး ခွန်အားကြီးကာ ထူးထူးခြားခြား ကြီးစိုးနေပုံရသည်။
ချင်ယွင်သည် သူ့ရှေ့ရှိ လူထွားကြီးကို စူးစမ်းလိုစိတ်ဖြင့် ဂရုတစိုက် ကြည့်မိသည်။ ဤလူထွားကြီး၏ ခွန်အားက အားနည်းခြင်း မရှိပါဘူး။ သူသည် သူသည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် မရောက်ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
လူထွားကြီးသည် လူအုပ်ထဲမှ ထွက်လျှောက်လာရင်း, သူ့မျက်နှာက မာန်မာနနှင့် အပြည့်နှင့်ပင်။
"ဒီကျောက်ခဲက ကိုင်တွယ်ရခက်တယ်လို့ မင်းတို့အားလုံး ပြောနေမှတော့ ဘယ်လောက် မာကြောလဲဆိုတာ ငါကြိုးစားကြည့်မယ်။" လူထွားကြီးက ရယ်မောလိုက်သည်။
သူပြောပြီးသည်နှင့် သူ့လက်ထဲတွင် နတ်ဘုရားပုဆိန်တစ်လက် ပေါ်လာသည်။ သူသည် ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ဧရာမကျောက်တုံးကြီးဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက် သည်။
ဧရာမပုဆိန်ကြီးထံမှ တုနှိုင်းမရအောင် အင်အားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဧရာမကျောက်တုံးကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
သို့သော် သူ၏ပုဆိန်ကြီးသည် ကျောက်တုံးကြီးကိုမထိမီ၊ ၎င်းသည် ကျောက်တုံးကြီး၏ ထူးခြားပြီး ကြောက်မက်ဖွယ် စွမ်းအားကြောင့် လွင့်ထွက်သွားပြီး ဖြစ်သည်။ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး သူ့အမူအရာက ထိတ်လန့်သွားသည်။
"သူက တကယ်ကို တိုက်ရိုက် ပြန်ကန်ပြီး တိုက်ခိုက်တယ်။ ဒီကျောက်တုံးက အတိအကျ ဘာလဲ" လူထွားကြီးက တုန်လှုပ်စွာ ပြောသည်။
ထိုအခိုက်အတန့်တွင် သူ၏တိုက်ခိုက်မှုသည် တိုက်ရိုက် ပြန်ကန်သွားခဲ့သည်။ ၎င်း၏ သက်ရောက်မူစွမ်းအားက လျော့မသွားဘဲ အများကြီး တိုးလာခဲ့သည်။
ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်နှလုံးထဲမှာ အံ့ဩခြင်းများ ဖြင့် ပြည့်နှက်နေခဲ့သည်။
ဤထူးဆန်းသော ကျောက်တုံးသည် မရိုးရှင်းကြောင်းကို အားလုံး ကြားသိခဲ့ကြသော် လည်း ၎င်းတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ဖူးကြပေ။ အခုတော့ ထိုလူထွားကြီးက ထိုအရာနှင့် ပတ်သက်ပြီး သူတို့ကို တိုက်ရိုက် သရုပ်ပြသွားခဲ့သည်။
"ငါ လူတိုင်းကို ပြောပြဖို့ မေ့သွားခဲ့တယ်။ ဒီထူးဆန်းတဲ့ကျောက်တုံးကို တခြား စွမ်းအားတွေနဲ့ လွှမ်းခြုံထားတယ်။ အဲဒီစွမ်းအားက တိုက်ခိုက်မှုအားလုံးကို ပြန်လည် တွန်းလှန်နိုင်စွမ်း ရှိတယ်။" ချန်ယုက ပြုံးပြုံးလေး ပြောလိုက်သည်။
ကွင်းပြင်ရှိလူတိုင်း စိတ်ထဲ၌ ကျိန်ဆဲနေကြသည်။
ချန်ယုသည် ဤအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရည်ရွယ်ချက်က ပထမဆုံးလူကို ရှုံးနိမ့်သွားအောင် လုပ်ဆောင်ခြင်းပင်။
ကွင်းပြင်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော်လည်း အခြားမည်သူမျှ ရှေ့မတိုးခဲ့ပေ။
"ငါလုပ်မယ်"
ထိုအချိန်တွင် ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
ခမ်းနားသော၀တ်စုံကို ဝတ်စားထားသည့် လူငယ်တစ်ယောက်သည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။
"သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀၃ က ကျောင်းလျန် မဟုတ်လား။ သူ့ဓားပညာက အရမ်းအစွမ်းထက်တယ်လို့ ငါ ကြားတယ်။ သူတကယ် ထွက်ပေါ်လာမယ်လို့ ငါ မမျှော်လင့်ထားပါဘူး။"
"ဓားနည်းပညာက အလွန်အစွမ်းထက်တောရော ဘာအသုံးကျမှာလဲ။ သာမာန် တိုက်ခိုက်နည်းတွေက ဒီကျောက်တုံးကြီးကို ဘာမှလုပ်မနိုင်ဘူး။ ဟိုတချိန်တုန်းက ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဒီကျောက်တုံးကို ဖွင့်ခဲ့ဖူးတယ်”။
…
ကွင်းပြင်အတွင်း ဆွေးနွေးမှုများက အဆုံးမရှိတော့ပေ။ လူအုပ်ထဲမှ ထွက်သွားသော ကျောင်းလျန်ကို လူတိုင်း ကြည့်လိုက်ကြသည်။
"ဒီကျောင်းလျန်က တကယ်ကို သေခြင်းတရားကို တောင်းခံနေတာပဲ။ သူက ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့်တစ်ရာ သတ်မှတ်ခံရပြီးနောက်၊ ဒီကျောက်တုံးကြီးကို ချိုးဖြတ်ချင်နေတယ်။" လုံယွန်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သည်။
"ဒါက မဖြစ်နိုင်ပေမယ့် ကျောင်းလျန်ရဲ့ ရဲစွမ်းသတ္တိကတော့ ချီးကျူးစရာပါ။" လုံဟန်က ပြုံးပြီး ပြောသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ မှန်ပါသည်။ ထိုကျောက်တုံးသည် ကျောင်းလျန် ဖွင့်နိုင်သည့် အရာမဟုတ်ကြောင်းလည်း သူလည်း ခံစားမိပါသည်။
ကျောင်းလျန်ကို မဆိုထားနှင့်, လုံဟန် တိုက်ခိုက်လျှင်ပင် ကျောက်တုံး၏ မျက်နှာပြင် ပေါ်ရှိ စွမ်းအားတွေကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။
ဘန်း….။
ကျောင်းလျန်သည် လူတိုင်း၏ သရော်လှောင်ပြောင်မှုကို လျစ်လျူရှုကာ ကျောက်တုံး၏ စွမ်းအင်၏ အပြင်ဘက်ဆုံးအလွှာဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။
သူသည် အင်အားအပြည့်ဖြင့် တိုက်ခိုက်မည့်အစား သူ့ အစစ်မှန် အဓိပ္ပာယ်ကို ဖြန့်ကျက်ပြီး သူ့ဓားကို ဖုံးအုပ်လိုက်ပါသည်။
သူသည် သူ့ အစစ်မှန် အဓိပ္ပါယ် ဉပဒေသကို အသုံးပြုနေစဉ်၊ သူ့လက်ထဲတွင်ရှိသော ဓားသည် ချက်ချင်းပင် ချွန်ထက်လာပြီး ပြင်းထန်သော ချွန်ထက်မှုက လူများကို ထိတ်လန့်စေခဲ့သည်။
"တကယ်ကို စိတ်ပျက်စရာပါ။ စိတ်ဝင်စားဖို့လည်း ကောင်းသား။ သူ ထွက်ပေါ်လာဖို့ သတ္တိရှိတာ အံ့သြစရာ မရှိပါဘူး။" လုံဟန်က ပြုံးပြီး ပြောသည်။
"ရှပ်..၊ အဲဒါက ဘာအသုံးဝင်မှာလဲ။ ဒီဖြိုခွဲခြင်း အစစ်မှန် အဓိပ္ပာယ် စွမ်းအားက ငါ့ရဲ့ အကာကွယ်ကို နည်းနည်းလေးတောင် မထိုးဖောက်နိုင်ဘူး။ သူကများ ဒီကျောက်တုံးကြီး ကို ဖြတ်ကျော်ချင်သေးတယ်" လုံယွန်က လှောင်ပြောင် ပြောသည်။
လုံဟန်က ခေါင်းယမ်းလိုက်ပြီး အားကိုးရာမဲ့ ပြုံးနေသော်လည်း သူသည်လည်း လုံယွန်၏ စကားကို သူ့စိတ်ထဲမှာ သဘောတူလိုက်သည်။
ချင်ယွင်က ဘာမှမပြောဘဲ ကျောင်းလျန်ကို ကြည့်နေသည်။
ဘန်း..
ကျောင်းလျန်သည် သူ့လက်ထဲမှ ဓားကို ကျောက်တုံး၏ အပြင်ဘက်ဆုံးအလွှာရှိ မမြင်နိုင် သော စွမ်းအင်ဆီသို့ ဖြည်းညှင်းစွာ ထိုးစိုက်လိုက်သည်။
ဓား၏ချွန်ထက်သော ထိပ်ဖျားသည် မမြင်နိုင်သော စွမ်းအင်၏ အပြင်ဘက်ဆုံး အလွှာသို့ ထိုးဖောက်ဝင်ရောက်သောအခါ၊ ထိုစွမ်းအင်သည် စက်ဝိုင်းတစ်ခုအဖြစ် အတွင်းသို့ ဖိဝင်သွားသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်ရပြီး၊ ကျောင်းလျန်၏ဓားထိပ်ဖျားသည် လည်း ထိုစွမ်းအင်နှင့် အပြင်းထန် ထိတွေ့မူကြောင့် အလွန်လှပသော အလင်းတန်း တစ်ခု ကို ထုတ်လွှတ်လိုက်ပါသည်။
ကျောင်းလျန်သည် နာကျင်စွာဖြင့် သွားများကို ကြိတ်ကာ ဆက်လက် တိုက်တိုက်သည်။ သို့သော်၊ သူ့ဓားသည် ထိုထူးဆန်းသော စွမ်းအင်ကို သုံးလက်မအထိ ဖိနှိပ်ပြီးနောက် တစ်လက်မမျှ ရှေ့မတိုးသွားနိုင်တော့ပေ။
"ဘုန်း.."
အဆုံးတွင် စွမ်းအင်များ ပေါက်ကွဲအက်သွားကာ ကျောင်းလျန်သည် လွင့်ပျံသွားခဲ့သည်။ သို့သော် သူသည် ပြင်းပြင်ထန်ထန် ဒဏ်ရာမရရှိခဲ့ပေ။
ကွင်းပြင်ရှိ လူတိုင်းသည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချကြသည်။ သူ ကျရှုံးသွားခဲ့သည်။
သို့သော် ၎င်းသည် သူ့မျှော်လင့်ချက်အတွင်းမှာ ရှိနေပါသည်။ နောက်ဆုံးတွင်၊ ဤကျောက်တုံး ဖွင့်ပွဲဟုခေါ်သည့် အခမ်းအနားသည် မြင်းသေများအတွက် အသက်ရှင် မြင်းဆရာဝန်များ ဖြစ်လာနိုင်စေရန် ကြီးကျယ်ခမ်းနားသော စုဝေးမှုတစ်ခုလည်း ဖြစ်သည်။ (ဤအသုံးနှုန်းနှင့်ပတ်သက်၍ ရှေ့မှာ ပါခဲ့ပြီးဖြစ်ပါသည်)။
ထိုနောက်မှာတော့ လူတွေက အဆက်မပြတ် ရှေ့ထွက်လာကြသည်။ သူတို့အားလုံး အစွမ်းကုန် ကြိုးစားခဲ့ကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်တွေကလည်း မြင့်မားပါသည်။ သို့သော် ဤကျောက်တုံးကြီး၏ အပြင်ဘက်အလွှာရှိ စွမ်းအင်ကို မည်သူမျှ မချိုးဖျက် နိုင်ခဲ့ပါ။
အာဏာရှင် အစစ်မှန် အနှစ်သာရကို ထိန်းချုပ်ထားသည့် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၆၇ မှာရှိသည့် လူတစ်ယောက်သာ ထိုစွမ်းအင်ကို အပြင်းအထန် တွန်းလှန်ပြီး သုံးမီတာအထိ ရှေ့ဆက်နိုင်ခဲ့သည်။ ဟုတ်ပါသည်၊ သူ့လည်း အလျင်အမြန် တွန်းထုတ်ခံလိုက်ရသည်။
လူအများကြီး ကြိုးစားပြီးနောက်, လူတိုင်း၏မျှော်လင့်ချက်သည် ပို၍ပင် ပါးလျလာသည်။
ကျောက်တုံး၏ အပြင်ဘက်အလွှာရှိ စွမ်းအင်သည် သူတို့အတွက် ခုခံရန် အမှန်တကယ် ပြင်းထန်လွန်းလှသည်။ ဘိုးဘေးနတ်ဘုရားနယ်ပယ် ပညာရှင်များသည် ကျောက်တုံးကြီး ၏ အပြင်ဘက်ဆုံးအလွှာရှိ စွမ်းအင်ကို ချိုးဖျက်နိုင်သော်လည်း၊ ကျောက်တုံးကြီး ကိုယ်တိုင်က မာကျောမှုကြောင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများကို အကူအညီမဲ့မူ ခံစားရစေသည်။
ဟုတ်ပါသည်။ တိုက်ခိုက်ခဲ့သည့် ထိုဘိုးဘေးနတ်ဘုရားသည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားဖြစ်ပြီး၊ ထိုဘိုးဘေးနတ်ဘုရားသည် တိုက်ခိုက်ရာ၌ မကျွမ်းကျင်ပေ။ သို့သော်, လူတိုင်းက စမ်းကြည့်ချင်နေကြတုန်းပင်။
"ငါလုပ်မယ်"
ထိုအချိန်တွင် ကျယ်ပြောကောင်းကင်ဘုံဂိုဏ်းမှ မုယွီက စကားစပြောလာသည်။
မုယွီ ထွက်လာသောအခါ အားလုံး၏အကြည့်တွေက သူမအပေါ် ကျရောက်သွားကြသည်။
မုယွီသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ တစ်လျှောက်တွင် ကျော်ကြားသောကြောင့် သူမကို လှမ်းမြင်လိုက်သောအခါ လူတိုင်းက စပ်စုလိုကြသည်။
ချင်ယွင်၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။ ဤမုယွီသည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ဆဋ္ဌမအဆင့်မှာ ရှိသည်။ သူမသည် ရှေးခေတ် နတ်ဘုရားကမ္ဘာ၏ ကောင်းကင်နတ်ဘုရားများကြားတွင် ထိပ်တန်း၌ ရပ်တည်နေပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် မုယွီသည် မည်သည့်အတိုင်းအတာအထိ စွမ်းဆောင်နိုင်သည်ကို သူ အလွန်သိချင်နေခဲ့သည်။
"မုယွီရဲ့စွမ်းအားက မရိုးရှင်းဘူး။ သူမရဲ့ အစစ်မှန် အဓိပ္ပါယ်က အမှောင်ရှေးဟောင်းမီးလျှံ ရဲ့ အစစ်မှန် အဓိပ္ပါယ်ပဲ။ သူမရဲ့ သေခြင်းအငွေ့အသက်က အလွန်ပြင်းထန်တယ်။" လုံဟန်က ချင်ယွင်ကို မိတ်ဆက်ပေးသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အမှောင်ရှေးဟောင်းမီးလျှံ အစစ်မှန် အဓိပ္ပါယ်လား။
ထိုအမှောင်ရှေးဟောင်းမီးလျှံကို သူလည်း ကြားဖူးပါသည်။ ၎င်းသည် ဒဏ္ဍာရီလာ အနီရောင် ကြာပန်းကမ္မမီးလျှံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် မီးလျှံအမျိုးအစား ဖြစ်သည်။ ၎င်းသည် အလွန်ဆိုးရွားသော တည်ရှိမှုဟု ဆိုနိုင်သည်။ မုယွီ နားလည် သဘော ပေါက်ထားသည့် အစစ်မှန် အဓိပ္ပါယ်သည် ထိုအနှိုင်းမဲ့ ဆိုးဝါးသည့် အမှောင်ရှေးဟောင်း မီးလျှံဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။
ဘန်း…။
မုယွီက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူမ၏လက်ပေါ်တွင် အနက်ရောင် မီးတောက်တစ်ခု ပေါ်လာသည်။ အနက်ရောင် မီးတောက် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် အပူချိန်က မြင့်တက်မလာဘဲ ထူးထူးခြားခြား လျော့ကျသွားပြီး အလွန်မင်း ကြောက်စရာကောင်းသည့် အတိုင်းအတာအထိ ကျဆင်းသွားသည်။ အချို့သော ကောင်းကင်နတ်ဘုရားများပင်လျှင် သည်းမခံနိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက် နောက်ပြန် ဆုတ်သွားကြသည်။
"ဒါက အမှောင်ရှေးဟောင်းမီးလျှံပဲလား။ အရမ်းအစွမ်းထက်တယ်။ လောင်ကျွမ်းပြီးတာနဲ့ မငြိမ်းတော့ဘူးလို့ ပြောကြတယ်။ ကမ္ဘာပေါ်ရှိ အရာအားလုံးကိုတောင် ပြာဖြစ်အောင် မီးရှို့ပစ်နိုင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ မုယွီလက်ထဲက အနက်ရောင် မီးတောက်ကို ကြည့်လိုက်ရင်း သူ့ရင်ထဲမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေ သည်။
ထိုအခိုက်တွင် မုယွီသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မမြင်နိုင်သော စွမ်းအင်ဆီသို့ အနက်ရောင်မီးတောက်ကို ဖိနှိပ်လိုက်သည်။
ထူးဆန်းတာတစ်ခုခု ဖြစ်သွားခဲ့သည်။
ဤအနက်ရောင်မီးလျှံ၏ လောင်ကျွမ်းမှုအောက်တွင် ထိုအသွင်မဲ့စွမ်းအင်သည် လှုပ်ခါခြင်း မရှိဘဲ အမှန်တကယ် အရည်ပျော်သွားခဲ့သည်။
"အယ်...၊ သူမ အောင်မြင်သွားပြီလား"
လူတိုင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး အလွန်မင်း ချောက်ချားသွား သည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသည်။
စာစဉ် (၁၁၆) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။