အခန်း ၁၇၅၅
Vol. 117 Ch. 1755
အခန်း (၁၇၅၅) သန့်စင်သော ရုပ်ခန္ဓာကိုယ်ခွန်အား
"အဟွတ်...၊ အဟွတ်..."
လုံဟန်သည် တွင်းနက်ထဲမှထကာ နာကျင်စွာ ချောင်းဆိုးနေသည်။
အခုက ထိုလက်သီးချက်က သူ့အသက် တစ်ဝက်နီးပါးလောက်ကို ဆုံးရှုံးလုနီးပါးပင်။
စွမ်းအားက တကယ်ကို အရမ်းကြီးမားလွန်းတယ်။ သူ့ခန္ဓာကိုယ်တောင် ခံနိုင်ရည်မရှိတော့ ပေ။
"မင်းရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အာက ဘယ်လောက်များများ တိုးတက်လာတာလဲ။" လုံဟန် သည် အံ့အားသင့်သော အမူအရာဖြင့် ကောင်းကင်ယံရှိ ချင်ယွင်ကို ကြည့်လိုက်သည်။
"ငါအရင်က ပြောဖူးပါတယ်။ နဂါးအသွင်ပြောင်းခြင်းရေကန်ရဲ့နှစ်ခြင်းခံမူက ငါ့ခန္ဓာကိုယ် ကို နည်းနည်း သန်မာစေတယ်လို့။ မဟုတ်ရင် ငါက ဘာလို့ မင်းနဲ့ ယှဉ်ပြိုင်ကြည့်ချင်မှာ လဲ" ချင်ယွင်က သူ့လက်တွေကို ဖြန့်ပြီး ပြန်ဖြေသည်။
"လခွမ်း…, မင်းရဲ့ခွန်အားက နည်းနည်းလေးပဲ တိုးလာတာလား။ မင်းရဲ့ ခန္ဓာကိုယ်က သိသိသာသာ တိုးတက်လာတာလေ။" ချင်ယွင်ကို မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ရင်း လုံဟန်က ကျယ်လောင်စွာ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
ခပ်လှမ်းလှမ်းတွင်၊ လုံလင်းအာသည်လည်း ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်နေသည်။
သူမသည် နဂါးအသွင်ပြောင်းခြင်းရေကန်ထဲသို့ ၀င်ရောက်ခဲ့ပြီး သူမခန္ဓာကိုယ်သည် အတိုင်းအတာတစ်ခုအထိ ကြံ့ခိုင်လာခဲ့သော်လည်း ထိုကြံ့ခိုင်မှုအတိုင်းအတာက အများကြီး မဟုတ်ပေ။
သို့သော် ယခုအခါ ချင်ယွင်၏ ခန္ဓာကိုယ်သည် သိသိသာသာ တိုးတက်လာခဲ့သည်။ မဟုတ်ပါက၊ သူသည် လုံဟန်နှင့်ပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
"ဘယ်နှစ်ဆလဲ။ ဒီထက် ပိုနေတော့ပိုပါတယ်။ အခုနက အဲဒီလက်ချက်ထဲမှာ ငါ့ခွန်အားရဲ့ ၁၀ ရာခိုင်နှုန်းပဲ အသုံးပြုထားတာ။" ချင်ယွင်သည် လုံဟန်ကိုကြည့်ကာ ပြောသည်။
"ဆယ်ရာခိုင်နှုန်းလား.." ချင်ယွင်ကို ထိတ်လန့်စွာကြည့်ရင်း လုံဟန်၏ မျက်လုံးများက ပြူးကျယ်သွားသည်။
ယခုပင်၊ ချင်ယွင်၏ ခွန်အားက သူ့အား ကျော်လွန်သွားပြီး၊ သူ့ကို ထိတ်လန့်စေခဲ့ပြီ။
သို့သော်, အခုနက ချင်ယွင် သူ့ကို တိုက်ခိုက်သည့် ထိုလက်သီးချက်တွင် သူ့တိုက်ခိုက်ရေး ခွန်အား၏ ၁၀ ရာခိုင်နှုန်းသာ ရှိပါသေးသည်။ သူ မည်သို့ ယုံနိုင်မည်နည်း။
"မင်းရဲ့ခန္ဓာကိုယ်က တကယ်ပဲ အရမ်း သန်မာလာတယ်လို့ ငါ မယုံဘူး" လုံဟန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ပြင်းထန်သော အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသများက သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်။
တခဏချင်းမှာပင် လုံဟန်၏ခွန်အားသည် အလွန်မင်း တိုးမြင့်လာခဲ့ပါသည်။
မြေပြင်ပေါ်ရှိ ကျောက်တုံးများအားလုံး ပေါ်ပေါက်သွားသည်။ ဤသည်မှာ လုံဟန်၏ သန့်စင်သော ခွန်အားဖြင့် ဖွဲ့စည်းထားသော အားကောင်းသော စွမ်းအင်နယ်ပယ် ဖြစ်သည်။
"မင်း ငါ့လက်သီးကို မခုခံနိုင်ဘူးလို့ ငါ မယုံဘူး" လုံဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ပစ်ဝင်လိုက်သည်။
"ဘုန်း.."
လုံဟန်သည် ပြင်းထန်သော စွမ်းအင်ကို သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ဒေါသတကြီး ပြေးဝင်သွားသည်။
ချင်ယွင်၏ အကြည့်တွေက ပြင်းထန်လာပြီး၊ သူ့ခန္ဓာကိုယ်တွင်းရှိ ခွန်အားအားလုံးကို တွန်းထုတ်ရန် လှုံ့ဆော်လိုက်ပါသည်။
"ဘုန်း"
ကောင်းကင်နှင့် မြေကြီး ပြိုလဲပြီး ထိုလက်သီးချက်က ဖြစ်ပေါ်လာသည့် စွမ်းအင်ကြောင့် အောက်ကမြေကြီး ကွဲအက်သွားခဲ့သည်။
လေဟာနယ်သည် အရူးအမူး ပြိုကျပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။
ချင်ယွင်နှင့် လုံဟန်တို့သည် လက်ရည်ညီနေသကဲ့သို့ လေထဲတွင် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေကြသည်။
"ဖြေ...နောက်။" လုံလင်းအာက ထိတ်လန့်စွာ ပြောသည်။
အကယ်၍, လုံဟန်သည် သူ့စွမ်းအား အစစ်အမှန်ကို အသုံးမပြုဘဲ ချင်ယွင်၏ စွမ်းအားဖြင့် ချေမှုန်းခံရပါက၊ ယင်းက ကျိုးကြောင်းဆီလျော်ပါသည်။
ယခုမူ ချင်ယွင်သည် သူ့အစစ်မှန် ခွန်အားဖြစ်သည့် ရုပ်ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် လုံဟန်ကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။ ဤအရာက သူမအတွက် အမှန်တကယ် စိတ်ကူး၍ မရပေ။
"မဖြစ်နိုင်ဘူးမလား" လုံဟန်သည် ချင်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်နေစဉ် အလွန်မင်း ထိတ်လန့်တုန်လှုပ်သော အမူအရာကို ဖော်ပြလာသည်။
"ဘယ်လိုလဲ၊ ငါ့ခွန်အားတွေ နည်းနည်း တိုးလာတယ်လို့ ပြောခဲ့တာ ယုံပြီမဟုတ်လား" ချင်ယွင်က ပြုံးပြီး လုံဟန်ကို ပြောသည်။
လုံဟန်၏ မျက်လုံးများက အရောင်ဖျော့သွားသည်။ ဒီသောက်ကျိုးနည်းကောင်ကဘယ်လောက်တောင် အားကောင်းလာတာလဲ။ ယင်းက တကယ်ကို သန်မာလွန်းသည်။
တစ်နည်းဆိုရသော် ချင်ယွင်သည် ယခုအခါတွင် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သူနှင့် တန်းတူဖြစ်နေပြီး၊ ယင်းက သူ့ကို စိတ်ဓာတ်ကျပြီး သွေးအန်ချင်လာမိသည်။
"တကယ်တော့ ဒါက ငါ့ရဲ့အပြင်းထန်ဆုံး ခွန်အား မဟုတ်သေးဘူး။ နဂါးတစ်ဝက် အသွင်ပြောင်းခြင်း အခြေအနေထဲကို ဝင်လိုက်ရင် ငါ့ရဲ့ခွန်အားက အများကြီး တိုးလာလိမ့်မယ်။" ချင်ယွင်က ပြောသည်။
"နဂါးတစ်ဝက် အသွင်ပြောင်းခြင်းလား။ အဲဒါကြောင့် တိုက်ခိုက်ရေးစွမ်းအား တိုးမြင့်လာ တာ မဖြစ်သင့်ဘူး မဟုတ်လား" လုံဟန်က ပြောသည်။
သူတို့၏အဆင့်တွင်၊ စွမ်းအားသည် ဥပဒေသများ၏ အစစ်မှန် အဓိပ္ပာယ်အပေါ်တွင် အဓိက မူတည်သည်။ နဂါးတစ်ဝက်အသွင်ပြောင်းခြင်းကြောင့် တိုးမြင့်လာမူက သူ့အတွက် သေးငယ်လွန်းလှသည်။
ထို့ကြောင့်၊ လူသားပုံစံတိုက်ပွဲဝင်ခြင်းနှင့် နဂါးတစ်ဝက် အသွင်ပြောင်းခြင်းတို့အကြား ကွာခြားချက်မှာ အလွန်ကြီးကျယ်လှသည် မဟုတ်တော့ပေ။
"မင်း စမ်းကြည့်ချင်လား" ချင်ယွင် ပြုံးလိုက်သည်။
"ကြိုးစားကြည့်မယ်။ ငါ ဘာလို့ မကြိုးစားကြည့်ရမှာလဲ။ မင်းရဲ့ နဂါးတစ်ဝက် အသွင်ပြောင်းခြင်းမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာ ငါ မြင်ချင်တယ်" လုံဟန်က ပြောသည်။
အဝေးမှ လုံလင်းအာသည်လည်း စူးစမ်းလိုသည့် အမူအရာကို ဖော်ပြလာသည်။ နဂါးတစ်ဝက်အဖြစ်သို့ ပြောင်းလဲပြီးနောက် ချင်ယွင် မည်မျှပြောင်းလဲသွားသည်ကို သူမလည်း မြင်ချင်မိသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြပြီးနောက် နဂါးတစ်ဝက် အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ဘန်း…။
ခရမ်းရောင် ကြေးခွံတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ အနေထားက ယခင် အတိုင်းပင်ဖြစ်ပြီး များစွာ ပြောင်းလဲသွားခြင်း မရှိပေ။
ပြောင်းလဲမှုအရ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများသည် ပိုမိုတောက်ပလာပြီး တောက်ပနေသော ကျောက်မျက်ရတနာများကဲ့သို့ ဖြစ်လာသည်။
"ပြောင်းလဲမှုကို သိပ်မတွေ့ရပါဘူး။ အများဆုံး အကြေးခွံတွေရဲ့ မာကျောမှုက အနည်းငယ် တိုးလာပုံပဲ။" လုံဟန်က ပြောသည်။
"တကယ်လား။ ငါ့ကို လက်သီးနဲ့ထိုးကြမ်းစမ်းပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက် သည်။
လုံဟန်က ခေါင်းငြိမ့်မပြခင် ခဏလောက် တုံ့ဆိုင်းသွားသေးသည်။ သူသည် ချင်ယွင်၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးနှက်နေစဉ် သူ့လက်သီးသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် အစစ်မှန် အဓိပ္ပာယ်ကို သယ်ဆောင်လာသည်။
ဒေါင်!
ချင်ယွင်၏ ခန္ဓာကိုယ်သည် ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး မိုးခြိမ်းသံသဖွယ် ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာသည်။
လုံဟန်သည် နာကျင်သော အမူအရာဖြင့် သူ့လက်ကို အုပ်ထားလိုက်သည်။
"လခွမ်း၊ အရမ်း မာလွန်းတယ်ဟ" လုံဟန် မကျိန်ဆဲဘဲ မနေနိုင်တော့။
သူ့လက်သီးချက်က ချင်ယွင်၏ အကြေးခွံတွေပေါ် ကျရောက်သွားချိန်မှာတော့ ကောင်းကင်အင်ပါယာမြို့တော်မှာရှိသည့် ကျောက်တုံးကြီးပေါ်သို့ ကျရောက်သွားသည့် အတိုင်း ခံစားရသည်။ အကြေးခွံများက လုံးဝ မပျက်စီးရုံသာမက သူ့အရိုးများပင် ကွဲကြေလုနီးပါး ဖြစ်သွားရသည်။
"မင်းဘယ်လိုထင်လဲ။ ငါ့အကြေးခွံတွေက တော်တော်လေး အကာကွယ်ဖြစ်နေပြီ မဟုတ်ဘူးလား" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။
"ကြောက်စရာကောင်းတယ်။ မင်းရဲ့ လက်ရှိ ချပ်ဝတ်တန်ဆာ အကာကွယ်နဲ့ဆို၊ မင်းက ဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်းတွေနဲ့ တန်းတူနီးပါး ရှိနေပြီ။" လုံဟန်က အံ့သြစွာ ပြောသည်။
သူ့လက်သီးချက်က ချင်ယွင်အပေါ် သက်ရောက်မှုမရှိသည့်အခါ, သူသည် စိတ်ဓာတ်ကျပြီး ငိုချင်လာမိသည်။
"ဒါဆို မင်း ငါ့ရဲ့ စွမ်းအားကို ထပ်ပြီး ခံစားချင်သေးလား" ချင်ယွင်က ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်သည်။
"စမ်းကြည့်စမ်းပါ" တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လုံဟန်က ပြောသည်။ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော အကာကွယ်ကို မြင်တွေ့ပြီးနောက်၊ ချင်ယွင်၏ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိမည်ဟု သူ မသေချာတော့ပေ။
"အောင်း...."
ချင်ယွင်က သူ့လက်သီးကို မြှောက်လိုက်ပြီး လုံဟန်ကို ပစ်ထိုးချလိုက်သည်။
လက်သီးချက်ထဲမှ လေလှိုင်းက လုံဟန်၏ ဦးရေပြားကို ထုံကျင်စေသည်။ ယခုအချိန်မှာ သူ ချက်ချင်း နောင်တရသွားသည်။
ထိုလက်သီး၏ အစွမ်းက ကြောက်စရာကောင်းလွန်းသောကြောင့် သေမင်း၏ ခြိမ်းခြောက် မှုကိုပင် ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပါသည်။
ချင်ယွင်၏ ထိုးနှက်ချက်သည် လုံဟန်၏ မျက်နှာကို မထိဘဲ သူ့မျက်နှာဘေးမှ ဖြတ်သွားခဲ့ သည်။
"ဘုန်း.."
အဝေးက မြေကြီး ကွဲသွားသည့်အလား ကောင်းကင်ယံတုန်ခါသည့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးလေလှိုင်းများကြောင့် မြေပြင်ပေါ်တွင် ကြီးမားသော ယပ်တောင်ပုံစံ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
လုံဟန်သည် သူ့နောက်ဘက်ရှိ ယပ်တောင်ပုံစံ တွင်းနက်ကြီးကို လှည့်ကြည့်လိုက်သော အခါတွင် ပဲစေ့များသဖွယ် ကြီးမားလှသော အေးစက်စက် ချွေးစေးများက သူ့နဖူးပေါ်တွင် ခိုတွဲနေသည်။
ဤတွင်းနက်ကြီးသည် အလွန်ကြီးမားပြီး ၎င်း၏အချင်းဝက်သည် ကီလိုမီတာ ၁၀၀၀၀ နီးပါးရှိမည် ဟု ခန့်မှန်းရသည်။
ကီလိုမီတာ ထောင်ပေါင်းများစွာရှိ နယ်မြေကို လက်သီးတစ်ချက်ဖြင့် ဖြိုချပစ်လိုက်သည်။ ဤကြောက်စရာကောင်းသော တိုက်ခိုက်မှုသည် အမှန်ပင် ကြောက်စရာကောင်း၏။
အဝေးမှ လုံလင်းအာသည်လည်း မှင်သက်နေသည်။ အကယ်၍, သူမကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ဘူးဆိုလျှင် ကောင်းကင်နတ်ဘုရားတစ်ပါးသည် ဤမျှ ကြောက်စရာ ကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်သည်ကို သူမ ယုံမှာ မဟုတ်ပါဘူး။ ထို့အပြင်၊ ဤအရာအားလုံးသည် သန့်စင်သော ရုပ်ခန္ဓာကိုယ်မှ ထုတ်လွှတ်ခြင်း ဖြစ်သည်။
"ပုံမှန်မဟုတ်ဘူး" လုံဟန်က ချင်ယွင်ကို လှည့်ကြည့်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းသည်။ သူ့အကြည့်တွေက သူ့အဖေ၏ ရန်သူတစ်ယောက်ကို ကြည့်နေသည့် အတိုင်းပင်။
ချင်ယွင်သည် သူ့စိတ်ထဲတွင် ခါးသီးစွာဖြင့် ကူကယ်ရာမဲ့ ပြုံးလိုက်ပါသည်။ သူသည် လုံဟန်ကို အမှန်တကယ် ဖိနှိပ်နိုင်သည်ကို သူ သိသည်။
သို့သော်၊ ဤတစ်ကြိမ်တွင်၊ နဂါးအသွင်ပြောင်းလဲခြင်းရေကန်၏ နှစ်ခြင်းခံခြင်းသည် သူ့ကြီးထွားမှုအတွက် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။
သူ့ခန္ဓာကိုယ်သည် ပြီးပြည့်စုံသော ရုပ်ခန္ဓာကိုယ်ပြောင်းလဲမူကို ခံစားခဲ့ရသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူထက် နိမ့်ကျနေလျှင်ပင် အများကြီး ကွာခြားတော့မည် မဟုတ်ပေ။
စွမ်းအားများ သူ့တစ်ကိုယ်လုံးကို ပြည့်လျှံနေသည့် ထိုခံစားချက်က ချင်ယွင်ကို ခေါင်းမော့ ဟစ်ကြွေးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
စာစဉ် (၁၁၇) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။