အခန်း ၁၇၄၇
Vol. 117 Ch. 1747
အခန်း (၁၇၄၇) ရွှေကောင်းကင်ဘိုးဘေးနတ်ဘုရား
ဖုန်မှုန့်တွေက ကောင်းကင်ယံတခွင် ဖုံးလွှမ်းသွားပြီး၊ ၎င်းတို့ ပျောက်ကွယ်မသွားခင် အချိန်အတော်ကြာအောင် လှိမ့်တက်နေခဲ့သည်။
အဝေးတွင်, ကောင်းကင်နတ်ဘုရားများသည် ဖုန်မှုန့်အစုအဝေးထဲမှ တစ်ယောက်ပြီး တစ်ယောက် တွားသွားထွက်လာကြသော်လည်း သူတို့၏ မျက်လုံးများကို ဖမ်းစားမိသော မြင်ကွင်းကြောင့် ထိုနေရာမှာပင် မတ်တပ်ရပ်နေကြသည်။
ကောင်းကင်အင်ပါယာမြို့တော် တစ်ခုလုံး ပျောက်ကွယ်သွားပြီး ဧရာမ လက်ချောင်းကြီး ငါးချောင်းပါ တွင်းနက်ကြီးက အစားထိုးသွားခဲ့သည်။
ထိုတွင်းနက်ကြီးသည် ပေတစ်ရာ နက်ရှိုင်းပြီး ဧရာမလက်ဖဝါးပုံသဏ္ဍာန် ချိုင့်ဝှမ်းတစ်ခု ဖြစ်နေသည်။
ချိုင့်ဝှမ်းအလယ်မှာ အလောင်းတစ်လောင်း လဲလျောင်းနေသည်။
ဤအလောင်း၏ ပိုင်ရှင်မှာ ယခင်က အဆင့်တန်းမြင့်မားသော ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား အတိအကျပင် ဖြစ်သည်။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား အသတ်ခံရတာလား။
ဘိုးဘေးနတ်ဘုရားတစ်ပါးက ဒီလိုပဲ သေဆုံးသွားခဲ့တာလား။
လူတိုင်း အသက်ရှုမဝသလို ခံစားလိုက်ရပြီး ဧရာမတွင်းနက်ကြီးထဲမှာ မလှုပ်မယှက် လဲလျောင်းနေသော ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို အသက်မဲ့မျက်လုံး များဖြင့် စိုက်ကြည့်နေကြသည်။
ဝှီး....။
တွင်းနက်ကြီးထိပ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
"ချင်ယွင်၊ သူ မသေသေးဘူးလား"
တစ်စုံတစ်ယောက်သည် နှိုးဆော်သံဖြင့် အော်ဟစ်လိုက်ရာ အားလုံး၏ မျက်လုံးများသည် ချင်ယွင်ထံ ချက်ချင်း ကျရောက်သွားသည်။
ချင်ယွင်သည် အောက်ရှိ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို တိတ်တဆိတ် စိုက်ကြည့်နေသည်။
ဘိုးဘေးနတ်ဘုရားကို သတ်ဖြတ်ခြင်း။
သူ လုပ်ခဲ့သည်။ သူသည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ လက်ကို ငှားရမ်းခဲ့သော် လည်း ၎င်းကို လုပ်နိုင်ခဲ့ပါသည်။
အကယ်၍, သူသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို မသတ်ခဲ့လျှင်, ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် အနှေးနှင့်အမြန်ဆိုသလို သူ့ကို လာရှာလိမ့်မည်။ ထိုသို့မဟုတ်လျှင်, ကျောင်းထျန်းသည် အဘယ့်ကြောင့် ရောက်လာမည် နည်း။
ယခုအချိန်တွင် ကျောင်းထျန်းသည် စိတ်အဆင်းရဲဆုံးလူ ဖြစ်နေသည်။ သူသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ အမိန့်အရ ချင်ယွင်ကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။
ယခုမူ ချင်ယွင်သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။ သူသည် ချင်ယွင်ကို မည်သို့ သတ်နိုင်မည်နည်း။
ထို့အပြင်, အခုချိန်မှာ သူ သူ့ကို သတ်ချင်လျှင်ပင် သူလုပ်နိုင်သည့်အရာ မဟုတ်တော့ပါ ဘူး။
"ချင်ယွင် ဟုတ်တယ်မလား၊ မင်းနောက်ကွယ်က ဘိုးဘေးနတ်ဘုရားကို လှမ်းခေါ်လိုက်ပါ။ သူက ဘိုးဘေးနတ်ဘုရားတွေရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့တယ်။ ပြင်းထန်တဲ့ အပြစ်ဒဏ် ပေးရမယ်။" ငရဲဘုရင်ဘိုးဘေးနတ်ဘုရားသည် ကောင်းကင်၌ တစ်ဖန် ပေါ်လာပြီး သူ့မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေသည်။
"ဘာလဲ၊ ခင်ဗျားပါ သေချင်နေတာလား။" ချင်ယွင်က ကောင်းကင်ယံမှ ငရဲဘုရင် ဘိုးဘေးနတ်ဘုရားကို ကြည့်ရင်း ပြောလိုက်သည်။
"မင်း" ငရဲဘုရင်ဘိုးဘေးနတ်ဘုရားသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
သို့သော် အခုလေးတင် တိုက်ခိုက်ခဲ့သည့် တန်ခိုးကြီး ဘိုးဘေးနတ်ဘုရားအကြောင်း သူ တွေးလိုက်သောအခါ, သူ့စိတ်ထဲမှ နာကြည်းမှုများကို မျိုချရုံသာ တတ်နိုင်ပါသည်။
ချင်ယွင်ဟုခေါ်သည့် ဤကောင်းကင်နတ်ဘုရား၏ နောက်ကွယ်တွင် အဘယ့်ကြောင့် တန်ခိုးကြီးမားသည့် ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေရသည်ကို သူ နားမလည်နိုင်ပါ။ အခုနက တိုက်ခိုက်မှု၏ခွန်အားကို အကဲဖြတ်ပါက၊ ၎င်းသည် အနည်းဆုံး ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားအဆင့်မှာ ရှိနေသင့်သည်။ မဟုတ်ပါက, လက်ဖဝါးတစ်ချက် ရိုက်နှက်ရုံဖြင့် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို သတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် ဤကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ပုံစံဖြင့် သေဆုံးသွားသည်ကို သူ တွေးလိုက်မိသောအခါ, သူ့စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့သွားသည်။
ဘိုးဘေးနတ်ဘုရားများလည်း လူသားတစ်ဦးပင် ဖြစ်သောကြောင့် သဘာဝအတိုင်း သူ့အတွက် ပြိုင်ဘက်ကင်းဆိုသည်မှာ မဖြစ်နိုင်ပေ။
"ဟမ့်, ချင်ယွင် အရမ်းကြီး မောက်မာမနေနဲ့။ မင်းရဲ့နောက်ကွယ်မှာ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေတယ်ဆိုပြီး မင်းလုပ်ချင်တာ မှန်သမျှ လုပ်နိုင်ပြီလို့ မထင်လိုက်နဲ့။ ငါတို့ကောင်းကင်ဘုံရှင်နန်းတော်ရဲ့ ဘိုးဘေး နတ်ဘုရားလည်း ဒီကို လာနေကြပြီ။ တကယ်လို့, အချိန်မှာ မင်း အရှုံးပေးမယ်ဆိုရင်, အချိန်မှီသေးတယ်နော်" ငရဲဘုရင် ဘိုးဘေးနတ်ဘုရားသည် အေးစက်စွာ ပြောလိုက် သည်။
"ဟုတ်လား? ကောင်းကင်ဘုံရှင်နန်းတော်က ဘယ်ဘိုးဘေးနတ်ဘုရားတွေ ဆင်းသက်လာ လဲ ကျုပ် သိနိုင်မလား" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
"ဟမ့်၊ ရောက်လာတဲ့လူက သဘာဝအတိုင်း ငါတို့ ကောင်းကင်ဘုံရှင်နန်းတော်ရဲ့ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားပဲပေါ့" ငရဲဘုရင်ဘိုးဘေးနတ်ဘုရားက ထပ်ပြော သည်။
"ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားလား..."
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများ အားလုံးသည် အံ့အားသင့်ဟန် အမူအရာများ ကို ဖော်ပြလာကြသည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည်လည်း ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သည်။ ထို့အပြင်၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရား ဖြစ်လာခဲ့သည်မှာ အချိန်အတော်ကြာပြီး၊ သူ့စွမ်းအားက အလွန်မင်း ကြောက်မက်ဖွယ် ကောင်းသည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ချင်ယွင်သည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို မသိပေ။ သူ့ရည်မှန်းချက်ပန်းတိုင် ရောက်ရှိနေပြီဟုသာ သူ သိပါသည်။
အကယ်၍, အခြားဘိုးဘေးနတ်ဘုရားများက သူ့ကို ထပ်ပြီး ပြဿနာရှာလိုလျှင်လည်း သူ လုံးဝ မကြောက်ပါ။
သူသည် ဤကိစ္စကို ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားကို မသတ်ခင်ကတည်း က စဉ်းစားထားပြီးသား ဖြစ်သည်။ ယခုအချိန်မှစ၍ သူသည် ကောင်းကင်ဘုံရှင် နန်းတော် နှင့် ပတ်သက်၍ ရန်ငြိုးတစ်ခုရှိသွားသည်မှာ သေချာသွားပြီ။
ဘန်း…။
ထိုအခိုက်အတန့်တွင် လေဟာနယ်က နှစ်ခြမ်းကွဲသွားပြီး၊ ရွှေရောင်တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဂုဏ်သိက္ခာကြီးမားသော အမျိုးသားတစ်ဦးသည် လေထဲမှာ ထွက်ပေါ်လာသည်။
"ဒါက ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားပဲ။ သူ တကယ် ရောက်လာခဲ့တယ်။ ဒီတစ်ခါတော့ ချင်ယွင် တကယ်အန္တရာယ်ရှိနေပြီ"
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများ အားလုံးသည် အံ့ဩဘနန်း အမူအရာများကို ထုတ်ဖော်လာကြသည်။
ကောင်းကင်နတ်ဘုရား ချင်ယွင်သည် အမှန်တကယ်ပင် ဘိုးဘွားနတ်ဘုရားသုံးပါးကို တစ်ပြိုင်နက် ဆွဲထုတ်နိုင်ခဲ့သည်။
၎င်းတို့ထဲမှ တစ်ယောက်ဆိုလျှင်, ကာလကြာရှည်စွာကတည်းက တည်ရှိခဲ့သော ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နေသည်။
"ကျင်းယုကို ဘယ်သူ သတ်တာလဲ။" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား၏ ရုပ်အလောင်းကို ကြည့်ရူပြီး ပြောလိုက်ပါသည်။
"ဒီကောင်းကင်နတ်ဘုရားက ကျောက်စိမ်းဓားကို အရင်ဆုံး လှုံ့ဆော်ပြီး ဒီကောင်းကင် နတ်ဘုရားရဲ့ နောက်ကွယ်က ဘိုးဘေးနတ်ဘုရားက လှုပ်ရှားခဲ့တာပါ။" ငရဲဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် အကဲဖြတ်ဟန်ဖြင့် ချင်ယွင်ဆီသို့ လှည့်ကြည့် လိုက်ပြီး၊ သူ့မျက်လုံးများတွင် ခိုင်မာသော အကြည့်တစ်ခု ရှိနေခဲ့သည်။
သူတို့ဘိုးဘေးနတ်ဘုရားများ၏ မျက်လုံးထဲမှာတော့, ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် ပုရွက်ဆိတ်များထက် သာလွန်ရုံဖြစ်သည်။
သူတို့ဘိုးဘေးနတ်ဘုရားများ၏ တန်ခိုးတော်ကို နှိုးဆော်ရန် ကြိုးစားနေသော ပုရွက်ဆိတ် တစ်ကောင်ကို လုံးဝ ခွင့်မပြုနိုင်ပေ။
"ကောင်းကင်နတ်ဘုရားလေး၊ မင်းနောက်ကွယ်က ဘိုးဘေးနတ်ဘုရားကို ခေါ်ထုတ်လိုက် ပါ။ ရွှေကောင်းကင်ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ ရှုတ်ချသောလေသံဖြင့် ပြောလိုက်သည်။
"ဒါက ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုနဲ့ မထိုက်တန်ဘူး မဟုတ်လား။ ခင်ဗျားက ဘိုးဘေး နတ်ဘုရားတစ်ပါး ဖြစ်တာနဲ့ ကောင်းကင်နတ်ဘုရားတွေကို နှိမ့်ချနိုင်ပြီလား၊ ခင်ဗျားကိုယ်တိုင်လည်း ကောင်းကင်နတ်ဘုရားနယ်ပယ်ကနေ ဘိုးဘေးနတ်ဘုရား နယ်ပယ်အထိ ကျင့်ကြံလာခဲ့တာ မဟုတ်ဘူးလား" ချင်ယွင်က ကောင်းကင်ပေါ်က ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို ပြောလိုက်သည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ မျက်လုံးများက ချင်ယွင်ကို ဂရုတစိုက် ပြန်ကြည့် ရင်း အေးစက်သွားသည်။
"ချင်ယွင်၊ ငါမှတ်မိပြီ။ မင်းက ကျင်းယွန်ရဲ့တပည့်ကို သတ်ခဲ့တဲ့လူပဲ" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားက ပြောသည်။
ဤတစ်ကြိမ်တွင် ချင်ယွင် မှင်သက်သွားသည်။
ဟုတ်ပါပြီ။ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားဆိုသည့် ခေါင်းစဉ်က သူနှင့် အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားနေရတာ အံ့သြစရာ မရှိတော့ပါဘူး။ ၎င်းသည် ရွှေတိမ်တိုက် ဘိုးဘေးနတ်ဘုရားနှင့် အလွန်နီးရင်းကြောင်း သိနိုင်သည်။
ကျောင်းချင်းကို သူ သတ်ဖြတ်စဉ်တုန်းက ကျောင်းချင်းက သူ့ဆရာသခင်သည် ရွှေတိမ်တိုက် ဘိုးဘေးနတ်ဘုရားဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသခင်နှင့် ရွှေတိမ်တိုက် ဘိုးဘေးနတ်ဘုရားတို့ကြားက မည်သည့်ဆက်ဆံရေးမျိုးရှိနေလဲ သူ မသိပါဘူး။
"ခင်ဗျားက ရွှေတိမ်တိုက် ဘိုးဘေးနတ်ဘုရားရဲ့သားလား။" ချင်ယွင်က မှန်းဆလိုက်သည်။
"မင်း သေချင်နေတာလား၊ ကျင်းယွန်က ငါ့ညီကွ။" ကောင်းကင်ပေါ်က ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် မျက်လုံးပြူးပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"ဒါဆို ခင်ဗျားရဲ့ညီပေါ့။ ခင်ဗျား စောစောစီးစီး ပြောပါလား။ ကျုပ်က ခင်ဗျားကို သူ့သားလို့ ထင်နေခဲ့တာ။" ချင်ယွင်က ရုတ်တရက် သဘောပေါက်သွားသည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ဒေါသအရမ်းထွက်သွားပြီး၊ သူသည် ချင်ယွင်၏ နှလုံးကို အရှင်လတ်လတ် လှီးဖြတ်ပစ်ချင်နေသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အရှက်ကင်းမဲ့သည့် ချင်ယွင်ကို ကျိန်ဆဲလိုက်ကြသည်။ သူတို့သည် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားအား ကျိန်ဆဲသည့် ပုံစံဖြင့်ပင် ကျိန်ဆဲမိကြသည်။
သို့သော်, သူတို့သည် ထိုကဲ့သို့ စွမ်းဆောင်မူမျိုးနှင့် ပတ်သက်ပြီး ပြန်တွေးမိသောအခါ, ချင်ယွင်တစ်ယောက်သာ ထိုကဲ့သို့ သတ္တိရှိပေလိမ့်မည်။
"ဟမ်၊ မင်းက စကားပြော အရမ်းကောင်းတယ်။ မင်းနောက်ကွယ်က ဘိုးဘေးနတ်ဘုရား ကို ခေါ်ထုတ်ဖို့ ငြင်းဆိုနေမှတော့, ငါကပဲ သူကိုယ်ထင်ပြအောင် တွန်းအားပေးရတော့ မှာပေါ့။" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားက ဒေါသတကြီး ပြောလိုက်ပြီး၊ ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းတစ်ခုက သူ့လက်ဖဝါးထဲသို့ တိုးဝင်လာခဲ့သည်။
၎င်းသည် တန်ခိုးကြီးသော သတ္တုအနှစ်သာရနှင့် ပေါင်းစပ်ပြီးနောက် ဘိုးဘေးနတ်ဘုရား တန်ခိုးတော်မှ ထုတ်လွှတ်သော အလင်းတန်းဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
အကယ်၍, ထိုရွှေရောင်အလင်းတန်းသာ သူ့ကို ထိမှန်သွားခဲ့လျှင်, သူ သေသွားနိုင်သည်ဟု ချင်ယွင် ခံစားရသည်။
"သေလိုက်တော့..." ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ဒေါသတကြီး ဟိန်းဟောက်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရွှေရောင်အလင်းတန်းသည် ချင်ယွင်ဆီသို့ ပစ်လွင့်သွားပြီး တောက်ပစွာ လင်းလက်သွားခဲ့ သည်။
သူ့အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းသည်။ ထို့ကြောင့် ချင်ယွင်သည် လုံးဝ မရှောင်နိုင်ခဲ့ပေ။
"ဒီချင်ယွင် သေတော့မှာလား" လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။
သို့သော် ဤအခိုက်အတန့်တွင် ဧရာမလက်ဖဝါးကြီးတစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်အလင်းတန်းကို ပိတ်ဆို့သွားသည်။
"ထွက်ပေါ်လာပြီ။ ချင်ယွင်ရဲ့ နောက်ကွယ်က ဘိုးဘေးနတ်ဘုရား ထွက်ပေါ်လာပြီ။" အဝေးမှ ကောင်းကင်နတ်ဘုရားများ အားလုံးသည် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာများ ဖော်ပြလာကြသည်။
ချင်ယွင်၏ နောက်ကွယ်မှာ ဘိုးဘေးနတ်ဘုရားသည် ကြီးမြတ်သော ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရားဖြစ်ပြီး၊ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည်လည်း ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလည်း ဖြစ်သည်။
ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနှစ်ပါး ထိပ်တိုက်တွေ့ဆုံသည့် အခါ မည်သည့်မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်နည်း။
ဘန်း…။
ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေဟာနယ်ထဲမှ လျှောက်ထွက်လာသည်။ သူသည် ချင်ယွင်ကို သူ့သခင်အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် ချင်ယွင်၏ လုံခြုံရေးကို သေချာပေါက် လျစ်လျူမရှုနိုင်ပေ။