အခန်း ၁၇၄၂
Vol. 117 Ch. 1742
အခန်း (၁၇၄၂) အရူးအမူး ဝါးမြိုခြင်း
"ထပ်ကြိုးစားဦးမလို့လား။ မင်း မလုပ်နိုင်ရင်လည်း ဆင်းလိုက်ပါ။ ဒါသက သက်သက် အချိန်ဖြုန်းနေတာပဲ"
ချင်ယွင်သည် ဒုတိယအကြိမ် ကြိုးစားရန် စီစဉ်နေကြောင်း အောက်ခြေမှ လူတစ်ဦးက မြင်ပြီး ချက်ချင်း ပြောလိုက်သည်။
"မှန်တယ်။ မင်းကိုယ်မင်း ဘိုးဘေးနတ်ဘုရားတစ်ပါးလို့ ထင်နေလား။ မင်းက စွမ်းအင်ရဲ့ အပြင်ဘက် အလွှာကိုတောင် မလှုပ်ခါနိုင်ဘူး။ မင်း ထပ်စမ်းကြည့်လည်း အသုံးမဝင်ဘူး။" နောက်တစ်ယောက်က ချက်ချင်း ပဲ့တင်ထပ်အသံဖြင့် အော်ပြောလိုက်သည်။
ရုတ်တရက် လူတိုင်းက ချင်ယွင်ကို သတ္တိကောင်းချင်ယောင်ဆောင်ဖို့ ကြိုးစားနေသည်ဟု ခံစားလိုက်ရပြီး အထင်မြင်သေးလာကြသည်။
"မင်းတို့ ဘာတွေ အော်နေတာလဲ။ မင်းတို့ မယုံဘူးဆိုရင် ငါ့လက်သီးအကြောင်း အရင် မေးကြပါ" လုံဟန်သည် ကြည့်မနေနိုင်တော့ဘဲ ဒေါသတကြီး ဟောက်လိုက်သည်။
ပတ်ဝန်းကျင်သည် ချက်ခြင်းငြိမ်သွားကာ စောဒကတက်သံများ မရှိတော့ပေ။ သို့သော် ချင်ယွင်ကို ကြည့်နေသည့် သူတို့အကြည့်တွေက ရှုတ်ချမူများဖြင့် ပြည့်နှက်နေသေးသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ အခုနက သူသည် ပေါ့ပေါ့ပါးပါး စမ်းကြည့်လိုက် ခြင်းဖြစ်သည်။ သူ့ခွန်အား၏ ၃၀ ရာခိုင်နှုန်းကိုတောင် အသုံးမပြုခဲ့ပါဘူး။ အခြားလူတွေ သူ့ကို အထင်သေးသည်မှာ ပုံမှန်ပင်။
သို့သော် သူ၏ယခင်ကြိုးစားမှုဖြင့် ချင်ယွင်သည် တစ်ချက် သေချာသွားသည်။
ယင်းက ထိုကျောက်တုံးကြီးမှ ထွက်ပေါ်လာသည့် စွမ်းအင်သည် တကယ်ကို တခြား စကြာဝဠာမှ စွမ်းအားတစ်မျိုး ဖြစ်သည်။
စကြဝဠာကြီး၏ ကောင်းကင်ကိုယ်ထည်များကြားတွင် အားကောင်းသည့် စွမ်းအားတစ်ခု ရှိပြီး၊ ထိုစွမ်းအားကို သံလိုက်ဓာတ်စွမ်းအားဟုခေါ်သည်။ (ကောင်းကင်ကိုယ်ထည်ဟူသည် အာကာသအတွင်း နက္ခတ္တဗေဒပညာရှင်များ ကြည့်ရှုလေ့လာသည့် မည်သည့် အရာ မဆို ဖြစ်သည်။ ၎င်းတို့ကို တစ်ခါတစ်ရံ "ကောင်းကင်အရာဝတ္ထုများ", "နက္ခတ္တဗေဒအရာ ဝတ္ထုများ" သို့မဟုတ် "ကောင်းကင်ဘုံခန္ဓာများ" အဖြစ်လည်း ရည်ညွှန်းကြသည်။ ၎င်းတွင် ဂြိုလ်များ၊ ကြယ်များ၊ လများ၊ ဂြိုဟ်သိမ်များ၊ ကြယ်တံခွန်များ သို့မဟုတ် နက်ဗျလာနှင့် ဂလက်ဆီများပင် ပါဝင်နိုင်သည်။)
ထို့ကြောင့်၊ အခုနက ချင်ယွင်၏ လက်ချက်သည် ပျော့ပျောင်းပြီး ကြီးမားသော လက်သီး ချက်ဟု ထင်ရသည်။ အမှန်မှာ၊ သူ့ကနဦးစကြဝဠာသည် ကျောက်တုံးမှ ထုတ်လွှတ်သော သံလိုက်ဓာတ်စွမ်းအားကို စုပ်ယူနိုင်စွမ်းရှိမရှိ သိရှိလိုခြင်းဖြစ်သည်။
သေချာသည်မှာ, ရလာဒ်က သူ့မျှော်လင့်ချက်ထက် မပိုခဲ့ပါဘူး။
သူ့ကနဦးစကြဝဠာ၏ တွင်းနက်ကြီးသည် ထိုစွမ်းအားကို လုံးဝ စုပ်ယူနိုင်စွမ်း ရှိသည်။
ဘန်း…။
ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့လက်ဖဝါးပေါ်မှာ လက်သီးစုပ်အရွယ် တွင်းနက်တစ်ခု ပေါ်လာသည်။
ထိုတွင်းနက်လေး ပေါ်လာသည်နှင့် ဧရာမကျောက်တုံးကြီး၏ မျက်နှာပြင်ကို မူလက ဖုံးအုပ်ထားသော သံလိုက်ဓာတ်စွမ်းအားကိုလည်း တွင်းနက်လေးမှ ဝါးမျိုလိုက်လေသည်။
"အဲဒါ ဘာလဲ၊ တွင်းနက်တစ်ခုလား။ ဖြစ်နိုင်တာက သူက တွင်းနက်ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ထားတာများလား”။
"ဒီတွင်းနက်မှာ ပြင်းထန်တဲ့ ဝါးမျိုခြင်းဆန္ဒတစ်ခု ရှိနေတာက အခွင့်ရေးကောင်း တစ်ခု ဖြစ်သင့်တယ်။ ဒီကောင်က ဒီကျောက်တုံးရဲ့ မျက်နှာပြင်ပေါ်က စွမ်းအင်တွေကို ဝါးမျိုသွား သင့်တယ်။"
"သူ တကယ်လုပ်ဝံ့တယ်။ ဒီကျောက်တုံးကြီးရဲ့ စွမ်းအင်က အလွန်အားကောင်းပြီး ကြောက်စရာကောင်းလွန်းတယ်။ သူ ဒီလိုစွမ်းအင်မျိုးကို မျိုချလိုက်ရင် တုံ့ပြန်ခံရမှာ သူ မကြောက်ဘူးလား။"
…
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အဆုံးမဲ့ ဆွေးနွေးနေကြပါသည်။ သူတို့အားလုံး ချင်ယွင်၏ လက်ထဲက တွင်းနက်ကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်။
တွင်းနက်ဆန္ဒလား?
မုယွီ၏ မျက်လုံးများက အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။ တွင်းနက် အစစ်မှန် အဓိပ္ပာယ်သည် အတော်လေး အစွမ်းထက်သည့် ပထမတန်းစား အစစ်မှန် အဓိပ္ပာယ်လည်း ဖြစ်သည်။ ဤအစစ်မှန် အဓိပ္ပာယ်ကို နားလည်ပြီးသည်နှင့် အရာအားလုံးကို မျိုချနိုင်ပြီး သူ့ကိုယ်သူ ဘယ်တော့မှ စွမ်းအား ထပ်မံဖြည့်တင်းရန် မလိုအပ်တော့ပေ။ အမှန်တော့၊ တွင်းနက် အစစ်မှန် အဓိပ္ပာယ်သည် အရာအားလုံးအပေါ် အသုံးပြုနိုင်သည့်အရာ မဟုတ်ပေ။ အကယ်၍, ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ကဲ့သို့ အထူးအစွမ်းထက်သော စွမ်းအားမျိုးကို မျိုချမိပါက၊ သူသည် ပြင်းထန်သော တုံ့ပြန်မှုကို ခံရနိုင်ဖွယ် ရှိသည်။
သူတို့ရှေ့ရှိ ကျောက်တုံးများမှ ထုတ်လွှတ်နေသော တန်ခိုးစွမ်းအားသည် ဘိုးဘေး နတ်ဘုရား၏ တန်ခိုးတော်ထက် နိမ့်ကျသော်လည်း ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ထက် အားနည်းခြင်းမရှိကြောင်း ထင်ရှားပါသည်။
ကျောင်းထျန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လေးနက်မှု အရိပ်အယောင်က သူ့မျက်လုံးထဲတွင် တောက်ပလာသည်။
တွင်းနက် အစစ်မှန် အဓိပ္ပာယ်သည် ကိုင်တွယ်ရလွယ်ကူသည့် အစစ်မှန် အဓိပ္ပာယ်မျိုး မဟုတ်ပေ။ ဤကဲ့သို့ အစစ်မှန် အဓိပ္ပာယ်ကို နားလည်ထားသူသည် အလွန့်လွန် နည်းပါးပါသည်။ ချင်ယွင်သည် တွင်းနက်၏ အစစ်မှန် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
လုံဟန်နှင့် လုံယွန်တို့သည် အံ့အားသင့်နေသည့် အမူအရာကိုယ်စီ ဖော်ပြလာကြသည်။
သူတို့သည် ချင်ယွင်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီး၊ ချင်ယွင်သည် သိုင်းတာအိုနှင့် လေဟာနယ်ကြေးမှုန်ပုံရိပ်တို့၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ထား ကြောင်း သိရှိထားသည်။ အရင်က နားလည်ခဲ့သည့် လေဟာနယ် အစစ်မှန် အဓိပ္ပါယ် အပြင်၊ အခု အဘယ့်ကြောင့် တွင်းနက် အစစ်မှန် အဓိပ္ပာယ်က ရှိနေရပြန်သနည်း။
ယခုအချိန်တွင်၊ ချင်ယွင် အစစ်မှန် အဓိပ္ပါယ်တွေကို မည်မျှနားလည်ထားကြောင်း သူတို့ အမှန်တကယ် မေးမြန်းချင်နေပါသည်။
ချင်ယွင်က ဘာမှပြန်မပြော။ ယင်းအစား သူသည် ချက်ချင်းပင် တွင်းနက်ကို ဆယ်ဆ ချဲ့ထွင်လိုက်သည်။
တွင်းနက်ကြီး ကျယ်လာသည်နှင့်အမျှ ဧရာမကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်ရှိ စွမ်းအားများသည် ချင်ယွင်၏တွင်းနက်ဆီသို့ ချက်ချင်းပင် အရှိန်ပြင်းစွာ တိုးဝင်လာသည်။
ထိုစွမ်းအားကို စုပ်ယူလိုက်သည်နှင့်အမျှ ချင်ယွင်၏ ကနဦးစကြဝဠာ၏ ကောင်းကင် ကိုယ်ထည်များသည် ပိုမိုစနစ်တကျ လှုပ်ရှားလာကာ စကြဝဠာ၏ အရွယ်အစားသည် စတင် ကြီးထွားလာသည်။
ထိုသို့သော ပြောင်းလဲမှုက သဘာဝအတိုင်း ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ ထို့ကြောင့် သူသည် ဤထူးဆန်းသော စွမ်းအားအားလုံးကို ဝါးမျိုရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤကျောက်တုံးကြီးသည် ဤမျှကြံ့ခိုင်သော စွမ်းအားကို ပိုင်ဆိုင်ရခြင်း၏ အကြောင်းရင်းမှာ ထိုကျောက်တုံးကြီးတွင် ဤမျှ များပြားသော တန်ခိုးတော်များ ပါရှိနေသောကြောင့် ဖြစ်သည်။
သူသည် ဤနတ်ဘုရားတန်ခိုးစွမ်းအား အားလုံးကို လုံးလုံးလျားလျား စုပ်ယူနိုင်သရွေ့ ကျောက်တုံးကြီးကို ချိုးဖြတ်နိုင်ရန် သူ့အတွက် များစွာ လွယ်ကူသွားပါလိမ့်မည်။
ချင်ယွင်သည် ကျောက်တုံးကြီးဆီသို့ ဆက်လက် လျှောက်သွားခဲ့သည်။ မကြာမီ ကျောက်တုံးကြီး၏ မျက်နှာပြင်ပေါ်ရှိ စွမ်းအားကို ချင်ယွင်က လုံးဝ စုပ်ယူသွားခဲ့သည်။
ချင်ယွင်သည် သူ့လက်ကို ကျောက်တုံးမျက်နှာပြင်ပေါ်တွင် ရိုးရှင်းစွာ တင်လိုက်ပြီး ကနဦး စကြာဝဠာရှိ တွင်းနက်၏ စုပ်ယူခြင်းစွမ်းအားကို တိုးမြင့်လိုက်ပါသည်။
ကျောက်တုံးကြီး၏ စွမ်းအားက သူ့ကို ပေါက်ကွဲသွားစေမည်ကို သူ စိုးရွံ့နေစရာ မလိုပါ ဘူး။ ကျောက်တုံးကြီးမှာ စွမ်းအား မည်မျှရှိနေပါစေ၊ ချင်ယွင်၏ ကနဦးစကြာဝဠာအတွက် မူ, ၎င်းသည် ရေပုံးထဲက ရေတစ်စက်သာသာ ရှိပါသေးသည်။
သေချာသည်မှာ, သူ နည်းနည်းပိုစုပ်ယူနိုင်လေ နည်းနည်းပိုကောင်းလေ ဖြစ်လိမ့်မည်။ အနည်းဆုံးတော့၊ အကယ်၍, သူသာ ထိုစွမ်းအင်မျိုးကို မျိုချလိုက်မည်ဆိုလျှင်, သူ့ကနဦး စကြဝဠာသည် နှစ်ထောင်ပေါင်းများစွာကြာအောင် သဘာဝအတိုင်း စကြဝဠာ၏စွမ်းအား ကို စုပ်ယူရခြင်းကို ချွေတာရာရောက်ပါသည်။
ချင်ယွင်သည် ကျောက်တုံးကြီး မျက်နှာပြင်ပေါ်ရှိ သံလိုက်စွမ်းအားကို အရူးအမူး မျိုချနေ သော်လည်း ဘေးနားရှိ လူအုပ်ကြီးကတော့ ထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။
မူလက ချင်ယွင်၏ ဤထူးခြားသော စွမ်းအားကို စုပ်ယူနိုင်စွမ်းသည် မဆိုးသေးဟုသာ သူတို့ ထင်ခဲ့ကြသည်။ အများဆုံး သူ တခဏသာ စုပ်ယူနိုင်မည်ဟု ထင်မိကြသည်။ သို့သော် ချင်ယွင်သည် ချက်ချင်းကြီး ဝါးမျိုသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ သူသည် ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ စွမ်းအားများကို လုံး၀ စုပ်ယူနိုင်ရုံသာမက ကျောက်တုံးကြီးအတွင်းမှ စွမ်းအားများကိုပါ အရူးအမူး စုပ်ယူနေပါသည်။
လက်ရှိ ရောက်ရှိနေသူ လူတိုင်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ကျွမ်းကျင်သူ များ ဖြစ်ကြပါသည်။ ဧရာမကျောက်တုံးကြီးအတွင်းမှ စွမ်းအားများ လျင်မြန်စွာ လျော့ကျသွားသည်ကို သူတို့ မည်သို့ မခံစားမိဘဲနေမည်နည်း။
ဤကြောက်မက်ဖွယ် လျော့ကျမူနှုန်းက သူတို့အား ထိတ်လန့်စေပါသည်။
စက္ကန့်တိုင်းသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ရာ ဝါးမျိုးနှုန်းနှင့် ညီမျှသည်။ အခုတော့ အမွှေးတိုင်တစ်ချောင်းထိန်းညှိချိန် ကုန်ဆုံးသွားခဲ့ပြီ။ ချင်ယွင် ဝါးမျိုသွားသည့်စွမ်းအားက အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်ပေါင်း မည်မျှရှိမည်ကို တွေးကြည့်နိုင်ပါသည်။
ချင်ယွင်သည် ဤမျှကြောက်စရာကောင်းသော စွမ်းအားကို မည်သို့ ခံနိုင်ရည်ရှိနေကို သူတို့ အမှန်တကယ်ပင် တွေးကြည့်၍ မရပေ။
"အလို ကောင်းကင်ဘုံ, ဒီကောင်က အတိကျ ဘယ်သူလဲဟ။ ဖြစ်နိုင်တာက, သူက ဒီကျောက်တုံးကြီးထဲက စွမ်းအားအားလုံးကို မျိုချချင်နေတာများလား”။
"သူ အဲဒီလိုလုပ်ဖို့ စီစဉ်ရှိတယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် ဒါက အရမ်းကြောက်ဖို့ ကောင်းတယ်။ ဒီကျောက်တုံးကြီး နှစ်ပေါင်း ၁၀ ဘီလီယံနဲ့ချီပြီး ဒီမှာ ရှိနေခဲ့တာ။ ဒီကျောက်တုံးကြီးရဲ့ စွမ်းအား ရာဂဏန်းအောက်ပဲ ကုန်ဆုံးလိမ့်ဦးမယ်။ အခု, သူက ဒီကြောက်စရာကောင်းတဲ့ စွမ်းအားတွေ အားလုံးကို ဝါးမြိုချင်နေတာ။ ဒီအကြောင်းကို တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းတယ်။"
…
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အလွန်ချောက်ချားနေကြပြီး၊ စကားမပြောနိုင် ဖြစ်နေကြပြီး၊ သူတို့ဦးရေပြားများပင် ထုံကျင်သွားကြသည်။
သူတို့ကို မဆိုထားနှင့်, လုံယွန်၊ လုံဟန်နှင့် အခြားသူများ၏ မျက်ခွံများပင် ပြင်းပြင်း ထန်ထန် လှုပ်ယမ်းသွားကြသည်။ ချင်ယွင် စုပ်ယူထားသည့် စွမ်းအားများ ရုတ်တရက် ပေါက်ကွဲသွားမည်ကို သူတို့ အမှန်တကယ် ကြောက်လန့်နေခဲ့ကြသည်။
ဤနည်းဖြင့် ချင်ယွင်၏အလောင်းကို မဆိုထားနှင့်, ကောင်းကင်အင်ပါယာမြို့တော်ရှိ ကျွမ်းကျင်ပညာရှင်များအားလုံးကို သူနှင့်အတူ သင်္ဂြိုဟ်ခံရမည် ဖြစ်သည်။
မုယွီနှင့် ကျောင်းထျန်းတို့သည် ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ လူတိုင်းကို စိတ်ဓာတ်ကျစေ သည့် တစ်စုံတစ်ခုကို ပြောလိုက်ပါသည် "ဝါးမျိုပြီး စုပ်ယူတာက အမြန်နှုန်း မလုံလောက် သေးဘူး။ ငါ နည်းနည်း အရှိန်ပိုမြှင့်ဖို့ လိုအပ်နေသေးတယ်။"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ အခြားလက်တစ်ဖက်သည်လည်း ကျောက်တုံး၏ မျက်နှာပြင်ပေါ် ဖိချသွားသည်။
ချက်ချင်းပင်၊ ချင်ယွင်၏ ကနဦးစကြဝဠာ ဝါးမျိုခြင်းစွမ်းအားသည် ကန့်သတ်ချက်အထိ ကျယ်ပြန့်လာခဲ့ပြီး ဧရာမကျောက်တုံးကြီးသည်ပင် တုန်လှုပ်လာသည်။
ချင်ယွင်သည် အရူးအမူး ဝါးမျိုနေပြီး၊ အနီးနားရှိလူတိုင်း ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။
အချိန်တစ်နာရီ ကြာသွားခဲ့ပြီ။
နှစ်နာရီ
တစ်နေ့ ကုန်ဆုံးသွားပြီ။
သုံးရက်…။
ချင်ယွင်သည် ဆယ်ရက်ပြည့်အောင် ဝါးမျိုနေခဲ့သည်။
အနီးနားရှိ လူများကလည်း ထိုနေရာတွင် ဆယ်ရက်ကြာ ရပ်နေသော်လည်း အားလုံး ထိတ်လန့်နေကြသည်။
သို့သော် ဤအခိုက်အတန့်တွင် ကျောက်တုံးကြီး၏ မျက်နှာပြင်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် စူးစမ်း၍မရနိုင်သော အက်ကြောင်းလေးတစ်ခု ပေါ်လာသည်။
သို့သော် ထိုအသံက လူတိုင်း၏နားထဲတွင် မိုးခြိမ်းသံတစ်သိန်းနှင့် တူနေပါသည်။