အခန်း ၁၇၅၃
Vol. 117 Ch. 1753
အခန်း (၁၇၅၃) နဂါးအသွင်ပြောင်းခြင်း ရေကန်
"နဂါးအသွင်ပြောင်းခြင်းရေကန်က ငါတို့ ရှေ့မှာ ရှိနေတယ်။" လုံဟန်က ချင်ယွင်ကို ပြောသည်။
"ဒီနဂါးအသွင်ပြောင်းခြင်းရေကန်ဆိုတာ အတိအကျ ဘာလဲ" ချင်ယွင်က မမေးခင် ခဏလောက် စဉ်းစားလိုက်ပါသည်။
လုံဟန်နှင့် လုံယွန်တို့သည် သူ့ကို နဂါးအသွင်ပြောင်းခြင်းရေကန်အကြောင်းကို အမြဲ ပြောပြခဲ့ပြီး နဂါးအသွင်ပြောင်းခြင်းရေကန်တွင် မည်သည့်ထူးခြားသော သက်ရောက်မှု များ ရှိနေသည်ကို သူ အမြဲတွေးနေခဲ့သည်။
"ဒီနဂါးအသွင်ပြောင်းခြင်းရေကန်က ငါတို့နဂါးမျိုးနွယ်ရဲ့ မြင့်မြတ်နယ်မြေပဲ၊" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကိုယ်တိုင် အသိအမှတ်ပြုခံရသူတွေပဲ နဂါးအသွင်ပြောင်းခြင်း ရေကန် ထဲ ဝင်ရောက်နိုင်တယ်။ ငါတို့နဂါးမျိုးနွယ်တွေဟာ နဂါးအသွင်ပြောင်းခြင်း ရေကန်ထဲ ဝင်ရောက်တာနဲ့ တပြိုင်နက်၊ နဂါးစိတ်ဝိညာဉ်နဲ့ နဂါးမျိုးနွယ်တွေရဲ့ သွေးမျိုးဆက် နှစ်ခု စလုံးကို သန့်စင်ဖို့ နှစ်ခြင်းခံရတယ်။ ဒီရေကန်က လူတစ်ဦးစီရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ စွမ်းရည်တွေကို လုံးလုံးလျားလျား ဖော်ထုတ်နိုင်တယ်။ ဒါ့ကြောင့် နဂါးအသွင်ပြောင်းခြင်း ရေကန်ထဲ ဝင်လိုက်တာနဲ့ နဂါးမျိုးနွယ် ကျွမ်းကျင်ပညာရှင်တွေရဲ့ အားသာချက်တွေက ပိုမိုများပြားလာလိမ့်မယ်။” လုံဟန်က ရှင်းပြသည်။
ချင်ယွင်က ခေါင်းညိတ်ပြီး ဆက်မေးသည် “ဒါဆို ဒီနဂါးအသွင်ပြောင်းခြင်းရေကန်က ဘယ်ကရောက်လာတာလဲ”။
သို့သော် လုံဟန်က ခေါင်းခါပြီး ပြောသည် “ဒီနဂါးအသွင်ပြောင်းခြင်းရေကန်က ရှေးခေတ် ကတည်းက တည်ရှိခဲ့တာ။ နဂါးဘိုးဘေးတွေ ရှာဖွေတွေ့ရှိပြီးနောက်၊ ငါတို့နဂါးမျိုးနွယ်ရဲ့ ထိန်းသိမ်းမှုအောက်မှာ အမြဲရှိနေခဲ့တယ်”။
ထိုစကားကိုကြားတော့ ချင်ယွင်သည် နောက်ဆုံး သဘောပေါက်သွားပါသည်။
တကယ်တော့ ဤနဂါးအသွင်ပြောင်းခြင်းရေကန်သည် ရတနာသိုက်တစ်ခု ဖြစ်သည်။ ထို့အပြင်, နဂါးမျိုးနွယ်၏ ဘိုးဘေးတွေက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံး ၎င်းကို သူတို့က သိမ်းပိုက်ခဲ့သည်။
ထို့အပြင်, အရင်းအမြစ်များသည် မူလကတကည်းက ဤနည်းတိုင်းပင်။ နဂါးများသည် နဂါးအသွင်ပြောင်းခြင်းရေကန်ကို နှစ်ပေါင်းများစွာ အကာအကွယ်ပေးနိုင်တဲ့အချက်က, သူတို့သည် နဂါးအသွင်ပြောင်းခြင်းရေကန်ကို ပိုင်ဆိုင်ဖို့ အရည်အချင်း ပြည့်မီပါသည်။
"ငါတို့ ရောက်ပြီ” လုံဟန်က ချင်ယွင်ကို ပြောသည်။
ချင်ယွင်သည် ရှေ့ကို လှမ်းကြည့်လိုက်လျှင်, သူ့ရှေ့မှာ ရေကန်ကြီးတစ်ကန် ရှိနေသည်။
ထိုရေကန်သည် လုံးဝိုင်းပြီး သိပ်ပြီးမကြီးမားပေ။ ဧရိယာက စတုရန်းမီတာ တစ်ရာ လောက်သာရှိမည်။
သို့သော် နဂါးအသွင်ပြောင်ခြင်းရေကန်သည် သိပ်သည်းသော မြူခိုးများဖြင့် ပြည့်နေသည်။ ထိုမြူခိုးများက နဂါးအသွင်ပြောင်းခြင်းရေကန်ကို အနည်းငယ် ပုံရိပ်ယောင်ဆန်ဆန် ဖြစ်လာစေသည်။
ရေကန်ထဲရေသည် အနှိုင်းမဲ့ အစိမ်းရောင်သမ်းနေပြီး အလွန်ကြည်လင်သည်။
သို့သော် ချင်ယွင်ကို အံ့အားသင့်စေသည့် အရာမှာ ရေကူးကန်ထဲတွင် လှပသော အမျိုးသမီးတစ်ဦး ရှိနေခြင်း ဖြစ်သည်။
သူမသည် အနက်ရောင်စကတ်ကို ၀တ်ဆင်ထားကာ သူမတစ်ကိုယ်လုံးကို ရေစိမ်နေခြင်း ဖြစ်သည်။ သူသည် သူမ၏အဝတ်အစားတွေကို ထွင်းဖောက် မမြင်နိုင်သော်လည်း သူမသည် လှပသည့် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ထိုအမျိုးသမီး၏ ကျင့်ကြံမှုမှာ မမြင့်မားပေ။ သူမသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိသေးသည်။ ဤအခိုက်အတန့်တွင် သူမသည် ကျင့်ကြံခြင်းတွင် နှစ်မြုပ်နေပုံရပြီး ချင်ယွင် ရောက်ရှိလာသည်ကိုပင် သတိမထားမိပေ။
"သူမ ဘယ်သူလဲ?" ချင်ယွင်က မေးသည်။
"သူမက လုံထျန်းရဲ့သမီးပဲ။ သူမရဲ့ နာမည်က လုံလင်းအာတဲ့။ ဒီနှစ်မှာမှ သူမက အသက် ၃၀၀၀ ပဲ ရှိသေးတယ်။ သူမက အသက်သိပ်မကြီးသေးပါဘူး၊ ဘယ်လိုလဲ လှတယ် မဟုတ်လား။ သူမက ငါတို့နဂါးမျိုးနွယ်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်ပဲ။ မင်းကို သူမနဲ့ မိတ်ဆက်ပေးစေချင်လား။" လုံဟန်က ပြုံးပြီး နောက်ပြောင်သည်။
ချင်ယွင်သည် သူ့မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာ ရှိနေသည်။ သူ့အနေဖြင့်ဆို, အသက်သုံးထောင်က ကြီးမနေဘူးလား။
သို့သော် ချင်ယွင်သည် ရှေးခေတ်နတ်ဘုရားရှင်ကမ္ဘာတွင် သူ့ထက် အသက်ငယ်သူကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း တွေးမိပြီး လုံးဝ စိတ်သက်သာရာရသွားသည်။
"ဒါဆို...မင်းက ငါ့ကို သူမနဲ့အတူ ရေစိမ်ခိုင်းမလို့လား" ချင်ယွင် ရုတ်တရက် အံသြစွာ မေးလိုက်သည်။
"ဘာကို ကြောက်နေတာလဲ။ နှစ်ခြင်းခံဖို့အတွက် နဂါးအသွင်ပြောင်းခြင်းရေကန်ထဲ ဝင်ခွင့်ရတာက နဂါးမျိုးနွယ်အတွက် ဂုဏ်ယူစရာပဲလေ။ ယောက်ျားနဲ့ မိန်းမ အတူတူ ဝင်တော့ရော ဘယ်သူက ဂရုစိုက်မှာလဲ။" လုံဟန်သည် ချင်ယွင်ကို အထင်အမြင်သေးစွာ ဖြင့် စိုက်ကြည့်နေသည်။
ချင်ယွင် ဆွံ့အသွားရသည်။
လူသားမျိုးနွယ်တွင် အမျိုးသားနှင့် အမျိုးသမီးကြား ခွဲခြားနားမှုက အမြဲရှိနေခဲ့သည်။ ဤအရာက ရေချိုးခြင်း မဟုတ်သော်လည်း အမျိုးသမီးတစ်ယောက်နှင့် ရေကန် သေးသေး လေးမှာ စိမ်နေခြင်းက အနည်းငယ် အဆင်မပြေသလို ခံစားရသည်။
"ဒါကြောင့် မင်းစိတ်ချလက်ချ သတ္တိရှိရှိ ဆင်းသွားလိုက်ပါ။ ငါတို့ နဂါးအမျိုးသမီးတွေက ဒီကိစ္စကို စိတ်ထဲမထားဘူး" ထိုသို့ပြောပြီးနောက် လုံဟန်သည် ချင်ယွင်ထံမှ နောက်ပြန် ဆုတ်သွားခဲ့သည်။
ချင်ယွင်သည် နဂါးအသွင်ပြောင်းခြင်းရေကန်ဆီသို့ တွန်းထုတ်ခံလိုက်ရသည်။
နဂါးအသွင်ပြောင်းခြင်းရေကန်ထဲသို့ သူဝင်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ့တစ်ကိုယ်လုံးကို အေးစိမ့်မူက သွန်းလောင်းသွားခဲ့ပြီး၊ အေးစိမ့်မူကို ချက်ချင်း ခံစားလိုက်ရသည်။ ဤအေးစက်မှုမျိုးက သူ့ခန္ဓာကိုယ်မှသာမက သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်များ၊ သို့မဟုတ် သူ့စိတ်ဝိညာဉ်ရှိ နဂါးစိတ်ဝိညာဉ်အစိတ်အပိုင်းမှ ရောက်ရှိလာခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် အလွန်အမင်းစဉ်းစားမနေဘဲ ရေကန်ထဲတွင် တင်ပျဉ်ခွေကာ အလျင်အမြန် ထိုင်လိုက်သည်။ နဂါးအသွင်ပြောင်းခြင်းရေကန်၏ ထူးခြားချက်များကို သူ အသေအချာ ခံစားကြည့်ရမည်။
သို့သော်လည်း ချင်ယွင်သည် လျင်မြန်စွာပင် သူ့စိတ်များ တဖြည်းဖြည်း ရပ်တန့်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပြီး သူ့တစ်ကိုယ်လုံး တဖြည်းဖြည်း မေ့မြောသွားသည်ကို တွေ့လိုက်ရသည်။
သူ မူးမေ့မသွားခင် အခိုက်အတန့်လေးမှာ, ချင်ယွင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးချပ်ဝတ် တန်ဆာက သူ့ဘာသာသူ အမှန်တကယ် အသက်သွင်းခဲ့ကြောင်း ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးတစ်ပိုင်းအခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်တော့ ကမ်းခြေမှ လုံဟန်က ပြုံးသည်။ "နှစ်ခြင်းခံခြင်း စပြီလား။ ဟိုတချိန်တုန်းက ငါ တစ်လလောက် တောင့်ခံပြီး နဂါးမျိုးနွယ်ရဲ့ ထူးချွန်သူအဖြစ် ချီးမွမ်းခံခဲ့ရတယ်။ လုံထျန်းက သုံးလ ကြာခဲ့တယ်။ မင်းဘယ်လောက်ကြာကြာ ခံနိုင်မလဲ လို့ ငါ သိချင်မိသား။"
ထိုသို့ပြောပြီးနောက် လုံဟန်သည် လုံလင်းအာကို အဝေးမှ ကြည့်လိုက်သည်။ "ဒီအကြောင်း ပြောရရင် လုံလင်းအာက သုံးလလောက် နှစ်ခြင်းခံပြီးသွားပြီ။ သူမက သူမအဖေကို ကျော်လွန်သွားမယ်လို့ ငါ မမျှော်လင့်ထားဘူး။ နဂါးမျိုးနွယ်ထဲမှာ နောက်ထပ် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ။ ရက်တွေကို ရေတွက်ကြည့် ရင် သူမလည်း နိုးလုနီးပါး ဖြစ်လောက်ပြီ။"
လုံဟန်သည် မထွက်ခွားသေးဘဲ ကမ်းစပ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။
လုံလင်းအာနှင့် ချင်ယွင်တို့ နှစ်ခြင်းခံခြင်းကိစ္စ မပြီးဆုံခင်အထိ သူသည် နဂါးအသွင်ပြောင်းခြင်း ရေကန်ကို ကာကွယ်ရန် စီစဉ်ထားသည်။
ထိုအချိန်မှာပင်၊ ချင်ယွင်သည် သူ့အိပ်မက်ထဲတွင် လုံးလုံး နှစ်မြှုပ်နေခဲ့သည်။
အိပ်မက်ထဲတွင် သူသည် ကောင်းကင်ယံ၌ အဆက်မပြတ် လှည့်ပတ်နေသော ခရမ်းရောင် နဂါးကြီးအဖြစ် လုံးဝ ပြောင်းလဲသွားသည်ကို သူ တွေ့ရှိခဲ့သည်။ သူ့အောက်တွင် အကန့်အသတ်မဲ့ မြေကြီး ဖြစ်နေသည်။
သူသည် ဆက်လက် ပျံသန်းကာ ကောင်းကင်ယံသို့ အမြင့်ဆုံးအထိ တက်လှမ်းရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
ကောင်းကင်ယံတွင်၊ ကောင်းကင်ဘုံတံခါးတစ်ခုရှိပြီး သူ၏ပန်းတိုင်မှာ ကောင်းကင်ဘုံ တံခါးကို ဖြတ်ကျော်ရန် ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံတံခါးရှေ့တွင် ပျံသန်းရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ၊ ချင်ယွင်သည် ဇွဲလုံ့လနှင့်အပြည့်နှင့် ရှေ့သို့ ဆက်လက်ပျံသန်းရန် အစွမ်းကုန် ကြိုးစားရုံ သာ တတ်နိုင်ခဲ့သည်။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီ။ မကြာခင် ရက်နှစ်ဆယ် ကြာသွားခဲ့သည်။
ရေကူးကန်ထဲမှာ တင်ပျဉ်ခွေထိုင်နေသည့် အမျိုးသမီးသည် နောက်ဆုံးတော့ မျက်လုံးတွေ ပွင့်လာသည်။ သုံးလနှင့် ရက်ပေါင်း နှစ်ဆယ်။ သူမသည် ဖခင်ဖြစ်သူ တင်ထားသည့် နဂါးမျိုးနွယ်၏စံချိန်ကို လုံးဝ ချိုးဖျက်နိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ လုံလင်းအာသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် သို့ ဖြတ်ကျော်သွားခဲ့ပြီး သူမ၏ အငွေ့အသက်သည်လည်း ထူးထူးခြားခြား အားကောင်း လာသည်။
သို့သော် သူမနိုးလာသောအခါ ပထမဆုံး သူမလုပ်လိုက်သည်မှာ သူမ၏ခန္ဓာကိုယ် ပြောင်းလဲမှုကို မကြည့်ဘဲ ရေကူးကန်၏တစ်ဖက်ခြမ်းရှိ ချင်ယွင်ကို ကြည့်ခြင်းပင် ဖြစ်သည်။
မူလက သူမနိုးထရန် ဆယ်ရက်လိုသေးသော်လည်း ယခုမှပင် သူမ၏နဂါးခန္ဓာကိုယ်သည် နဂါးအသွင်ပြောင်းခြင်းရေကန်အတွင်းရှိ စွမ်းအင်ကို မစုပ်ယူနိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရသည်။ အဲဒါကြောင့် အစောကြီး နိုးထလာခြင်း ဖြစ်သည်။ သူမသည် ရေကန်ထဲ မှာ ထိုင်နေရင်း နဂါးအသွင်ပြောင်းခြင်းရေကန်ထဲက စွမ်းအင်တွေက ထိုလူငယ်ဆီ စီးဆင်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ဝှီး...။
လုံလင်းအာသည် ကမ်းပေါ်သို့ အပြေးအလွှား ပြေးသွားကာ၊ သူမ၏ အ၀တ်စားတွေက လုံးဝ ခြောက်သွေ့နေပြီး၊ သူမတစ်ကိုယ်လုံး ဖော်မပြနိုင်သော သူရဲကောင်းဆန်ဆန် ရောင်ဝါများ ထွက်ပေါ်လာသည်။
"လင်းအာ၊ မင်း နိုးလာပြီလား။ မင်းက တကယ်ကို အံ့သြစရာပဲ။ မင်းအဖေရဲ့ မှတ်တမ်းကို မင်း တကယ် အနိုင်ယူပြီး ငါတို့နဂါးမျိုးနွယ်သမိုင်းမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့ တယ်။" လုံဟန်က လုံလင်းအာ ကမ်းစပ်ပေါ် ပြန်ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။
သို့သော်၊ လုံလင်းအာသည် အနည်းငယ်မျှပင် မပြုံးပြခဲ့ပေ။ သူမအကြည့်တွေက ရေကန်ထဲက ချင်ယွင်ကို စိုက်ကြည့်နေတုန်းပင်။
"ဦးလေး လုံဟန်၊ ဒီလူက ဘယ်သူလဲ၊ သူက လူသားဆိုတာ ထင်ရှားပါတယ်။ သူက နဂါးအသွင်ပြောင်းခြင်းရေကန်ထဲ ဘယ်လိုဝင်ခဲ့တာလဲ" လုံလင်းအာက မေးသည်။
လုံဟန်က နဂါးအသွင်ပြောင်းခြင်းရေကန်ထဲက အဖြစ်ပျက်တွေကို မသိပါဘူး။ သူက ပြုံးပြီး ပြောသည် "သူက ငါသိတဲ့ ညီတစ်ယောက်ပဲ။ သူက လူသားတစ်ယောက် ဖြစ်ပေမယ့် တစ်ချိန်က နဂါးမျိုးနွယ်ရဲ့ ရှေးဟောင်းစိတ်ဝိညာဉ်နဂါးက နဂါးစိတ်ဝိညာဉ် အပ်နှင်းခဲ့တယ်။ ဒီတစ်ခါတော့ နဂါးဘုရင်ဘိုးဘေးနတ်ဘုရားက ငါ့ကို သူ့ကို ခေါ်လာပေး ဖို့ စေခိုင်းခဲ့ပြီး၊ သူ့ကို နဂါးအသွင်ပြောင်းခြင်းရေကန်ထဲ ဝင်ဖို့တောင် အထူး ခွင့်ပြုခဲ့ပေး တယ်။"
"သူ့ကို နဂါးမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်ကို အပ်နှင်းခဲ့တာလား၊ ဒါ့အပြင်၊ အဲဒါက ရှေးဟောင်း စိတ်ဝိညာဉ်နဂါးလား" ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း လုံလင်းအာ၏ မျက်လုံးများက အံ့အားသင့်သွားသည်။
နဂါးမျိုးနွယ်အတွင်းရှိ လူတိုင်းသည် ကျောက်စိမ်းနဂါးသည် နဂါးမျိုးနွယ်တွင် အလွန်မင်း အစွမ်းထက်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြောင်း သိရှိကြပြီး စိတ်ဝိညာဉ်နဂါးသည် ကျောက်စိမ်းနဂါး၏ သဘာဝ မဟာရန်သူကြီးဖြစ်သည်ကို သိရှိထားကြသည်။
ကံမကောင်းစွာဖြင့်၊ လုံလင်းအာ၏ အဓိကကိုယ်ထည်မှာ ရှေးဟောင်းကျောက်စိမ်းနဂါး ဖြစ်သည်။
ထိုခဏတါင်၊ ချင်ယွင်ကိုကြည့်နေသည့် လုံလင်းအာ၏ အကြည့်တွေက ရှုပ်ထွေးလာ သည်။