အခန်း ၁၇၄၃
Vol. 117 Ch. 1743
အခန်း (၁၇၄၃) ဒီစကားက ငါ့ကို ရူးသွပ်စေတယ်။
သေးငယ်သော အက်ကြောင်းအသံသည် အလွန်တိုးညှင်းသော်လည်း ရောက်ရှိနေသူ လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။
ကျောက်တုံးကြီး အက်ကွဲသွားသည်။
ဘိုးဘေးနတ်ဘုရားတောင် မလှုပ်ခါနိုင် မဖျက်စီးနိုင်သည့် ထိုကျောက်တုံးကြီးသည် တကယ်ကို အက်ကွဲသွားခဲ့သည်။
ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများအပြင် မုယွီနှင့် ကျောင်းထျန်းတို့သည် ထိတ်လန့်သော အမူအရာများကို ဖော်ပြနေခဲ့ကြသည်။
ဆယ်ရက်ကြာသွားခဲ့သည်။ သူတို့သည့် ဆယ်ရက်ပြည့်အောင် စောင့်ဆိုင်းနေခဲ့ကြသည်။ အခု နောက်ဆုံးတွင် သူတို့သည် တုံ့ပြန်မှုတစ်ခု ရရှိခဲ့ပါပြီ။
သူတို့သည် အကယ်၍, ချင်ယွင်သည် ကျောက်တုံးအတွင်းမှ စွမ်းအားကို ဆက်လက် စုပ်ယူ နေမည်ဆိုပါက နောက်ဆုံးရလာဒ်က ဤကဲ့သို့ ဖြစ်မည်ကို သိရှိထားသော်လည်း၊ ထိုအခိုက်တန့်တွင် အမှန်တကယ် ဖြစ်ပျက်လာသောအခါ ၎င်းတို့၏စိတ်နှလုံးထဲတွင် အဆုံးမဲ့ တုန်လှုပ်နေရဆဲ ဖြစ်သည်။
"ဖွင့်လိုက်ပြီ၊ ဖွင့်လိုက်ပြီ"
လုံဟန်နှင့် လုံယွန်တို့၏ မျက်နှာများသည် အလွန်မင်း စိတ်လှုပ်ရှားနေသည့် ခံစားချက်များ ဖြစ်ပေါ်နေကြသည်။ အချိန်ဆယ်ရက် ကြာသွားပြီးနောက်၊ သူတို့သည် ထုံကျင်နေရခြင်း မရှိတော့သလို ချင်ယွင်အတွက် အချိန်တိုင်း စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။
ယခု ကျောက်တုံးကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသဖြင့် သူတို့သည် သဘာဝ အတိုင်း ပျော်ရွှင်ပြီး အံ့အားသင့်သွားကြသည်။
"ဖျစ်….၊"
ချင်ယွင်သည် ၎င်းကို ဆက်လက် စုပ်ယူနေသည်နှင့်အမျှ ကျောက်တုံးကြီးပေါ်ရှိ အက်ကြောင်းများသည် တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။ နောက်ပိုင်းတွင် ကျောက်တုံးကြီး ၏ မျက်နှာပြင်ကို အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ချင်ယွင်လည်း ထိုအချိန်မှာ ရပ်တန့်သွားသည်။ သူသည် ထိုကျောက်တုံးကြီးထဲက စွမ်းအင် အားလုံးကို စုပ်ယူပြီးသွားပြီ။ ဤအားကောင်းသော သံလိုက်နတ်ဘုရားတန်ခိုး စွမ်းအား သာမရှိလျှင် ဤကျောက်တုံးကြီးသည် အတော်လေး ဖျက်ဆီးရလွယ်ကူသွားပြီ။
လွန်ခဲ့သော ဆယ်ရက်အတွင်း စွမ်းအင်စုပ်ယူမှုနှင့်အတူ၊ ချင်ယွင်၏ ကနဦးစကြဝဠာသည် လည်း ကြီးမားသည့် တိုးတက်မှုကို ရရှိခဲ့ပြီး၊ သူသည် နောက်ထပ် ခြေတစ်လှမ်းအဖြစ် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ချင်ယွင်သည် သဘာဝအတိုင်း အလွန်ပျော်ရွှင်နေခဲ့သည်။
ယခု ကောင်းကင်ဘုံတန်ခိုရှင်သည် ဒုက္ခအကြီးအကျယ် ရောက်ရှိနေသည်။ ထို့ကြောင့်၊ ဤအချိန်သည် သူ့ကနဦးစကြာဝဠာ ကြီးထွားရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ထို့ကြောင့်၊ သူ၏ လက်ရှိအာရုံစူးစိုက်ရမည့်အရာမှာ ကနဦးစကြာဝဠာအတွက် စွမ်းအင်ကို စုပ်ယူပြီး ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို နားလည်ဆင်ခြင်ရန်ဖြစ်သည်။
"ဘုန်း"
ချင်ယွင်သည် ကျောက်တုံးကြီးမျက်နှာပြင်ပေါ်ကို သူ့လက်သီးဖြင့် ရိုက်ခွဲလိုက်ရာ ချက်ခြင်းဆိုသလို အက်ကြောင်းများက လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
နောက်ဆုံး "ဘုန်း" ဆိုသည့် ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးကြီးတစ်ခုလုံး ပြိုကျသွား သည်။
ဧရာမကျောက်တုံးကြီးအတွင်းမှာ အနှိုင်းမဲ့ လင်းလက်တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် ရွှေရောင်းအပိုင်းအစတစ်ခု လွင့်မျောနေသည်။
"ကောင်းကင်ဘုံတံဆိပ်၊ တကယ်ကို ကောင်းကင်ဘုံတံဆိပ်ပဲ"
"စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ် ထွက်ပေါ်လာပြီ။"
ပတ်ဝန်းကျင်ရှိ လူတိုင်းက အလန့်တကြား အော်ဟစ်ကြသည်။
မုယွီ၊ ကျောင်းထျန်းနှင့် အခြားသူများ၏ အကြည့်များသည်လည်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီး ချက်ချင်းပင် စူးရှလာကြသည်။
လုံဟန်, လုံယွန်နှင့် အခြားသူများ၏ မျက်နှာများလည်း လေးနက်လာကြသည်။ တိုက်ပွဲ စသည်နှင့်၊ သူတို့သည် ချင်ယွင်အတွက် ပထမလှိုင်းကို ပိတ်ဆို့ကြလိမ့်မည်။
ချင်ယွင်က ပြုံးပြီး ပတ်ဝန်းကျင်လေထု အငွေ့အသက်ကို သတိမထားမိဟန်ဖြင့် စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ဆီသို့ လျှောက်သွားလိုက်သည်။
"ရပ်…"
ထိုအချိန်တွင် အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချန်ယု၏ ရုပ်အသွင်သည် ဖျတ်ခနဲ တောက်ပလာပြီး စတုတ္ထမြောက် ကောင်းကင်တံဆိပ်ဆီသို့ လှမ်းဆွဲလိုက်သည်။
"စက်ဆုပ်စရာကောင်းလိုက်တာ"
ပတ်ဝန်းကျင်ရှိ လူတိုင်း ရင်ထဲမှာ ကျိန်ဆဲနေကြသည်။
ဤကျောက်တုံးဖွင့်ပွဲ အခမ်းအနားသည် သူ့ဆီမှ ဖိတ်ခေါ်မှုတစ်ခု ဖြစ်သည်။ ယခု ကောင်းကင်ဘုံတံဆိပ်က ထွက်ပေါ်လာခဲ့ပြီ။ သူသည် ထိုကောင်းကင်ဘုံတံဆိပ်ကို သိမ်းပိုက်လိုသည့် ပထမဆုံးလူ ဖြစ်နေခဲ့သည်။ ဤလူသည် အမှန်တကယ် စက်ဆုပ်ဖွယ် ကောင်းကြောင်း မြင်နိုင်သည်။
ချန်ယု ကောင်းကင်တံဆိပ်ဆီသို့ ပြေးလာသည်ကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများ က အေးစက်သွားသည်။
ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်က ချက်ခြင်း အသက်ဝင်လာပြီး၊ ချန်ယု၏ ရုပ်အသွင်သည် ချက်ချင်း တုန်လှုပ်သွားကာ၊ သူ့တစ်ကိုယ်လုံး အေးခဲသွားလေသည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်၏ရုပ်အသွင်သည် ချန်ယု၏ရှေ့တွင် ပေါ်လာပြီး ချန်ယု၏ မျက်ခုံးကြားကို တိုက်ရိုက် ပုတ်ချလိုက်လေသည်။
ဦးခေါင်းက ပေါက်ကွဲသွားပြီး ချန်ယု၏စိတ်ဝိညာဉ်က ချင်ယွင်၏လက်ထဲတွင် တိုက်ရိုက် ဆုပ်ကိုင်ခံထားရသည်။
ချင်ယွင်သည် ချန်ယု၏စိတ်ဝိညာဉ်စွမ်းအင်ကို ဝါးမျိုရန် သူ့တွင်းနက်ကြီးကို အသုံးပြု၍ လုံးလုံး ဝါးမျိုပစ်သည်။
ဤအရာအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိလူတိုင်း အံ့သြထိတ်လန့်သွားကြသည်။
ချန်ယုက ဘယ်သူလဲ။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သတ္တမ မြောက် အစွမ်းဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သော်လည်း ချင်းယွင်၏ သတ်ဖြတ်မူကို ချက်ချင်း ပင် ခံခဲ့ရသည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်အဆင့်ရှိ လုံထျန်းပင်လျှင် ထိုသို့ မလုပ်နိုင်ဆောင်ပေ။
"ဒီချင်ယွင်က အတိကျ ဘယ်သူလဲ”
ကွင်းပြင်ထဲရှိ လူတိုင်းသည် ချင်ယွင်၏ကိုယ်ရေးအချက်လက်ကို စတင်ခန့်မှန်းလာကြ သည်။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သတ္တမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ကို ချက်ချင်း သတ်ပစ်ဖြင်။ ထိုကဲ့သို့ ခွန်အားသည် အမှန်ပင် ကြောက်စရာကောင်းသည်။
တစ်ဖက်တွင်မူ၊ မုယွီ၏ လှပသော မျက်နှာသည် ချင်ယွင်ကို သူမ၏ မျက်လုံးတစ်စုံဖြင့် ကြည့်နေရင်း အလွန်ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ဖြစ်ပေါ်နေသည်။
သူမ၏မှတ်ဉာဏ်များတွင် ချင်ယွင်နှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မရှိခဲ့ပေ။ ယင်းက ချင်ယွင်၏ဇာစ်မြစ်ကို သူမ အရမ်းသိချင်လာမိသည်။
လုံဟန်နှင့် လုံယွန်တို့သည် အတောမသတ်နိုင်ဘဲ ရယ်မောနေကြသည်။ လုံဟန်သည် ချင်ယွင်၏ ထူးဆန်းသော အစစ်မှန် အဓိပ္ပါယ်ကို ယခင်က ခံစားဖူးသည်။
သူ ကြိုးစားပြီးကတည်းက ဒုတိယအကြိမ် ထပ်မံ မကြိုးစားချင်တော့ပါဘူး။ ထိုခံစားချက် က တကယ်ကို ကြောက်စရာကောင်းလွန်းသည်။ ထို့ကြောင့် ချန်ယု တိုက်ခိုက်လာသည်ကို သူမြင်သောအခါ ချန်ယု ဘာဖြစ်သွားမလဲဆိုသည်ကို သူ သိရှိနေပြီ ဖြစ်သည်။
ဟုတ်ပါသည်, အတုန်လှုပ်ဆုံးလူကတော့ ကျောင်းထျန်း ဖြစ်ပါသည်။ လုံဟန်နှင့် လုံယွန်တို့မှ လွဲ၍ သူသည် ချင်ယွင်၏အကြောင်းကို အသိရှိဆုံးလူ ဖြစ်သည်။
မူလက သူ့ဆက်သွယ်များ ပေးပို့ချက်လက်အရ ချင်ယွင်၏ခွန်အားသည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ဆယ်ပတ်လည်တွင် ရှိသင့်သော်လည်း ယခုအခါ သူ့သတင်းအချက်လက်က အမှန်တရားနှင့် မကိုက်ညီတော့ပေ။
ရလာဒ်အနေနှင့်၊ ချင်ယွင်နှင့် ဆက်ဆံရာတွင် သူပင် အနည်းငယ် ယုံကြည်မူ ကင်းမဲ့လာသည်။
အရေးကြီးဆုံးကတော့ ထိုအခိုက်တန့်မှာ ချင်ယွင်လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့ပါဘူး။ သူ ချန်ယုကို တစ်ချက်ကြည့်လိုက်ချိန်မှာ ချန်ယုသည် ခုတ်ထစ်ရန် စောင့်စားနေသည့် ငါးတစ်ကောင်အလား ထင်မှတ်ရပြီး ချင်ယွင်ကို သတ်ဖြတ်ရန် ခွင့်ပြုပေးထားသည်။
ချင်ယွင်၏လျှပ်တပြက် တိုက်ခိုက်မူက ရောက်ရှိနေသူ လူအားလုံးကို တိုက်ရိုက် ဖိနှိပ်နိုင်ခဲ့ ပြီး မည်သူမျှ ထပ်မံ တိုက်ခိုက်ဝံ့ခြင်း မရှိတော့ပေ။
နောက်ဆုံးတွင်၊ သူတို့သည် သူတို့ကိုယ်တိုင်နှင့် ချန်ယုအကြား ကွာခြားချက်ကို ချိန်ဆရန် လိုအပ်နေပါသေးသည်။
"လူတိုင်းပဲ, မင်းတို့အားလုံး ဒီစတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ကို တကယ်လိုချင်ကြ လား"
သို့သော် စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်သည် ချင်ယွင်၏ အိတ်ကပ်ထဲသို့ ကျရောက်တော့မည်ဟု လူတိုင်းက ထင်နေကြချိန်မှာ ချင်ယွင်သည် ကောင်းကင်ဘုံ တံဆိပ်ကို မထိခဲ့ပေ။ ယင်းအစား သူက ပြန်လှည့်ပြီး လူတိုင်းကို ပြောလိုက်သည်။
"အယ်…" ရောက်ရှိနေကြသည့်လူတိုင်း ချင်ယွင်’ လုပ်ရပ်တွေကို နားမကြလည်ဘဲ မှင်သက်သွားကြသည်။
လုံဟန်နှင့် လုံယွန်တို့သည် ချင်ယွင်ဘက်သို့ လှမ်းကြည့်ကြသည်။ သိသာစွာပင်, သူတို့ သည် ချင်ယွင် ကောင်းကင်ဘုံတံဆိပ်ကို တိုက်ရိုက် သိမ်းဆည်ခြင်း မရှိသည့်ကိစ္စနှင့် ပတ်သက်၍ နားမလည်ကြပေ။ ယင်းအစား သူသည် တခြားသူတွေကို လိုချင်သလားဟု မေးနေသည်။ သူ ဘာဖြစ်ချင်နေတာလဲ။
မုယွီနှင့် အခြားသူများလည်း သိချင်စိတ်ပြင်းပြသည့်အမူအရာများ ဖော်ပြလာကြသည်။
သို့သော် ချင်ယွင်၏နောက်ထပ် စကားက ရောက်ရှိလာသူ လူအားလုံးကို သွေးပွက်ပွက် အန်သွားစေသည်။
"လူတိုင်းပဲ၊ ဒီကောင်းကင်ဘုံတံဆိပ်ကို လိုချင်ရင် ငါ့ကိုယ်စား တစ်ယောက်ယောက်ကို ဆူပူကြိမ်းမောင်းပေးပါ။ ငါ့ကိုယ်စား အဲဒီလူကို ဆူပူကြိမ်းမောင်းပေးတာနဲ့ အဲဒီလူကို ဒီကောင်းကင်ဘုံတံဆိပ်ကို ငါပေးမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"ဒီလောက်တဲ့ကိစ္စ ရှိနေတာလား။ ဘယ်သူ့ကို ကြိမ်းမောင်းပေးရမှာလဲ"
"မှန်တယ်၊ ငါ့တို့မှာ တိုက်ခိုက်ဖို့ စွမ်းရည်တော့ မရှိဘူး။ ငါတို့က လူတွေကို ကျိန်ဆဲတဲ့ နေရာမှာတော့ အတော်ဆုံးပဲ။"
ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သံ ထွက်ပေါ်လာသည်။
ရုတ်တရက် ချင်ယွင်၏ စကားကြောင့် အားလုံးက ရယ်မောသွားကြသည်။
လုံဟန်နှင့် လုံယွန်တို့သည် ရယ်ရမလား ငိုရမလား မသိတော့။ ချင်ယွင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
"ငါ ကျိန်ဆဲစေချင်တဲ့လူကတော့ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားပဲ။ ဘယ်သူမဆို ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို ကျိန်ဆဲနေသမျှ ဒီကောင်းကင်ဘုံတံဆိပ်ကို ငါပေးမယ်ကွာ။" ချင်ယွင်က ဆက်ပြောသည်။
"ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၊ ငါ နားကြားများ မှားသွားလား"
"မင်းတို့ နားကြားမှားတာ မဟုတ်ဘူး၊ ငါလည်း ကြားလိုက်တယ်။"
"ဒီကောင်က အရူးပဲ၊ ဘိုးဘေးနတ်ဘုရားတစ်ပါးကို ကျိန်ဆဲရအောင်၊ သူက တကယ်ကို သေချင်နေတာလား။"
…
ကွင်းပြင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။ လူတိုင်းက ချင်ယွင်ကို အရူးတစ်ယောက်လို ကြည့်နေကြသည်။
လုံဟန်နှင့် လုံယွန်တို့ပင်လျှင် ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်နေကြသည်။ လုံယွန် က မဆိုင်းမတွပင် မေးခွန်းထုတ်သည် "ညီအစ်ကိုချင်၊ မင်း ဦးနှောက်ကောင်းသေးရဲ့လား"
ဆန့်ကျင်ဘက်အနေဖြင့် မုယွီ၏မျက်နှာက ရယ်လိုသည့်အမူအရာ ပေါ်လွင်နေပြီး၊ ချင်ယွင်ကိုကြည့်နေသည့် သူမအကြည့်တွေကလည်း ချီးကျူးသည့် အမူအရာ ဖြစ်ပေါ်လာ သည်။
ကျောင်းထျန်းအနေဖြင့်, သူ့အမူအရာက မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
သူသည် ချင်ယွင်နှင့်ရင်ဆိုင်ရန် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ အမိန့်တော်အောက်မှ ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း ချင်ယွင်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို ပွင့်ပွင့်လင်းလင်း နှိုးဆော်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် နောက်အခိုက်တန့်တွင်, ကျောင်းထျန်းသည် ချင်ယွင်က သူ့ကို အခုလိုစကားမျိုး ပြောလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိခဲ့ပါဘူး။
"အစ်ကို ကျောင်းထျန်း၊ တကယ်လို့ မင်းသာ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားကို ခေါ်ထုတ်နိုင်ရင်, မင်းကိုလည်း ဒီကောင်းကင်ဘုံတံဆိပ်ကို ငါ ပေးပါ့မယ်။။