အခန်း ၁၇၅၉
Vol. 118 Ch. 1759
အခန်း (၁၇၅၉) ရန်သူတို့ တိုက်ခိုက်ခြင်း။
သူတို့၏မှတ်ဉာဏ်များတွင် နဂါးပါရမီရှင်သည် လုံထျန်းသည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နံပါတစ်ဖြစ်သည်။
အကယ်၍, လုံထျန်း အဆင့်ဖြတ်ကျော်သွားလျှင်ပင် ၎င်းနေရာသည် မုရုန်ရှန်းယု ဖြစ်သင့်သည်။
ဤချင်ယွင်က ဘယ်လိုလုပ် ဖြစ်လာရတာလဲ။
အဆုံးတွင်, သူတို့သည် ချင်ယွင်အကြောင်း တစ်ခါမှ မကြားဖူးပါဘူး။
"ငါက ဘိုးဘေးနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးသွားပြီ။ ညီငယ်ချင်ယွင်ရဲ့ ခွန်အားကို အရင်က ငါ မြင်ဖူးတယ်။ မင်းတို့ သူ့ကို သံသယရှိစရာ မလိုဘူး။" လူအုပ်ကြီးက သူ့စကားကို မယုံကြည်သည်ကို မြင်သောအခါ လုံထျန်းက ရှင်းပြသည်။
"ဟမ်၊ မင်းတို့ကောင်တွေက ငါ့ကို မယုံဘူးလား။ ငါတောင် ညီအစ်ကိုချင်ယွင်နဲ့ မယှဉ်နိုင်ဘူး။ ဒီကောင်က ငါ့ကို လက်သီးတစ်ချက်နဲ့ ထိုးသတ်နိုင်တယ်။" လုံဟန်က နောက်က လိုက်ပါပြောပေးသည်။
ဤလူများသည် ချင်ယွင်ကို အမှန်တကယ် အထင်သေးကြသည်။ ယင်းက သူ့ကို အလွန် စိတ်မချမ်းမသာ ဖြစ်စေသည်။
လူတိုင်း၏ မျက်နှာများတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်သည် ဤမျှ တန်ခိုးကြီးမည်ဟု သူတို့ မမျှော်လင့်ထားပေ။
"ငါတို့ နဂါးဧကရာဇ်မြို့တော်နဲ့ ပူပေါင်းလာတဲ့ ညီအစ်ကိုချင်ယွင်ကို ကြိုဆိုပါတယ်။ ငါက နဂါးဧကရာဇ်မြို့တော်ရဲ့ ယာယီမြို့တော်သခင်ပါ။ မင်းပူးပေါင်းပါဝင်မူနဲ့ဆို, ငါတို့ နဂါး ဧကရာဇ်မြို့တော်က အဲဒီနတ်ဆိုးကောင်တွေကို မကြောက်တော့ဘူး။" လုံရှီက စိတ်လှုပ်ရှားစွာ ပြောသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြသည်။ သူသည် အခြားလူများ၏ အထင်သေးမူနှင့် ပတ်သက်ပြီး မကျေမနပ် မဖြစ်မိပေ။
သူ့အတွက်မူ, ခွန်အားက အရာအားလုံးကို အနှေးနှင့်အမြန် သက်သေပြပါလိမ့်မည်။
"မကောင်းတော့ဘူး၊ နောက်ထပ် နတ်ဆိုးကျင့်ကြံသူတွေ ကျူးကျော်လာပြီ။" သို့သော် ဤအခိုက်အတန့်တွင် လူတစ်ဦးသည် မျှော်စင်ထိပ်ဆီသို့ အလျင်အမြန် ပျံသန်းလာသည်။
"ဘယ်နှစ်ယောက် ရောက်နေတာလဲ" လုံရှီက ကမန်းကတန်း မေးလိုက်သည်။
"အများကြီးမဟုတ်ပါဘူ။ တစ်ဒါဇင်လောက်ပဲ။ ဒါပေမယ့် သုံးယောက်က မိုးပြာရောင်ကြေးခွံ နတ်ဆိုးတွေဖြစ်ပြီး ကျန်တာကတော့ အဖြူရောင်ကြေးခွံ နတ်ဆိုး တွေပါ။" ကောင်းကင်နတ်ဘုရားက ကမန်းကတန်း ပြောသည်။
"တကယ်ကို ဒီမှာ မိုးပြာရောင်အဆင့် ကြေးခွံနတ်ဆိုးတွေ အများကြီးရှိတယ်။" လုံရှီက အံ့သြစွာ ပြောသည်။
"မှန်ပါတယ်။ ကျွန်တော်တို့ စုံစမ်းဖို့သွားခဲ့တဲ့ ညီအစ်ကိုတွေ အကုန်လုံးကို သူတို့က သတ်ပစ်လိုက်တယ်။ အဲဒီထဲက မိုးပြာရောင်ကြေးခွံနတ်ဆိုးတစ်ယောက်က အရမ်း အစွမ်းထက်တယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဆို တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရ တယ်။ ကျွန်တော်တောင် အလွယ်တကူ ထွက်မပြေးနိုင်ခဲ့ဘူး။" ထိုအထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူက ဆိုသည်။
၎င်းတို့၏ ကင်းထောက်တပ်မှူးများ၏ စွမ်းအားသည် အားနည်းသည် မဟုတ်ပေ။ အနည်းဆုံးတော့၊ သူတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်နှင့် နီးစပ်သည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့ကို တစ်ချက်တည်း သတ်ပစ်နိုင်ခြင်းက ထိုမိုးပြာရောင်ကြေးခွံနတ်ဆိုးသည် သူတို့ပြိုင်ဘက်ကြားမှာ အားနည်းသူ မဟုတ်လောက် ပေ။
"ဟား…၊ ဟား…၊ ငါတို့ အခုမှ စစ်မြေပြင်ကို ရောက်တုန်းရှိသေး တိုက်ပွဲက ဖြစ်နေပြီ။ ဒီနတ်ဆိုးရဲ့ပုံပန်းသဏ္ဍာန်ကို ငါ မမြင်ဖူးဘူး။ သူတို့ရဲ့ အကြေးခွံတွေက ငါ့ဆီက လက်သီး ကို ခံနိုင်ပါ့မလား ငါ သိချင်မိသေး။" လုံဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူသည် သဘာဝအတိုင်း တိုက်ပွဲအပေါ် ရူးသွပ်စွာ မွေးဖွားလာခဲ့သည်။ သူတို တိုက်ခိုက်ရ တော့မည်ဟု ကြားသောအခါ မေးစရာမလိုဘဲ ချက်ချင်းပင် သဘောတူသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ပြုံးလိုက်သော်လည်း ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများသည် မည်သို့မည်ပုံရှိမည်ကို သူလည်း အလွန်သိချင်နေပါသည်။
"အစ်ကိုကြီး လုံထျန်း၊ အခု ငါတို့ ဘာလုပ်သင့်လဲ။ ပုံမှန်အားဖြင့် မိုးပြာရောင်ကြေးခွံ နတ်ဆိုးတစ်ယောက်တည်းကတောင် ကိုင်တွယ်ရ အရမ်းခက်လိမ့်မယ်။ အခု သူတို့က တစ်ခါတည်း သုံးယောက် ရောက်လာကြပြီ။" လုံရှီက လေးနက်စွာ မေးလိုက်သည်။
"စိတ်မပူပါနဲ့။ အဲဒီလူက အပြာရောင်ကြေးခွံ နတ်ဆိုးတစ်ယောက် မဟုတ်သရွေ့ မင်း စိတ်ပူစရာမလိုဘူး။ ငါတို့နဂါးဧကရာဇ်မြို့တော်ရဲ့ အစောင့်တွေက မြို့တွေအားလုံးထဲမှာ အသန်မာဆုံးလို့ ပြောလို့ရပါတယ်။" လုံထျန်းက ပြုံးပြီး ပြောလိုက်သည်။
လုံရှီက ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကြီး လုံထျန်း, မင်း ဘာလို့ ငါ့ကို လုံဟန်နဲ့အတူလိုက်သွားပြီး သူတို့ကို ရင်ဆိုင်ခွင့် မပေးတာလဲ" ချင်ယွင်က ပြောသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းတို့နှစ်ယောက်တည်း သွားတာ အန္တရာယ်များလွန်းတယ် မဟုတ်လား။ အပြာရောင်ကြေးခွံ နတ်ဆိုးက ရုတ်တရက် လှုပ်ရှားလိုက်ရင် ဘယ်လို လုပ်မလဲ။" နံဘေးက လုံရှီက ချက်ချင်း ပြန်ဖြေသည်။
"အဆင်ပြေပါတယ်။ အနက်ရောင်ကြေးခွံ နတ်ဆိုးကိုယ်တိုင် တိုက်ခိုက်ရင်တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါသေးတယ်။" ချင်ယွင်က ပြောသည်။
သူ့တွင် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုဆိုသည့် ရတနာကြီး ရှိနေသည်။ အပြာရောင် ကြေးခွံနတ်ဆိုးကျင့်ကြသူကို မဆိုထားနှင့်, အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ ရောက်လာရင်တောင် ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကိုယ်တိုင် မလှုပ်ရှားသရွေ့, သူ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး။
လုံရှီက မျက်မှောင်ကြုတ်သွားသည်။ သူသည် ချင်ယွင်၏စကားကို မယုံသည်မှာ ထင်ရှားပါသည်။
အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်သည်။ ကောင်းကင်နတ်ဘုရားသည် မည်မျှပင် တန်ခိုးကြီးနေပါစေ ဘိုးဘေးနတ်ဘုရား၏ ရှေ့မှောက်တွင် ခုခံရန် တန်ခိုးမကြီးသေးပေ။
သူ့ခွန်အားကို မယုံမကြည်ဖြစ်နေ၍, ချင်ယွင်၏ မျက်နှာပေါ်တွင် အားကိုးရာမဲ့ အပြုံးတစ်ခု ပေါ်လာသည်။
"လုံရှီ၊ သူတို့ကို လွှတ်ပေးလိုက်ပါ။ ချင်ယွင်ရဲ့ အသက်ကယ်စွမ်းရည်က အရမ်းသန်မာ တယ်။ ကြီးမြတ်တဲ့ ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတောင်မှ သူ့ကို ဘာမှ မလုပ်နိုင်ဘူး။" လုံထျန်းက ပြုံးပြီး ပြောလိုက်သည်။
လုံရှီသည် ထိုစကားကိုကြားပြီးနောက် နောက်ဆုံတွေင် ခေါင်းညိတ်ပြီး သဘောတူလိုက် သည် "ကောင်းပြီ၊ မင်းတို့နှစ်ယောက် သွားကြပါ။ ဒါပေမယ့် အန္တရာယ်တစ်ခုခု ရှိလာခဲ့ရင် ချက်ချင်း ပြန်ဆုတ်ပါ။"
"ကောင်းပြီ" ချင်ယွင်က ပြုံးပြီး သဘောတူလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ သူတို့အားလုံးကို မသတ်နိုင်ရင်, ငါလုံဟန်ကို လုံဟန်လို့ မခေါ်တော့ဘူး" လုံဟန်က မောက်မာစွာ ပြောသည်။
ထိုသို့ပြောပြီးနောက် လုံဟန်သည် ပထမဆုံး ပြေးထွက်သွားခဲ့သည်။ ချင်ယွင်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လုံဟန်၏ နောက်သို့ အနီးကပ် လိုက်ပါလာခဲ့သည်။
ယခုအချိန်တွင် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အရှိန်ဖြင့်ပင် လုံဟန်အောက်၌ မရှိတော့ပေ။
သူတို့နှစ်ဦးသည် ကီလိုမီတာ ဆယ်ဂဏန်းအကွာအဝေးကို ချက်ချင်း ဖြတ်ကျော်ပြီး၊ အလွန်လျင်မြန်စွာပင် သူတို့သည် တောင်ကုန်းမြင့်မြင့်တစ်ခုပေါ်တွင် အစောပိုင်းက ကောင်းကင်နတ်ဘုရား ပြောပြသည့် ထိုနတ်ဆိုးများနှင့် ဆုံတွေ့ခဲ့ကြသည်။
ဤနေရာသည် မြို့တော်မျှော်စင်နှင့် သိပ်မဝေးသောကြောင့် မြို့တော်မျှော်စင်ပေါ်တွင် ရပ်နေသူများသည် ချင်ယွင်နှင့် အခြားသူများရှိနေသည့် မြင်ကွင်းကို မြင်နိုင်သလောက် ပင်။
ချင်ယွင်နှင့် လုံဟန်တို့သည် နတ်ဆိုးတစ်ဒါဇင်ကျော်ကို ရင်ဆိုင်တွေ့ရသောအခါတွင် အသက်ပြင်းပြင်းရူလိုက်ပြီး နောက်လာမည့် တိုက်ပွဲကို စောင့်မျှော်နေကြသည်။
လုံရှီသည်လည်း အဝေးမှ လေထဲတွင် လွင့်မျောနေသော ချင်ယွင်ကို ကြည့်လိုက်သည်၊ ဤချင်ယွင်တွင် မည်သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ကို မြင်ချင်ပုံရသည်။ သူသည် လုံထျန်းထံမှ ထိုသို့သော လေးစားမှုကို အမှန်တကယ် ရယူနိုင်ခဲ့သည်။
…
ယခုအချိန်တွင် ချင်ယွင်သည် အခြားသူများ၏ အတွေးများကို ဂရုမစိုက်ပါ။ ထိုအချိန်တွင် သူသည် သူ့ရှေ့ရှိ ကမ္ဘာခြားနတ်ဆိုး ဒါဇင်ကျော်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ဤကမ္ဘာခြား နတ်ဆိုးများသည် လူသားပုံစံများ ဖြစ်ကြသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ် သည် လူသားများထက် များစွာမြင့်မားသည်။ အတိုဆုံးနတ်ဆိုးများပင် နှစ်မီတာနီးပါး မြင့်ပြီး အမြင့်ဆုံးနတ်ဆိုးတွေက သုံးမီတာ မြင့်သည်။
၎င်းတို့အားလုံးကို အကြေးခွံအလွှာဖြင့် ဖုံးအုပ်ထားသည်။ ဤအကြေးခွံများသည် နဂါးကြေးခွံများနှင့် အလွန်ဆင်တူသည်။ သတ်ဖြတ်ရန် မွေးဖွားလာသည့်အတိုင်း ၎င်းတို့၏လက်များနှင့် ခြေများတွင်လည်း ချွန်ထက်သော ဓားတစ်ချောင်းစီ ရှိနေကြသည်။
၎င်းတို့သည် စုစုပေါင်း ဆယ့်ငါးယောက် ရှိသည်။ ၎င်းတို့ထဲမှ ဆယ့်နှစ်ယောက်သည် အဖြူရောင် အကြေးခွံဖြစ်ပြီး သုံးယောက်မှာ မိုးပြာရောင်အကြေးခွံများ ဖြစ်သည်။
သို့သော် မိုးပြာရောင် သုံးယောက်ကြားမှာပင် ကွဲပြားမှုများ ရှိနေခဲ့သည်။ တစ်ယောက်က အစိမ်းပြာရောင်ဖြစ်ပြီး ကျန်နှစ်ယောက်က စိမ်းပြာနက်ရောင်ဖြစ်ကာ၊ တစ်ယောက်ဆို လျှင် အပြာရောင်ဘက်သို့ပင် စတင်ရောက်ရှိနေပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ၎င်းတို့၏ ခွန်အားသည် စိမ်းပြာရောင်အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းတို့သည် အပြာရောင်အကြေးခွံများဖြစ်သို့ စတင်ရွေ့လျားနေပြီ ဖြစ်သည်။
"စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါက ကမ္ဘာခြားနတ်ဆိုးတွေလား" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
"သူတို့ ကြည့်ရတာ ရုပ်ဆိုးလွန်းတယ်။ သူက ငါတို့နဂါးတွေလို ကြည့်ကောင်းဖို့ အဝေးကြီး။ သူတို့အစွမ်းက သုံးစားရမရ ငါ မသိသေးဘူး" လုံဟန်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး နတ်ဆိုးများဆီသို့ ပြေးဝင်သွားသည်။
နတ်ဆိုးများသည် သူတို့ဆီ ပြေးလာနေသော လုံဟန်ကို မြင်သောအခါ အသံတိုးတိုး တစ်ချက် ထုတ်ဖော်လိုက်ပါသည်။
ချက်ခြင်းပင်၊ အဖြူရောင် နတ်ဆိုးကျင့်ကြံသူ ၁၂ ယောက်သည် လုံဟန်ကို တိုက်ခိုက်ကြသည်။
ချင်ယွင်သည် အလျင်စလို လှုပ်ရှားခြင်း မရှိပေ။ ဤအဖြူရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူများသည် ပုစွန်ငယ်များသာ ဖြစ်ပြီး လုံဟန်သည် ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
သူသည် ဤအခြေအနေကို အခွင့်ကောင်းယူပြီး ထိုနတ်ဆိုးတွေ မည်သို့မည်ပုံ တိုက်ခိုက်သည်ကို တွေ့မြင်လိုသည်။
ဝှီး….။
အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများသည် လုံဟန်ဆီသို့ ပြေးသွားကာ လုံဟန်ဆီသို့ ခုတ်ပိုင်းသွားတွေက သူတို့လက်မောင်းများပေါ်မှ ထိုးတက်လာခဲ့သည်။
ဓါးတွေကို ဝှေ့ယမ်းလိုက်သောအခါတွင် ထူးဆန်းသော စွမ်းအင်အလွှာတစ်ခုက ဖုံးလွှမ်းသွားသည်။ ထိုစွမ်းအင်သည် စကြဝဠာ၏ မူလစွမ်းအင်နှင့် အလွန်ဆင်တူပုံရသော် လည်း ကွဲပြားသည်။ ၎င်းသည် စကြဝဠာ၏ မူလစွမ်းအင်ထက် အားနည်းပုံရသည်။
"ဟမ့်၊ မင်းတို့က သေခြင်းရှင်ခြင်းကို မသိသေးဘူးပဲ။ မင်းတို့အဘိုးလုံက ဒီနေ့ မင်းတို့ကို အသန်မာဆုံး ခန္ဓာကိုယ်က ဘာလဲဆိုတာ မြင်ခွင့်ပေးမယ်။" လုံဟန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ၏ ဓားသွားကို တိုက်ရိုက် ရင်ဆိုင်ရန် သူ့လက်သီး ဝှေ့ယမ်းလိုက်သည်။
"ဖျစ်…"
အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ၏ ဓါးများသည် တိုက်ရိုက် ကွဲအက်သွားပြီး သူတို့မျက်နှာတွင် အံ့သြသည့်အမူအရာ ပေါ်လာသည်။
သို့သော် အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ၏ အံ့အားသင့်မှု ပျောက်ကွယ်မသွားမီ လုံဟန်သည် အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ၏ ရင်ဘတ်ကို ထပ်မံ ထိုးဖောက် ပြီး အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို တိုက်ရိုက် အပြင်းထန် တိုက်ခိုက်သည်။
ထို့နောက်မှာတော့ လုံဟန်သည် သိုးအုပ်ထဲကို ဝင်ရောက်လာသည့် ဝံပုလွေတစ်ကောင် အလား အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ ၁၂ ယောက်ကို လက်သီးတစ်ချက်စီဖြင့် ချက်ချင်း သတ်ပစ်လိုက်ပါသည်။