← Chapters

အခန်း ၁၇၆၅

Vol. 118 Ch. 1765

အခန်း ၁၇၆၅

Vol. 118 Ch. 1765

အခန်း (၁၇၆၅) ရူးသွပ်ဖွယ် စွမ်းအင်ထဲသို့ ဝင်ရောက်ခြင်း။

သုံးရက်အကြာပြီးနောက် လျှိုဘိုသည် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို ထုတ်ပေးခဲ့သည်။

ထိုအချိန်တွင်၊ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ချင်ယွင်၏ နတ်ဆိုးကျွန် ဖြစ်လာခဲ့သည်။

ချင်ယွင်က သူ့စိတ်ဝိညာဉ်တစွန်းတစကို အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲကို ပြောင်းထည့်လိုက်သည်။ ချက်ခြင်းပင်၊ သူသည် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။

ချင်ယွင်၏ လက်ရှိ နတ်ဘုရားစိတ်ဝိညာဉ် ကျင့်ကြံမူအခြေခံဖြင့် စိတ်ဝိညာဉ်တစ်ပိုင်း တစ်စ ခွဲထုတ်ခြင်းကိုမဆိုထားနှင့်, အစိတ်ပိုင်းတစ်ရာ ခွဲထုတ်ခဲ့လျှင်ပင် ပြဿနာ လုံးဝ မရှိပေ။

"ဘုန်း"

ချင်ယွင်သည် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး လေဟာနယ်တစ်ခု လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ကံကောင်းထောက်မစွာ၊ ဤသည်မှာ ချင်ယွင်၏ ကနဦးစကြာဝဠာအတွင်း ဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်လှုပ်ရှားမှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ပေ။

"ဘယ်လောက်သန်မာတဲ့ ခန္ဓာကိုယ်လဲ။ ဒီအပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်က ဒီလောက်သန်မာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနဲ့ ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူရဲ့ ခန္ဓာကိုယ်တွေက ဘယ်လောက်တောင် သန်မာမလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့မျက်နှာက ရွှင်လန်းမှုအပြည့်နှင့်ပင်။

"ရူးသွပ်ဖွယ်စွမ်းအင်ထဲ ဝင်ကြည့်ဖို့ အချိန်တန်ပြီ။" အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် ပြင်ပကမ္ဘာတွင် ပေါ်လာသည်။

ချင်ယွင်သည် လုံဟန်နှင့် လုံထျန်းတို့ကို တိုက်ရိုက်တွေ့ခဲ့ပြီး သူ့ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။

လုံထျန်း၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လုနီးပါး ဖြစ်နေပြီ။ ထိုတိုက်ပွဲအပြီးမှာ သူ့ခွန်အားက အနည်းငယ် တိုးလာခဲ့ပါသည်။

"ဘာ၊ မင်း ရူးသွပ်ဖွယ်စွမ်းအင်ထဲဝင်ဖို့ စီစဉ်နေတာလား။" လုံဟန်က တုန်လှုပ်ခြောက် ခြားစွာ မေးလိုက်သည်။

"အင်း၊ ရူးသွပ်ဖွယ်စွမ်းအင်ထဲက စွမ်းအင်တွေက ငါ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူး။ ငါ အလိုအလျောက် စုပ်ယူနိုင်တယ်။ ဒါကြောင့် ငါ ဝင်နိုင်တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

လုံဟန်နှင့် လုံထျန်းတို့သည် အကြည့်ချင်း ဖလှယ်ကြပြီး၊ သူတို့မျက်နှာတွေက အံ့ဩခြင်း များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် သာမာန်လူများနှင့် မတူဘဲ သာမန်လူများ၏ အတွေးအမြင်ဖြင့် သူ့ကို ခန့်မှန်း၍ မရနိုင်မှန်း သူတို့သိသော်လည်း၊ ချင်ယွင်သည် ရူးသွပ်ဖွယ်စွမ်းအင်ထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်သည်ဟု ကြားသောအခါတွင် သူတို့ တုန်လှုပ်နေရဆဲ ဖြစ်သည်။

"ဒါပေမယ့် ဒါက အန္တရာယ်များလွန်းတယ်။ ဒီရူးသွပ်ဖွယ်စွမ်းအင်နယ်မြေကို အခြားကမ္ဘာ က နတ်ဆိုးတွေက သိမ်းပိုက်ထားပြီးသား။ မင်းကို ဘိုးဘေးနတ်ဘုရားအဆင့်ရှိ ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးက ကာကွယ်ထားပေမယ့်၊ အထဲမှာ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနဲ့ ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေ ရှိနေနိုင်သေးတယ်။" လုံထျန်းက မတတ်တာဘဲ မေးခွန်းထုတ်လိုက်ရသည်။

ချင်ယွင်က ပြုံးပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နတ်ဆိုးကျွန်သည် သူ့အနားတွင် ပေါ်လာသည်။

လုံဟန်နှင့် လုံထျန်းတို့ နှစ်ဦးစလုံးသည် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို မြင်တွေ့သောအခါ ထိတ်လန့်သွားပြီး တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။

"ငါပါ။ ဒီခန္ဓာကိုယ်က ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ဒါကြောင့် ငါ့ခွန်အားက အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနဲ့ ယှဉ်နိုင်နေပြီ။ ဒီခန္ဓာကိုယ်ဆို ငါ အထဲမှာ သွားလာလာရ ပိုလွယ်ကူလာမှာ။ ဒါကြောင့် မင်းတို့ စိတ်မပူပါနဲ့။" အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူချင်ယွင်က ပြောသည်။

လုံဟန်နှင့် လုံထျန်းတို့ နှစ်ယောက်စလုံး မျက်လုံးပြူးသွားကြသည်။

ဤချင်ယွင်သည် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ကိုယ်ပွားတစ်ခု အဖြစ် အမှန်တကယ် သန့်စင်နိုင်ခဲ့သည်။

ဤအရာက ချင်ယွင်သည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တစ်ပါး၏ ခွန်အားကို ပိုင်ဆိုင်နေပြီဟု မဆိုလိုဘူးလား။

"ကဲ မင်းတို့ ငါ့ကိုယုံကြည်သင့်ပြီ မဟုတ်လား" ချင်ယွင် ပြုံးလိုက်သည်။

"အံ့ဖွယ်ပဲ" လုံဟန်နှင့် လုံထျန်းတို့သည် သက်ပြင်းမချနိုင်ဘဲ မနေနိုင်တော့။

ချင်ယွင်က ပြုံးလိုက်သည်။

"ဒါပေမယ့်, မင်း ဒီရူးသွပ်ဖွယ်စွမ်းအင်တွေထဲ ဘာသွားလုပ်မှာလဲ။” လုံထျန်းသည် မမေးဘဲ မနေနိုင်တော့ချေ။

"ဒီကမ္ဘာခြားနတ်ဆိုးတွေ ဘာလို့ အဲဒီမှာရှိနေလဲဆိုတဲ့ အကြောင်းပြချက်ကို ငါ ရှာဖွေမလို့ပဲ။ ဒီကမ္ဘာခြားနတ်ဆိုးတွေ ထွက်ပေါ်လာခြင်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားရမယ်လို့ ငါ အမြဲခံစားရတယ်။" ချင်ယွင်က ပြောသည်။

လုံထျန်းနှင့် လုံဟန်တို့လည်း ခေါင်းညိတ်ပြကြသည်။

ဤကမ္ဘာခြားနတ်ဆိုး ကျင့်ကြံသူများသည် ရူးသွပ်ဖွယ်စွမ်းအင်ထဲ ပုန်းအောင်းနေကြသည် ဟု သူတို့လည်း ခံစားခဲ့ရသည်။ သူတို့သည် စူးစမ်းချင်သော်လည်း ဘာမှမတတ်နိုင်ပေ။

"ဒါဆိုလည်း သတိထားပါ။" လုံထျန်းက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူအား ရုပ်သိမ်းလိုက် သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ နဂါးဧကရာဇ် မြို့တော်မှ ပျောက်ကွယ်သွားခဲ့သည်။

အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် ထိုရူးသွပ်ဖွယ်စွမ်းအင်၏ အစွန်းသို့ ရောက်ရှိလာသည်။

ရူးသွပ်ဖွယ်စွမ်းအင်များသည် ဆက်လက်ကျယ်ပြန့်လာနေပြီး၊ ရှေးခေတ်နတ်ဘုရား ကမ္ဘာ၏ သုံးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားသည်။

"အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို အစမ်းသုံးကြည့်ရအောင်။ ချင်ယွင်၏ပုံရိပ်သည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်လာခဲ့ပြီး၊ သူသည် သူ့စိတ်ထဲမှ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ကာ ရူးသွပ်ဖွယ် စွမ်းအင်ထဲ ဝင်ရောက်သွားခဲ့သည်။

သူသည် ရူးသွပ်ဖွယ်စွမ်းအင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် သဘာဝအတိုင်း သက်သောင့်သက်သာဖြစ်မူကို ခံစားခဲ့ရသည်။

ဤကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသော စွမ်းအင်များသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သည့်အပြင် အာဟာရဖြည့်ပေးသည့်အရာများလိုပင်။

ထိုမျှသာမကပေ။ ထိုထူထပ်သည့် မြူခိုးများသည် အပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ရှိနေသည့်ပုံမပေါ်ပါဘူး။

အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏မျက်လုံးများသည် စွမ်းအင်အခိုးအငွေ့များ ကြားကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ကီလိုမီတာဆယ်ဂဏန်းအကွာမှ အရာများကိုပင် မြင်နိုင်သည်။

ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ အပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ များတွင် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။

ထိုမျှသာမကပေ။ စွမ်းအင်မြူခိုးများက အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး၊ ၎င်း၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အားကောင်းလာ စေသည်။

ဤအရာက ချင်ယွင်ကို ပို၍ပင် အံ့သြသွားစေသည်။ ဤကမ္ဘာခြား နတ်ဆိုးများ၏ ခန္ဓာကိုယ်များ အလွန်သန်မာနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူတို့ စုပ်ယူလိုက် သည့် စွမ်းအားများသည် ဤစကြဝဠာ၏ ရှေးကျဆုံး မူလစွမ်းအားဟု ထင်ရပါသည်။

"အဲဒီလိုသက်ရှိတွေ တကယ်ကို ရှိနေတာပဲ။ သူတို့က ဖရိုဖရဲပင်လယ်ထဲမှာ နေထိုင်တာ များ ဖြစ်နိုင်မလား။" ချင်ယွင်သည် သူ့စိတ်ထဲမှာ မှန်းဆလိုက်သည်။

ယခု၊ ဤကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများသည် မည်သည့်နေရာလာမှန်း သူ ပို၍ပင် သိချင်လာသည်။

"မေ့လိုက်ပါ၊ ဒီမှာ ဘာဖြစ်နေတာလဲ အရင်ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့နောက် သူသည် စွမ်းအင်လှိုင်း အတွင်းပိုင်းသို့ ပြေးသွားခဲ့သည်။

ယခုအချိန်တွင် ဤရူးသွပ်ဖွယ်စွမ်းအင် အတိုင်းအတာသည် အလွန်ကျယ်ပြန့်သောကြောင့် ချင်ယွင်သည် အချိန်အတော်ကြာ ပျံသန်းပြီးနောက်မှာပင် တန်ခိုးကြီးသော ကောင်းကင် တောင်၏ နယ်နိမိတ်သို့ မရောက်နိုင်ခဲ့ပေ။

သို့သော်၊ ချင်ယွင် အံ့အားသင့်ရသည့်အရာက, သူသည် အချိန်အတော်ကြာ ပျံသန်းပြီး နောက်မှာပင်, ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရခြင်းပင် ဖြစ်သည်။

ဤအရာက ချင်ယွင်ကို အရမ်းထူးဆန်းသလို ခံစားရစေသည်။ ကမ္ဘာခြားနတ်ဆိုး ကျင့်ကြံသူ အများအပြား ရှိမနေဘူးလား။

ဘာလို့ တစ်ယောက်မှ မတွေ့ရတာလဲ။

ချင်ယွင်သည် အလွန်စိတ်ဓာတ်ကျသွားသည်။ သူသည် ဤရူးသွပ်ဖွယ်စွမ်းအင် ဝင်ရောက်လာသောအခါတွင်, ကမ္ဘာခြားနတ်ဆိုးတပ်များနှင့် ရင်ဆိုင်ရမည်ဟု မူလက ထင်ထားခဲ့သည်။

သို့သော်, အခုချိန်မှာတော့ သူသည် အတွေးလွန်နေပုံရသည်။

ကူရာမဲ့ဖြစ်ပြီး, ချင်ယွင်သည် ရှေ့သို့ဆက်သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"အင်း၊ နောက်ဆုံးတော့ ငါ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ နှစ်ကောင်ကို တွေ့ရပြီ။ ဒါပေမယ့် သူတို့ ဘာလုပ်နေကြတာလဲ"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ နောက်ဆုံးတွင် သူသည် သူ့ရှေ့မှာ အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ကောင်ကို တွေ့လိုက်ရသည်။

ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ နှစ်ယောက်သည် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားသကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်လျက်ရှိနေသည်။

အဖြူရောင်ကြေးခွံ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ နှစ်ယောက်သည် ချင်ယွင် ရောက်ရှိလာ သည်ကို မြင်သောအခါတွင် သူတို့၏မျက်နှာများက ချက်ချင်းပင် လေးစားမှုရှိလာကြ သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် ကြားနိုင်သည်။

အခုလေးတင် ချင်ယွင်သည် လျှိုဘိုကို စကြဝဠာပင်လယ်ဘာသာစကားကို သင်ပေးရန် တောင်းဆိုခဲ့သည်။

ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများ၏ ဘာသာစကားသည် သူမှန်းဆထားသည့် အတိုင်း အတိအကျပင်။ ၎င်းသည် စကြာဝဠာတွင် အသုံးများသော ဘာသာစကား ဖြစ်သည်။

ဤကမ္ဘာခြား နတ်ဆိုးကျင့်ကြံသူနှစ်ယောက်၏ ပြောစကားအဓိပ္ပာယ်က အရမ်းရိုးရှင်းပါ သည်။ သူတို့သည် သူတို့ဗိုလ်ချုပ်ကို နှုတ်ဆက်စကားဆိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်လား..။

ကမ္ဘာခြား နတ်ဆိုးကျင့်ကြံသူများသည် သူတို့ရှေ့မှ အပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူအား မိတ်ဆက်ခြင်း ဖြစ်သင့်သည်။

"မင်းတို့ ဘာတွေ စားနေတာလဲ" ချင်ယွင်က စကြဝဠာဘာသာစကားဖြင့် မေးသည်။

"ဒါက စွမ်းအင်သလင်းကျောက်ပါ။" အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက် သည် ထိုစကားကို သံသယမဝင်ဘဲ တိုက်ရိုက် ပြန်ဖြေသည်။

"စွမ်းအင်သလင်းကျောက်လား, ငါ့ကိုပြစမ်းပါဦး" ချင်ယွင်က အမိန့်ပေးလိုက်သည်။

အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် ၎င်းတို့လက်ထဲတွင် ရှိသော ကျောက်တုံးများကို ချင်ယွင်ထံသို့ ချက်ချင်း ပေးအပ်ကြသည်။

ချင်ယွင်က တစ်ချက်ကြည့်လိုက်သည်။ စွမ်းအင်သလင်းကျောက်ဟု ခေါ်သည့် ဤကျောက်တုံးများသည် ယခင်က သူစုပ်ယူခဲ့သည့် ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များ ဖြစ်သည်။

"မင်းတို့ ဒီလိုသလင်းကျောက်မျိုးကို ဘယ်မှာ ရှာတွေ့တာလဲ။" ချင်ယွင်က မေးသည်။

"တင်ပြပါတယ်၊ ဟိုမှာ အများကြီး ရှိပါတယ်။ ဒီလိုသလင်းကျောက်ကို စားသုံးတာက ကျွန်တော်တို့ရဲ့ ခွန်အားကို တိုးစေပါတယ်။ ​​ဒါကြောင့် ကျွန်တော်တို့က နည်းနည်းပါးပါး စားနေတာပါ။" အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူက ပြန်ဖြေသည်။

ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။ ဤအဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်သည် ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်ကြောကို ရှာတွေ့ခြင်းများ ဖြစ်နိုင်မလား။

"ငါ့ကို ကြည့်ဖို့ခေါ်သွားစမ်း။" ချင်ယွင်က တည်ငြိမ်ဟန်ဆောင်ပြီး အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ ဗိုလ်ချုပ်" အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ချက်ချင်း ပြန်ဖြေသည်။ ထိုသို့ပြောပြီးနောက် ချင်ယွင်ကိုခေါ်ကာ ဦးတည်ရာဆီသို့ ပြေးသွားကြ သည်။

ထိုနေရာသို့ရောက်သောအခါ ချင်ယွင်သည် အမှန်တကယ်ပင် မြစ်တစ်စင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး မြစ်တစ်စင်းလုံးသည် ကောင်းကင်ဘုံတန်ခိုးသလင်းကျောက် အမျိုးအစားများ ဖြင့် စီးဆင်းနေပါသည်။

All Chapters