အခန်း ၁၇၆၂
Vol. 118 Ch. 1762
အခန်း (၁၇၆၂) ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များ။
ချင်ယွင်သည် မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို သူ့ကနဦးစကြာဝဠာထဲသို့ ထည့်ပြီးနောက် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးဆီသို့ ပစ်ချပြီး သူတို့ကို အကျဉ်းချထားလိုက်သည်။
ဤမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ကောင်ကို သူ မသတ်ရခြင်း၏ အကြောင်း ရင်းမှာ ချင်ယွင်သည် ၎င်းတို့ထံမှ ဤနတ်ဆိုးများ မည်သည့်နေရာမှ လာသနည်း၊ အဘယ် ကြောင့် ၎င်းတို့ လာရသနည်းဆိုသည့် အကြောင်းကို ပိုမိုသိချင်သောကြောင့် ဖြစ်သည်။
အကယ်၍, ဤမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ယောက်သည် ပါးစပ်ပိတ်ထား လျှင်ပင်, ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ ဖိအားအောက်တွင် ၎င်းတို့အနေဖြင့် ဝန်ခံကြလိမ့်မည်ဟု သူ ယုံကြည်ထားသည်။ အချိန်တစ်ခုသာ ကြာပါလိမ့်မည်။
ဝှီး…။
ချင်ယွင်၏ရုပ်အသွင်သည် တောက်ပသွားပြီး မြို့တော်မျှော်စင်သို့ ပြန်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်ကို ကြည့်နေသော မျှော်စင်ပေါ်ရှိ လူတိုင်း၏ အကြည့်များ သည် လုံးဝ ကွဲပြားသွားသည်။
အခုလေးတင်, ချင်ယွင်၏ တိုက်ခိုက်မှုတွေက ထည်ဝါလွန်းသည်။ မိုးပြာရောင် ကြေးခွံ နတ်ဆိုးဘုရင်တောင်မှ သူကြောင့် တိုက်ရိုက် အသတ်ခံခဲ့ရသည်။
နဂါးများသည် အလွန်ရိုးဖြောင့်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ကျွမ်းကျင်သူများကို ကိုးကွယ်ကြသည်။
ချင်ယွင်သည် လာရောက်ကြသူ လူတိုင်း၏ လေးစားမှုကို ရရှိရန် သူ့ခွန်အားကို အသုံးပြုခဲ့သည်။
"ညီအစ်ကို ချင်ယွင်၊ မင်း ဒီလောက် အစွမ်းထက်ဖို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ ငါ ရိုင်းစိုင်းမိတာ တောင်းပန်ပါတယ်" လုံရှီက ပြုံးပြီး ပြောသည်။
ချင်ယွင်က ပြုံးကာ ခေါင်းယမ်းရင်း "ကိစ္စမရှိပါဘူး၊ ဒါက ငါတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုတော့ သာမန်ပါပဲ။ ငါတို့ အချင်းချင်း နားလည်မူမရှိသေးတာ ပုံမှန်ကိစ္စပဲ လေ။ နောက်ပြီး အစ်ကိုလုံရှီက ငါ့ရဲ့လုံခြုံရေးအတွက် စိတ်ပူလို့ပဲ"
ချင်ယွင်၏ စကားကိုကြားတော့ လုံရှီသည် ချင်ယွင်အပေါ် နှစ်သက်ဖွယ် သဘောထားက ချက်ခြင်း တိုးလာခဲ့သည်။
သူသည် သူ၏အစွမ်းထက်သော ခွန်အားအပေါ် ဂုဏ်ယူဝင့်ကြွားခြင်း မရှိခဲ့ပေ။ ဤကဲ့သို့ နှိမ့်ချသော စိတ်သဘောထားကို ထိန်းထားသူကို တွေ့မြင်ရခြင်းက သူ့အတွက် ရှားရှား ပါးပါးပင်။
"ကောင်းပြီ၊ ဒီတိုက်ပွဲက အောင်မြင်သွားပြီ။ ညီအစ်ကို ချင်ယွင်က အများကြီး ကူညီပေးခဲ့ တယ်။ သွားကြရအောင် အစ်ကိုကြီး လုံရှီက မင်းကို အရက်နဲ့ ဂုဏ်ပြုမယ်။" လုံရှီ ရယ်မောလိုက်သည်။
လုံဟန်သည်လည်း ချင်ယွင်ကို အံ့သြဖွယ် အမူအရာဖြင့် ပြုမူနေသည်။
ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။
တကယ်တော့ ထိုမိုးပြာရောင်ကြေးခွံ နတ်ဆိုးဘုရင်သည် တကယ့်ကို ကြောက်စရာ ကောင်းပါသည်။ အကယ်၍, သူ့ခန္ဓာကိုယ်သာ ကြီးကြီးမားမား မကြံ့ခိုင်လာခဲ့ပါက, သူ့ တိုက်ပွဲ အစစ်မှန် အဓိပ္ပာယ်နှင့် ပေါင်းစပ်လျှင်ပင် သူ့ကို သတ်ဖြတ်ဖို့က လွယ်ကူမှာ မဟုတ်ပါဘူး။
"သွားကြရအောင်။ ငါတို့ နဂါးမျိုးနွယ်ရဲ့ နဂါးနတ်ဘုရားဝိုင်ကို မြည်းစမ်းကြည့်ရအောင်။ အဲဒါက ကမ္ဘာပေါ်မှာ ရှားပါးအဆင့်မြင့်ဝိုင်ပဲ။" လုံထျန်းသည် ချင်ယွင်၏ပခုံးကို ပုတ်ကာ ပြုံးရင်း ဝိုင်ငတ်နေသည့် အမူအရာကို ဖော်ပြလိုက်သည်။
ချင်ယွင်က ပြုံးလိုက်သည်။ ဝိုင်ကို သူ့စိတ်ဝင်စားမှုက သိပ်ကြီးကြီးမားမား မရှိသော်လည်း သူငယ်ရွယ်စဉ်တုန်းက ယစ်ထုတ်အဘိုးကြီးက မကြာခဏ သောက်ခိုင်းသောကြောင့် ဝိုင်ကောင်းကို အနည်းငယ် သောက်ခဲ့ဖူးပါသည်။
အလွန်လျင်မြန်စွာ၊ ချင်ယွင်ကို ခန်းမကြီးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် လုံရှီသည် နဂါးနတ်ဘုရားဝိုင်ဟုခေါ်သော ဝိုင်ကို ထုတ်ယူပြီး ဖြစ်သည်။ ဝိုင်ပုလင်းကို ဖွင့်လိုက်သည်နှင့် ဝိုင်ရနံ့က မိုင်ထောင်သောင်းချီတိုင် ချက်ခြင်း ပျံ့လွင့်သွား သည်။ ဝိုင်မကြိုက်သော ချင်ယွင်တောင်မှ မထိန်းနိုင်ဘဲ သွားရေကျလာသည်။
"လာ၊ ငါတို့နဂါးမျိုးနွယ်ရဲ့ နတ်ဘုရားဝိုင်ကို လာမြည်းစမ်းကြည့်ပါ။" လုံရှီက ကျယ်လောင် စွာ ရယ်မောပြီး ချင်ယွင်ကို ဝိုင်တစ်ခွက် ကမ်းပေးလိုက်သည်။
ချင်ယွင်က ပြုံးပြီး တစ်ငုံသောက်ရန် ကြိုးစားသည်။
ဝိုင်သည် တောက်လောင်သောမီးလျှံကဲ့သို့ ပူလောင်နေပြီး ချင်ယွင်၏ ဝမ်းဗိုက်ဆီသို့ တိုက်ရိုက် လောင်ကျွမ်းနေသော်လည်း ၎င်းသည် ခံတွင်းရနံ့နှင့် အဆုံးမဲ့ အရသာကို ပေးစွမ်းနေသည်။
"ဝိုင်ကောင်းပဲ" ချင်ယွင်က မချီးကျူးဘဲမနေနိုင်။
ဝိုင်သောက်ပြီးသည်နှင့် သူ တကယ် မူးသွားခဲ့သည်။
သူသည် ကောင်းကင်နတ်ဘုရားတစ်ပါး၏စွမ်းအားကို ပိုင်ဆိုင်ထားပြီး၊ သူ့ စိတ်ဝိညာဉ် သည် ဘိုးဘေးနတ်ဘုရားနှင့် နှိုင်းယှဥ်နိုင်သည်ကို သိထားရမည်။ ထိုဝိုင်က သူ့ကို ယစ်မူးစေသည်။ ထို့ကြောင့် ထိုဝိုင်သည် သာမန်မဟုတ်ဘူးဆိုသည်မှာ သေချာပါသည်။
"ဟား…၊ ဟား…၊ ဒီနဂါးနတ်ဘုရားဝိုင်က ငါတို့နဂါးမျိုးရိုးရဲ့ ထိပ်တန်းအဆင့် နဂါးမိန်း ကလေးရဲ့ နဂါးတံတွေးကနေ ချက်လုပ်ထားတာ။ ဘယ်လိုလဲ၊ အရသာကောင်း ဟုတ်ရဲ့ လား။" လုံရှီက ချင်ယွင်ကို ဆိုးသွမ်းသော အပြုံးဖြင့် ကြည့်သည်။
ချင်ယွင်သည် ချက်ချင်းပင် တုန်လှုပ်ချောက်ချားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
ဤနဂါးနတ်ဘုရားဝိုင်ဟု ခေါ်သည့်အရာက နဂါးတံတွေးလား။ အခုလေးတင် သူသည် နဂါးအမျိုးသမီး၏ တံတွေးကို ပါးစပ်အပြည့် သောက်ပြီးသွားပြီဟု ဆိုလိုရာ မရောက်ဘူး လား။
လုံရှီနှင့် လုံထျန်းတို့သည် ဟက်ဟက်ပက်ပက် ရယ်မောကြပြီး၊ သူတို့သည် အဆင်မပြေမှု အနည်းငယ်မျှမရှိဘဲ ပျော်ရွှင်စွာ သောက်နေကြသည်။
သူ့လက်ထဲက ဝိုင်ကိုကြည့်ရင်း ချင်ယွင်၏ပါးစပ်ထောင့်က ရှုံ့မဲ့သွားသည်။
ထိုလုပ်ရပ်က လုံရှီနှင့် လုံထျန်းတို့ကို မထီမဲ့မြင်ပြုမှု လှိုင်းလုံးတွေ ခံစားရစေသည်။
ချင်ယွင် မြို့တော်မျှော်စင်သို့ တစ်ဖန်ရောက်ရှိလာချိန်မှာ လုံရှီနှင့် လုံထျန်းသည် အနည်းငယ် မူးနေကြပြီ။
အဘယ်ကြောင့်မှန်း မသိသော်လည်း သူသည် ရူးသွပ်ဖွယ် စွမ်းအင်ထဲသို့ တိုးဝင်ရန် ရုတ်တရက် စိတ်အားထက်သန်လာသည်။ ထိုကမ္ဘာခြားနတ်ဆိုးများ မည်မျှ တပ်စွဲထား သနည်း၊ ၎င်းတို့သည် မည်သည့်နေရာက ရောက်ရှိလာသနည်း။ ထိုအကြောင်းကို သူ ကြည့်ချင်မိသည်။
သို့သော် ချင်ယွင်သည် အဆင်ခြင်ကင်းမဲ့သူ မဟုတ်ပေ။ သူသည် အတားအဆီးမရှိဘဲ ထိုရူးသွပ်ဖွယ်စွမ်းအင်ထဲသို့ ဝင်ရောက်နိုင်သော်လည်း လက်ရှိတွင် ထိုရူးသွပ်ဖွယ် စွမ်းအင် သည် အလွန်မင်း အန္တရာယ်များသည်။ အကယ်၍ သူဝင်ခဲ့လျှင် သူ ဘယ်တော့မှ အပြင် ထွက်နိုင်မည် မဟုတ်တော့ပေ။
"ဒီမိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေ ဘာလို့ ဒီကို ရောက်လာတာလဲဆိုတာ မင်း သိချင်နေတာလား။" လုံရှီသည် ချင်ယွင်၏အနားတွင် ရုတ်တရက် ပေါ်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
"အိုး…၊ အစ်ကိုကြီး လုံရှီ သိလို့လား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
ထိုစကားကိုကြားတော့ လုံရှီက ခေါင်းညိတ်သလို ခေါင်းယမ်းပြလိုက်သည်။
ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။ ခေါင်းညိတ်ပြ ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။
သိသလား မသိဘူးလား။
ချင်ယွင်၏ ပဟေဠိဆန်သော အမူအရာကိုမြင်တော့ လုံရှီက ပြုံးပြီး ပြောသည် "တကယ်တော့ ငါဘာပြောချင်မှန်း ငါကိုယ်တိုင်လည်း မသိဘူး။ ဒါပေမယ့် ငါတို့ကမ္ဘာကြီး က ထူးထူးခြားခြား ဖြစ်နေပုံရတယ်။ ငါသေချာတာတစ်ခုတော့ ရှိတယ်။ တခြားကမ္ဘာက လူတွေဟာ ငါတို့ကို အကြီးမြတ်ဆုံးအုပ်စိုးရှင်နယ်ပယ်ရောက်အောင် ကူညီပေးနိုင်တဲ့ အရာတစ်ခုခုကို လုယူဖို့ ဒီကို ရောက်လာကြပုံရတယ်။"
"အကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်လား" ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
အကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်က အမှန်တကယ် တည်ရှိနေပါသလား။
ချင်ယွင်၏နားလည်မှုအရ၊ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားများသည် ဤကမ္ဘာကြီး၏ ကျင့်ကြံမှု၏ အဆုံးစွန်ဖြစ်နေပြီ ဖြစ်သည်။ သူသည် စကြဝဠာ၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ပြီး စကြဝဠာသခင်တစ်ဦး ဖြစ်လာနိုင်သည်။
သို့ဆိုလျှင် ဤအကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်သည် မည်သည့်အဆင့်မျိုး ဖြစ်သနည်း။
"အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်က ငါတို့ကျင့်ကြံမှုရဲ့ နိဂုံးချုပ်လို့ မင်း ထင်ကောင်းထင်နိုင်ပေမယ့် အမှန်တရားက ဟုတ်ပုံမရဘူးလို့ ငါတို့ကို ပြောပြထားတယ်။ နှစ်ပေါင်းများစွာကြာကတည်းက ဒီဘိုးဘေးနတ်ဘုရားတွေဟာ ဒဏ္ဍာရီဆန်ဆန် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့အတွက် ကောင်းကင်ဘုံတံခါးကို ဖောက်ထွက်ချင် နေခဲ့ကြတယ်။ သူတို့က တုံးအသူတွေ မဟုတ်ကြဘူး။ သူတို့ကိုတောင် ဒီလောက် ဆွဲဆောင်နိုင်မှတော့, ဆိုလိုတာက ဒီအကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်က တကယ် ရှိလို့ပေါ့” လုံရှီက ပြောသည်။
ချင်ယွင်က ဘာမှပြန်မပြောဘဲ စိတ်ထဲမှာ တွေးနေမိသည်။
"တကယ်တော့၊ ငါတို့နေထိုင်တဲ့ကမ္ဘာကြီးက ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုတာ ငါ အမြဲတမ်း တွေးခဲ့ဖူးတယ်။ ရှေးခေတ်နတ်ဘုရားကမ္ဘာက ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ် ဆိုမှတော့ ဒီကမ္ဘာခြားနတ်ဆိုးတွေကရော ဘယ်ကနေ ရောက်လာတာလဲ။ သူတို့လည်း ငါတို့လို နတ်ဘုရားကမ္ဘာနဲ့ ဆင်တူတဲ့အရပ်မှာ နေထိုင်ကြသလား။ ငါတို့နေထိုင်တဲ့ ကမ္ဘာကြီးက တခြားသူတွေရဲ့ အမြင်မှာ ဖုန်မှုန့်သာသာပဲ ဖြစ်နေမလား" လုံရှီက ထပ်ပြောသည်။
ချင်ယွင် အနည်းငယ် အံ့သြသွားသည်။
ဤလုံရှီသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သာမန်နတ်ဘုရား တစ်ပါးမျှသာဖြစ်သော်လည်း ဤမျှများပြားသော မေးခွန်းများကို စဉ်းစားမိမည်ဟု သူ မမျှော်လင့်ထားပေ။
သူသည် သူ့ရှေ့က ဤကမ္ဘာကြီးကို စတင်မေးခွန်းထုတ်နေသည်မှာ ထင်ရှားပါသည်။ သို့သော် စကြာဝဠာတည်ရှိမှုအကြောင်းကို သူမသိရှိခဲ့သလို စကြဝဠာပင်လယ် တည်ရှိမှု အကြောင်းကိုလည်း သူ မသိခဲ့ပါ။
စကြဝဠာပင်လယ်နှင့် ယှဉ်လျှင် စကြဝဠာတစ်ခုသည် အမှုန်အမွှားတစ်ခုမျှသာ ဖြစ်သည်။ ထိုစကြာဝဠာအတွင်းရှိ လူသားများသည် မည်မျှ သေးငယ်သနည်း။
သို့သော် ရှားရှားပါးပါး ချင်ယွင်ကို စိတ်အားထက်စေသည့် အရာတစ်ခု ရှိနေသည်။
ထိုအရာက အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဟု ခေါ်သည့်အရာ ဖြစ်ပါသည်။
သူတို့နေထိုင်ခဲ့သည့် ဤစကြာဝဠာသည် သာမန်စကြာဝဠာနှင့် တကယ်ကို ကွဲပြားနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဤစကြဝဠာသခင်သည် ကြီးမားသော လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။
အတိုချုပ်ပြောရလျှင် တန်ခိုးကြီးသော ကောင်းကင်တောင်အတွင်း၌ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိရမည်။ ချင်ယွင်သည် ထိုလျှို့ဝှက်ချက်က သူ့မိဘများနှင့် ပတ်သက်မှု ရှိနေနိုင်သည်ဟူသော ခန့်မှန်းတစ်ခု ရှိနေသည်။
"ကောင်းကင်တောင်၊ မင်း ငါ့ကို စောင့်နေ။ တစ်နေ့ ငါချင်ယွင်က မင်းကို ငါ့ခြေအောက်မှာ နင်းခြေပြီး မင်းမြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တွေကို တူးဖော်ပစ်မယ်။" ချင်ယွင်က သူ့နှလုံးသားထဲမှာ ကျိန်ဆိုလိုက်ပါသည်။
သူ့အကြည့်တွေက ထူထပ်သော မြူခိုးများဆီသို့ ငေးကြည့်ရင်း ခိုင်မာမှုအပြည့် ရှိနေသည်။