အခန်း ၁၇၄၅
Vol. 117 Ch. 1745
အခန်း (၁၇၄၅) လေနှင့်တိမ်များကို နှိုးဆော်ခြင်း။
ကောင်းကင်၌ ဧရာမမျက်နှာကြီးသည် အဆုံးမဲ့ ဘိုးဘေးနတ်ဘုရားတန်ခိုးတော်နှင့် ရောယှက်နေသည့် အမျက်ဒေါသနှင့်အတူ ချင်ယွင်ကို ငုံ့ကြည့်နေသည်။
"ဒီကောင်းကင်ဘုံတံဆိပ်ကို မင်းပိုင်သွားပြီ။ မင်း အခု ထွက်သွားလို့ရပြီ" ချင်ယွင်က ထိုလူငယ် ကောင်းကင်နတ်ဘုရားအား ကောင်းကင်ဘုံတံဆိပ်ကို ပေးအပ်လိုက်သည်။
ထိုကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ထို့နောက် သူသည် လက်ထဲတွင် ကောင်းကင်ဘုံတံဆိပ်ကို ကိုင်ဆောင်ကာ ချက်ချင်း လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မရယ်ဘဲမနေနိုင်တော့။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့ အားလုံး မနာလိုစိတ်ဖြင့် ပြည့်နှက်သွားကြသည်။ အားလုံးက ထိုကောင်းကင်နတ်ဘုရား မည်မျှ ကံကောင်းကြောင်း တိတ်တဆိတ် ညည်းတွားကြသည်။ သူတို့ ကျိန်းမောင်းစဉ် တုန်းက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် အဘယ့်ကြောင့် ထွက်မလာ ရသနည်း။
ကောင်းကင်ယံရှိ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့ကို ကျိန်ဆဲခဲ့ သော ထိုကောင်းကင်နတ်ဘုရား၏ လုပ်ရပ်အပေါ် တွယ်ကပ်မနေခဲ့ပေ။ ဤအရာအားလုံး က ချင်ယွင်ကြောင့် ဖြစ်သည်။
"ချင်ယွင်၊ မင်းက ငါ့သားကို သတ်ပစ်ခဲ့တယ်။ ဒီနေ့ မင်းက ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကို စော်ကားဖို့ ဒီကို ရောက်လာခဲ့တယ်။ ဒီနေ့ ငါ စည်းမျဥ်းတွေကို ဖောက်ဖျက်ရရင်တောင် မင်းကို ဒဏ်ခတ်မယ်" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရား၏ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေ သည်။
"ခင်ဗျားသားကို သတ်လိုက်ရတာက ခင်ဗျားသားရဲ့ အပြစ်ပဲ။ ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာလား။ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကို စော်ကားတော့ရော ဘာဖြစ်လဲ။ ခင်ဗျား အရင်က ကျုပ်ကိုသတ်ဖို့ လူတွေကို စေလွှတ်ခဲ့တယ်။ ဒါ့အပြင်, ကျုပ်က ခင်ဗျားကို ကျုပ်ကိုစော်ကားဖို့ ခွင့်ပြုထားလို့လား။ ခင်ဗျားက သေးငယ်တဲ့ ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလေးပဲ မဟုတ်လား။ ဒီနေ့ ကျုပ်က ခင်ဗျားကို စော်ကားရုံတင် မကဘူး၊ ခင်ဗျားကိုပါ သတ်ပစ်ဦးမယ်။" ချင်ယွင်က ကောင်းကင်မှ ဧရာမမျက်နှာကြီးကို လှမ်းအော်လိုက်သည်။
သူ့အသံက ကျယ်လောင်ပြီး သူရဲကောင်းဆန်သည်။
ကွင်းပြင်ထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သာမန် အာဏာရှင်တစ်ဦး မဟုတ်ပေ။ သူသည် တကယ်ကို ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားရှေ့မှာပင် ဆူပူကြိမ်းမောင်းရဲသည်။
မည်သူမှ ထိုကဲ့သို့ မလုပ်ရဲကြပေ။
"ညီငယ်ချင်က တကယ်ကို ကြီးစိုးလွန်းတယ်။ သူက ဘိုးဘေးနတ်ဘုရားရှေ့မှာတောင် ဘိုးဘေးနတ်ဘုရားကို ဆူပူကြိမ်းမောင်းရဲတယ်။ နောင်အနာဂတ် နတ်ဘုရားကမ္ဘာမှာ သူလိုလူမျိုး လိုက်ရှာဖို့ အရမ်းခက်သွားမှာ ငါစိုးမိတယ်။" လုံဟန်သည် မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
ချင်ယွင်၏ အော်ငေါက် ကျိန်ဆဲသံက သူ့နှလုံးသွေးပူများကို တဟုန်ထိုး ထွက်ပေါ်လာစေ သည်။
သူသည်လည်း ဤနည်းဖြင့် မွေးဖွားသင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လုံယွန်သည်လည်း ချင်ယွင်ကို လေးစားစွာ စိုက်ကြည့်ရင်း သူ့မျက်နှာက စိတ်လှုပ်ရှားနေ သည်။
ဘေးမှာရပ်နေသည့် မုယွီတောင်မှ သူမမျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာ ရှိနေသည်။ သူမသည် တချိန်က ချင်ယွင်ကို မြင်ဖူးနေသည့်အတိုင်းပင်။
စွမ်းအားက တောင်များနှင့် မြစ်များကို ဝါးမြိုပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို လွှမ်းမိုးသည်။
"မင်းက သေချင်နေတာပဲ" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ခွန်အားကို စိုက်ထုတ်လိုက်ပြီး၊ ကောင်းကင်ယံတွင် ဧရာမလက်ကြီးတစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာကာ၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဧရာမလက်ဖဝါးကြီးတွင် ဘိုးဘေးနတ်ဘုရားတစ်ပါးထံမှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ပါဝင်နေသည်။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် အသက်ပင် မရှူနိုင်တော့ပေ။ သူတို့အားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဘိုးဘေးနတ်ဘုရား၏လက်ဖဝါးရိုက်ချက် ဒဏ်ကို ရှောင်ရှားနိုင်ရန် ကီလိုမီတာဆယ်နှင့်ချီ ဆုတ်ခွာသွားကြသည်။
ချင်ယွင်သည် ထိုလက်ဖဝါးကြီး၏ အလယ်တည့်တည့်တွင် ရပ်နေပြီး၊ သူ့ဝတ်ရုံများက တဖျတ်ဖျတ် လှုပ်ခါနေသည်။ သူ့မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိရုံသာမက, လှောင်ပြောင်မှု အရိပ်အယောင်များပင် ရှိနေသည်။
"ခင်ဗျားက ခင်ဗျားရဲ့ အစစ်မှန်ခန္ဓာကိုယ်ကို ထုတ်ဖော်မပြဘဲ ကျုပ်ကို သတ်ချင်နေတာ လား။ ခင်ဗျားကိုယ်ခင်ဗျား သိပ်ပြီး အထင်ကြီးလွန်းရာ ကျမနေဘူးလား" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ကြည်လင်ကောင်းကင်ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။
ကောင်းကင်ဘုံအလိုဆန္ဒက ဓားထဲသွန်းလောင်းသွားပြီး ချက်ခြင်း ခုတ်ပိုင်းပစ်လိုက်သည်။
ဓားအလင်းသည် ကောင်းကင်ကို ပျံ့လွင့်သွားကာ ဘိုးဘေးနတ်ဘုရား၏ လက်ဖဝါးကြီးကို နှစ်ခြမ်းခွဲလိုက်သည်။
"ဘုန်း"
ဘိုးဘေးနတ်ဘုရား၏ လက်ဖဝါးကြီး အစိပ်စိပ်ကြေကွဲသွားကာ လေပြင်းတွေက အရပ်မျက်နှာအနှံ့ တဟုန်းဟုန်း တိုက်ခတ်သွားသည်။
ဤကြောက်စရာကောင်းသော စွမ်းအင်မုန်တိုင်းက ပတ်ဝန်းကျင်ရှိ လူတိုင်းအပေါ် သက်ရောက်သွားသည်။ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရား၏ လက်ဖဝါးရိုက်ချက်ကို အမှန်တကယ် ခံယူလိမ့်မည်ဟု သူတို့ မယုံကြည့်ခဲ့ကြပေ။
"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဓားက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေတာ လဲ။ ဓားပုံစံက ဘာလို့ ငါ့အတွက် သာမန်ဓားနဲ့တူနေတာလဲ"
"ကောင်စုတ်..၊ မင်း ဘာသိလို့လဲ။ ဒါကို သဘာဝအတိုင်း ပြန်လည်ခြင်းလို့ ခေါ်တယ်။ တကယ်လို့, မင်းသာ ဒါကို နားလည်နိုင်ရင် မင်းလည်း ဘိုးဘေးနတ်ဘုရားကို တွန်းလှန်နိုင် လိမ့်မယ်။ သေသေချာချာ ကြည့်ထား။"
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း ချင်ယွင်၏ဓား သည် ဘိုးဘေးနတ်ဘုရားလက်ဖဝါးကို မည်သို့ ဖြတ်တောက်နိုင်သည်ကို မည်သူမျှ နားမလည်နိုင်ကြပေ။
ချင်ယွင်က အဆုံးမသတ်ဘဲ ရယ်မောနေမိသည်။ သူသည် အစောပိုင်းက ဓားချက်တွင် သူ့ကောင်းကင်ဘုံတန်ခိုးတော်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ကျောက်စိမ်းဓား ဧကရာဇ် ဘိုးဘေးနတ်ဘုရားမှလွဲ၍ အခြားမည်သူမျှ ထိုကောင်းကင်ဘုံတန်ခိုးစွမ်းအားကို ခံစားနိုင်မည် မဟုတ်ပေ။
"အဘိုးကြီး ကျင်းယု၊ ခင်ဗျားရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ဖော်ထုတ်ပြတာ ပိုကောင်းပါ တယ်။ မင်းရဲ့ ကောင်းကင်နဲ့မြေကြီးဖြစ်စဉ်ပုံစံကို အားကိုးရုံနဲ့ ကျုပ်ကို မသတ်နိုင်ဘူး။" ချင်ယွင်က ကောင်းကင်ကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။
သူ့အသံက နေရာပေါင်းစုံမှာ ပဲ့တင်ထပ်နေသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နေခဲ့သည်။ သူတို့အားလုံး သည်လည်း ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြသည်၊ သို့သော်, ကွာခြားချက်မှာ အဘယ်ကြောင့် အလွန်ကြီးမားနေရသနည်း။
ဘန်း…။
ကောင်းကင်နှင့်မြေကြီးအနှံ့ မည်းမှောင်နေသော တိမ်တိုက်များသည် တုန်ခါသွားပြီး၊ ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ကောင်းကင်ကို ဖြတ်ကျော်ကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားသည်။
ထိုဓားအလင်းသည် ထူးထူးခြားခြား ကြောက်စရာကောင်းလွန်းသည်။ ဓားတစ်ချက်က ကောင်းကင်အင်ပါယာမြို့တစ်ခုလုံးကို ဖြိုခွဲပစ်နိုင်လောက်သည်။
ချင်ယွင်သည် ထိုဓားအလင်းကို မြင်သောအခါ, သူ့မျက်လုံးထဲတွင် အေးစက်စက် အငွေ့အသက်က တောက်ပလာသည်။
ဘန်း…။
သူသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို အသက်သွင်းခဲ့ပြီး၊ ပြန်လည် ဝင်စားခြင်း ဝဲဂယက်သည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။
"ဘုန်း"
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ ဓားအလင်းသည် ချင်ယွင်၏ ပြန်လည် ဝင်စားခြင်း ဝဲဂယက်နှင့် ပြင်းထန်စွာ တိုက်မိပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
နောက်ဆုံး စွမ်းအားနှစ်ခုသည် ဧရာမစွမ်းအင်ရောင်ခြင်အလင်းတန်းအဖြစ် ပေါက်ကွဲသွား ကာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံအားလုံးကို ချေမှုန်းပစ်သည်။
"ဘယ်လောက်ကြောက်စရာကောင်းတဲ့ ဓားချက်လဲ။ သူက ဒီလိုဓားချက်မျိုးကို တကယ်ပဲ တားဆီးနိုင်ခဲ့တယ်။ ချင်ယွင်ရဲ့ မူလအစက အတိအကျ ဘာလဲ။ သူက ကောင်းကင် နတ်ဘုရားတစ်ပါးရော တကယ်ဟုတ်ရဲ့လား"။
"မှန်တယ်။ ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ တိုက်ခိုက်မူကို ခုခံနိုင်စွမ်းရှိတဲ့ ကောင်းကင် နတ်ဘုရားမျိုး နှစ်ပေါင်းများအတွင်း ထွက်ပေါ်မလာသေးဘူး။ နောက်ဆုံးအကြိမ် ထွက်ပေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ကလည်း အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတစ်ပါး ဖြစ်သွားပြီလို့ ပြောကြတယ်။"
"အလို ကောင်းကင်ဘုံ, အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား။ ဒါဆို ဒီချင်ယွင်က အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ဖြစ်လာဖို့ အလားအလာရှိတယ်လို့ မဆိုလိုဘူးလား"
…
ကွင်းပြင်ထဲမှာ အံ့သြဖွယ် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ၎င်းတို့၏ ထိတ်လန့်မှုကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ချေ။
လုံဟန်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ချင်ယွင်မှာ ယခုလို လှုပ်ရှားမူမျိုး ပိုင်ဆိုင်ထားမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
အကယ်၍ ချင်ယွင်သည် ယခင်က သူနှင့်လေ့ကျင့်ခဲ့စဉ်မှာ ဤလှုပ်ရှားမှုကို အသုံးပြုခဲ့ မည်ဆိုလျှင်၊ ချင်ယွင်အစား ခံစားရမည့်လူက သူသာ ဖြစ်ပေလိမ့်မည်။ သူ့အသက်ပင် အန္တရာရှိလာနိုင်သည်။
"အစ်ကိုကြီး၊ ကြည့်ရတာ, မင်း ညီအစ်ကိုချင်ယွင် လျှော့တွက်မိပုံပဲ" လုံယွန်က ရယ်မောပြီး စနောက်လိုက်သည်။
"ညီငယ်ချင်က ငါတို့မျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဘာပဲဖြစ်ဖြစ်၊ နဂါးအသွင် ပြောင်းခြင်းရေကန်ထဲ ဝင်နိုင်ဖို့ ညီငယ်ချင်ယွင်အတွက် အရှင်နဂါးဘုရင်ကို လျှောက်ထား ရမယ်။" လုံဟန်က ပြောသည်။
လုံယွန်က ခေါင်းညိတ်ပြသည်။ နဂါးအသွင်ပြောင်းခြင်းရေကန်ထဲသို့ ဝင်ပြီးနောက် ချင်ယွင် မည်မျှ သန်မာလာမည်ကို သူ စိတ်မကူးနိုင်တော့ပေ။
"ခင်ဗျားရဲ့ အစစ်မှန် ခန္ဓာကိုယ် ထွက်မလာဘူးဆိုမှတော့, ငါ့အတွက် ဖြိုခွဲပစ်လိုက်စမ်း" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲက ကြည်လင်ကောင်းကင် ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပါသည်။
ထိုဓားချက်ဖြင့် ကောင်းကင်နှင့်မြေကြီးသည် ပျက်သုဉ်းသွားနိုင်သည်။
ကောင်းကင်ယံရှိ ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ဖြင့် ဖွဲ့စည်းထားသော ဧရာမ မျက်နှာကြီးသည် တိုက်ရိုက် နှစ်ခြမ်းကွဲသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးက တုန်လှုပ်သွားကြသည်။
ကောင်းကင်ယံရှိ ဘိုးဘေးနတ်ဘုရား၏ ဓမ္မရုပ်အသွင်အပြင်ပင် ထိုဓားချက်ကြောင့် ပြိုကွဲသွားခဲ့သည်။ ဤ ချင်ယွင်သည် ဤတိုက်ပွဲတစ်ခုတည်းဖြင့် ကျော်ကြားလာလိမ့်မည်။
ယနေ့တိုက်ပွဲတွင်၊ အကယ်၍, ချင်ယွင်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရား၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင်ပင် သူ၏အမည်သည် သမိုင်းတွင် ထာဝရ တည်ရှိနေတော့မည်။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်၌ နောက်ထပ် လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။
လေဟာနယ် ဝဲဂယက်ကြီးတစ်ခု ပေါ်လာခဲ့ပြီး၊ ထိုအထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်ထွက်လာခဲ့သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများသည် အေးစက်နေပြီး သူ့ခန္ဓာကိုယ်သည် ဘိုးဘေးနတ်ဘုရား တန်ခိုးတော်၏ ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသည်။
“ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ။ ကျောက်စိမ်း ဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဒီနေရာကို တကယ် ရောက်ရှိလာပြီ”
ကွင်းပြင်ရှိလူတိုင်း ပါးစပ်ဟပြီး ထိတ်လန့်စွာ အော်ဟစ်ကြသည်။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် အမှန်တကယ် ဆင်းသက်လာမည်ဟု သူတို့ မည်သည့်အခါမှ မမျှော်လင့်ထားပါဘူး။ သူ တကယ် ဒေါသထွက်နေပုံရသည်။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေ သည့်အလား ချင်ယွင်ကို အေးစက်စွာ ငုံ့ကြည့်နေသည်။
ချင်ယွင်က လှောင်ရယ်ရယ်လိုက်ပြီး သူ့မျက်လုံးတွေက နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှု အပြည့်နှင့်ပင်။
"နောက်ဆုံးတော့ ခင်ဗျားရဲ့ အစစ်မှန် ခန္ဓာကိုယ်ကို ထုတ်ပြဖို့ ဆန္ဒရှိပြီပေါ့။ ဒီလိုဆိုမှ တော့, ပြပွဲကောင်းလည်း စတင်ပြီပေါ့။ ရှေးခေတ်နတ်ဘုရားကမ္ဘာကြီးက တိတ်ဆိတ်နေ တာ အတော်ကြာသွားပြီ။ ဒီနေ့ ကျုပ်က ဒီမုန်တိုင်းကို နှိုးဆော်ပြီး နတ်ဘုရား ကပ်ဘေးဒုက္ခလို့ခေါ်တဲ့အရာကို လုံးလုံးလျားလျား သက်ဆင်းခွင့်ပြုတော့မယ်" ချင်ယွင်က ကောင်းကင်ယံကို မော့ကြည့်ပြီး ပြောလိုက်သည်။ သူ့အသံက ခြိမ်းခြောက်မူ အပြည့်နှင့်ပင်။