အခန်း ၁၇၅၀
Vol. 117 Ch. 1750
အခန်း 1750 သေမင်းဘိုးဘေးနတ်ဘုရား
"တကယ်ကို သူပဲ။ သူဘာလို့ ဒီကိုရောက်နေတာလဲ။"
"အလို ကောင်းကင်ဘုံ၊ ဒီဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို မသိဘူးမဟုတ်လား"
"ဘာလို့ သူ့ကို မသိရမှာလဲ။ သူ့ကို အစ်ကို ရွှမ်ဟန်လို့ ခေါ်လိုက်တာ မင်း မကြားဘူးလား"
…
ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် လုံးဝ ပေါက်ကွဲသွားခဲ့သည်။ ဤဒဏ္ဍာရီလာပညာရှင် ဤနေရာတွင် ပေါ်လာမည်ဟု သူတို့ မထင်ခဲ့ကြပေ။
ဤကြီးမားသော ပုဂ္ဂိုလ်ကြီးက ရှေးခေတ်နတ်ဘုရားကမ္ဘာကို တုန်လှုပ်စေသည့် တည်ရှိမှု တစ်ခုအဖြစ် လူသိများသည်။ နောက်ပိုင်းမှာတော့ သူ့အတွက် ပြိုင်ဘက်ကို ရှာတွေ့ရန် အရမ်းခက်ခဲလာသည့်အတွက် သူ့အကြောင်းကို မည်သူမှ မသိကြတော့ပါဘူး။ သို့သော် ချင်ယွင်ကြောင့် ယနေ့တွင် သူ ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
ရွှမ်ဟန်၏ ထွက်ပေါ်လာမူက ရောက်ရှိနေသူတိုင်းကို ကြောက်ရွံ့စေသည်။
ကောင်းကင်ယံရှိ ဘိုးဘေးနတ်ဘုရားငါးပါးသည် လုံးဝ မှင်သက်သွားကြသည်။ သူတို့ရှေ့မှ ဤပုဂ္ဂိုလ်သည် ထင်ရှားကျော်ကြားသော သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်သည်။
ကောင်းကင်နတ်ဘုရားအဆင့်မှာပင်, သူသည် ဘိုးဘေးနတ်ဘုရားတစ်ပါးကို သူ့ဓားဖြင့် သတ်ဖြတ်ခဲ့သည်။ ယခု သူသည် အလုံးစုံ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်သည် ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကို နိုးထလာစေမည်ဟု သူတို့ ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
"စီနီယာ၊ စီနီယာက ချင်ယွင်ကို ကူညီမှာလား။" ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများထဲမှ တစ်ပါးက မမေးမီ ခဏလောက် တုန့်ဆိုင်းနေသည်။
ရွှမ်ဟန်က ထိုဘိုးဘေးနတ်ဘုရားကို လှည့်ကြည့်လိုက်ပြီး သူ့အကြည့်တွေက အနှိုင်းမဲ့ အေးစက်နေသည်။
ထိုကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား၏ စိတ်နှလုံးသားသည် အေးစက်သွားကာ သူ့တစ်ကိုယ်လုံး အမွေးအမျှင်များ လွင့်သွားသလို ခံစားလိုက်ရသည်။
အစစ်အမှန်လူကိုယ်တိုင်ကို မြင်တွေ့ရခြင်းကို မဆိုထားနှင့်, ထိုဘိုးဘေးနတ်ဘုရား၏ ဘွဲ့အမည်ကို ကြားရုံမျှဖြင့် လူတိုင်း၏စိတ်နှလုံးကို အေးစိမ့်သွားစေနိုင်ကြောင်း သိထားရမည်။
သေမင်းဘိုးဘေးနတ်ဘုရားကို မြင်တွေ့သူတိုင်း မိမိ၏သေမင်းကို မြင်တွေ့ရသည့် အတိုင်းပင်။
"ချင်ယွင်က ငါ့ညီ။ မင်းတို့ထဲက သူ့ကို ဘယ်သူ သတ်ချင်နေတာလဲ။" ရွှမ်ဟန်သည် ဘိုးဘေးနတ်ဘုရားကို အေးစက်စွာ ကြည့်နေ၏။ သူ့အသံက အကျယ်ကြီး မဟုတ်ပေမယ့် ရောက်ရှိလာသူ အားလုံးကို ထိတ်လန့်စေလောက်သည်။
"ညီလား...."
အားလုံးက ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဟင်...၊ ထိုစကားက ချင်ယွင် အရင်က လုပ်ဆောင်ခဲ့သမျှထက် ပိုပြီး ထိတ်လန့်စရာ ကောင်းနေပါသည်။
သေမင်းဘိုးဘေးနတ်ဘုရား၏ ညီတော်။ တကယ်လို့, မင်းသာ ဒီနာမည်ကို စောစောက ကြေညာခဲ့ရင်, မင်းကို ဘယ်သူက နှိုးဆော်ဝံ့မှာလဲ။
ကောင်းကင်ယံမှ ဘိုးဘေးနတ်ဘုရားငါးပါးတောင် မျက်လုံးတွေ ဖြူဖျော့သွားကြသည်။ ဤချင်ယွင်၏နောက်ခံသည် တကယ်ကို ကြီးမားလွန်းလှသည်။
ပြီးတော့ ဤချင်ယွင်က အသက်မည်မျှနည်း။ သူက သေမင်းဘိုးဘေးနတ်ဘုရားနှင့် မည်သို့ ညီအကိုဖြစ်လာသနည်း။
“ညီအစ်ကို” ဟူသော ဝေါဟာရသည် မျိုးဆက်တူလူတစ်ဦးနှင့် လုံးဝ တူညီကြောင်းကို သိရှိထားရမည်။ သူတို့သည် သူတို့ရှေ့ကလူကို မျိုးဆက်တူလူတစ်ယောက်ဟုပင် မပြောရဲကြပါဘူး။
"စီနီယာ၊ ကျွန်တော်တို့က ထိုက်တောင်ကြီးကို လျစ်လျူရှုပြီး၊ သခင်ချင်ယွင်ကို စော်ကားခဲ့ပါတယ်။၊ သူသာ စီနီယာရဲ့ညီဖြစ်နေမှန်း ကျွန်တော်တို့သိခဲ့ရင် ကျွန်တော်တို့ အနေနဲ့ သူ့ကို ရန်စမှာ မဟုတ်ပါဘူး" ထိုဘိုးဘေးနတ်ဘုရားက ကမန်းကတန်း ပြုံးပြီး ပြောသည်။
အခြားသော ဘိုးဘေးနတ်ဘုရားတွေလည်း ခေါင်းညိတ်ပြကြသည်။
သေမင်းဘိုးဘေးနတ်ဘုရား၏ ညီတော်ကို နှိုးဆော်ခြင်းက သေခြင်းတရားကို ချစ်မြတ်နိုး၍ မဟုတ်ပါလော။
အကယ်၍, သူတိုသာ ဤဖြစ်ပျက်ကို သိရှိထားမည်ဆိုလျှင်, သူတို့ကို သေသည်အထိ ရိုက်နှက်လျှင်ပင် လာရောက်မှာ မဟုတ်ပါဘူး။
"မင်းတို့ရဲ့ ကောင်းကင်ဘုံရှင်နန်းတော်က ချင်ယွင်ကို ထပ်ပြီး ဒုက္ခပေးဝံ့ရင် ငါရွှမ်ဟန်က မင်းတို့ကောင်းကင်ဘုံရှင်နန်းတော်ရဲ့ ဌာနချုပ်တစ်ခုလုံးကို သေချာပေါက် သတ်ပစ်မယ် လို့ မင်းတို့ရဲ့ဘိုးဘေးနတ်ဘုရားဟောင်ထျန်းကို ပြန်ပြောလိုက်ပါ။ ငါရွှမ်ဟန်က ငါ့စကား အတိုင်းကို အမြဲလိုက်နာတယ်ဆိုတာ မင်းတို့ သိသင့်တယ်" ရွှမ်ဟန်က ပြောသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ သေချာပေါက် သတင်းပို့ပါ့မယ်။" ဦးဆောင်သူ ဘိုးဘေးနတ်ဘုရားက ပြောသည်။
"ကောင်းပြီ၊ အခု မင်းတို့ ပြန်လို့ရပြီ။ ဒါပေမယ့် ဒီကောင်တော့ နေခဲ့ရမယ်။" ရွှမ်ဟန်က ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို ညွှန်ပြသည်။
"စီနီယာ၊ ဒါ မကောင်းဘူးမဟုတ်လား" ထိုဘိုးဘေးနတ်ဘုရားသည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏မျက်နှာလည်း ဖြူဖျော့နေသည်။ ရွှမ်ဟန် သူ့ကို နေခွင့်ပေးမည်ဟု သူ မမျှော်လင့်ထားပေ။
"ငါ သူ့အတွက် ခက်ခဲအောင် မလုပ်ပါဘူး။ သူ ငါ့ဓားကို ခံယူနိုင်တာနဲ့ ငါ လွှတ်ပေးလိုက် မယ်။" ရွှမ်ဟန်က လေးနက်စွာ ပြောသည်။
ဘိုးဘေးနတ်ဘုရားငါးပါးသည် တခဏတာမျှ ပြောစရာစကား မဲ့သွားကြသည်။ သူ့ဓားကို ခံယူရမည်။ ယင်းက သူ့ဓားချက်ကိုခံယူပြီး သေရမည်ဟု ပြောခြင်းနှင့် ဘာကွာခြားတော့ မည်နည်း။
သို့သော်လည်း ရွှမ်ဟန်၏စကားကို မည်သူမျှ မပြောင်းလဲနိုင်ခဲ့ပေ။
သူတို့သည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို ခိုကိုးရာမဲ့ ကြည့်နေရုံသာ ရှိပါတော့ သည်။
ရွှီဟန်ကို စိုက်ကြည့်နေစဉ် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ အမူအရာက ခက်ထန် လာသည်။ အဆုံးမှာတော့ သူက ဒေါသတကြီး ဟစ်အော်လိုက်သည် "မင်းက ငါ့ကို သတ်ချင်မှတော့, ငါ မင်းကို တိုက်ခိုက်မယ်"
ထိုသို့ပြောပြီးနောက်၊ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ ရွှေရောင်အလင်းတန်းသည် တောက်ပစွာ လင်းလက်လာခဲ့သည်။ အလင်းတန်းတွေ ပစ်လွှတ်သွားသည့် နေရာတိုင်းရှိ အရာအားလုံးကို ထိုးဖောက်သွားသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင် ပညာရှင်များသည်လည်း သက်ရောက်ခံရပြီး၊ လွင့်စင်သွားသော ရွှေရောင် အလင်းတန်း များ ထိုးဖောက်ဝင်ရောက်ကာ ပြာများအဖြစ် လောင်ကျွမ်းသွားခဲ့သည်။
"မကောင်းတော့ဘူး၊ သူကိုယ်သူ ဖျက်ဆီးပစ်တော့မယ်"
ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ အားလုံးသည် အလွန်မင်း ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသည်။
ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ကိုယ့်ကိုယ်ကို ဖျက်ဆီး ခဲ့ပါက၊ ကီလိုမီတာ သန်းရာချီရှိ အချင်းဝက်အတွင်း သက်ရှိအားလုံးသည် တည်ရှိတော့ မည် မဟုတ်ပေ။
အရူး!
ဒီရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားက အရူးပဲ။
ဤဘေးကြီးကနေ လွတ်မြောက်ပြီဟု တွေးထင်ခဲ့သော ဘိုးဘေးနတ်ဘုရားများသည် လည်း လေဟာနယ်ကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြချိန် အလွန်တရာ နာကြည်းဖွယ် အမူအရာများကို ထုတ်ဖော်လာကြသည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က မျက်မှောင်ကြုတ်သွားသည်။ ဤရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားသည် အမှန်တကယ် စက်ဆုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူသေတော့မည်ကို သူသိသော်လည်း သူသည် တကယ်ပင် လူတော်တော်များများကို သူနှင့်အတူ မြုပ်နှံရန် ဆွဲခေါ်သွားချင်နေခဲ့သည်။
သို့သော် ယခုအချိန်တွင် ရွှမ်ဟန်သည် အလွန်တည်ငြိမ်နေသည်။ သူသည် လေဟာနယ် အတွင်းမှ ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရားကို ကြည့်ကာ သူ့ဓားဖြင့် ချက်ခြင်း ထုတ်ဖော်လိုက်သည်။
သူ့လက်ကို ဓားအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ထိတ်လန့်တုန်လှုပ်ဖွယ် မည်သည့် ဓားအလင်းမျိုးမှ ရှိမနေခဲ့ပေ။
အနက်ရောင် အလင်းတန်းတစ်ခုသာ ကောင်းကင်ယံ၌ လင်းလက်နေသည်။ နောက်အခိုက်တွင် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ ခန္ဓာကိုယ်သည် တိုက်ရိုက် နှစ်ပိုင်းကွဲသွားသည်။
သူ့ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအင်သည်လည်း ထိုအနက်ရောင်အလင်းကြောင့် လွင့်စင်သွားလေသည်။
ဘန်း...။
ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ မပြည့်စုံသော ခန္ဓာကိုယ်သည် ကောင်းကင်မှ ပြုတ်ကျကာ အကြွင်းမဲ့ သေဆုံးသွားရသည်။
ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်သွားသည်။
ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားသည် ထိုကဲ့သို့ ရှောင်တခင် သတ်ဖြတ်ခံခဲ့ရသည်။ သေမင်းဘိုးဘေးနတ်ဘုရားသည် မည်သည့် စွမ်းအားမျိုးဖြင့် ထိုသို့ စွမ်းဆောင်နိုင်ရသနည်း။
ယခင်က သေမင်းဘိုးဘေးနတ်ဘုရားသည် ကြောက်စရာကောင်းသည်ဟု ကောလာဟလ များအရသာ သိခဲ့ကြသော်လည်း ၎င်းတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ခဲ့ဖူးပေ။
သူတို့ကိုယ်တိုင် မျက်စိနှင့် တပ်အပ်မြင်လိုက်ရသည်နှင့် ထိုဖြစ်တည်မှုပုဂ္ဂိုလ်က မည်မျှအထိ ကြောက်စရာကောင်းသည်ကို သူတို့ သိလိုက်ကြပါပြီ။
သေမင်းဘိုးဘေးနတ်ဘုရားကို မြင်တွေ့ရခြင်းက သူတို့သေခြင်းတရားကို မြင်တွေ့ရသလို ပင်။
ထိုစကားလုံးတွေက တကယ်ကို အခြေအမြစ်မရှိခြင်း မဟုတ်ခဲ့ပေ။
ဘိုးဘေးနတ်ဘုရားလေးပါးလည်း ဆွံ့အနေကြသည်။ သူတို့သည် ရွှေကောင်းကင် ဘိုးဘေးနတ်ဘုရား၏ အလောင်းကို ကြည့်ပြီး အံ့သြတုန်လှုပ်သွားကြကာ ဘာမှ မပြောနိုင်ကြပေ။
အခုမှပင် ရွှမ်ဟန်က သူတို့ကိုသတ်ဖို့ မည်မျှလွယ်ကူလဲဆိုသည်ကို သူတို့ သိလိုက်ကြပြီ။
"မင်းတို့ ထွက်မသွားကြသေးဘူးလား" ရွှမ်ဟန်သည် ဘိုးဘေးနတ်ဘုရားလေးပါးကို ကြည့်လိုက်သည်။
"အခုပဲ ထွက်သွားပါ့မယ်" ဦးဆောင်လာသူ ဘိုးဘေးနတ်ဘုရားက အလျင်စလို ပြန်ပြော ပြီးနောက် လေဟာနယ်ကို ဖြတ်ကျော်သွားခဲ့သည်။
ချင်ယွင်သည် စိတ်ပျက်လက်ပျက် ထွက်ပြေးသွားသော ဘိုးဘေးနတ်ဘုရားလေးပါးကို ကြည့်လိုက်သော်လည်း သူ့စိတ်ထဲမှာ ရယ်မောနေသည်။
ဘိုးဘေးနတ်ဘုရားများသည် တန်ခိုးကြီးသည်ဟု ဆိုကြပြီး ၎င်းတို့သည် ကောင်းကင် နတ်ဘုရားများ မျှော်ကြည့်ရသည့် တည်ရှိမှုများဖြစ်သည်ဟု ဆိုကြသည်။
သို့သော် ရွှမ်ဟန်၏ရှေ့တွင်မူ၊ ထိုဘိုးဘေးနတ်ဘုရားများသည် ၎င်းတို့၏ခြေထောက်များ ကြား အမြီးကုပ်ကာ ထွက်ပြေးရုံသာ တတ်နိုင်ကြပါသည်။
"ကျေးဇူးတင်ပါတယ်" ချင်ယွင်က ရွှမ်ဟန်ကိုကြည့်ပြီး ပြောလိုက်သည်။
ရွှမ်ဟန်က ခေါင်းညိတ်ပြပြီး ပြောသည် "ငါက ကိုယ့်ကိုကိုယ် ကူညီတာပါ။ ငါ အပြင်မှာ တစ်ယောက်တည်း နေလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါ့ကို နားလည်ပေးနိုင်တဲ့လူမျိုး ရှိဖို့က ရှားတယ်။ ငါ မင်းတစ်ယောက်ကိုတော့ မသေစေချင်ဘူး"
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။
ရွှမ်ဟန်၏ အတိတ်အကြောင်း အားလုံးကို သူသိသည်။
၎င်းအတိတ်ကြောင်းတွင် ရွှမ်ဟန်၏ အနာကျင်ရဆုံးနှင့် ကြေကွဲဖွယ် အတွေ့အကြုံများ လည်း ပါဝင်နေသည်။
ရွှမ်ဟန်၏ ပင်ကိုယ်စရိုက်ကြောင့် သူသည် ဤကိစ္စကို အခြားသူတစ်ဦးအား အရင်ဆုံး စပြောပြမည်မဟုတ်ပေ။ ထို့ကြောင့်, သူသည် ဝန်ထုပ်ဝန်ပိုးအားလုံးကို သူ့ဘာသာသူ ထမ်းထားရလေသည်။
"အစ်ကိုကြီးရဲ့ ဘဝတစ်လျှောက်လုံး အစ်ကိုကြီးနဲ့အတူလိုက်နိုင်မယ့် မိန်းမတစ်ယောက် ကို ရှာတွေ့ဖို့ အချိန်တန်ပြီ ထင်တယ်" ချင်ယွင်က ပြောသည်။
ရွှမ်ဟန်သည် တစ်ကိုယ်တည်းနေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာငြောင်းခဲ့လေပြီ။
သူသည် ချစ်မိသူတစ်ယောက် ဆုံးရှုံးသွားသည့်အခါ ပိုနာကျင်ရသောကြောင့် အခြား တစ်ယောက်ကို ချစ်မိသွားမှာ ကြောက်ရွှံ့နေခဲ့သည်။
"ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်" ရွှမ်ဟန်က စိတ်လှုပ်ရှားစွာ ပြောသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။
ရွှမ်ဟန်သည် ဘဝတစ်လျှောက်လုံး ဝေခွဲမရဖြစ်နေခဲ့ပြီး၊ သူ့ဘဝတစ်သက်တာလုံး မစွန့်လွှတ်နိုင်ပေ။
"ငါ သွားပြီ။ မင်းတစ်ခုခု လိုအပ်ရင် ငါ့ကိုခေါ်လိုက်ပါ။" ရွှမ်ဟန်က ချင်ယွင်ကို နှုတ်ဆက် စကား ပြောပြီးနောက် ချက်ချင်းဆိုသလို လေဟာနယ်ထဲသို့ ထွက်ပြေးသွားခဲ့သည်။
ချင်ယွင်သည် ရွှမ်ဟန် ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ရင်း သူ့စိတ်ထဲတွင် အကူအညီမဲ့နေသလို ခံစားရသည်။
ဤအလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို လူတိုင်း ကြောက်ကြသော်လည်း၊ ဤအလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရား၏ နောက်ကွယ်မှ ဝမ်းနည်းကြေကွဲဖွယ်ဇာတ်လမ်းကို မည်သူမှ မသိကြပေ။
သေမင်းဘိုးဘေးနတ်ဘုရား ထွက်ခွာသွားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း သက်ပြင်းချကြသည်။