← Chapters

အခန်း ၁၇၅၂

Vol. 117 Ch. 1752

အခန်း ၁၇၅၂

Vol. 117 Ch. 1752

အခန်း (၁၇၅၂) နဂါးဘုရင် ဘိုးဘေးနတ်ဘုရား

လုံဟန်နှင့် လုံယွန်တို့နောက်ကို ရက်ပေါင်းများစွာ လိုက်လာခဲ့ပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် နဂါးကောင်းကင်နန်းတော်၏ ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။

သို့သော် ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ နဂါးကောင်းကင်နန်းတော်၏ ဌာနချုပ် သည် သူတွေးထားသလောက် မြင့်မားပြီး ကြီးကျယ်ခမ်းနားမှု ရှိမနေခြင်းပင် ဖြစ်သည်။

ဌာနချုပ်တစ်ခုလုံးကို တောင်ကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားသည်။ ဤတောင် သည် မြေပြင်ပေါ်တွင် တွားသွားနေသည့် ဧရာမနဂါးကြီးနှင့်တူပြီး နဂါးမျိုးနွယ်၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသည်။

လုံဟန်နှင့် လုံယွန်တို့၏ ဦးဆောင်မှုအောက်တွင်၊ ချင်ယွင်သည် နဂါးကောင်းကင် နန်းတော်၏ အတွင်းပိုင်း နက်ရှိုင်းသောအရပ်ရှိ ခန်းမကျယ်ကြီးဆီသို့ လျှောက်သွားခဲ့ သည်။

ချင်ယွင် နဂါးကောင်းကင်နန်းတော်သို့ ရောက်ရှိလာသောအခါ၊ နဂါးဘုရင် ဘိုးဘေး နတ်ဘုရားသည် လုံဟန်ထံသို့ အသံပို့လွှတ်ပြီး၊ ချင်ယွင်အား သူ့ခန်းဆောင်သို့ တိုက်ရိုက် ခေါ်ဆောင်ရန် အမိန့်ပေးထားသည်။

ချင်ယွင်က ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ကန့်ကွက်မူမှ မရှိပါဘူး။ သူသည် မူလ ကတည်းက နဂါးဘုရင် ဘိုးဘေးနတ်ဘုရားထံ သွားရောက်လိုသည်။

အလွန်လျင်မြန်စွာ၊ ချင်ယွင်ကို နဂါးကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ လုံဟန်သည် ချင်ယွင်ကို နန်းတော်ထဲသို့ ခေါ်သွားပြီးနောက် ပြန်ထွက်ခွာသွားသည်။

ယခုအချိန်မှာ, ချင်ယွင်သည် နဂါးမျိုးနွယ်၏ အစွမ်းထက်ဆုံး အဖွဲ့ဝင်ဖြစ်သည့် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကို တွေ့လိုက်ရသည်။

နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ ချင်ယွင်သည် သူ မည်သည့် အစစ်အမှန် အဓိပ္ပါယ်ကို နားလည်ထားမှန်း မသိနိုင်ပေ။

သို့သော်လည်း ချင်ယွင်သည် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် အလွန်သန်မာပြီး အလွန်မင်း အစွမ်းထက်သည့်နေရာမှာ ရှိနေသည့်အတွက် အလွန်တန်ခိုးကြီးကြောင်း သိထားသည်။

"နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပဲ။" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခန်းမထဲမှ ထွက်လာခဲ့သည်။

ထိုလူသည် ခရမ်းရောင် နဂါးဝတ်ရုံကို ၀တ်ထားကာ သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။ သူသည် နဂါး သို့မဟုတ် ဘိုးဘေးနတ်နတ်ဘုရား၏ မည်သည့် အငွေ့အသက်ကိုမျှ ထုတ်လွှတ်ထားခြင်း မရှိပေ။ အပေါ်ယံအမြင်ဖြင့်ဆိုပါက, သူသည် သာမန်လူတစ်ယောက်နှင့် ထူးမခြားနားပေ။

သို့သော်၊ သူ့ရှေ့ရှိ ဤပုဂ္ဂိုလ်သည် ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ထိတ်လန့်စေ သည့် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားဖြစ်ကြောင်း ချင်ယွင် သိသည်။

"ဂျူနီယာ ချင်ယွင်က အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကို နှုတ်ဆက်ပါတယ်။" ချင်ယွင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဟား...၊ ဟား...၊ သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါမကြိုက်ဆုံးက မင်းတို့ လူသားတွေရဲ့ ရှုပ်ထွေးနေတဲ့ ကျင့်ဝတ်တွေပဲ။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ချင်ယွင်လည်း ပြုံးပြသည်။ ဤနဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် သူထင်ထားသည် ထက် စကားပြောရ ပိုလွယ်ကူသည်။ အနည်းဆုံး ယခုအချိန်အထိ သူသည် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားထံမှ မည်သည့်အငွေ့အသက်ကိုမျှ မခံစားရပေ။

"အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ကျွန်တော်ကို ဒီအချိန် ဘာလို့ ခေါ်တာလဲလို့ သိချင်မိပါတယ်။" ချင်ယွင်က ပွင့်ပွင့်လင်းလင်း မေးသည်။

"ဟား..၊ ဟား...၊ တိုက်ရိုက်ဆန်တယ်။ မင်းလို လိုရင်း ပြောတတ်တဲ့လူတွေကို ငါ ကြိုက် တယ်။ သွယ်ဝိုက်ပြောနေတာမျိုး ငါ သဘောမကျဘူး။ မင်း ငါတို့ရဲ့ နဂါးကောင်းကင် နန်းတော်ထဲ ဝင်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ မင်းဆန္ဒရှိမလား ငါ သိချင်မိတယ်။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ်, နဂါးဘုရင် ဘိုးဘေးနတ်ဘုရား၊ ဒီဂျူနီယာက ဒါကို သဘောမတူနိုင် မှာ စိုးမိပါတယ်။ တိုက်ပွဲတွေမှာ ပါဝင်ဖို့ ကျွန်တော် ရှေးခေတ်နတ်ဘုရားကမ္ဘာကို လာခဲ့ တာ မဟုတ်ဘူး။ ဒီအငြင်းပွားမှုမှာ ကျွန်တော် ဝင်မပါချင်ပါဘူး။" ချင်ယွင်က ငြင်းသည်။

"မင်း တကယ် သဘောမတူဘူးလား" နဂါးဘုရင် ဘိုးဘေးနတ်ဘုရား၏ အသံသည် အနည်းငယ် အေးစက်သွားသည်။

ချင်ယွင်က ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။

နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်ကို စက္ကန့်အနည်းငယ်မျှ အေးစက်စွာ ကြည့်နေပြီးနောက် နောက်ဆုံးတွင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြန်သည်။

"ဟား...၊ ဟား..၊ မင်း ငြင်းမယ်ဆိုတာ ငါသိပါတယ်။ မင်းကို နဂါးကောင်းကင် နန်းတော်ထဲ ငါ တကယ်ကို ဝင်ရောက်စေချင်ပေမယ့် မင်း ဆန္ဒမရှိရင် ငါ မင်းကို အတင်းအကျပ် စေခိုင်းမှာ မဟုတ်ပါဘူး။ တကယ်တော့ မင်းကိုခေါ်ခိုင်းရတာက တခြားကိစ္စတွေ ရှိနေလို့ ပဲ" နဂါးဘုရင်က ဟက်ဟက်ပက်ပက် ရယ်သည်။

"အဲဒါဘာလဲ" ချင်ယွင် အနည်းငယ် မှင်သက်သွားသည်။

သို့သော် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ အခုနက နဂါးဘုရင် ဘိုးဘေး နတ်ဘုရားသည် သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူ တကယ်ကို အသက်ရှူမဝသလို ခံစားရသည်။

အကယ်၍, နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသာ သူ့ကို တကယ် ဒေါသထွက်ပြီး၊ သူ့ကို သတ်ချင်သည်ဆိုလျှင်, ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးတောင်မှ သူ့ကို တားနိုင်မှာ မဟုတ်ပါဘူး။

"ဒီကိစ္စက ငါတို့နဂါးမျိုးနွယ်ရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်တယ်။ မင်းလည်း နဂါးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတော့, တစ်နေ့ ငါတို့နဂါးမျိုးနွယ် သွေးမျိုးဆက်ကျန်ရစ်အောင် ကူညီပေးနိုင်ဖို့ ငါ မျှော်လင့်တယ်။" နဂါးဘုရင်ဘိုးဘေး နတ်ဘုရားက ရုတ်တရက် သက်ပြင်းချလိုက် သည်။

"ဘာဖြစ်နေတာလဲ၊ နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ချန်ထားနိုင်အောင်လား။ တစ်စုံ တစ်ယောက်က နဂါးမျိုးနွယ်ကို သတ်ဖြတ်ချင်နေတာများ ဖြစ်နိုင်မလား။" ချင်ယွင်က အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။

နဂါးဘုရင်ဘိုးဘေးနတ်ဘုရား၏ ခွန်အားသည် ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးတွင် ထိပ်တန်း တည်ရှိမူ ဖြစ်နေပါပြီ။ သူသည် နဂါးမျိုးနွယ်ကို ဦးဆောင်သူဖြစ်ပြီး၊ သူနှင့် သူ့နဂါးမျိုးနွယ်ကို နှိုးဆော်ဝံ့သူ မရှိနိုင်ဘူး မဟုတ်လား။

ယခုမူ၊ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက သူ့ကို နဂါးမျိုးနွယ်ကို ကာကွယ်ပေးရန် အလိုရှိနေသည်။

"မင်း ပဟေဠိဖြစ်နေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ့ရဲ့အစစ်မှန် ခန္ဓာကိုယ်က ကံကြမ္မာနဂါး ဖြစ်တယ်။ ငါနားလည်တဲ့ လျှို့ဝှက်ဆန်းကြယ်မူတွေက ကံကြမ္မာရဲ့ လျှို့ဝှက် ဆန်းကြယ်တွေပဲ။ ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံး ကပ်ဆိုးကြီးကျ ရောက်တော့ မယ်ဆိုတဲ့ ကြိုတင်သတိပေးချက်တစ်ခု ငါ့မှာ ရှိနေတယ်။ ဒီကပ်ဆိုးကြီးမှာ လူပေါင်းများ စွာသေပြီး လက်တစ်ဆုပ်စာလောက်ပဲ အသက်ရှင်ကျန်ရစ်မယ်။" နဂါးဘုရင် ဘိုးဘေး ဘုရားက ပြောသည်။

"ကံကြမ္မာရဲ့ လျှို့ဝှက်ဆန်းကြယ်မူလား။ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ကြီးမားတဲ့ ဘေးဆိုးကြီး ဖြစ်မှာလား။ ချင်ယွင်သည် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာကို ဖော်ပြလိုက်မိသည်။

“ဒါတွေအားလုံးက ကောင်းကင်ဘုံတန်ခိုးရှင် အိပ်ပျော်နေတဲ့အတွက်ကြောင့်များ ဖြစ်နိုင် မလား"

“စီနီယာ၊ စီနီယာပြောသလိုဆို ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ကြီးမားတဲ့ ဘေးဒုက္ခကြီး တစ်ခု ကြုံလာရလိမ့်မယ်ပေါ့။ ဒါနဲ့ စီနီယာတို့ နဂါးမျိုးနွယ်ကို ကျွန်တော်က ကယ်တင် နိုင်မယ်လို့ စီနီယာ ဘာလို့ ထင်တာလဲ။”

နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် ထိုစကားကိုကြားတော့ သူက ပြုံးပြီး ပြောသည် "ကံကြမ္မာကပေါ့။ ရှေးဖြစ်ဟောသူတစ်ယောက်အနေနဲ့ နဂါးစိတ်ဝိညာဉ်ပိုင်ဆိုင်တဲ့ လူသားတစ်ယောက် ငါတို့နဂါးမျိုးနွယ်ရဲ့ အနာဂတ် ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်လို့ ပြောထားတယ်။ မင်းမဟုတ်ရင် အဲဒီလူက ဘယ်သူဖြစ်မလဲ။"

ချင်ယွင်သည် ချက်ခြင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။

နဂါးဘုရင်ဘိုးဘေးနတ်ဘုရားသည် ကံကြမ္မာကို အမှန်တကယ် ဖတ်ရှုနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဘိုးဘေးနတ်ဘုရားဖြစ်သည့် ဒီလိုပညာရှင်မျိုးက သူနှင့် ဟာသလုပ်မှာ မဟုတ်ဘူးဟု ထင်ထားခြင်းကြောင့်သာ မဟုတ်ပါက၊ နဂါးဘုရင်ဘိုးဘေးနတ်ဘုရားက သူ့ကို နောက်ပြောင်နေသည်ဟု သူ သေချာပေါက် ထင်မှတ်လိမ့်မည်။

ကံကြမ္မာကို တကယ် ခန့်မှန်းနိုင်ပါ့မလား။

"မင်း မင်းမိဘတွေကို အမြဲရှာနေတာ မဟုတ်ဘူးလား။" နဂါးဘုရင်ဘိုးဘေးနတ်ဘုရားက ရုတ်တရက် မေးလိုက်ပါသည်။

"အယ် စီနီယာ, ကျွန်တော့် မိဘတွေ ဘယ်ရောက်နေလဲ စီနီယာ သိလား" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

သူ့မိဘတွေကို ရှာဖွေရန်အတွက် သူသည် ရှေးခေတ်နတ်ဘုရားကမ္ဘာကို ရောက်လာခဲ့ ခြင်း မဟုတ်ဘူးလား။ သို့သော်၊ သူသည် ဤစကြဝဠာ၏ အမြင့်ဆုံးဂြိုလ်ကမ္ဘာသို့ ရောက်ရှိ နေပြီဖြစ်သော်လည်း သူ့မိဘများ မည်သည့်နေရာတွင်ရှိနေသည်ကို မသိရသေးပေ။

"မင်းမလာခင် ငါ မင်းရဲ့ကံကြမ္မာကို တွက်ချက်ကြည့်တယ်။ ကံမကောင်းတာက၊ ငါဘာမှ မတွက်နိုင်ခဲ့ဘူး။ ဒါကြောင့် မင်းရဲ့မိဘတွေကို ငါ တွက်ချက်ကြည့်တယ်။ နောက်ဆုံးတော့ ရလာဒ်တစ်ခုပဲ ရှိတော့တယ်။ မင်းမိဘတွေက အသက်ရှင်နေသေးပေမယ့် သူတို့ ဘယ်ရောက်နေလဲ ငါ မခန့်မှန်းနိုင်ဘူး။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

"အသက်ရှင်နေတုန်းပဲ" ချင်ယွင်၏မျက်နှာသည် စိတ်သက်သာရာရသည့် အရိပ်အမြွက် ဖြစ်ပေါ်လာသည်။

သူသည် သူ့မိဘတွေကို အချိန်အတော်ကြာ လိုက်ရှာနေခဲ့ပြီး၊ နောက်ဆုံးမှာ သူတို့ အကြောင်း သတင်းရခဲ့ပါပြီ။

သူ့မိဘတွေ အသက်ရှင်နေသရွေ့ တစ်နေ့မှာ သူတို့ကို ရှာတွေ့ပါလိမ့်မည်။

"ချင်ယွင်၊ မင်းအမေက ဒီကမ္ဘာက မဟုတ်ဘူးလို့ မင်းထင်ဖူးလား။ ဘာလို့ဆို, ငါ သူမရဲ့ကံကြမ္မာကို တွက်ချက်ကြည့်တော့, သူမရဲ့ကံကြမ္မာက သာမန်ဘိုးဘေးနတ်ဘုရား တစ်ပါးထက် အများကြီး ကျော်လွန်နေတာကို ငါ တွေ့ရှိရတယ်” နဂါးဘုရင် ဘိုးဘေး နတ်ဘုရားက ပြောသည်။

"ဒီကမ္ဘာက မဟုတ်ဘူးလား?" ချင်ယွင် ရုတ်တရက် ထိတ်လန့်သွားသည်။

သူ တကယ်ပဲ ထိုအကြောင်းကို မတွေးမိဖူးပါဘူး။

သူသည် သူ့အမေက သာမန်လူသားတစ်ယောက်ဟု အမြဲတွေးထားခဲ့သော်လည်း၊ ယခုချိန်မှာ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ယခုလိုပြောလာသည့်အတွက် သူ့အမေနှင့် ပတ်သက်ပြီး သံသယမဝင်ဘဲ မနိုင်တော့ပေ။

မှန်ပါသည်။ အကယ်၍ သူ့အမေသည် အင်မော်တယ်တွင် သေးငယ်သော သတ္တဝါတစ်ဉီး ဖြစ်ခဲ့လျှင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသနည်း။ ပျောက်ကွယ်သွား သော သူ့အဖေလည်း ရှိသေးသည်။ သူမသိသည့် လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိရပါမည်။

အကယ်၍ အတိတ်တုန်းကသာဆိုလျှင်, ချင်ယွင်သည် ဤကမ္ဘာအပြင်, ဤကမ္ဘာကြီး၏ အပြင်ဘက်တွင် မည်သည့်အရာများရှိနေသည်ကို တွေးကြည့်နိုင်မည် မဟုတ်ပေ။

ယခုမူကား၊ သူတို့စကြဝဠာ၏အပြင်ဘက်တွင် ကြီးမားသော စကြဝဠာပင်လယ်ကြီး ရှိနေကြောင်းနှင့် သူတို့စကြာဝဠာသည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိနေကြောင်း သူ သိထားသည်။

"ကောင်းပြီ၊ မင်း တကယ်သိချင်ရင် အချိန်ဘိုးဘေးနတ်ဘုရားကို မင်း ရှာရမယ်။ နောက်ဆုံးမှာ သူက အရာအားလုံးကို ပိုင်းခြားသိမြင်နိုင်တယ်။" နဂါးဘုရင် ဘိုးဘေး နတ်ဘုရားက ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ လာရသည့် သူ့ရည်ရွယ်ချက်လည်း ဖြစ်သည်။

"ကောင်းပြီ၊ ငါပြောစရာရှိတာ အကုန်ပြောပြီးပြီ။ လုံဟန်နဲ့ လုံယွန်တို့ကြောင့် မင်းက ငါတို့ နဂါးမျိုးနွယ်ကို စောင့်ရှောက်ပေးမယ်လို့ ငါ မျှော်လင့်တယ်။ နောက်တော့ လုံဟန်က မင်းကို နဂါးအသွင်ပြောင်းခြင်းရေကန်ကို ခေါ်သွားလိုက်လိမ့်မယ်။ အဲဒါက ငါတို့ နဂါးမျိုးနွယ်ရဲ့ သေးငယ်တဲ့ ဆုလာဘ်တစ်ခုလို့ ယူဆလို့ရတယ်။" နဂါးဘုရင်ဘိုးဘေး နတ်ဘုရားက ပြောသည်။

ထိုစကားပြောပြီးနောက်၊ လုံဟန်သည် ခန်းမအပြင်ဘက်မှ ဝင်လာခဲ့သည်။

All Chapters