အခန်း ၁၇၅၆
Vol. 118 Ch. 1756
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၈)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၇၅၆) လုံထျန်းကို ပထမဆုံးအကြိမ်တွေ့ခြင်း
"အကျင့်ပျက်ကောင်ချင်၊ ဒီတစ်ခါ နဂါးအသွင်ပြောင်းလဲခြင်း ရေကန်က ဘာလို့ မင်းခန္ဓာကိုယ်ကို ဒီလောက်အများကြီး တိုးတက်စေတာလဲ" လုံဟန်သည် အဝေးမှ ပျံသန်းလာပြီး ချင်ယွင်ကို မကျေနပ်သည့် အမူအရာဖြင့် စိုက်ကြည့်နေသည်။
"ငါ မသိဘူး၊ ငါ အချိန်တော်ကြာအောင် အိပ်ပျော်သွားသလို ခံစားရတယ်။ ဒီအိပ်ပျော်နေ တဲ့ ဖြစ်စဉ်အတွင်းမှာ ငါ့ခန္ဓာကိုယ်ကို သန့်စင်ပေးမယ့် စွမ်းအားတစ်ခု အမြဲရှိနေခဲ့တယ်။ ဒီစွမ်းအားတွေ သန့်စင်မူကြောင့် ငါ့ခန္ဓာကိုယ်က တဖြည်းဖြည်း သန်မာလာတယ်လို့ ခံစားရတယ်။ အဆုံးအထိ ဒီအတိုင်းပဲ။" ချင်ယွင်က ပြန်ဖြေသည်။
လုံဟန်ဟ ဆွံ့အသွားသည်။
အခြားသူများသည် နဂါးအသွင်ပြောင်းလဲခြင်း ရေကန်၏နှစ်ခြင်းကို ခံယူသောအခါတွင်၊ ၎င်းတို့သည် ပထမဆုံး ခန္ဓာကိုယ်ဖြင့် စတင်ကြပြီး၊ ခန္ဓာကိုယ်က စွမ်းအားကို စုပ်ယူနိုင်ရန် ခွင့်ပြုပေးထားသည်။ ခန္ဓာကိုယ်က အတိုင်းတာတစ်ခုထိ ပြီးပြည့်စုံအောင် စုပ်ယူပြီးသော အခါ, သူတို့သည် စွမ်းအားကို စုပ်ယူပြီး စိတ်ဝိညာဉ်ကြောများကို ကြံ့ခိုင်စေသည်။
ဤချင်ယွင်သည် တော်လွန်းသည်။ သူ့ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှု သက်သက်ဖြင့်ပင် တစ်နှစ်ပတ်လုံး ခံနိုင်ရည်ရှိခဲ့သည်။
ထိုအချိန်တုန်းက လုံဟန်သည် ရုပ်ခန္ဓာကိုယ်ခွန်အားကို တစ်လသာ စုပ်ယူနိုင်ခဲ့သည်။ သူတို့ကြားက ကွာဟချက်က ဆယ့်နှစ်ဆ ပိုကြီးနေသည်။ တကယ်ဆို, ချင်ယွင်၏ စုပ်ယူမှု နှုန်းက သူ့ထက်တောင် ပိုမြန်နေသည်။
"ဒါပေမယ့် မင်း စိတ်ဝိညာဉ်ကြံ့ခိုင်မူကို ဘာလို့ မရခဲ့တာလဲ။" လုံလင်းအာလည်း မမေးဘဲ မနေနိုင်တော့။
ဤလေးလကြာ နှစ်ခြင်းခံချိန်အတွင်း၊ သူမသည် စိတ်ဝိညာဉ်ကို ကြံ့ခိုင်စေခြင်းဖြင့် အချိန် အများစုကို ကုန်ဆုံးစေခဲ့ပြီး၊ သူမ၏ရုပ်ခန္ဓာကိုယ် ခွန်အားသည် အလွန်နည်းပါးပါသည်။ ထို့ကြောင့်, သူမသည် သူမ၏မွေးရာပါ နတ်ဘုရားစွမ်းရည်များကို အလွန်မြှင့်တင်နိုင်ခဲ့ သည်။
"ငါလည်း မသိဘူး၊ ငါ့စိတ်ဝိညာဉ် အခြေခံက လူသားစိတ်ဝိညာဉ်ဖြစ်လို့ ဖြစ်နိုင်တယ်။" ချင်ယွင်က ပြန်ဖြေသည်။
သို့သော် သူ့စိတ်ထဲတွင် ထိုသို့ မထင်ခဲ့ပေ။ အကြောင်းရင်း အစစ်အမှန်မှာ သူ့စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာနှင့် ပေါင်းစပ်ပြီးသားဖြစ်သောကြောင့်ပင် ဖြစ်နိုင်သည်။
နဂါးအသွင်ပြောင်းခြင်းရေကန်၏ စွမ်းအားသည် ချင်ယွင်၏စိတ်ဝိညာဉ်ကို နှစ်ခြင်းပေးရန် မလုံလောက်ပေ။ တစ်နည်းဆိုရသော်၊ နဂါးအသွင်ပြောင်းခြင်းရေကန်သည် ချင်ယွင်၏ စိတ်ဝိညာဉ်ကို နှစ်ခြင်းပေးထိုက်ခြင်း မရှိသောကြောင့် စိတ်ဝိညာဉ်နှစ်ခြင်းပေးခြင်း အပိုင်းကို တိုက်ရိုက် ချန်လှပ်ထားခြင်း ဖြစ်နိုင်သည်။
ချင်ယွင်၏ ရှင်းပြချက်ကို ကြားတော့ လုံဟန်သည် ခေါင်းညိတ်ပြပြီး ခဏလောက် စဉ်းစားနေခဲ့သည်။
ချင်ယွင်ကိုယ်တိုင်က အထူးပြဿနာဖြစ်နေသည်။ အခုချိန်မှာ သူ့အတွက် မမျှော်လင့်ထား သည့် အရာတစ်ခုခု ဖြစ်ပျက်ခြင်းက အရမ်းပုံမှန်ပင်။ သာမာန်သဘောဖြင့် ရှင်းပြနိုင်သည့် နည်းလမ်း မရှိပေ။
ထို့ကြောင့် လုံဟန်သည် ထိုကိစ္စကို သိပ်ပြီး မစဉ်းစားတော့ပေ။ လုံလင်းအာ သိချင်နေလျှင် ပင်, သူမအနေဖြင့် အကြောင်းအရင်းကို အဖြေရှာမရနိုင်ပေ။
ဤနည်းအားဖြင့် လုံဟန်နှင့် အခြားသူများသည် ဤကိစ္စ၏နောက်ကွယ်မှ အကြောင်းရင်း ကို လိုက်ရှာတော့မည် မဟုတ်ပေ။
သို့သော်၊ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုက လုံဟန်ကို အလွန်မင်း မနာလိုဖြစ်လောက် သည်အထိ တိုးမြင့်လာခဲ့သည်။
"ချင်ယွင်၊ မင်းရဲ့လက်ရှိစွမ်းအားက လုံထျန်းကိုကျော်ပြီး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဖြစ်သင့်တယ် မဟုတ်လား" လုံဟန်က ပြောသည်။
"အဖေ့ကို ကျော်ပြီးတော့လား" လုံလင်းအာ၏ နှလုံးက လှုပ်ခတ်သွားခဲ့သည်။
ချင်ယွင်သည် လုံဟန်ကို အလွယ်တကူ အနိုင်ယူပြီးကတည်းက သူမသည် ဤမေးခွန်းကို ရှောင်ရှားနေခဲ့သည်။
သို့သော်၊ ဤအရာသည် အမှန်ပင်ဖြစ်ခဲ့သည်။ ယင်းက အမှန်ပင် ဖြစ်နေသည်။ ချင်ယွင် အခုလေးတင် ပြသထားသည့် တိုက်ခိုက်ရေးအင်အားကို ကြည့်ပြီး၊ သူသည် သူမအဖေကို အမှန်တကယ် ကျော်လွန်သွားခဲ့ပြီ။
သို့သော် သူမထက် အမှန်တကယ် ငယ်ရွယ်သည့် ဤလူငယ်သည် သူမ အမြဲဂုဏ်ယူခဲ့ရ သော သူမအဖေထက် အမှန်တကယ် သာလွန်နေသည့် အကြောင်းကို တွေးမိပြီး၊ ယင်းက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်လား" ချင်ယွင်က သူ့လက်သီးတွေကို ကျစ်ကျစ် ဆုပ်ထားသည်။
ထိုအချိန်တုန်းက, သူသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် ထိပ်တန်း ဆယ်ဦးစာရင်း ဝင်သရွေ့ အချိန်ဘိုးဘေးနတ်ဘုရားက သူ့ကိုမြင်နိုင်မည်ဟု ကတိပြုခဲ့သည်။
ယခင်က၊ သူ့ခွန်အားသည် သူ၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ပေါ်တွင် မူတည် နေခဲ့ပြီး၊ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ဘောင်အတွင်း၌ မရှိသောကြောင့် ချင်ယွင်၏ကိုယ်ပိုင်ခွန်အား သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦးထဲ မဝင်နိုင်ခဲ့ ပေ။
အခု သူ့ခန္ဓာကိုယ်က သန်မာလာခဲ့ပြီး၊ ယင်းက သူ့ကိုယ်ပိုင် ခွန်အားဖြစ်သည်။ သဘာဝ အတိုင်း၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ဝင်ရောက်နိုင်ပြီး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်ဖြစ်လာတော့မည်။
"အချိန်ဘိုးဘေးနတ်ဘုရား ဘယ်မှာလဲလို့ ငါ သိချင်မိတယ်။ သူ့ကို ဘယ်လိုရှာရမှာလဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
နဂါးဘုရင်ဘိုးဘေးနတ်ဘုရားနှင့် စကားစမြည် ပြောကတည်းက သူ့အမေ၏ နောက်ခံ အကြောင်းကို သူ ပို၍ပင် သိချင်လာသည်။
ထင်ရှားသည်မှာ သူ့မိဘများ ပျောက်ဆုံးမှုသည် မတော်တဆ မဟုတ်ပေ။ သူမသိသော လျှို့ဝှက်ချက်တစ်ခု ရှိရမည်။
အချိန်ဘိုးဘေးနတ်ဘုရားသည် ဤလျှို့ဝှက်ချက်ကို အပြည့်အဝ ရှင်းပြနိုင်မည် မဟုတ်သော်လည်း၊ နောက်ထပ် သဲလွန်စတစ်ခုရရှိခြင်းက နောက်ထပ် မျှော်လင့်ချက် တစ်ခု ဖြစ်သည်။
ယခုအချိန်တွင် သူသည် အမှောင်ထဲတွင် ဖြည်းညှင်းစွာသာ လျှောက်လှမ်းနိုင်ပါသည်။
ဘန်း…။
ထိုအချိန်မှာပင် လေဟာနယ်ထဲကနေ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဂုဏ်သိက္ခာကြီးမားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ရှိနေခဲ့သည်။
ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ရောက်ရှိလာသည့်လူက အရမ်းကို သန်မာလွန်းသည်။
သူ့ခန္ဓာကိုယ်သည် အရမ်းကို သန်မာလာသော်လည်း၊ သူသည် ထိုလူကို နည်းနည်းလေးမှ လျှော့မတွက်ဝံ့ပါဘူး။ သို့ရာတွင်၊ ဤပုဂ္ဂိုလ်သည် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ကို ပိုင်ဆိုင်ထားခြင်း မရှိသေးပေ။
ထင်ရှားသည်မှာ၊ သူသည် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။ ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ပထမအဆင့် သတ်မှတ်ခံရသော လုံထျန်းမှလွဲ၍ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို မည်သူက ပိုင်ဆိုင်နိုင်မည်နည်း။
"ဖေဖေ၊ အဖေ ကျင့်ကြံပြီးသွားပြီလား" လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လိုက်ရ တော့ လုံလင်းအာသည် အံ့သြသည့်အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
"အင်း" လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းသာညိတ်ပြသည်။
ထို့နောက် သူ့အကြည့်က ချင်ယွင်အပေါ်သို့ ကျဆင်းသွားသည်။
"အစ်ကိုကြီး လုံထျန်း, မင်း ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပြီးသွားပြီလား။ မင်း ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို မဖြတ်ကျော်နိုင်ဘဲ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာ မှာ မဟုတ်ဘူးလို့ အရင်က ပြောခဲ့ဖူးပါတယ်။ ဟား…, ဟား….။ တကယ်လို့ မင်း မဖြတ်ကျော်နိုင်သေးဘူးဆိုရင် မင်းအနေနဲ့ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် မှာ နံပါတ်တစ် မဖြစ်တော့မှာကို ငါ ကြောက်မိတယ်။ သေချာတာက, မင်း အဆင့် ဖြတ်ကျော်ပြီးရင်လည်း ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင် မှာ မဟုတ်တော့ဘူး။" လုံဟန်သည် လုံထျန်းကို ကြည့်ကာ ပြုံးလိုက်သည်။
"ငါ အခု မဖြတ်ကျော်ရသေးဘူး။" လုံထျန်းက သိပ်ပြီး မရေရာသည့် အဖြေတစ်ခု ပေးလာ သည်။
"မဖြတ်ကျော်ရသေးဘူး။ အဲဒါက ဘာကိုဆိုလိုတာလဲ။ အဲဒါက ဖြတ်ကျော်ပြီးတာလား၊ မဖြတ်ကျော်ရသေးဘူးလား" လုံဟန်က ခေါင်းကုတ်ပြီး မေးသည်။
ဘေးတွင်ရှိနေသည့် လုံလင်းအာသည် မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်နိုင်ဘဲ အံ့ဩသော အမူအရာကို ဖော်ပြနေသည်။
ချင်ယွင်က ရယ်မောပြီး ပြောသည် "ဂုဏ်ယူပါတယ်၊ စီနီယာ လုံထျန်း။ မကြာခင်မှာ နဂါးမျိုးနွယ်စုမှာ နောက်ထပ် ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိလာတော့မယ်"။
"ဟုတ်ပါပြီ။ ဒါပေမယ့် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ပထမနေရာက အခု မင်းအတွက်ပဲလေ။ ဒါပေမယ့် ချင်ယွင်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ငါလိုလူမျိုး အနည်းဆုံး တစ်ဒါဇင်လောက်ရှိတယ်ဆိုတာ မင်းကို သတိပေးပါရစေ။ သူတို့က ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ မဟုတ်ပေမယ့်၊ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်က တခြားသူတွေထက် ပိုပြင်းထန်တယ်။" လုံထျန်းက ခေါင်းညိတ်ပြသည်။
"စီနီယာရဲ့ညွှန်ကြားချက်အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ချင်ယွင်က ဒါကို မှတ်သားထားပါ့မယ်" ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ချင်ယွင်၏ပုခုံးကို ပုတ်လိုက်ရင်း လုံထျန်း၏ မျက်လုံးများက သဘောကျမှု အရိပ်အယောင် ပေါ်လွင်လာသည်။
တစ်ဖက်တွင်မူ လုံဟန်သည် စိတ်ရှုပ်သွားခဲ့သည်။ ထိုစကားကိုကြားပြီးနောက် လုံထျန်းသည် အဆင့်ချိုးဖြတ်ခြင်း ရှိ၊ မရှိ သူ နားမလည်သေးပေ။
လုံလင်းအာသည် အဖြစ်ပျက်ကို မသိသော်လည်း၊ တစ်ချက်တော့ သူမ နားလည်သည်။ သူမအဖေက ချင်ယွင်ထက် သန်မာနေတုန်းပင်။
ဤအချက်က သူမကို အများကြီး ပိုကောင်းလာစေပါသည်။ သူမဖခင်သည် သူမအတွက် ဂုဏ်ယူစရာအကောင်းဆုံး ဖြစ်တည်မူတစ်ခု ဖြစ်နေဆဲပင်။
ချင်ယွင်သည် စိတ်ဓာတ်ကျနေသော လူနှစ်ယောက်ကို မြင်သောအခါ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
တကယ်တော့ လုံထျန်း၏ ဆိုလိုရင်းအဓိပ္ပါယ်က အရမ်းကို ရိုးရှင်းပါသည်။ သူ၏ အစစ်မှန် အဓိပ္ပါယ် ဥပဒေသက အဆင့်ချိုးဖြတ်သွားသော်လည်း ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော် ကို မပြောင်းလဲနိုင်သေးပါ။ ဤလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လက်ရှိစွမ်းအားသည် ဘိုးဘေးနတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားကြားရှိ ဘိုးဘေးနတ်ဘုရားတစ်ပိုင်း အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
အကယ်၍, ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသုံးပြုပါက၊ သူသည် လုံထျန်း၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်သော်လည်း သူ၏ ပြန်လည်ဝင်စားခြင်အစစ်မှန် အဓိပ္ပာယ်ကို အသုံးပြုပါက မည်သူက အနိုင်ရမည် သို့မဟုတ် ရှုံးနိမ့်မည်က မသေချာပေ။
"သွားကြရအောင်။ မင်းရဲ့နှစ်ခြင်းခံခြင်းကိစ္စ ပြီးဆုံးသွားတာကို နဂါးဘုရင် ဘိုးဘေး နတ်ဘုရား သိတယ်။ ဒါကြောင့် မင်းကို လာခေါ်ဖို့ ငါ့ကို အထူးစေလွှတ်ခဲ့တာ။ သူ့မှာ မင်းကို မေးစရာရှိနေတယ်။" လုံထျန်းက ရုတ်တရက် ချင်ယွင်ကို လေးလေးနက်နက် ပြောလိုက်သည်။
ချင်ယွင်၏အမူအရာသည်လည်း ချက်ချင်းပင် လေးနက်လာသည်။ ဒီတစ်ခါတော့ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက သူ့ကို လာရှာခြင်းဖြစ်သည်။ ကြီးကြီးမားမား တစ်ခုခု ဖြစ်ရမည်ဟု သူ့မှာ ကြိုတင်သတိပေးချက် ရှိနေခဲ့သည်။