အခန်း ၁၇၄၄
Vol. 117 Ch. 1744
အခန်း (၁၇၄၄) ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား။
ကျောင်းထျန်းသည် ချင်ယွင်က သူ့ကို အခုလို ဖိတ်မံလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို သူ မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ သူသည် မူလကကတည်းက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားနှင့် အခြားသူများအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
သူသည် ကောင်းကင်တံဆိပ်ကို ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားနှင့် အခြားသူများထံ မလွှဲအပ်ချင်သော်လည်း၊ ချင်ယွင်က သူ့ကို ဒေါသထွက်နေသည်မှာ သိသာသည်။
သို့သော်လည်း ကျောင်းထျန်းသည် ထိုနေရာတွင် ဒေါသမထွက်ခဲ့ပေ။ ချင်ယွင် မည်သည့် အရာများ လုပ်ဆောင်လိုသည်ကို သူ မြင်ချင်မိသည်။
"မင်းတို့ မကျိန်ဆဲဝံ့ဘူးလား။ မင်းတို့က ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား လက်စားချေမှာကို ကြောက်နေတာလား" ချင်ယွင်က ပြုံးပြီး ကွင်းပြင်ပေါ်က လူတွေကို ကြည့်ကာ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။
ကွင်းပြင်ကြီးက ငြိမ်သက်နေဆဲပင်။
မှန်ပါသည်။ အကယ်၍, သူတို့ ဘိုးဘေးနတ်ဘုရားတစ်ပါးကို ကျိန်ဆဲချိန်မှာ ထိုဘိုးဘေး နတ်ဘုရား ထွက်ပေါ်မလာရင် အဆင်ပြေပါသေးသည်။ အကယ်၍, အမှန်တကယ် ထွက်ပေါ်လာပါက သူတို့အနေဖြင့် မည်သို့ ရှင်သန်ခွင့်ရှိတော့မည်နည်း။
"ဟား…၊ ဟား….၊ မင်းတို့ မစိုးရိမ်ကြပါနဲ့။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား ထွက်လာခဲ့ရင် မင်းတို့အတွက် ငါ သူ့ကို သတ်ပစ်မယ်။ သူက မင်းတို့ကို လက်စားချေဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကွင်းပြင်ထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။
သူက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို သတ်ဖြတ်ဖို့ သူပြောနေသည် လား။
ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူတစ်ဦးသည် ဘိုးဘေးနတ်ဘုရားတစ်ပါးကို မည်သို့ သတ်ချင်တိုင်း သတ်ဖြတ်နိုင်မည်နည်း။
လုံဟန်နှင့် လုံယွန်တို့သည် ချင်ယွင်၏စကားကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြပြီး၊ အချင်းချင်း ကြည့်နေကြသည်။
တစ်ဖက်တွင်မူ မုယွီ၏မျက်နှာက တောက်ပသော အပြုံးတစ်ခု ပေါ်လွင်နေပြီး သူမ မျက်လုံးများတွင် စူးစမ်းလိုစိတ်က ပိုမိုရှင်းလင်းလာသည်။
"မင်းတို့ သေရဲရမယ်။ သေခြင်းတရားအတွက် ခံနိုင်ရည်ရှိရမယ်။ တကယ်လို့ မင်းတို့မှာ ဒီလိုစိတ်ဆန္ဒမျိုး မရှိဘူးဆိုရင်, မင်းတို့အနေနဲ့ ကောင်းကင်ဘုံတံဆိပ်ကို ရရင်တောင် ကာကွယ်နိုင်စွမ်း ရှိမှာမဟုတ်ဘူး" ချင်ယွင်က ဆက်လက် ရယ်မောရင်း ပြောသည်။
ကွင်းပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။ လူတိုင်းက ချင်ယွင်၏ စကားများကို တွေးတောနေကြပြီး စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေကြသည်။
"ကောင်းပြီ ညီငယ်ချင် ငါ မင်းကို ယုံတယ်။ ငါ အရင်စမ်းကြည့်မယ်။" လုံဟန်က ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် လူအုပ်ကြားထဲမှ ထွက်သွားကာ ချင်ယွင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ပြီးနောက် သူက ကောင်းကင်ကို လှမ်းအော်လိုက်သည် "ကျောက်စိမ်း ဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၊ လိပ်အိုကြီး၊ မင်းမှာ ဒီအဖေအတွက် ထွက်လာခဲ့ဖို့ သတ္တိရှိလား”။
လုံဟန်၏အသံသည် နဂါးဟောက်သံနှင့် ရောနှောနေသောကြောင့် ကောင်းကင်အင်ပါယာ မြို့တော်တစ်ခုလုံးကို မဆိုထားနှင့်, ကီလိုမီတာ ဆယ်သန်းအကွာအဝေးရှိ လူများပင် ဤဟောက်သံကို ကြားနိုင်သည်။
ထိုဟိန်းဟောက်သံက လေထဲမှာပဲ့တင်ထပ်ပြီး အချိန်အတော်ကြာအောင် ပျောက်ကွယ် မသွားခဲ့ပေ။
လူတိုင်း၏ မျက်နှာများသည် မှိန်းမောသွားကြသည်။ ဤလုံဟန်သည် တကယ်ကို ကြိမ်းမောင်းခဲ့သည်။ ယင်းက သိပ်ကို အတင့်ရဲနေခြင်း မဟုတ်ပေဘူးလား။
"ဟား…၊ ဟား… ငါလည်း လာခဲ့မယ်။ လုံယွန်က ရယ်သည်။
ထိုစကားကို ပြောပြီးနောက် သူက ကောင်းကင်ယံကို မော့ကာ လှမ်းအော်လိုက်သည် "ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၊ မင်းက ငါ့မြေးပဲ။ ဒီအဘိုးက မင်းကို နေ့တိုင်း ရိုက်နှက်ပြီး သင်ခန်းစာ သင်ပေးရမယ်"။
လုံယွန်၏ အသံသည် နက်ရှိုင်းပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည်။
ထိုကဲ့သို့ အော်ပြောပြီးနောက် လုံယွန်က အလွန်ရိုးသားသည့်အသံဖြင့် ပြောသည်"ကောင်းလိုက်တာ။ တကယ်ကို သောက်ရမ်းမိုက်တယ်။ ဒီအဖေရဲ့ ဘဝတသက် မှာ ဘိုးဘေးနတ်ဘုရားတစ်ပါးကို အခုလို ကြိမ်းမောင်းတာမျိုး တစ်ခါမှ မလုပ်ရဲခဲ့ဘူး။ ကျိန်ဆဲချင်သူရှိရင် မြန်မြန်လာပြီး ကြိုးစားကြည့်ကြ”။
လုံယွန်၏စကားကိုကြားတော့ ကွင်းပြင်ထဲရှိလူများ စတင်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာကြ သည်။
"ငါလုပ်မယ်ကွာ…"
လူထွားကြီးတစ်ဦးက လူအုပ်ထဲက ထွက်လာပြီး ကောင်းကင်ယံကို လှမ်းအော်လိုက်သည် "ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၊ ဒီအဖေက မင်းတို့မိသားစု တစ်ခုလုံးကို နှုတ်ဆက်ဖို့ ရောက်လာပြီ။ မင်း လာပြီး ထွက်မတွေ့ရင် ဒီအဖေက မင်းကို သားတစ်ယောက်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးနော်။"
"သောက်ရမ်းမိုက်တယ်ဟ" လူထွားကြီးက ကျိန်ဆဲပြီးနောက် ကျယ်လောင်စွာ ရယ်မော လိုက်သည်။
"နောက် ဘယ်သူကျိန်ဆဲချင်သေးလဲ" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
“ငါ…”
“ငါ…”
ကွင်းပြင်ထဲရှိ ကောင်းကင်နတ်ဘုရားများသည် နောက်ဆုံးတွင် လုံးဝ တက်ကြွလာသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ယံကိုမော့ပြီး ကျိန်ဆဲကြတော့သည်။ ကျိန်ဆဲသံတွေက ပိုပိုပြီး နားမကြားဝံ့ မနာသာ ဖြစ်လာကြသည်။
ကျောင်းထျန်း၏ ပါးစပ်ထောင့်က ရှုံ့မဲ့နေသည်။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားပြီး ထူးထူး ဆန်းဆန်း လုပ်ရပ်မျိုးက ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ သမိုင်းတွင် ဤတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်နိုင်ပါသည်။
ချင်ယွင်က ကျောင်းထျန်းကို လျစ်လျူရှုထားသည်။ ယင်းအစား သူသည် သူ့လက်နှစ်ဖက် ကို ပိုက်ပြီး ကောင်းကင်ယံကို အေးစက်စွာ ကြည့်နေခဲ့သည်။
ဤကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား မည်မျှကြာကြာ သည်းခံနိုင်မည်ကို သူ မြင်ချင်မိသည်။
…
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်အင်ပါယာမြို့တော် အပြင်ဘက်တွင် အဆုံးမဲ့ လေဟာနယ်ထဲတွင် လူနှစ်ဦးသည် လက်ရှိတွင် တင်ပျဉ်ခွေထိုင်နေပါသည်။
ဤလူနှစ်ယောက်သည် ဘိုးဘေးနတ်ဘုရား၏ အကန့်အသတ်မဲ့ တန်ခိုးတော်ကို ထုတ်လွှတ်နေသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်မှာ ထင်ရှားပါသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် စူးရှသည့် မျက်ခုံးမွှေးနှင့် အတူ သူ့မျက်နှာက မှိုင်းညို့နေသည်။
မှန်ပါသည်။ ထိုလူသည် ချင်ယွင် ကြိမ်းမောင်းခိုင်းသည့် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား အတိအကျပင်။
"ကျောက်စိမ်းဓား၊ မင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်စုရဲ့ အရှက်ခွဲမှုကို ဘယ်လိုလုပ် သည်းခံနေတာလဲ။ တကယ်လို့, ငါသာဆိုရင် သူတို့အားလုံးကို သတ်ပစ်ခဲ့တာ ကြာလှပြီ။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားဘေးမှ လူငယ် က ပြောသည်။
သူသည် ကောင်းကင်ဘုံရှင်နန်းတော်၏ ဘိုးဘေးနတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့အမည်က ငရဲဘုရင်ဘိုးဘေးနတ်ဘုရား ဖြစ်သည်။
ငရဲဘုရင်ဘိုးဘေးနတ်ဘုရား၏ အမည်သည် အလွန်မင်း လွှမ်းမိုးနိုင်သည်ဟု ထင်ရသော် လည်း သူ့စွမ်းအားသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားနှင့် အတူတူဖြစ်ပြီး၊ သူသည် ကောင်းကင်ဘုံရှင်နန်းတော်တွင် နောက်ဆုံးအဆင့်သာ ရှိသည်။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ငရဲဘုရင်ဘိုးဘေးနတ်ဘုရား၏ စကားများကို လျစ်လျူရှုထားပြီး၊ လေဟာနယ်အောက်ရှိ ကျောက်တုံးစင်မြင်ကြီးကို စိုက်ကြည့်နေသည်။
ငရဲဘုရင်ဘိုးဘေးနတ်ဘုရားက ပြုံးပြီး ပြောသည်။ "အစ်ကို ကျင်းယု၊ ချင်ယွင်လို့ခေါ်တဲ့ ဒီကောင်က မင်းကို ဒီနည်းလမ်းမျိုးနဲ့ ထွက်လာအောင်လုပ်ဖို့ ကြိုးစားနေတာ ထင်ရှားပါ တယ်။ တကယ်လို့, မင်း အပြင်မထွက်ဘူးဆိုရင်, ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ မင်းက ကောင်းကင်နတ်ဘုရားတစ်ပါးကိုတောင် ကြောက်နေပြီလို့ သေချာပေါက် ပြောကြလိမ့် မယ်" မင်းကို အထင်သေးတဲ့လူတွေက မင်းကို ပိုလို့တောင် အထင်သေးလာလိမ့်မယ်။ ဒါ့အပြင်, မင်းအနေနဲ့ ချင်ယွင်ရဲ့နောက်ကွယ်က လေဟာနယ်ဘိုးဘေးနတ်ဘုရားကို ကြောက်ရွံ့နေရင်တောင်, မင်းအနေနဲ့ အကြီးကြီးတွေးနေစရာ မလိုအပ်ပါဘူး။ ဒါက ရှေးခေတ်ဘုရားကမ္ဘာပဲ။ လူအိုကြီးလေဟာနယ်က မင်းကို ပေါ့ပေါ့ဆဆ မတိုက်ခိုက်ဝံ့ပါ ဘူး။ ဒါ့အပြင်, မင်းလုပ်ရပ်က တရားမျှတပါတယ်။ ဘိုးဘေးနတ်ဘုရားတွေရဲ့ တန်ခိုးတော် ကို ဖောက်ဖျက်ရာ မကျပါဘူး။”
ထိုစကားကို ကြားသောအခါ၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် နောက်ဆုံးတွင် ချီတုံချတုံအမူအရာ ဖော်ပြလာသည်။
“ဘိုးဘေးနတ်ဘုရားတွေရဲ့ ကန့်သတ်ချက်နဲ့ပတ်သက်ပြီး မင်းအနေနဲ့ စိုးရိမ်နေစရာ မလိုဘူး။ ဒီကောင်းကင်နတ်ဘုရားတွေက မင်းကို အရင်ဆုံး နှိုးဆော်ခဲ့တာ။ တကယ်လို့, သူတို့ စုံစမ်းကြည့်ရင်လည်း ကောင်းကင်ဘုံရှင်နန်းတော်က မင်းကို ကာကွယ်ပေးမယ့် အရေးကို မပြောနဲ့ဦး။ သူတို့အနေနဲ့ မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး” ငရဲဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။
"ကောင်းပြီ၊ ဒီလိုဆိုမှတော့, ငါ ဒီနေ့ ချင်ယွင်ကို သင်ခန်းစာတစ်ခု သင်ပေးရမယ်။ အဲဒီတုန်းက သူ ငါ့သားကို သတ်ဖြတ်ခဲ့တဲ့အချိန်ကတည်းက ငါ သူ့ကို သတ်ပစ်ချင်နေခဲ့ တာ။ အခု သူက ငါ့ကို တိုက်ရိုက် ရန်စလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ဒါက တကယ်ကို တရားမဲ့လွန်းတယ်။” ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ဒေါသတကြီး ပြောသည်။
"မှန်တယ်၊ ဒီပညာမဲ့တွေက ဘိုးဘေးနတ်ဘုရားရဲ့ ဂုဏ်သိက္ခာကို နှိုးဆွဖို့ သတ္တိရှိနေလိုက် တာ။ ငါတို့က သူတို့ကို ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို အတွေ့ကြုံရအောင် ခံစားခွင့် ပေးပါသင့်တယ်လေ။” ငရဲဘုရင် ဘိုးဘေးနတ်ဘုရားက ပြုံးရင်း ပြောသည်။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ခေါင်းညိတ်ကာ မတ်တပ် ထရပ်သည်။
ချင်ယွင်နှင့် အခြားသူများ ရပ်နေသည့် ရင်ပြင်ပေါ်တွင် အထွက်အထိပ် ကောင်းကင် နတ်ဘုရား လူငယ်တစ်ဦးက ကောင်းကင်ယံကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်သည် “အရှက်မရှိတဲ့ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား, မင်းက မင်းရဲ့အဘွား ရေချိုးနေတာကို တကယ်ကို ချောင်းကြည့်ခဲ့သူပဲ။ ကောင်းကင်ဘုံလျှပ်စီးက မင်းကို တိုက်ခိုက်လာမှာ တကယ်မကြောက်လား"။
လူငယ်လေးသည် သူ့ကျိန်ဆဲသံ အဆုံးသတ်ပြီးနောက် သူ့စိတ်နှလုံးက ပြေလျော့သွားစဉ်, ကွင်းပြင်ပေါ်မှ ဆင်းသွားတော့မည်။
သူသည် ကောင်းကင်ဘုံတံဆိပ်ကို အသုံးပြုနိုင်ရန် လုံးဝ မမျှော်လင့်ထားပေ။ အစောပိုင်းက လူအများပြား ပျော်ရွှင်စွာ ဆူပူကြိမ်းမောင်းနေသည်ကို မြင်ပြီး၊ သူလည်း လိုက်ပါပြောဆိုခြင်းသာ ဖြစ်သည်။
သို့သော် သူစင်မြင့်ပေါ်မှ မဆင်းခင် ကောင်းကင်မှ ကျယ်လောင်သော တုန်ခါအသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်တွင် ကောင်းကင်ယံမှ အနက်ရောင်တိမ်တိုက်များ တဟုန်ထိုး ထွက်ပေါ်လာခဲ့ ပြီး၊ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ပြင်းထန်သော ဖိအားစ ကောင်းကင်ယံမှ ပျံ့နှံ့လာသည်။
"သွားပြီ။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား တကယ်ကို ဒေါသထွက်သွားပြီ။”
ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် အံ့သြတုန်လှုပ်သွားသည့် အမူအရာကိုယ်စီ ဖြစ်ပေါ်လာကြသည်။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား သည် အမှန်တကယ် ဒေါသဖြစ်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ဘန်း…။
ကောင်းကင်၌ တိမ်စိုင်တိမ်မည်းများသည် အဆုံးမဲ့ ဖိအားများကို ထုတ်လွှတ်နေသည့် ဧရာမ မျက်နှာကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ ဤမျက်နှာကြီး၏ အသွင်ပြင်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားဖြစ်သည်။
“အော်, နောက်ဆုံးတော့, ခင်ဗျား ထွက်လာဖို့ ဆန္ဒရှိပြီပေါ့။ ခင်ဗျားက အမြဲတမ်း သူရဲဘောကြောင်တဲ့ လိပ်တစ်ကောင်လို့ ကျုပ် ထင်ထားခဲ့တာ" ချင်ယွင်က ကောင်းကင်ယံရှိ မျက်နှာကြီးကိုကြည့်ပြီး အနှိုင်းမဲ့ တောက်ပသည့် အပြုံးကို ထုတ်ဖော် လိုက်ပါသည်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် ထိုမျက်နှာ ကြီးကို မြင်သောအခါ သူတို့အားလုံး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။ ဤအခိုက်အတန့်တွင်၊ သူတို့သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား သူတို့ကို ရှာတွေ့သွားမည်ကို စိုးရိမ်နေကြပြီး၊ ချင်ယွင်နှင့် ဝေးဝေးသာ နေလိုကြသည်။
ထိုလူငယ် ကောင်းကင်နတ်ဘုရား၏မျက်နှာက ဖြူဖျော့သွားပါသည်။ သူသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား ရောက်ရှိလာမူနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရပြီး၊ သူ့ကံက ဤမျှဆိုးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။