အခန်း ၁၇၄၆
Vol. 117 Ch. 1746
အခန်း (၁၇၄၆) ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို ဖိနှိပ်ခြင်း။
ချင်ယွင်၏စကားများက ပတ်ဝန်းကျင်ရှိလူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ချင်ယွင်က အတိအကျ ဘာဖြစ်ချင်နေတာလဲ။
ဖြစ်နိုင်တာက သူက ဘိုးဘေးနတ်ဘုရားတစ်ပါးကို တကယ် သတ်ဖြတ်ချင်နေတာလား။
ကွင်းပြင်ထဲရှိ လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုအကြောင်းကို တွေးပင် မတွေးဝံ့ကြချေ။ ကောင်းကင်နတ်ဘုရားနယ်ပယ်ကျင့်ကြံမှုဖြင့်၊ ဘိုးဘေးနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ခြင်းသည် နတ်ဘုရားကမ္ဘာသမိုင်းတွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့သည်။
ထို့အပြင်၊ သတ်ဖြတ်ခံခဲ့ရသော ထိုဘိုးဘေးနတ်ဘုရားသည် ဘိုးဘေးနတ်ဘုရား နယ်ပယ် ကို ဖြတ်ကျော်ရုံမျှသာ ဖြစ်သေးပြီး၊ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးစွမ်းအား သည် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်အဖြစ်သို့ပင် မပြောင်းလဲသေးပေ။
ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်သည် အလွန်မင်း တန်ခိုးကြီးသည့် စွမ်းအင်ဖြစ်သည်။ သာမာန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် ၎င်းကို ထိပ်တိုက် ရင်ဆိုင်ရန် မဆိုထားနှင့်, ကြုံတွေ့ရပါက သေဆုံးသွားနိုင်သည်။
ဘိုးဘေးနတ်ဘုရားများသည် ဉပဒေသတစ်ခု၏ အစစ်မှန် အဓိပ္ပါယ်ကို အပြည့်အ၀ နားလည်ပြီး ဘိုးဘေးနတ်ဘုရား၏တန်ခိုးတော်ကို ပိုင်ဆိုင်ထားခြင်းကြောင်း ကောင်းကင် နတ်ဘုရားများသည် ယင်းကို မည်သို့ ဆန့်ကျင်နိုင်မည်နည်း။
ယခင်က ချင်ယွင်၏ လုပ်ရပ်များသည် ၎င်းတို့အား ထိတ်လန့်စေခဲ့သော်လည်း၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ၏မှော်ပညာဖြင့် အမြဲ တိုက်ခိုက်ခဲ့ ပြီး ဘိုးဘေးနတ်ဘုရား၏ အစစ်မှန် တန်ခိုးတော်ကို အသုံးမပြုခဲ့ပေ။
ယခု ဘိုးဘေးနတ်ဘုရား၏ အစစ်အမှန် ခန္ဓာကိုယ် ဆင်းသက်လာသောကြောင့် ချင်ယွင် အတွက် ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
"အီယာ…၊ ဒီချင်ယွင်က ဒီနေ့ အဆုံးသတ်သွားနိုင်တယ်။ ဒီကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကလည်း ပြောင်းလဲနေပြီ။ ဒီချင်ယွင်က ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ" အဝေးမှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောရင်း သက်ပြင်းချလိုက်သည်။
"မှန်တယ်။ ဒီကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက ဘိုးဘေးနတ်ဘုရားတွေထဲ မှာ အားနည်းဆုံးဖြစ်ပေမဲ့၊ သူက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နေတုန်းပဲလေ။ ဘိုးဘေးနတ်ဘုရားနဲ့ ကောင်းကင်နတ်ဘုရားကြားက ကွာဟချက်က ဘယ်လိုလုပ် အလွယ်တကူ ပေါင်းကူးနိုင်မှာလဲ။" တစ်စုံတစ်ယောက်က ပဲ့တင်ထပ်အသံဖြင့် ပြောသည်။
ရုတ်တရက်ဆိုသလိုပင် တိုက်ပွဲဖြစ်ပွားရာ နေရာရှိလူတိုင်းသည် ချင်ယွင်ကို အကောင်းမြင် စိတ် မရှိကြတော့ပေ။
လုံဟန်နှင့် လုံယွန်တို့ပင်လျှင် သူတို့မျက်နှာတွင် လေးနက်သော အမူအရာများ ရှိနေကြ သည်။
"အစ်ကိုကြီး၊ ငါတို့ အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကို လှုပ်ရှားပေးဖို့ ဖိတ်သင့်လား" လုံယွန်က လုံဟန်ကို မေးသည်။
ခဏလောက် စဉ်းစားပြီးနောက် လုံဟန်က ခေါင်းခါပြီး ပြောသည် "အရမ်းခက်တယ်။ ပထမအချက်က ဒီချင်ယွင်က ငါတို့မျိုးနွယ်ရဲ့ စစ်မှန်တဲ့အဖွဲ့ဝင် မဟုတ်ဘူး၊ ငါတို့ မျိုးနွယ်ထဲက ပါရမီရှင်ဆိုရင်တော့ အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက စွန့်စားကောင်း စွန့်စားနိုင်တယ်။ နောက်ပြီး ချင်ယွင်က ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို အရင် နှိုးဆော်ခဲ့တာ။ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက တိုက်ခိုက်ရင် တောင် ဘိုးဘေးနတ်ဘုရားတွေရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်ရာမကျဘူး။ တကယ်လို့, အခြားဘိုးဘေးနတ်ဘုရားကသာ ထပ်မံ တိုက်ခိုက်လာပါက, ဘိုးဘေး နတ်ဘုရား အများအပြားကို ဆွဲဆောင်မိလိမ့်မယ်။ အဲဒီအခါ, ရှေးခေတ်နတ်ဘုရားကမ္ဘာ တစ်ခုလုံးရဲ့ ကန့်သတ်ချက်တွေလည်း ကျိုးပျက်သွားလိမ့်မယ်။ ဒါကြောင့် အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ချင်ယွင်တစ်ယောက်အတွက်နဲ့ ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခု လုံးရဲ့ ငြိမ်းချမ်းရေးကို အလွယ်တကူ ချိုးဖျက်မှာ မဟုတ်ဘူး”။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ ညီအစ်ကို ချင်ယွင် အသတ်ခံရမှကို ငါတို့ ကြည့်နေလို့ မရဘူးလေ။ လုံယွန်က စိုးရိမ်တကြီး ပြောသည်။
"ငါလည်း စိတ်ပူနေတာပဲ။ ညီငယ်ချင်ယွင်က ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားကို အရင် နှိုးဆော်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ရိုးရိုးသားသားပြောရရင် ငါလည်း သူ့ကို လေးစားမိပါတယ်။ ဒါပေမယ့်, ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ ညီငယ်ချင်ယွင်က အဆင်ခြင်မဲ့လုပ်တတ်သူ ဟုတ်ပုံမပေါ်ဘူး။ သူက ဘိုးဘေးနတ်ဘုရားတစ်ပါးကို နှိုးဆော်ရဲမှတော့, သူ့မှာ ကိုယ်ပိုင်ကြိုတင်ပြင်ဆင်မူ ရှိထားရမယ်” လုံဟန်က ပြောသည်။
လုံယွန်လည်း တခဏလောက် စဉ်းစားပြီး နောက်ဆုံး ခေါင်းညိတ်လိုက်သည်။ ဤကာလ အတွင်း ချင်ယွင်သည် စေ့စပ်သေချာသူဖြစ်ပြီး၊ သူယုံကြည်မှုမရှိသည့် မည်သည့် အရာကို မျှ မလုပ်တတ်ကြောင်း သူ တွေ့ရှိခဲ့သည်။
သို့သော်, ချင်ယွင်သည် ဤကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို သတ်ဖြတ် နိုင်သည်ဟု သူ ယုံကြည်ချင်သော်လည်း, သူသည် သူ့ကိုယ်သူ ယုံကြည်၍ မရနိုင်ဖြစ်နေ သည်။
ထို့ကြောင့် သူသည် အံ့ဖွယ်အဖြစ်ပျက်များ ဖြစ်ပေါ်လာမည်ကို စောင့်မျှော်လျက် ဘေးမှ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ပါသည်။
မုယွီသည် ချင်ယွင်၏ ဝင့်ကြွားသော ရုပ်အသွင်ပြင်ကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများ က လေစားမှုများဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာသွားခဲ့ပြီ။ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ယခုလိုရဲရင့်သည့် လူမျိုးကို သူမ မတွေ့ခဲ့တာ နှစ်ပေါင်းသိန်းပေါင်း မရေတွက်နိုင်အောင် ကြာငြောင်းခဲ့ပါပြီ။
အမှန်တကယ်ဆို, သူမနှလုံးသားက သေဆုံးသွားခဲ့ပြီး၊ ဒီဘဝမှာ နောက်ထပ် မည်သူ့ကိုမျှ မချစ်နိုင်တော့ဟုဆိုလျှင်ပင်, သူမသည် သူမရှေ့က ဤလူငယ်ကို သေချာပေါက် ချစ်မိသွား နိုင်သည်ဟုပင် သူမ ခံစားမိလိုက်သည်။
ချင်ယွင်၏ လုပ်ရပ်များက မိုက်မဲပြီး အခြားသူများ၏အမြင်တွင် သေခြင်းတရားကို ဆွဲဆောင်နေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူမ၏ မျက်လုံးထဲတွင်, နောက်ဆုံး ရလာဒ် က မည်သို့ပင် ဖြစ်စေကာမူ, ယင်းက အမှန်တကယ် ဖြောင့်မတ်ခြင်းတစ်မျိုးပင်။
"ချင်ယွင်၊ ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။ မင်းရဲ့သွေးနဲ့ ငါ ကမ္ဘာကြီးကို သတိပေးလိုက်မယ်။ ဘိုးဘေးနတ်ဘုရားရဲ့ ဂုဏ်သိက္ခာဆိုတာ ချိုးဖောက်လို့ မရဘူးကွ။" ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားက အေးစက်စွာ ပြောသည်။
ထိုစကားကို ပြောပြီးနောက်၊ အဆုံးမဲ့ ထက်ရှသော စွမ်းအားဓားတစ်ချောင်းက လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။
"သွား"
ဘိုးဘေးနတ်ဘုရား၏ အတွေးတစ်ချက်ဖြင့် စွမ်းအင်ဓားသည် လေဟာနယ်ထဲမှ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
ဤသည်မှာ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ တန်ခိုးတော် သက်သက် ပေါင်းစည်းထားသော ဓားတစ်လက်ဖြစ်ပြီး ၎င်းတွင် မည်သည့် အစစ်မှန် အဓိပ္ပါယ် ဉပဒေသများမှ ပါ၀င်ခြင်း မရှိပေ။
သို့သော် ထိုသိုဆိုလျှင်ပင်, ထိုဓားချက်သည် အဝေးမှ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ထဲမှ ပြိုဆင်းလာသော ဓားကို ကြည့်လိုက်ရင်း သူ့မျက်လုံးများ တွင် တောက်ပသော အပြုံးရိပ်တစ်ခု ပေါ်လာသည်။
"အဲဒီတော့ ဘာဖြစ်လဲ၊ ကျုပ်က ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကို ငါချိုးဖျက်လိုက် မယ်ဆိုရင်ရော...”။
ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ကနဦးစကြဝဠာထဲသို့ သူ စုပ်ယူလိုက်သော သံလိုက်နတ်ဘုရားတန်ခိုးစွမ်းအားက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သူ၏လက်ထဲရှိ ကြည်လင်ကောင်းကင်ဓားပေါ်တွင် စုစည်းသွားသည်။
ဘန်း…။
ချင်ယွင်သည် သူ့ဓားကို ထုတ်လွှတ်လိုက်ပြီး လေဟာနယ်ထဲက ဓားကို တိုက်ရိုက် လှုပ်ခါလိုက်သည်။
ဓားဖျားနှစ်ခုက အပြင်းအထန် တိုက်မိသွားသည်။
ကျောက်စင်မြင့်ကြီးတစ်ခုလုံး ချက်ခြင်း ကွဲအက်သွားပြီး ကောင်းကင်အင်ပါယာမြို့ကြီး တစ်ခုလုံး ရုတ်တရက် နစ်မြုပ်သွားခဲ့သည်။ ကောင်းကင်အင်ပါယာမြို့ရှိ အဆောက်အဦ များ အားလုံး တစ်ရှိန်ထိုး ပျက်စီးသွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ကောင်းကင်အင်ပါယာမြို့တစ်ဝိုက်တွင် ဘိုးဘေးနတ်ဘုရားများ ချမှတ်ထားသည့် ကန့်သတ်ချက်များ ရှိနေသည်။ ထို့ကြောင့် ဤကြောက်မက်ဖွယ် စွမ်းအင်များသည် ပျံ့လွင့်သွားခြင်း မရှိပေ။
မူလကတကည်းက ကောင်းကင်အင်ပါယာမြို့ရှိ ကျွမ်းကျင်ပညာရှင်များသည် ကောင်းကင်အင်ပါယာမြို့မှ ဆုတ်ခွာနေပြီ ဖြစ်သည်။
ယခုတိုက်ပွဲပြီးရင် ကောင်းကင်အင်ပါယာမြို့ဆိုတာ မရှိတော့ပါဘူး။
သို့သော်၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများအတွက်မူ၊ ၎င်းသည် နတ်ဘုရားမြို့တော်တစ်ခုမျှသာဖြစ်ပြီး ၎င်းကို တည်ဆောက်နိုင်ဆဲ ဖြစ်သည်။
"ဘုန်း"
နောက်ဆုံးတော့ စွမ်းအင်နှစ်ခုက ပေါက်ကွဲသွားသည်။
ချင်ယွင်သည် ထိုဓားချက်ကို တားဆီးနိုင်ခဲ့သော်လည်း၊ သူသည် မြေပြင်ပေါ်တွင် ဒူးတစ်ခြမ်း ဒူးထောက်လျက် သူ့ပါးစပ်မှ သွေးများ ထွက်ကျနေသည်။
စကြဝဠာ၏တန်ခိုးတော်သည် ဘိုးဘေးနတ်ဘုရားတန်ခိုးတော်နှင့် နှိုင်းယှဉ်နိုင်သော် လည်း သူနှင့် အစစ်မှန် ဘိုးဘေးနတ်ဘုရားကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုက ရှိနေပါသေးသည်။
ထို့အပြင်၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့စွမ်းအားကို အပြည့်အဝ အသုံးမချသေးပါ။ အကယ်၍, သူသာ သူ့စွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်သည်နှင့် ချင်ယွင်သည် သူ့ပြိုင်ဘက် သေချာပေါက် ဖြစ်လာမည် မဟုတ်ပေ။
"ပြီးသွားပြီ၊ လုံးလုံး ပျက်သုဉ်းသွားပြီ" ကောင်းကင်ယံရှိ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် အေးစက်သော နှာခေါင်းရှုံ့လိုက်သည်။ နောက်ထပ် ဓားအလင်း တစ်ချက်က လေဟာနယ်ထဲကနေ လင်းလက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်၊ သူသည် ထိုဓားချက်၌ အစစ်မှန် အဓိပ္ပာယ် ဉပဒေသ၏ စွမ်းအား တစွန်းတစကို ထပ်ထည့်ထား သည်။
သို့သော် ထိုဓားအလင်းတွင် အစစ်မှန် အဓိပ္ပာယ် ဉပဒေသစွမ်းအား တစွန်းတစမျှသာ ပါဝင်သော်လည်း လူတိုင်း၏နှလုံးကို ရင်တုန်သွားစေလောက်သည်။
"ပြီးသွားပြီလား"
ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် မြို့အပြင်ဘက်တွင် စုဝေး ရောက်ရှိလာကြပြီး အားလုံးက သူတို့၏စိတ်နှလုံးထဲမှ သက်ပြင်းချကာ သူတို့ကိုယ် သူတို့ ရေရွတ်ကြသည်။
ချင်ယွင်သည် သူတို့ကို ထိတ်လန့်စရာတွေ အများကြီးပေးခဲ့သော်လည်း, ဘိုးဘေး နတ်ဘုရားတစ်ပါးသည် အစွမ်းထက်လွန်းလှသည်။ ကောင်းကင်နတ်ဘုရားတစ်ပါး ဆန့်ကျင်နိုင်သည့်အရာ မဟုတ်ပါဘူး။
လုံဟန်နှင့် လုံယွန်တို့သည် လျှိုမြောင်များကဲ့သို့ နက်ရှိုင်းသည်အထိ မျက်မှောင်ကြုတ်နေ ပြီး၊ သူတို့မျက်လုံးတွေက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
သို့သော် ချင်ယွင်၏ ပါးစပ်က သွေးများဖြင့် စွန်းထင်းနေသည်။ သူက မတ်တပ်ထရပ်ပြီး ကောင်းကင်ယံမှ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို မျှော်ကြည့်သည်။ သူက ပြုံးပြီး ပြောသည်။ "ပြီးသွားပြီ၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား, ခင်ဗျား မှတ်ထားပါ။ ကျုပ်ချင်ယွင်က ခင်ဗျားကို သတ်ခဲ့တဲ့လူပဲ”
ချင်ယွင်၏အသံ ကျဆင်းလာသည်နှင့် ကောင်းကင်မှ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်မှာ လူတိုင်း အကြောက်တရားများ ဖြစ်ပေါ်လာကြသည်။
အမြဲမာနထောင်လွှားနေခဲ့သော ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ မျက်နှာ အမူအရာပင် သူ့ခေါင်းပေါ်ကို မော့ကြည့်လိုက်ရင်း ချက်ချင်း ပြောင်းလဲသွားသည်။
သူ့ခေါင်းထက်မှာ ဧရာမ လက်ကြီးတစ်ဖက်က ကောင်းကင်ယံမှ ဆန့်ထွက်လာသည်။ ၎င်းတွင် အဆုံးမဲ့ ဖိအားများ ပါဝင်နေသည်။ ထိုဖိအားသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား သိပ်သည်းထားသော ဓားအလင်းကို အစိပ်စိပ်မွှာမွှာ ဖြိုခွဲသွားပြီး၊ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကိုလည်း ချိတ်ပိတ်ထားလိုက်သည်။
"ရပ်"
လေဟာနယ် အပြင်ဘက်တွင် ပေါက်ကွဲမတတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အစောပိုင်းက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားနှင့် အတူရှိနေခဲ့သော ဘိုးဘေးနတ်ဘုရားလူငယ်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး၊ ထိုဧရာမလက်ကြီး ကို ပိတ်ဆို့လိုသည့်အလား သူ့ အစစ်မှန် ခန္ဓာကိုယ်ကို ထုတ်ပြလာခဲ့သည်။
သို့သော်လည်း ခြေတစ်လှမ်း နောက်ကျနေပါသေးသည်။ ထိုဧရာမလက်ကြီးသည် ရိုက်ချလိုက်ပြီး၊ ၎င်းလက်ကြီးသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား ခန္ဓာကိုယ်တစ်ခုလုံးနှင့်အတူ ကောင်းကင်အင်ပါယာမြို့တော်ထဲသို့ ထိုးကျသွားခဲ့သည်။
ဤအခိုက်အတန့်တွင် မြေပြင်သည် ပေါက်ကွဲသွားပြီး၊ ထိုစွမ်းအင်သည် ကီလိုမီတာ တစ်သန်းအကွာအဝေးအတွင်းရှိ ကြောက်မက်ဖွယ် လေပြင်းတိုက်ခတ်မှုနှင့်အတူ တိုက်ခိုက်သွားခဲ့သည်။ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များလည်း လွင့်ထွက်သွားကြသည်။
အားလုံးလည်း ဆွံ့အနေကြပြီး ဖြစ်ပျက်ခဲ့သည်ကို နားမလည်ကြတော့ပေ။