← Chapters

အခန်း ၁၇၅၇

Vol. 118 Ch. 1757

အခန်း ၁၇၅၇

Vol. 118 Ch. 1757

အခန်း (၁၇၅၇) ဂြိုလ်သားကျူးကျော်မှု။

ချင်ယွင်သည် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားနန်းတော်သို့ ထပ်မံ ရောက်ရှိလာသည်။

နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် ခန်းမအတွင်းရှိ မြင့်မားသောထိုင်ခုံတစ်ခုပေါ်တွင် သူ့မျက်နှာပေါ်က လေးနက်သောအမူအရာဖြင့် ထိုင်နေလေသည်။

"အရှင် ဘိုးဘေးနတ်ဘုရားကို နှုတ်ဆက်ပါတယ်။" ချင်ယွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။

'"ဟုတ်ပါပြီ။ ဒီတစ်ခါ နဂါးအသွင်ပြောင်းခြင်းရေကန်ရဲ့ နှစ်ခြင်းခံခြင်း အကျိုးသက်ရောက် မှုက မဆိုးပါဘူး။ မင်းရဲ့ ရုပ်ခန္ဓာကိုယ် ခွန်အားက အများကြီး တိုးတက်လာတာပဲ။ ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ဒီလို ရုပ်ခန္ဓာကိုယ် ခွန်အားကကို ပိုင်ဆိုင်ထားသူ ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ ဘယ်သူမှ မရှိနိုင်ဘူး။" နဂါးဘုရင် ဘိုးဘေး နတ်ဘုရားက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ခံစားဖူးသည်။ သူ၏ လက်ရှိ နဂါးဝက်အနေအထားသည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ ကြံ့ခိုင်မှုနှင့် အလွန်နီးစပ်နေပြီ ဖြစ်သည်။

"အရှင်နဂါးဘုရင် ဘိုးဘေးနတ်ဘုရား၊ ဘိုးဘေးနတ်ဘုရားက ကျွန်တော့်ကို ဘာလို့ ရှာနေတာလဲ။ တစ်ခုခု ဆိုးဝါးတာ ဖြစ်ခဲ့လို့လား။" ချင်ယွင်က မေးသည်။

အခုနက သူ ခန်းမထဲကို ဝင်လိုက်သည်နှင့် နဂါးဘုရင် ဘိုးဘေးနတ်ဘုရား၏ အမူအရာက ဆိုးရွားသည့်အရာ တစ်ခုခု ဖြစ်ပျက်ခဲ့သည်ကို ပြောနိုင်ပါသည်။

"မင်းရဲ့ ခန့်မှန်းချက်က မှန်ပါတယ်။ အရမ်းကို ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ တယ်။ မကြာခင်ကပဲ ကောင်းကင်တောင်ရဲ့ မြူခိုးတွေနဲ့ ဒီရေစီးကြောင်းတွေထဲက လူနှစ်ယောက် ထွက်လာခဲ့တယ်။ ဒီလူနှစ်ယောက်က ငါတို့ကမ္ဘာက လာတာမဟုတ်ဘူး။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

"အယ်၊ ကျွန်တော်တို့ ကမ္ဘာက မဟုတ်ဘူးလား" ချင်ယွင် မှင်သက်သွားသည်။ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ငါတို့ကမ္ဘာဆိုသည့် အသုံးနှုန်းနှင့်ပတ်သက်၍မူ, သူသည် ယခု သူတို့ရှိနေသည့် စကြာဝဠာကို ရည်ညွှန်းကြောင်း သူသိသည်။

တစ်နည်းဆိုရသော် ထိုလူနှစ်ဦးသည် သူတို့၏ စကြဝဠာမှ ဆင်းသက်လာခဲ့ခြင်း မဟုတ်ပေ။

"ဒီလူတွေရဲ့ အင်အားက ဘယ်လိုလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

အကယ်၍ ၎င်းတို့သည် စကြဝဠာသခင်အဆင့်တွင် ရှိနေပါက၊ သူတို့၏ စကြဝဠာကြီး တစ်ခုလုံးသည် မည်သည့်အချိန်တွင်မဆို အန္တရာယ်ကျရောက်နိုင်မည် ဖြစ်သည်။

"သိပ်မသန်မာပါဘူး။ ဘိုးဘေးနတ်ဘုရားတစ်ပိုင်းအဆင့်လောက်ပါပဲ။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်သည် စိတ်သက်သာရာကာ သက်ပြင်းချလိုက်သည်။ ထိုလူများသည် ဘိုးဘေး နတ်ဘုရားတစ်ပိုင်း၏ စွမ်းအားနှင့် နီးကပ်နေသည်။ ဆိုလိုသည်မှာ ရောက်ရှိလာသူသည် စကြဝဠာသခင် မဖြစ်နိုင်တော့ပေ။

သူတို့သည် စကြဝဠာသခင်များ မဟုတ်သရွေ့ သူတို့ရှိနေသည့် စကြာဝဠာကို ကြီးကြီး မားမား ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

"ဘိုးဘေးနတ်ဘုရား တစ်ပိုင်းအဆင့်မှာပဲ ရှိသေးတာဆိုတော့, သူတို့ကို သတ်ဖြတ်ဖို့က လွယ်ကူသင့်ပါတယ်။ အရှင်ဘိုးဘေးနတ်ဘုရားက ဘာလို့ စိုးရိမ်နေတာလည်း” ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မှန်တယ်။ သူတို့မှာ ဘိုးဘေးနတ်ဘုရားတစ်ပိုင်းရဲ့အစွမ်းပဲ ရှိတယ်။ သူတို့ကို သတ်ဖို့က လွယ်ပါတယ်။ ငါတို့ တကယ်ပဲ အဲဒီလို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ မသေခင်မှာ သူတို့ရဲ့ မူရင်းကမ္ဘာက လူတွေဆီ သတင်းပို့ခဲ့တာကို တွေ့လိုက်ရတယ်။ အခုတော့ အဲဒီကမ္ဘာကလူတွေက ငါတို့ရဲ့ကမ္ဘာကြီးကို ကျူးကျော်ဖို့ စီစဉ်နေကြပြီ။ အဲဒီအချိန်မှာ နတ်ဘုရားကမ္ဘာတစ်ခုလုံး ကပ်ဆိုးကြီးတစ်ခု ကြုံလာလိမ့်မယ်။ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

"ကမ္ဘာကြီးကို ကျူးကျော်ဖို့လား" ချင်ယွင် အံ့ဩသွားသည်။

သို့သော် သူသည် လျင်မြန်စွာပင် စိတ်ရှုပ်ထွေးသွားရသည်။

"ကမ္ဘာတိုင်းမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဥပဒေသကိုယ်စီ ရှိကြတယ်။ သူတို့ ကျွန်တော်တို့ ကမ္ဘာထဲ ဝင်လာခဲ့မယ်ဆိုရင် သူတို့က သေချာပေါက် အားနည်းသွားလိမ့်မယ်။ တကယ်လို့, သူတို့ ဝင်လာရင်တောင် ခြိမ်းခြောက်မှု လုံးဝ မရှိနိုင်ဘူး မဟုတ်လား" ချင်ယွင်က သူ့ကိုယ်ပိုင် အတွေးများကို အလျင်စလို တင်ပြလိုက်သည်။

'"ငါလည်း ဒီလိုထင်ခဲ့တာပဲ။ ဒါပေမယ့် ငါမှားသွားတယ်ဆိုတာ သိလိုက်ရတယ်။ သူတို့က ဉပဒေသတွေရဲ့ စွမ်းအားကို လုံးဝ အားမကိုးဘူး။ အဲဒီအစား သူတို့က စွမ်းအားကို စုပ်ယူဖို့ စွမ်းအင်အမြုတေကို အားကိုးကြတယ်။ သူတို့ရဲ့ ဘုရင်အဆင့်က ငါတို့ရဲ့ ဘိုးဘေးဘုရား အဆင့်နဲ့ဆင်တူတယ်။ ငါတို့ရဲ့ ဘိုးဘေးနတ်ဘုရားသုံးယောက်ဟာ သူတို့ဘုရင်တွေရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ရပြီ" သူတို့ဘုရင်သုံးပါးထဲက တစ်ပါးကတောင် သေမင်း ဘိုးဘေးနတ်ဘုရားနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်တယ်” နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

"အယ်၊ သေမင်းဘိုးဘေးနတ်ဘုရားတောင် လက်ရည်တူပဲ တိုက်ခိုက်နိုင်တာလား။" ချင်ယွင် မှင်သက်သွားခဲ့သည်။ ဉပဒေသ၏ စွမ်းအားကို အားမကိုးသည့် အခြားမျိုးနွယ်များ ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်, စကြဝဠာတိုင်းမှာ ကိုယ်ပိုင် စည်းမျဉ်းများ မည်သို့မည်ပုံ ရှိနေသည့်အကြောင်း တွေးတောမိသည့်အခါ၊ စကြဝဠာအတွင်းရှိ အချို့မျိုးနွယ်များသည် စွမ်းအင်ကို စုပ်ယူရုံဖြင့် အားကောင်းလာနိုင်ပါသည်။

"ဒါဆို အခု သူတို့က ဘယ်မှာလဲ" ချင်ယွင်က မေးသည်။

"အခု သူတို့က အလျင်စလို မကျူးကျော်ကြသေးဘူး။ အဖွဲ့ဝင်အတော်များများက အဲဒီ ရူးချင်စရာ စွမ်းအင်တွေကြားထဲမှာ ပုန်းအောင်းနေကြတယ်။ ရံဖန်ရံခါမှာ ပညာရှင် တစ်ယောက်စ, နှစ်ယောက်စက ငါတို့နဲ့ တိုက်ခိုက်ဖို့ ထွက်လာလိမ့်မယ်။ တကယ်တော့ ရည်ရွယ်ချက်က သူတို့က ငါတို့ကို စမ်းသပ်ဖို့ပဲ။ ငါတို့ကမ္ဘာကြီးရဲ့ အင်အားကို သူတို့ အမှန်တကယ် နားလည်ပြီးတာနဲ့ ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။

နဂါးဘုရင် ဘိုးဘေးနတ်ဘုရား ပြောသည့်စကားအရ၊ အခြားတဖက်သည် သေမျိုးကမ္ဘာ၏ စစ်တပ်ကဲ့သို့ပင် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိသာထင်ရှားပါသည်။

သူတို့နတ်ဘုရားကမ္ဘာမှာတော့, လူအားလုံးသည် သူတို့၏ ကိုယ်ပိုင်တိုက်ပွဲတွေကို ဆင်နွှဲနေကြသည်။ ထို့ကြောင့် ထိုပြည်ပကျူးကျော်သူတွေကို မည်သို့ ခုခံကာကွယ်နိုင် မည်နည်း။

"စီနီယာနဂါးဘုရင်ကရော ဘယ်လိုသဘောရှိလဲ" ချင်ယွင်က မေးသည်။

"ဒါကြောင့် မင်းတို့ကို ဒီနေရာကို ခေါ်ခိုင်းရတာပဲ။ မင်းရယ်၊ လုံထျန်းနဲ့ လုံဟန်တို့က စစ်မြေပြင်မှာ နဂါးမျိုးနွယ်ကို ကိုယ်စားပြုပြီး ငါတို့ရဲ့ ရှေးခေတ်နတ်ဘုရားကမ္ဘာက ဒီအကျပ်အတည်းကို ကာကွယ်ရာမှာ ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်။ အခု ရှေးခေတ် နတ်ဘုရားကမ္ဘာက မဟာမိတ်ဖွဲ့ထားပြီ။ မင်းတို့ အဲဒီရောက်တာနဲ့ အရာအားလုံးကို နားလည်နိုင်လိမ့်မယ်" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

"ကောင်းပါပြီ, ကျွန်တော် ကတိပေးတယ်။" ချင်ယွင်က မဆိုင်းမတွ သဘောတူလိုက် သည်။

တိုင်းတပါး ကျူးကျော်များကို တွန်းလှန်ရန် ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ လူတိုင်းမှာ တာဝန်ရှိသည်။ နဂါးဘုရင်ဘိုးဘေးနတ်ဘုရားက ယခုလို မပြောခဲ့ဘူးဆိုလျှင်ပင်, သူသည် စစ်မြေပြင်ကို သွားရန် ရွေးချယ်ပါဦးမည်။

နောက်ဆုံးတွင်, အကယ်၍, ရှေးခေတ်နတ်ဘုရားကမ္ဘာကြီးသာ ပြိုလဲသွားခဲ့ပါက, အင်မော်တယ်ကမ္ဘာနှင့် အောက်အရပ်က သေမျိုးကမ္ဘာတို့လည်း ပျက်သုဉ်းသွားလိမ့်မည်။

အင်မော်တယ်ကမ္ဘာနှင့် သေမျိုးကမ္ဘာနှစ်ခုလုံးတွင် ချင်ယွင် ဂရုစိုက်သောလူများ ရှိနေ သောကြောင့် ၎င်းတို့ကို ကာကွယ်ရန် သူ့တွင် သဘာဝအလျောက် တာဝန်ရှိသည်။

"ကောင်းပြီ၊ ဒါဆို မင်းတို့ အခု ထွက်သွားနိုင်ပြီ။ ဒီစစ်ပွဲက ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ သေချာပေါက် ဘေးဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မယ်။ ငါတို့ရှုံးသွားရင် ငါတို့ရဲ့ နဂါးမျိုးနွယ် ရှင်သန်ဖို့ အရမ်းခက်ခဲလိမ့်မယ်။" နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး လုံထျန်းနှင့်အတူ ထွက်သွားပါသည်။

သို့သော် ခန်းမကြီးမှ ထွက်လာသော ချင်ယွင်သည် သူ့နှလုံးသားထဲတွင် သံသယများ ရှိနေခဲ့သည်။

ဤကောင်းကင်ဘုံတန်ခိုးရှင်က အတိအကျ ဘာဖြစ်နေတာလဲ။

သူသည် အခြားစကြဝဠာမှ မျိုးနွယ်များ ကျူးကျော်မူကို တားဆီးရန်ပင် ထွက်မလာခဲ့ပေ။ သူ့ကိုယ်ပိုင် စကြာဝဠာကိုတောင် မစီမံမခန့်ခွဲနိုင်လောက်သည့် ဒုက္ခတစ်မျိုးမျိုးကို သူ တကယ် ကြုံတွေ့ခဲ့ရသည်လား။

All Chapters