← Chapters

အခန်း ၁၇၄၉

Vol. 117 Ch. 1749

အခန်း ၁၇၄၉

Vol. 117 Ch. 1749

အခန်း (၁၇၄၉) တိုက်ပွဲအတွင်း ဆင်ခြင်ခြင်း။

ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကြား တိုက်ပွဲသည် ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် သူတို့မျက်လုံးများ တွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး အထပ်ထပ်အခါခါ နောက်ဆုတ်သွားကြသည်။

ဤအဆင့်တိုက်ပွဲသည် သူတို့ပါဝင်နိုင်သည့် အရာမဟုတ်ပေ။ မတော်တဆ ထိခိုက်မိသော် သူတို့အနေဖြင့် အသက်ရှင်ရန် အခွင့်အရေး မရှိပေ။

ထို့ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အရူးအမူး နောက်ပြန် ဆုတ်သွားရုံသာ တတ်နိုင်ပါသည်။

ချင်ယွင်သည် တိုက်ပွဲမြေပြင်မှ ထွက်မသွားခဲ့ပေ။ သူ့ပတ်ဝန်းကျင်မှာ အားကောင်းသည့် လေဟာနယ် တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။

အကယ်၍, ရွှေရောင်အလင်းတန်းက သူ့ဆီကို ပစ်ဝင်လာလျှင်ပင် သူ့တွင်းနက်ကြီးက အရာအားလုံးကို ဝါးမြိုသွားလိမ့်မည်။

ရွှေရောင်အလင်းတန်းသည် အလွန်အားကောင်းသော်လည်း ၎င်းသည် သူ့ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်၏ တွင်းနက်သည် ရွှေရောင်အလင်းတန်း များကို ဝါးမြိုနိုင်ပါသေးသည်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ဖြောင့်မတ်စွာ မတ်တပ်ရပ်နေပြီး မျက်တောင်မခတ်ဘဲ ကောင်းကင်ယံက တိုက်ပွဲကို ကြည့်နေလေသည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်နတ်ဘုရားနှစ်ပါးကြား တိုက်ပွဲသည် ထိုကဲ့သို့ အတိုင်းအတာမျိုးဖြင့် မြင်တွေ့နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ချင်ယွင်ကရော ယခုလိုတိုက်ပွဲမျိုးကို မည်သို့ လွယ်လွယ်နှင့် လက်လွတ်ခံမည်နည်း။ ဤအချိန်က သင်ယူဖို့အကောင်းဆုံး အခွင့်ရေးကြီးတစ်ခု ဖြစ်သည်။

သို့သော် ဤဘိုးဘေးနတ်ဘုရားနှစ်ပါးသည် လျင်မြန်လွန်းလှသည်။ ချင်ယွင်၏ အမြင် အာရုံဖြင့်ပင်, သူသည် သူတို့၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်ရုံဟုသာ ဆိုနိုင်ပါ သည်။

အကယ်၍ အခြားကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်ပါက၊ သူတို့ မြင်နိုင်သောအရာသည် ပို၍ပင် မှုန်ဝါးနေပေလိမ့်မည်။

ချင်ယွင်သည် မျက်တောင်မခတ်ဘဲ ကောင်းကင်ယံမှ တိုက်ပွဲကို ကြည့်နေခဲ့သည်။ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးထံမှ ထိုးနှက်ချက်တိုင်းသည် အလွန်မင်း အစွမ်းထက်သည့် အစစ်မှန် အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။

ဟုတ်ပါသည်၊ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးသည်လည်း အစစ်မှန် အဓိပ္ပါယ်ကို နားလည် သဘောပေါက်ထားပါသည်။ သူနားလည်သဘောပေါက်ထားသော အစစ်မှန် အဓိပ္ပါယ်က တိုက်ပွဲ အစစ်မှန် အဓိပ္ပာယ်ဖြစ်သည်။

၎င်းသည် ချင်ယွင်၏သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်နှင့် အလွန်ဆင်တူသော်လည်း၊ ချင်ယွင်၏ သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်ထက် အဆင့်မြင့်မားပါသည်။

ချင်ယွင်သည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် ကြည့်ရှုနေခဲ့ပြီး ထိုလှုပ်ရှားမှုများတွင်ပါရှိသော အစစ်မှန် အဓိပ္ပာယ် ဉပဒေသများကို ခံစားနေသည်။

ဘန်း…။

ထို့နောက် ချင်ယွင်သည် လေဟာနယ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

သူသည် မျက်လုံးများကို မှိတ်ထားပြီး သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ခံစားသိရှိရန် သူ၏နတ်ဘုရားအာရုံကို အသုံးပြုပြီး အစွမ်းကုန်ကြိုးစားခဲ့သည်။

သူ ဆက်လက် ရိပ်စားမိလာသည်နှင့်အမျှ ချင်ယွင်၏ သိုင်းတာအို အစစ်မှန် အဓိပ္ပာယ် သည် အမှန်တကယ် ပြောင်းလဲသွားခဲ့ပြီး၊ တိုက်ပွဲ အစစ်မှန် အဓိပ္ပာယ်ဆီသို့ အဆက်မပြတ် အသွင်ပြောင်းလာခဲ့သည်။

မှန်ပါသည်။ သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်ကို အဆင့်မြှင့်တင်နိုင်ပြီး၊ အစွမ်းထက်သော တိုက်ပွဲ အစစ်အမှန် အဓိပ္ပာယ်အဖြစ် အဆင့်မြှင့်တင်ခြင်း ဖြစ်ပါသည်။

တိုက်ပွဲဆန္ဒသည် တိုက်ပွဲအပေါ် နာလည်သဘောပေါက်မူ အမျိုးစားတစ်မျိုး ဖြစ်ပြီး၊ နားလည်နိုင်စွမ်းရှိသူသည် တိုက်ပွဲအတွင်းမှာ ခွန်အားကို နည်းနည်းချင်းစီ ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်ပါသည်။

ဥပမာအားဖြင့်၊ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ တိုက်ပွဲဆန္ဒသည် ပြီးပြည်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူ့စွမ်းအားသည် ၁၀၀၀ ရာခိုင်နှုန်းအထိ ပေါက်ကွဲထွက်နိုင် ပါသည်။

သူ့ အစစ်မှန် အဓိပ္ပာယ်ကို အသုံးမပြုဘဲ သူထုတ်လွှတ်လိုက်သည့် လက်သီးတစ်ချက်က ပင် ဆယ်ဆပိုမိုအားကောင်းပါသည်။

ဘန်း…။

ချင်ယွင်သည် မျက်လုံးများကို မှိတ်ထားရင်း သူ့သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်ကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေပြီး အသွင်ပြောင်းသွားနေခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် အစစ်မှန် အဓိပ္ပာယ် ဉပဒေသ၏ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများက ပျံ့နှံ့နေခဲ့သည်။

အဝေးတွင် ဘိုးဘေးနတ်ဘုရားနှစ်ပါးကြား တိုက်ပွဲဖြစ်ကြပြီး၊ ချင်ယွင်သည် လေဟာနယ် တွင် တင်ပျဉ်ခွေထိုင်ကာ ဘိုးဘေးနတ်ဘုရားများကြား တိုက်ပွဲမှ ထွက်ပေါ်လာသည့် အစစ်မှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်နေသည်။

"ကြည့်စမ်း၊ ဒီချင်ယွင်က အစစ်မှန် အဓိပ္ပါယ်ကို တကယ် ဆင်ခြင်နေတယ်" တစ်စုံ တစ်ယောက်က ချင်ယွင်၏ပုံစံကို သတိထားမိပြီး အံ့သြစွာ အော်ဟစ်လိုက်သည်။

"အလို, ကောင်းကင်ဘုံ၊ သူက သေခြင်းတရားကို တောင်းဆိုနေတာလား။ သူက တကယ်ကို ဘိုးဘေးနတ်ဘုရားနှစ်ပါးကြား တိုက်ပွဲဧရိယာအတွင်းမှာ အစစ်မှန် အဓိပ္ပာယ် ကို ဆင်ခြင်နေတယ်။ တိုက်ခိုက်မူတွေက သူ့အပေါ် သက်ရောက်သွားရင်, သူ သေသွား လိမ့်မယ်” တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။

"ငါတော့ အဲလို မထင်ဘူး။ ချင်ယွင်ဘေးမှာ လွင့်မျောနေတဲ့ တွင်းနက်ကြီးကို မင်း မမြင်ဘူးလား။ ဘိုးဘေးနတ်ဘုရားနှစ်ပါး တိုက်ပွဲက ထုတ်လွှတ်တဲ့ စွမ်းအင်အားလုံးကို အဲဒီတွင်းနက်ကြီးက ဝါးမျိုသွားတာကို ငါ တွေ့လိုက်တယ်။ ဒါကြောင့် ဒီဘိုးဘေး နတ်ဘုရားတိုက်ပွဲက သူ့ကို တိုက်ရိုက် မတိုက်ခိုက်သေးသရွေ့, သူ့ကို တကယ်ပဲ ထိခိုက် မှာ မဟုတ်ဘူး။" အမြင်အာရုံကောင်းမွန်သူ တစ်ဦးက ခွဲခြမ်းစိတ်ဖြာ ပြသည်။

သူ့စကားများက လူတိုင်း၏ ချီးကျူးမှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သော်လည်း၊ ချင်ယွင်ကို ကြည့်လိုက်ရင်း သူတို့၏အကြည့်တွေက လွန်စွာ လေးစားအားကျလာကြသည်။

ထိုသို့ဖြစ်သော်ငြားလည်း ဘိုးဘေးနတ်ဘုရားတိုက်ပွဲ စက်ဝိုင်းအတွင်းမှာ အစစ်မှန် အဓိပ္ပါယ်ကို အေးအေးဆေးဆေး ဆင်ခြင်နိုင်ခြင်းက သာမန်လူတစ်ယောက် ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။

ဘန်း…။

ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အနှစ်သာရ စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ထွက်ပေါ်လာသည်။ သူ့သိုင်းတာအို အစစ်မှန် အဓိပ္ပာယ်သည် ဒုတိယတန်းစားမှ ပထမ တန်းစားအဖြစ်သို့ တရားဝင် မြင့်တက်လာခဲ့သည်။

ထိုမျှသာမကပေ။ ချင်ယွင်၏ အစစ်မှန် အဓိပ္ပါယ်၏ ဥပဒေသများသည် အဆက်မပြတ် တိုးတက်နေခဲ့သည်။ သို့မဟုတ် သူ့နားလည်သဘောပေါက်မှု အရှိန်ဟုန်က တဟုန်ထိုး တိုးတက်နေခဲ့သည်။

"ဘုန်း"

ချင်ယွင်သည် တိုက်ပွဲဆန္ဒ၏ (တိုက်ပွဲအစစ်မှန် အဓိပ္ပာယ်၏) အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

အလယ်အလတ်အဆင့်ကို ကျော်ဖြတ်ပြီးနောက် ချင်ယွင်က မျက်လုံးဖွင့်လိုက်သည်။

သူ့ခန္ဓာကိုယ်ရှိ တိုက်ပွဲအစစ်မှန် အဓိပ္ပာယ် ဉပဒေသကွင်းဆက်များ၏ အပြောင်းအလဲများ ကို ခံစားရပြီး သူ့မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပါသည်။

“ငါ့ကနဦးစကြဝဠာ တိုးတက်လာတာနဲ့အမျှ၊ အစစ်မှန် အဓိပ္ပါယ် ဉပဒေသများအပေါ် ငါ့ နားလည်သဘောပေါက်မှုကလည်း တိုးတက်လာပုံရတယ်။ ဒီပြန်လည်ဝင်စာခြင်း အစစ်မှန် အဓိပ္ပါယ်က စကြာဝဠာကြီးတစ်ခုလုံးမှာ အစစ်မှန် အဓိပ္ပါယ် ဉပဒေသများ ဖွဲ့ဖြိုး တိုးတက်ရေးဖြစ်စဉ်အတွက် ပါဝင်နေတယ်။ ဒါကြောင့် ကနဦးစကြာဝဠာ လုံးလုံး လျားလျား ပြီးပြည့်စုံသွားတဲ့အခါ, ငါ အစစ်မှန် အဓိပ္ပါယ် ဉပဒေသအားလုံးကို ထိန်းချုပ်နိုင် လိမ့်မယ်" ချင်ယွင်သည် ဤအချက်ကို လျင်မြန်စွာ နားလည်သည်။

စကြဝဠာတစ်ခုစီ၏ ဉပဒေသများသည် မတူညီသော်လည်း၊ ၎င်းတို့အားလုံးသည် ချင်ယွင်၏ ကနဦးစကြာဝဠာနယ်ပယ်နှင့် တူညီသောဦးတည်ချက်ဖြင့် အဆုံးသတ်သွားကြ သည်။

သူ၏ မိုးကုပ်စက်ဝိုင်းသည် အလွန်မြင့်မားလာပြီး သူ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည် နိုင်စွမ်း အရှိန်ဟုန်ကလည်း အလွန့်လွန် ကြောက်စရာကောင်းလာမည် ဖြစ်သည်။

အမှန်ဆို, သူ့စကြာဝဠာကြီး ပြီးပြည့်စုံသွားသည့်အခါ၊ ထိုစကြဝဠာအတွင်းက အစစ်မှန် အဓိပ္ပါယ်ကို သူ မြင်နိုင်ပြီး တစ်ချက်တည်းဖြင့် လုံး၀ ထိန်းချုပ်နိုင်မှာပါ။

ထိုအကြောင်းကို တွေးတောရင်း၊ ချင်ယွင်သည် သူ လျှောက်လှမ်းရမည့်လမ်းကြောင်း အတွက် သူ့စိတ်ထဲတွင် ပို၍ပင် ပြတ်သားလာခဲ့သည်။

၎င်းက သူသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို အပြည့်အ၀ နားလည်ဖို့ ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပိုင် စကြာဝဠာစွမ်းအင်ကို အဆက်မပြတ် စုပ်ယူကာ သူ့ကိုယ်ပိုင် စကြ၀ဠာစွမ်းအင်ကို ပြီးပြည့်စုံသည့် နယ်ပယ်အထိ တက်လှမ်းနိုင်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

"ဘုန်း"

ကောင်းကင်ယံမှ ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်။

ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးထံမှ ပြင်းထန်သော လက်သီးချက်ကို ခံယူပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

ကွင်းပြင်ပေါ်ရှိ တိုက်ပွဲသည် တုနှိုင်းမရလောက်အောင် ပြင်းထန်သောအဆင့်သို့ ရောက်ရှိ နေပြီဖြစ်သည်။ ဘိုးဘေးနတ်ဘုရားနှစ်ပါးကြား တိုက်ပွဲက နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေလောက်အောင်ပင်။

"မင်းတို့ မလှုပ်ရှားဘဲ ဘယ်အချိန်အထိ စောင့်ကြည့်နေချင်သေးတာလဲ"

သို့သော် ဤအခိုက်အတန့်တွင် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်ထဲ သို့ အော်ပြောလိုက်သည်။

ချင်ယွင်သည် မသိစိတ်မှ မျက်မှောင်ကြုတ်ပြီး သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ရှိလာနေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏အသံ ပြီးဆုံးပြီးနောက်၊ ပုံရိပ်သုံးခုသည် လေဟာနယ်ထဲမှ လျှောက်ထွက်လာခဲ့သည်။

၎င်းတို့ သုံးယောက်စလုံးသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား နယ်ပယ်မှာ ရှိကြပြီး၊ သူတို့၏ စွမ်းအားတွေကလည်း ထူးထူးခြားခြားပင်။

"လခွမ်း...၊​ ​နောက်​ထပ် ​သုံး​ယောက်​ရှိ​သေးတယ်​။ ဘယ်​လိုတိုက်ခိုက်နိုင်​မှာလဲ"

"ပြီးသွားပြီ။ ဒီချင်ယွင်ရဲ့ ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီးတော့ ပျောက်ကွယ် သွားတော့မယ်။ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလေးယောက် ကို ရင်ဆိုင်ဖို့က အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် အထွတ်အထိပ်မှာ မရှိဘူး ဆိုရင် အနိုင်ရဖို့ လုံးဝ အခွင့်လမ်းမရှိဘူး”။

…

ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချကြသည်။

ဤသည်မှာ အင်အားကြီးမားခြင်း၏ အားသာချက်ဖြစ်သည်။ ဤဘိုးဘေးနတ်ဘုရား များသည် ကြီးမားသော အင်အားစုတစ်ခုအဖြစ် စုစည်းခဲ့ကြပြီး၊ အခြား ဘိုးဘေး နတ်ဘုရားများသည် ၎င်းတို့အား အလွယ်တကူ မလှုံ့ဆော်ရဲကြတော့ပေ။

"ဟား...၊ ဟား...၊ ချင်ယွင်၊ ဒီနေ့ မင်း သေနေ့ပဲ။ မင်းရဲ့ဆရာသခင် လေဟာနယ် ဘိုးဘေး နတ်ဘုရားကို ထည့်မတွက်နဲ့။ မင်းကို ကယ်တင်ဖို့ တခြားသူတွေကိုလည်း အားမကိုးနဲ့ တော့။ သူတို့က ငါတို့ကောင်းကင်ဘုံရှင်နန်းတော်, ဘိုးဘေးနတ်ဘုရားတွေရဲ့ ကန့်သတ်ချက်မှာ ရှိနေကြပြီ။ ဒါကြောင့် ဒီနေ့က မင်းရဲ့သေနေ့ပဲ" ဘိုးဘေးနတ်ဘုရားများ ထဲမှ တစ်ယောက်က ချင်ယွင်ကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် စင်ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ချင်ယွင်က သူ့နှလုံးသားထဲမှာ တိုက်ရိုက် သေဒဏ်ချမှတ်လိုက်ပြီ။

ချင်ယွင်၏ အမူအရာက များစွာပြောင်းလဲခြင်း မရှိပေ။ လေဟာနယ်ထဲတွင် ရပ်နေသော ဘိုးဘေးနတ်ဘုရားငါးပါးကို ကြည့်ရင်း သူ့မျက်လုံးများတွင် လှောင်အပြုံးတစ်ခု ပေါ်လာသည်။

"အစ်ကိုကြီး ရွှမ်ဟန်ရေ၊ ကျွန်တော် အစ်ကိုကြီး လှုပ်ရှားပေးဖို့ နှောင့်ယှက်ပေးရဦးမယ်" ချင်ယွင်က ရုတ်တရက် သူ့ဘေးက လေဟာနယ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ရွှမ်ဟန်လား။ ဒီနာမည်က ဘာလို့ ဒီလောက်ရင်းနှီးနေတာလဲ" ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများ အားလုံးသည် ပဟေဠိဆန်သော အမူအရာများကို ဖော်ပြလာကြသည်။

ကောင်းကင်ယံရှိ ဘိုးဘေးနတ်ဘုရားငါးပါးသည်လည်း ပဟေဠိဆန်သည့် အမူအရာ ကိုယ်စီ ဖြစ်ပေါ်လာသည်။

ဘန်း…။

အားလုံးက ပဟေဠိဖြစ်နေကြစဉ်မှာပင် အဖြူရောင်ဝတ်စုံနှင့် ကြော့ရှင်းသော လူငယ် တစ်ဦးသည် ချင်ယွင် ကြည့်နေသည့် လေဟာနယ်ထဲမှ လျှောက်ထွက်လာခဲ့သည်။

ထိုလူငယ်၏ ရုပ်သွင်ကိုမြင်လိုက်ရတော့ လူတိုင်း၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျုံ့သွားကြပြီး တစ်ချိန်တည်းမှာပင် အေးစက်စက်လေကို ရှုရှိုက်လိုက်ကြလေသည်။

ကောင်းကင်ဘုံယံရှိ ဘိုးဘေးနတ်ဘုရားငါးပါး၏ မျက်နှာများသည် ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားသည်။

All Chapters