← Chapters

အခန်း ၁၇၄၈

Vol. 117 Ch. 1748

အခန်း ၁၇၄၈

Vol. 117 Ch. 1748

အခန်း (၁၇၄၈) ဘိုးဘေးနတ်ဘုရား၏တိုက်ပွဲ

ဟွန်ထျန်းနတ်ဆိုး ကျောက်ရုပ်ထုကြီးသည် လေဟာနယ်ထဲမှ လျှောက်ထွက်လာပြီး ၎င်း၏ မြင့်မားသော ရုပ်အသွင်အပြင်သည် ကောင်းကင်နှင့် နေရောင်ကိုပင် ဖုံးလွှမ်းကာ တိမ်များပေါ်အထိ တိုးတက်သွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများ အားလုံးသည် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ အလွန်မင်း ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာများ ဖြစ်လာကြ သည်။

"ဒါ...ဒါကြီးက ဘာလဲ?" ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် အနှိုင်းမဲ့ မြင့်မားသော ကျောက်ရုပ်ထုကြီးကို ကြည့်ရင်း သူတို့မျက်လုံးများက ထိတ်လန့်ခြင်းများ နှင့် ပြည့်နှက်နေသည်။

ပထမတော့ ချင်ယွင်၏ နောက်ကွယ်ကမှာ လူသားဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေသည် ဟု သူတို့ ထင်ခဲ့ကြသော်လည်း၊ အခုအချိန်မှာတော့ ထိုဘိုးဘေးနတ်ဘုရားသည် နတ်ဘုရား သားရဲတစ်ကောင်ပင် မဟုတ်ခဲ့ပါချေ။ တကယ်ကို ကျောက်ရုပ်တုကြီး ဖြစ်နေသည်။

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားနှင့် ငရဲဘုရင် ဘိုးဘေးနတ်ဘုရားတို့ နှစ်ဦးစလုံးသည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။

"အသင်က ဘယ်သူလဲ?" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားက ကျောက်ရုပ်ထုကြီးကို ကြည့်ကာ မေးသည်။

သူ့အသိဉာဏ်ထဲမှာ၊ ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ ဘိုးဘေးနတ်ဘုရားများကြားတွင် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးကဲ့သို့ ပုဂ္ဂိုလ်မျိုး မရှိပေ။

အမှန်တော့ သူ့ကိုလည်း အပြစ်မတင်သင့်ပေ။ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးကို ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ဖန်တီးပြီးနောက် မဟာ နတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကို စောင့်ရှောက်ရန် သူ့ကို ကူညီပေးခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင် ပြိုကျပြီးနောက်၊ ချင်ယွင်သည် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးကို သူ့ကနဦးစကြဝဠာထဲသို့ ထည့်သွင်းကာ ယူဆောင်လာခဲ့ ပြီး၊ သူ့နတ်ဘုရားကမ္ဘာကို စောင့်ရှောက်ခွင့် ပေးထားသည်။

ထို့ကြောင့်၊ ဤဘိုးဘေးနတ်ဘုရားများသည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ တည်ရှိမူကို သိရှိရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။

"ကျွန်ုပ်က ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး ဖြစ်တယ်။ ကျွန်ုပ်ကို ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားက ဖန်တီးထားတာ။ ခုအချိန်မှာ ချင်ယွင်က ကျွန်ုပ်သခင်ပဲ။ မင်း သူ့ကို သတ်ချင်တယ်ဆိုရင် ကျွန်ုပ်ကို အရင်မေးရမယ်" ကျောက်ရုပ်ထုကြီးက ပြောလိုက်ပြီး၊ သူ့အသံက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။

ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားက ဖန်တီးခဲ့တာလား။

သူသည် အလွန်အစွမ်းထက်သော ကျောက်စိမ်းဓား ဘိုးဘေးနတ်ဘုရားကို လက်ဖဝါး တချက်ဖြင့် သေသည်အထိ ချောက်လှန့်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် ထိုကဲ့သို့ တန်ခိုးကြီးသော ကျောက်ရုပ်ထုကြီးသည် ချင်ယွင်ကို ၎င်း၏သခင် အဖြစ် မည်သို့အသိအမှတ် ပြုနိုင်မည်နည်း။

ဖြစ်နိုင်တာက သူက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏အမွေကို ချင်ယွင်အား ပေးခဲ့ခြင်းများ ဖြစ်နိုင်မလား။

ပတ်ဝန်းကျင်ရှိ လူတိုင်းက ရိပ်စားမိလာကြသည်။ အားလုံးက ချင်ယွင်ကို ကြည့်ပြီး အံ့သြထိတ်လန့် တုန်လှုပ်သွားကြသည်။

ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားသည် ကောင်းကင်ဘုံတန်ခိုးရှင်နှင့် အနီးစပ်ဆုံး ရှေးခေတ် နတ်ဘုရားကမ္ဘာတွင် ရင်သပ်ရှုမောဖွယ်ရာ အကောင်းဆုံးပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားပင်လျှင် ထိုကဲ့သို့ပုဂ္ဂိုလ်၏ အမွေနှစ်ကို မနာလိုဖြစ်ကြသော်လည်း ထိုအမွေနှစ်သည် ချင်ယွင်၏လက်ထဲသို့ ကျရောက်သွားမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် ကျောက်စိမ်းဓား ဘိုးဘေးနတ်ဘုရားကိုပင် ဂရုမစိုက်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေခံသည် အမှန်တကယ် သည်းခံနိုင်သူ ဖြစ်သည်။

"ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်လား.." ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ အကြည့်တွေက ချင်ယွင်ကိုကြည့်ရင်း အနှိုင်းမဲ့ ပူလောင်လာပြီး သူ့မျက်လုံးများတွင် လောဘအရိပ်အယောင်များ ပေါ်လာသည်။

သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်လာချိန်မှစ၍ နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ ကြာငြောင်းခဲ့ပြီ။ ဤနှစ်သန်းပေါင်း များစွာအတွင်း သူသည် အလုံးစုံ ပြီးပြည့်ခြင်းနယ်ပယ်ကို ဖြတ်ကျော်လိုသော်လည်း နောက်ဆုံးတွင် သူဆန္ဒကို မဖြည့်ဆည်းနိုင်သေးပေ။

အကယ်၍ သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရယူခွင့်ရှိပါက၊ သူသည် အလုံးစုံ ပြီးပြည့်ခြင်းနယ်ပယ်သို့ ဖြတ်ကျော်နိုင်ပြီး ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကဲ့သို့ပင် တည်ရှိမူတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။

"ချင်ယွင်၊ မင်းက ငါတို့ ကောင်းကင်ဘုံရှင်နန်းတော်ရဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါးကို သတ်လိုက်တယ်။ ဒီနေ့ မင်းကို ဖမ်းဆီးပြီး ကောင်းကင်ဘုံရှင်နန်းတော်ဆီ ခေါ်သွားရမယ်" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက် သည်။

'"ဟား...၊ ဟား....၊ ဘယ်လောက်တောင် အရှက်မဲ့လိုက်တဲ့ ရွှေကောင်းကင် ဘိုးဘေး နတ်ဘုရားလဲ။ ခင်ဗျား ကျုပ်ဆီက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို လိုချင်ရင် လည်း တိုက်ရိုက် ပြောလိုက်ပါ။ ဝှေ့လည်ကြောင်ပတ် လုပ်နေစရာ မလိုပါဘူး။ တကယ်လို့, ခင်ဗျားမှာ စိတ်သဘောထားကောင်းရှိရင် ကျုပ်ကို အဘိုးလို့ ခေါ်လိုက်ပါ။ ကျုပ် စိတ်ကောင်းဝင်ရင် ခင်ဗျားကို ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို ပေးလိုက် မယ်။" ချင်ယွင် ရယ်မောသည်။

ဤရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် သူထင်ထားသည်ထက် ပို၍ပင် အရေခြုံထား သည့် ကြောင်သူတော်တစ်ဦး ဖြစ်နေခဲ့သည်။ သူသည် သူ့အမွေနှစ်ကို လိုချင်နေကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသော်လည်း ကောင်းကင်ဘုံရှင်နန်းတော်၏ ဂုဏ်သိက္ခာ အတွက် လုပ်ဆောင်နေသည့် အမူအရာမျိုး ဟန်ဆောင်နေသည်။

"မင်းက သေချင်နေတာပဲ" ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ဒေါသအမျက်ထွက် သည်။

သူ့ရှေ့က ချင်ယွင်သည် သူ့ကို လှည့်စားနေသည်မှာ ထင်ရှားပါသည်။ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား၏ အမွေနှစ်ကို သူ့ဆီလွှဲပြောင်းရန်အတွက် သူ့ကို အဘိုးဟု ခေါ်ခိုင်းနေသည်။ သူ မည်သို့ ဆန္ဒရှိမည်နည်း။ ဤအချက်က သူ့ကို ကစားနေခြင်းမဟုတ်ရင် ဘာလဲ။

"ဟမ့်၊ ခင်ဗျားလို ကြောင်သူတော်တွေကို ကျုပ်မုန်းတယ်။ မင်း လှုပ်ရှားချင်ရင် လုပ်လိုက် ပါ။ ခင်ဗျား ကျုပ်ကို သတ်နိုင်ခဲ့ရင် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို သဘာဝ အတိုင်း ခင်ဗျား ပိုင်ဆိုင်လိမ့်မယ်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်တင် မကဘူး၊ ကျုပ်လက်ထဲမှာ ကောင်းကင်ဘုံတံဆိပ်နှစ်ခုလည်း ရှိသေးတယ်။ လုယူနိုင်စွမ်း ရှိမရှိ ခင်ဗျားအပေါ်မှာ မူတည်တယ်။" ချင်ယွင်က မောက်မာစွာ ပြောသည်။

"ကောင်းကင်ဘုံတံဆိပ်နှစ်ခု။ အို, ဘုရား၊ ဘုရား၊ ငါနားကြားများမှားသွားသလား"

"သူက ကောင်းကင်ဘုံတံဆိပ်ကို တခြားတစ်ယောက်ဆီ သာမန်ကာလျှံကာ ပေးလိုက်တာ အံ့သြစရာ မရှိတော့ဘူး။ ဒီတော့, သူ့လက်ထဲမှာ နှစ်ခုရှိနေပြီပေါ့။ ဒီကောင်က ကောင်းကင်ဘုံကို ဆန့်ကျင်ချင်နေတာဘဲ"

…

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ အားလုံးက အော်ပြော ကြသည်။ ချင်ယွင်က သူတို့ဆီ တုန်လှုပ်ခြောက်ခြားမူများ ယူဆောင်လာခဲ့သည်။

ကောင်းကင်ဘုံတံဆိပ်သည် စုစုပေါင်းမှ လေးခုသာ ရှိသေးသည်။ ချင်ယွင်သည် ၎င်းတို့ထဲမှ နှစ်ခုကို ချက်ချင်း ရရှိခဲ့သည်။ စတုတ္ထမြောက် ကောင်းကင်ဘုံတံဆိပ်ကို လက်လွှတ်ပေးခြင်းကြောင့်သာ မဟုတ်ပါက သူ့လက်ထဲမှာ ကောင်းကင်တံဆိပ် သုံးခု ရှိကောင်းရှိနေလိမ့်မည်။

လုံဟန်နှင့်လုံယွန်တို့လည်း ဆွံ့အသွားကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသီးသော အပြုံးများ ပေါ်လာသည်။

ထိုအချိန်အတွင်း သူတို့သိခဲ့သော ချင်ယွင်သည် အခုချင်ယွင် မဟုတ်တော့ကြောင်း ချက်ခြင်း သဘောပေါက်ကြပြီး, သူတို့အနေဖြင့် ချင်ယွင်အပေါ် နားလည်မှုသည် ရေခဲတောင်၏ အစွန်အဖျားတစ်ခုမျှသာ ဖြစ်နေသည်။

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးများက မှေးကျဉ်းသွားသည်။

သူ မည်မျှပင် ပေးဆပ်ရပါစေ, ချင်ယွင်ကို ယနေ့ သတ်ပစ်မည်ဟု သူစိတ်ထဲတွင် ဆုံးဖြတ်လိုက်ပါသည်။

ဘန်း..။

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ ခန္ဓာကိုယ်မှ တန်ခိုးကြီးသော ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းတန်းတွင် အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။

မှန်ပါသည်။ ၎င်းသည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား နားလည် သဘောပေါက် ထားသည့် အစစ်မှန် အဓိပ္ပါယ် ရွှေအလင်းသတ်ဖြတ်ခြင်း ဖြစ်ပါသည်။

သူ၏ရွှေရောင်အလင်းတန်းသည် အရာခပ်သိမ်းကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အလွန်မင်း အစွမ်းထက်သော စွမ်းအားတစ်ခု ပါရှိနေသည်။

"သေလိုက်တော့…."

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ပြင်းထန် သော ရွှေရောင်အလင်းတန်းတစ်ခုက ချင်ယွင်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

ဟွန်ထျန်းနတ်ဆိုး ကျောက်ရုပ်ထုကြီးသည်လည်း ရွေ့လျားသွားပြီး လက်တစ်ဖက်က ချင်ယွင်ကို ကာကွယ်ပေးကာ ကျန်လက်တစ်ဖက်က ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား ထံ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

"ဘုန်း"

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ ရွှေရောင်အလင်းတန်းသည် ဟွန်ထျန်းနတ်ဆိုး ကျောက်ရုပ်ထုကြီး၏လက်ပေါ်သို့ ကျရောက်သွားပြီး ပြင်းထန်သော တုန်ခါသံတစ်ချက် ထွက်လာသည်။ ၎င်းသည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏လက်ကို ထိုးဖောက် သွားပြီး ကြီးမားသောအပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကံကောင်းထောက်မစွာ၊ ရုပ်ထုတွင် အသုံးပြုထားသောကျောက်သည် အလွန်မင်း ခိုင်ခံ့သောကြောင့် ၎င်းကို ထိုးဖောက်ဝင်ရောက်သွားခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင်၊ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏လက်သည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး၊ နောက်အခိုက်အတန့်တွင် သူ့ကို ရိုက်သတ်တော့မည် ဖြစ်သည်။

ရွှေကောင်းကင် ဘိုးဘေးတ်ဘုရား၏ မျက်လုံးများမှတဆင့် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူ့လက်မှ ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းသည် ဧရာမ လက်ဖဝါးကြီးအသွင် ဖြစ်ပေါ်လာပြီး၊ ထိုရွှေရောင်နတ်ဘုရားလက်ဖဝါးကြီးသည် ကောင်းကင်ယံ၌ ရုပ်ထုကြီးနှင့် အပြင်းအထန် တိုက်မိသွားသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲအသံသည် နားစည်ကွဲလုမတတ် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့၏ နားရွက်များကို နာကျင်သော အမူအရာများဖြင့် ဖုံးအုပ်ထားသည်။

"ဖျစ်...."

ဧရာမလက်ဖဝါးကြီးသည် ကွဲအက်သွားသည်။

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ပုံရိပ်သည်လည်း ဟွန်ထျန်းနတ်ဆိုး ကျောက်ရုပ်ထု ကြီး၏ လက်ဖဝါးရိုက်ခြင်းကို ရှောင်ရှားရင်း မိုင်ပေါင်းများစွာအဝေးထိ ဖျတ်ခနဲ ရောက်ရှိ သွားသည်။

ဘိုးဘေးနတ်ဘုရားတန်ခိုးတော်သည် နေရာတိုင်းတွင် တိုးမြင့်လာသဖြင့် စောင့်ကြည့်နေ သော ကောင်းကင်နတ်ဘုရားများသည် ကြောက်ရွံ့တုန်လှုပ်နေကြသည်။

"ဟွန်ထျန်း ငါ့အတွက် စိတ်မပူနဲ့။ စိတ်တိုင်းကျ တိုက်ခိုက်ပါ။" ချင်ယွင်က ရုပ်ထုကြီးကို ပြောသည်။

"ကောင်းပြီ" ရုပ်ထုကြီးက အသံတိုးတိုးဖြင့် ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် လှုပ်ခါသွားပြန်သည်။

သူ့လက်ကို အလွန်အမင်း လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ သူ့အရွယ်အစားကြီးမှုကြောင့် အနည်းငယ်မျှ နှေးကွေးခြင်း မရှိပေ။

သူ့လက်ဖဝါးသည် ဘိုးဘေးနတ်ဘုရားထံ အဆက်မပြတ် ရိုက်နှက်နေပြီး၊ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ခန္ဓာကိုယ်သည် အလျင်မြန် ရှောင်တိမ်းနေကာ ရွှေရောင်အလင်း အဖြစ်သို့ ပြောင်းလဲနေရသည်။

အလွန်ကြီးမားသော လက်ဗွေရာငါးခုသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ရိုက်နှက်နေပြီး၊ မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

ကံကောင်းထောက်မစွာ၊ ဤနေရာသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ ဖြစ်သည်။ အကယ်၍ ၎င်းသည် နတ်ဘုရားကမ္ဘာအတု ဖြစ်ပါက၊ ဤကဲ့သို့ တိုက်ပွဲမျိုးသည် နတ်ဘုရားကမ္ဘာကို ထိုးဖောက်သွားနိုင်သည်။

"ဘုန်း...၊ ဘုန်း...၊ ဘုန်း..၊ ဘုန်း...”

ဟွန်ထျန်း၏အသွင်ပြင်သည် ချက်ချင်းပင် လက်ဖဝါးရာပေါင်းများစွာ ရိုက်နှက်နေပြီး၊ မြေပြင်တစ်ခုလုံး တုန်ခါနေသည်။

ရွှေကောင်းကင်ဘိုးဘေးနတ်ဘုရားသည် အဝေးမှ ရှောင်တိမ်းခဲ့သော်လည်း သူ၏လက်ကို အနားပေးခြင်း မရှိပေ။ သူ့လက်ထဲက ရွှေရောင်အလင်းတန်းသည် အလင်းတန်း အများပြား ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်း များသည် ဓားလှံအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲကာ ရုပ်ထုကြီးကို တိုက်ခိုက်နေခဲ့ သည်။ ထိုအလင်းတန်းများ ထိမှန်သွားတိုင်း ရုပ်ထုကြီး၏ကိုယ်ထည်မှ ကျောက်တုံးများ တစ်တုံးစ နှစ်တုံးစ ပြိုကျနေသည်။

All Chapters