← Chapters

အခန်း ၁၇၆၀

Vol. 118 Ch. 1760

အခန်း ၁၇၆၀

Vol. 118 Ch. 1760

အခန်း (၁၇၆၀) မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှင့် ရင်ဆိုင်ခြင်း။

လုံဟန်၏ လက်သီးသည် တုနှိုင်းမရလောက်အောင် ပြင်းထန်ခဲ့ပြီး ခဏလေးအတွင်းမှာပင် သူသည် ဤအဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူဆယ့်နှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

“ဟင့်, တစ်ချက်ထိုးတောင် မခံနိုင်ဘူး။ ငါက တော်တော်အစွမ်းထက်မယ်လို့ ထင်နေတာ။ ဒါဆို အားလုံးက အမှိုက်တွေပေါ့” လုံဟန်က လှောင်ပြောင် ရယ်မောရင်း ပြောသည်။

ဤသာမန် အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများသည် သူ့ရှေ့တွင် အနည်းငယ်မျှ ခုခံနိုင်စွမ်း မရှိပေ။

မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ သုံးဦးအနက်မှ တစ်ဦးသည် နောက်ထပ် ကြည့်မနေနိုင်တော့ပေ။ သူသည် တိုက်ခိုက်ရန် စီစဉ်လိုက်သော်လည်း ၎င်းတို့ထဲတွင် အစွမ်းထက်ဆုံး နတ်ဆိုးကျင့်ကြံသူက တားဆီးလိုက်သည်။

အဆုံးတွင် အစွမ်းထက်ဆုံး မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူက ထွက်လာပြီး လုံဟန်ကို ကြည့်လိုက်သည်။

"နောက်ဆုံးတော့, မင်းကိုယ်တိုင် လှုပ်ရှားဖို့ ဆန္ဒရှိပြီပေါ့။ မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်တယ်။" လုံဟန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို လက်သီးဖြင့် ဝှေ့ယမ်းတိုက်ခိုက်သည်။

မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများက တောက်ပလာသလို သူလည်း အလားတူ လက်သီးတစ်ချက် ထိုးလိုက်သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုံဟန်သည် ချက်ချင်း နောက်ပြန် လွင့်သွားကာ၊ အဝေးမှ တောင်ကုန်းတစ်ခုကို တိုက်ရိုက် ရိုက်ခတ်ပြီး တောင်တစ်ခုလုံး ကွဲအက်သွားခဲ့ သည်။ သူ မရပ်နိုင်ခင် ဆယ်ကီလိုမီတာကျော် မြေပြင်ပေါ် လှိမ့်သွားခဲ့သည်။

ထို့နောက် သူသည် ထိုနေရာတွင် ရပ်နေသော မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို ကြည့်ရင်း သူ့ခန္ဓာကိုယ်က မလှုပ်မယှက်နိုင် ဖြစ်နေသည်။

"အရမ်းပြင်းလွန်းတယ်"

မျှော်စင်ပေါ်ရှိ လူများသည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် မထိန်းနိုင်ဘဲ ချီးမွမ်းစကား ဆိုကြသည်။

လုံဟန်သည် နဂါးမျိုးနွယ် ကောင်းကင်နတ်ဘုရားကြားတွင် အစွမ်းထက်ဆုံး ဖြစ်ကြောင်း လူသိရှင်ကြား အသိအမှတ်ပြုခဲ့သော်လည်း ယခု မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ ၏ လက်ချက်တစ်ချက်က သူ့ကို အမှန်တကယ် လွင့်ပျံသွားစေခဲ့သည်။

"လခွမ်း၊ ဒီနတ်ဆိုးကျင့်ကြံသူက အရမ်းသန်မာတယ်ဟ။" လုံဟန်သည် မြေပြင်ပေါ်မှ ထလာခဲ့ပြီး သူ့မျက်နှာကလည်း အံ့အားသင့်ဟန်အရိပ်ယောင်များ ပြသနေသည်။

သူသည် ကောင်းကင်နတ်ဘုရားများကြားတွင် ရုပ်ခန္ဓာကိုယ်ခွန်အားအရာမှာ ချင်ယွင်ကို ရှုံးနိမ့်ခြင်းမှလွဲ၍ အခြားမည်သူကိုမျှ မရှုံးခဲ့ပေ။

ယခုအချိန်တွင် ဤမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် သူ ကြုံတွေ့ခဲ့ရသည့် ဒုတိယမြောက်လူ ဖြစ်သည်။

"နောက်တစ်ကြိမ်"

လုံဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့ပုံရိပ်က ကီလိုမီတာ ဆယ်ဂဏန်း အကွာအဝေးကို တစ်လှမ်းချင်း လှမ်းပြီး ပေါက်ကွဲထွက်လာပြန်သည်။

ဤတစ်ကြိမ်တွင်၊ သူသည် သူ့အစစ်မှန် အဓိပ္ပာယ် ခွန်အားကို တိုက်ရိုက် အသက်သွင်းပြီး၊ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားနှင့်အတူ မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူဆီသို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

သူ့လက်သီးကို ထပ်မံဝှေ့ယမ်းရင်း မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများ တွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။

"ဘုန်း.."

ကြောက်စရာကောင်းသော အင်အားစုနှစ်ခုသည် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံစဉ်, ကီလိုမီတာ တစ်ရာအကွာ အဝေးအတွင်း မြေပြင်သည် ရုတ်တရက် နစ်မြုပ်သွားသည်။

ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရောင်ခြည်စက်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။

စွမ်းအင်ရောင်ခြည်စက်ဝန်း ပျံ့နှံ့ရာ နေရာတိုင်းတွင် တောင်ကျောက်တုံးများအားလုံး ပျက်သုဉ်းသွားကြသည်။

"ဘုန်း"

လုံဟန်သည် နောက်တစ်ကြိမ် ဆယ်မိုင်အကွာအဝေးတွင်အထိ ပြန်တွန်းထုတ် ခံလိုက်ရ သည်။ မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည်လည်း နောက်သို့ ခြေသုံးလှမ်း ဆက်တိုက် ဆုတ်သွားခဲ့သည်။ သူ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းတွင် မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။

"အယ်၊ သူ့ကို ခြေသုံးလှမ်းပဲ နောက်ဆုတ်ခိုင်းနိုင်တယ်။ ဒီမိုးပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူက ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ။ ဒီမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူက မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေကြားမှာ သေချာပေါက် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမယ်။ သူနဲ့ရင်ဆိုင်ဖို့ မလွယ်ကူမှာ ငါကြောက်မိတယ်။" မျှော်စင်ပေါ်မှ တစ်စုံတစ်ယောက်က အံ့အားတသင့် ပြောလိုက်သည်။

လုံရှီနှင့် အခြားသူများလည်း မျက်မှောင်ကြုတ်သွားကြသည်။ ရှင်းနေသည်မှာ၊ ဤ မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခွန်အားသည် ၎င်းတို့၏ မျှော်လင့်ထားသည် ထက် များစွာကျော်လွန်နေပါသည်။

"ငါတို့ ဘာလုပ်ရမလဲ။ အကိုကြီး လုံထျန်း၊ မင်း လုံဟန်ကို ကူညီချင်လား။" လုံရှီက သူ့ဘေးမှာ ရပ်နေသည့်လုံထျန်းကို မေးသည်။

သူ့အမြင်အရ၊ လုံထျန်းတစ်ဦးတည်းသာ ဤမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို ရင်ဆိုင်နိုင်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း လုံထျန်းက ပြုံးပြီး ခေါင်းယမ်းကာ ပြောသည် "မပူပါနဲ့။ ချင်ယွင် အနားမှာ ရှိနေမှတော့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ သူ ဒါကို ဖြေရှင်းနိုင်သင့်တယ်"

လုံရှီက ဘာမှပြန်မပြောတော့ပေ။ သို့သော် သူသည် ပို၍ပင် သိချင်လာခဲ့သည်။

ဤချင်ယွင်က တကယ်ကို အစွမ်းထက်ပြီး၊ သူက လုံထျန်းကိုယ်တိုင် သဘောကျကြ အောင် တကယ်ကို စွမ်းဆောင်နိုင်တာလား။

ဝှီး…။

လုံဟန်သည် အဝေးမှ ပျံသန်းလာပြီး ချင်ယွင်၏ အနားသို့ ရောက်လာသည်။

"ဘယ်လိုလဲ" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

"သန်မာလွန်းတယ်။ ငါ မတိုက်နိုင်ဘူး။ မင်း လုပ်နိုင်ပြီ။ သူ့လက်သီးက ငါ့လက်ပြင် တစ်လုံးမှာရှိတဲ့ အရိုးတွေကို ကွဲကြေသွားစေတယ်။ ငါ အရိုးမကျိုးတာတောင် နှစ်အတော် ကြာသွားပြီ။" လုံဟန်က ကူကယ်ရာမဲ့ ခေါင်းယမ်းပြသည်။

သူ့ရှေ့က မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် မိုးပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူများ၏ ဘုရင်ဖြစ်မည်မှာ သေချာပါသည်။ သူ့ခွန်အားသည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများထက် သာလွန်နေပြီ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာကြောက်မက်ဖွယ်ကောင်းမူအရဆို, ၎င်းသည် ချင်ယွင်၏ နဂါးတစ်ဝက် အသွင်ပြောင်းခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

ချင်ယွင်က ပြုံးပြီး လုံဟန်၏ ပခုံးကို ပုတ်လိုက်သည်။ "ကောင်းပြီ၊ မင်း ဘေးမှာ အနားယူနေလိုက်။ ကျန်တာ ငါ့တာဝန်ထား။"

လုံဟန်သည် ခေါင်းညိတ်ပြပြီး မြို့တော်မျှော်စင်သို့ မပြန်မီ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်ယွင်သည် မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသုံးဦးကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်လိုက်သည်။

"သူတစ်ယောက်တည်း တကယ် လုပ်နိုင်ပါ့မလား" လုံရှီက ယောင်ချာချာဖြင့် မေးသည်။

"စိတ်မပူပါနဲ့ ငါတို့အားလုံး သေရင်တောင် သူသေမှာ မဟုတ်ဘူး။" လုံဟန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုစကားကိုကြားတော့ လုံရှီက ဆက်မမေးတော့ဘဲ တိတ်တိတ်လေး ကြည့်နေလိုက် သည်။

လုံဟန် ထွက်သွားပြီးနောက် ချင်ယွင်သည် မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်ကို ကြည့်လိုက်ပြီး၊ မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်ကလည်း ချင်ယွင်ကို ကြည့်လိုက်သည်။

"မင်းတို့ ဘယ်ကမ္ဘာကလာလဲ ငါမသိဘူး၊ မင်းတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းတို့က ငါတို့ကမ္ဘာကို ကျူးကျော်လာမှတော့, မင်းတို့ သေရမယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်ဆီသို့ ပြေးသွားခဲ့သည်။

လုံဟန်၏ယခင်တိုက်ခိုက်မှုကဲ့သို့ပင် ချင်ယွင်သည် အရိုးရှင်းဆုံး တိုက်ရိုက် တိုက်ခိုက်မှု နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ထိုလက်သီးချက်က လုံဟန် သူ့အစစ်မှန် အဓိပ္ပာယ်စွမ်းအားကို အသုံးပြုစဉ်ကထက်ပင် ပိုမိုပြင်းထန်လှသည်။

မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်သည် အနည်းငယ် အံ့သြသွားသည်မှာ ထင်ရှားသည်။ သူ့ရှေ့က ဤလူသားသည် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် လက်သီးတစ်ချက်ကို အမြန် ထုတ်ဖော်လိုက်သည်။

"ဘုန်း…"

အသံက မိုးကြိုးတစ်သန်းပစ်ခွင်းခြင်းနှင့်တူပြီး မြေကြီးသည် ချက်ချင်းကွဲသွားသည်။

မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်နောက်ရှိ မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ဦးကိုပင် ဤကြောက်မက်ဖွယ် စွမ်းအင်က လွင့်ပျံသွားစေခဲ့သည်။

မိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်သည်လည်း ပိုမိုကောင်းမွန်ခြင်း မရှိပေ။ ချင်ယွင်၏ လက်သီးချက်ကြောင့် လွင့်ပျံသွားကာ အဝေးမှ တောင်ကုန်းတစ်ခုပေါ်သို့ ပစ်ချခံရပြီး ပြိုကျသံကဲ့သို့ တောက်လျှောက် ထွက်ပေါ်လာခဲ့သည်။

ထိုတောင်ကုန်းက ချက်ချင်း ပြိုကျသွားသည်။

ချင်ယွင်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုန်သွားရကာ သူ့လက်များက ထုံကျင်လာသည်။

"ကောင်းလိုက်တာ... အရမ်းသန်မာတယ်" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ မျှော်စင်ပေါ် က လူတွေအားလုံး အံ့အားသင့်ပြီး မျက်လုံးတွေ ပြူးသွားကြသည်။

ချင်ယွင်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်တွင် နံပါတ်တစ်ဖြစ်ရန် ခွန်အားရှိ ကြောင်း သူတို့ မယုံကြည်ခဲ့ကြသော်လည်း၊ ယခုအခါ သူတို့သည် ချင်ယွင်ကို လျှော့တွက်မိသွားပုံရသည်။

ဤလက်သီးချက်ဖြင့်ပင် ချင်ယွင်၏ ခွန်အားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် များစွာကျော်လွန်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။

"ရှပ်… ဒါက ဒီကောင်ရဲ့ လူသားပုံစံပဲ ရှိသေးတယ်။ ဒီကောင်ရဲ့ နဂါးတဝက် အသွင်ပြောင်း ခြင်း အခြေအနေက ပိုလို့တောင် ကြောက်စရာကောင်းတယ်။" လုံဟန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

လူအုပ်ကြီးသည် ထိုစကားကိုကြားသောအခါ သူတို့ပါးစပ်က ကျယ်စွာပွင့်နေပြီး၊ တုန်လှုပ် ခြောက်ခြားနေသည့် ခန္ဓာကိုယ်အမူအရာများကို ထုတ်ဖော်လိုက်မိသည်။

၎င်းတို့ အများစုမှာ နဂါးမျိုးနွယ်၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး၊ သူတို့သည် လုံဟန်၏ စကားကို ကြားလိုက်ရသောအခါတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်ကို ချက်ချင်း ခံစားခဲ့ရသည်။

နောက်ဆုံးတွင် လူသားတစ်ဦးသည် ၎င်းတို့နဂါးမျိုးနွယ်၏ အစွမ်းထက်ဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ဤအရာက သူတို့နဂါးမျိုးနွယ်ဝင်များအတွက် ပျော်ရွှင်မှုလား သို့မဟုတ်, ဝမ်းနည်းမူလား တကယ် မသိတော့ပါဘူး။

ချင်ယွင်က သူ့လက်မောင်းကို ပွတ်သပ်လိုက်သည်။ သူ့ရှေ့မှ မိုးပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ၏ ခွန်အားက သူ့ကို အံ့သြစေသည်။

သူ့လက်သီးချက်သည် မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို လွင့်ပျံသွားစေခဲ့သော် လည်း, ပြိုင်ဘက်ကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခဲ့ပါဘူး။ ရှင်းနေသည်မှာ ပြိုင်ဘက်သည် အခုက သူ့ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ပေ။

"မင်းက အရမ်းသန်မာတယ်။ ငါ့ရဲ့အသွင်ပြောင်းမှုနဲ့ ထိုက်တန်တယ်။" သို့သော် ဤအခိုက်အတန့်တွင် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ရုတ်တရက် စကား ပြောလာသည်။

"မင်းက နတ်ဘုရားကမ္ဘာရဲ့ ဘာသာစကားကို ပြောလိုက်တာလား။" ချင်ယွင် အံ့ဩသွား သည်။ တဖက်လူက သူတို့နတ်ဘုရားကမ္ဘာ၏ ဘာသာစကားကို ပြောနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ တစ်ဖက်လူက စကားမပြောသည်ကို မြင်ပြီး၊ တစ်ဖက်လူများသည် နားလည်ခြင်းမရှိဟု သူ တွေးထားခဲ့သည်။

"ငါ ပြောနိုင်တယ်။ မင်းရဲ့ခွန်အားက ငါ့ရဲ့လေးစားမှုကိုရရှိတယ်လို့ ပြောရရင်လည်း ငါ့အနေနဲ့ စိတ်အနှောက်ယှက် မဖြစ်ဘူး။ အဲဒါကြောင့် ငါ မင်းကို ပြောခဲ့တာ။" မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူက ဆိုသည်။

ချင်ယွင်သည် ရုတ်​တရက် အခြေအနေကို​ နားလည်လိုက်​သည်​။

သို့သော်၊ ဤမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် မောက်မာဖို့ လုံလောက်ပါသည်။ သူ့ခွန်အားအရ, သူ့ထက်နိမ့်ကျသူများနှင့် ပြောဆိုရမှာ ပျင်းစရာကောင်းလွန်းသည်။

ဘန်း…။

ဤအခိုက်အတန့်တွင် မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လင်းလက်သော မိုးပြာရောင်အလင်းများဖြင့် တောက်ပနေပါသည်။ ယင်းနောက်တွင် ချင်ယွင်သည် မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ချွန်ထက်သော ဆူးချွန်များ ထွက်လာသည်ကို တွေ့လိုက်ရပြီး ချွန်ထက်သော ဦးချိုကြီးတစ်ခုသည် သူ့နဖူးအလယ်မှ ပေါက်ထွက်လာခဲ့သည်။ သူ့တစ်ကိုယ်လုံး ပို၍ပင် ကြမ်းကြုတ်လာသည်။

All Chapters