← Chapters

အခန်း ၁၇၆၆

Vol. 118 Ch. 1766

အခန်း ၁၇၆၆

Vol. 118 Ch. 1766

အခန်း (၁၇၆၆) ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ

မြစ်အတွင်း၌ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များသည် မြစ်ရေများနှင့်အတူ အဆက်မပြတ် စီးဆင်းနေကာ တောက်ပသော အလင်းရောင်များက တဖျပ်ဖျပ် လင်းလက်နေသည်။

"ဘာလို့ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ ဒီလောက်အများကြီး ရှိနေတာလဲ" ချင်ယွင်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။

နောက်ဆုံးအကြိမ်တုန်းက၊ သူသည် အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း အနည်းငယ်မျှသာ ရှာတွေ့ခဲ့သည်။ ယခုတစ်ကြိမ်တွင်, သူသည် ဤမျှလောက်များသော ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်များကို ရှာတွေ့မည်ဟု မမျှော်လင့်ခဲ့ပေ။

"ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ အားလုံးက အပေါ်ကနေ စီးဆင်းနေပုံရ တယ်။ ဒီမြစ်က ဘယ်ကို ဦးတည်သွားလဲဆိုတာ ငါ သိချင်မိသား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

"ဒီကျောက်တုံးတွေ ဘယ်ကလာလဲဆိုတာ မင်းတို့ သိလား" ချင်ယွင်သည် အဖြူရောင် ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်ကို ကြည့်ကာ မေးသည်။

အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်က ခေါင်းယမ်းပြသည်။

ချင်ယွင်၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့ အရိပ်အယောင် ပေါ်လာသည်။ အကယ်၍, သူသည် အဖြေကိုသိချင်သည်ဆိုလျှင်, ထိုအဖြေကို သူကိုယ်တိုင် ရှာရမည်ဟု ထင်ရသည်။

"မင်းတို့ ထွက်သွားတော့" ချင်ယွင်က အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက် အား ပြောသည်။

ထိုစကားကိုကြားတော့ အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်သည် ချင်ယွင်၏ မြင်ကွင်းထဲကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။

အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက် ထွက်သွားသည်ကို မြင်တော့, ချင်ယွင်သည် မြစ်၏မျက်နှာရေပြင်ပေါ်ကို လျှောက်သွားလိုက်သည်။

ရေပေါ်တက်လှမ်းပြီး လက်ရှိရေစီးကြောင်းနှင့် ဆန့်ကျင်ဘက် အထက်ပိုင်းဆီသို့ လျှောက်လှမ်းသွားသည်။

သို့သော် ချင်ယွင်သည် အလျှင်အမြန် လျှောက်လှမ်းခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော်, သူသည် ဤမြစ်အတွင်းမှ ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်များ၏ စွမ်းအားကို စုပ်ယူနေသောကြောင့် ဖြစ်သည်။

အကယ်၍, တစ်စုံတစ်ယောက်သာ စိတ်ချလက်ချ စောင့်ကြည့်နေမည်ဆိုလျှင်, ချင်ယွင်၏ ခြေဖဝါးတွေမှာ အလွန်ကြီးမားသည့် တွင်းနက်ကြီးနှစ်ခုက ဖုံးလွှမ်းနေပြီး ထိုကောင်းကင် ဘုံတန်ခိုးသလင်းကျောက်များမှ စွမ်းအင်အားလုံးကို ကနဦးစကြဝဠာထဲသို့ စုပ်ယူသွားနေ သည်ကို သေချာပေါက် သိလာပါလိမ့်မည်။

ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်၏ စွမ်းအင်ကို ထည့်သွင်းလိုက်သည်နှင့်အမျှ ချင်ယွင်၏ ကနဦးစကြဝဠာသည် အဆက်မပြတ် ပြောင်းလဲနေပြီး နတ်ဘုရားကမ္ဘာသည် ပို၍ပင် ခိုင်ခံ့မာကျောလာသည်။

"အမြန်နှုန်းက မလုံလောက်သေးဘူး။ ကနဦးစကြဝဠာအတွက် လိုအပ်တဲ့ စွမ်းအင်က အရမ်းများလွန်းတယ်။ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ ပိုလိုနေသေးတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

တွင်းနက်ကြီး၏ ဝါးမျိုခြင်းအရှိန်ဟုန်ကို ချက်ခြင်း အရှိန်မြှင့်လိုက်ပြီး၊ သူ့ခြေထောက် အောက်မှ အရှိန်လည်း မမြန်ဘဲမနေတော့ချေ။

ခြေတစ်လှမ်းဖြင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များသည် ချက်ချင်းဆိုသလို အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ကနဦးစကြဝဠာထဲသို့ ဝါးမျိုချခံလိုက်ရသည်။

ချင်ယွင်သည် မြစ်ထဲတွင် ပျံသန်းခြင်းကဲ့သို့ လျင်မြန်စွာ လျှောက်လှမ်းနေပြီး၊ အတွင်းရှိ ကောင်းကင်ဘုံတန်ခိုးသလင်းကျောက်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည် ရေစီးကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ဆက်လက် ရွေ့လျားလာသည်နှင့် အမျှ ဤကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များ၏ သိပ်သည်းမှုနှင့် ပမာဏကလည်း ပို၍ကြီးမားလာသည်။

ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။ အနည်းဆုံးတော့၊ ယင်းက သူ့ရှေ့မှာ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ ပိုရှိနေသည်ဟု ဆိုလိုပါသည်။

သို့သော် အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။

၎င်းမှာ သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်မှ ဖိအားကို ခံစားလိုက်ရသော ကြောင့်ဖြစ်သည်။ မြစ်သည် ရှေ့သို့ ရွေ့လျားလာသည်နှင့်အမျှ ဖိအားက ပို၍ပို၍ပင် အားကောင်းလာခဲ့သည်။

"ကြည့်ရတာ, ဒီကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ အားလုံးက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ရဲ့ ဦးတည်ရာဆီကနေ စီးဆင်းနေပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထိုအကြောင်းတွေးပြီး၊ သူသည် သူ့အရှိန်ဟုန်ကို မမြင့်တင်ဘဲ မနေနိုင်ခဲ့ပေ။

အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် သူ့စိတ်ဝိညာဉ်အပေါ်တွင် ပြင်းထန်သော ဖိအားတစ်ခု က ဖိနှိပ်လာသည်ကို ခံစားလိုက်ရသည်၊၊ သူ့စိတ်ဝိညာဉ်သည် ၎င်းအပေါ်တွင် အဆုံးမရှိ သော အလေးချိန်တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

"ဟမ့်၊ မင်းကလည်း ကောင်းကင်ဘုံတန်ခိုးရှင် ဖြစ်သည်။ ငါကလည်း ကောင်းကင်ဘုံ တန်ခိုးရှင်ပဲ။ မင်း ငါ့ကို ဖိနှိပ်နိုင်မယ်လို့ ငါ မယုံဘူး။" ချင်ယွင်သည် သူ၏ ကောင်းကင်ဘုံ အလိုဆန္ဒကို ချက်ချင်း ထုတ်ပြပြီး သူ့စိတ်ဝိညာဉ်ကို ကောင်းချီးပေးလိုက်သည်။

ကောင်းကင်ဘုံအလိုဆန္ဒ၏ ကောင်းချီးပေးမူနှင့်အတူ၊ သူသည် ကောင်းကင်ဘုံတန်ခိုး စွမ်းအားကြောင့် ခံစားနေရသော ဖိအားများသည် ချက်ချင်းဆိုသလို များစွာ လျော့ပါးသွား ခဲ့သည်။

ကောင်းကင်ဘုံအလိုဆန္ဒ၏ ပံ့ပိုးမှုဖြင့် ချင်ယွင်သည် ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် တန်ခိုးကြီးသော ကောင်းကင်တောင်ခြေကို သူ မြင်လိုက်ရသည်။

ထို့အပြင်, ထိုမြစ်က တကယ်ကို တန်ခိုးကြီးသော ကောင်းကင်တောင်ပေါ်ကနေ စီးဆင်း နေခြင်းဖြစ်သည်။

ချင်ယွင်က မရပ်ဘဲ ရှေ့ကို ဆက်လျှောက်သည်။

သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်တန်းနှင့် မီတာငါးရာသာ ဝေးကွာသည့် အချိန်တွင် သူ့စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထပ်မံ ခံစားခဲ့ရပြန်သည်။

ကောင်းကင်ဘုံတန်ခိုးသည် တောင်ကြီးကဲ့သို့ဖြစ်ပြီး လောက၌ ရှိသမျှအရာအားလုံးကို ဖိနှိပ်နေ၏။

သို့သော် ချင်ယွင်သည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ ပြန်လည် ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို စုစည်းပြီး ရှေ့သို့ ဆက်သွားခဲ့သည်။

သူ၏အစစ်အမှန် အဓိပ္ပာယ်ကို အသုံးပြုခြင်းက ချင်ယွင်သည် ကောင်းကင်ပေါ် တက်သွား သလို ခံစားခဲ့ရသည်။ ခြေလှမ်းတိုင်းက ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားကို သယ်ဆောင်လာခဲ့သည်။

ပတ်ဝန်းကျင် အချိန်သည် အလွန်မင်း နှေးကွေးသွားပုံရပြီး၊ သူသည် ရုတ်တရက် လေဟာနယ်ထဲ နှေးကွေးစွာ ဝင်ရောက်နေသည့်အလား သူ့လေဟာနယ်သည်လည်း သိသိသာသာ အားနည်းလာသည်။

သို့သော်၊ ချင်ယွင်၏စိတ်ဝိညာဉ် တည်ရှိရာ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပြိုကျလာသည်။ မူလက မာကျောသော အကြေးခွံများသည် ပြိုကျသည့် လက္ခဏာများ စတင်ပြသနေပြီ ဖြစ်သည်။

"ငါ ဒီထက်ပိုပြီး မသွားနိုင်တော့ဘူး။ ငါတို့ ဒီထက်ပိုပြီးသွားရင် ဒီခန္ဓာကိုယ်က နောက်ဆုံး မှာ ပျက်ဆီးသွားလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

သူသည် တန်ခိုးကြီးသည့် ကောင်းကင်တောင်နှင့် မီတာတစ်ရာမျှသာ ကွာဝေးသော်လည်း အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံတန်ခိုး၏ ဖိအား သို့ ရောက်ရှိသွားသည်နှင့် ပြိုကျမည့် လက္ခဏာများ ပြသနေပြီ ဖြစ်သည်။

ချင်ယွင်က ခေါင်းမော့ပြီး ကောင်းကင်တောင်ထိပ်ကို မျှော်ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချင်ယွင်သည် ထိုနေရာမှာပင် ခုန်ပေါက်မိသွားသည်။

အမှန်တကယ်ပင်, တန်ခိုးကြီးသော ကောင်းကင်တောင်၏ အလယ်တဝက် မြစ်ကမ်းနားရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် လူတစ်ယောက် ထိုင်နေပါသည်။

အတိအကျပြောရလျှင် ၎င်းသည် ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ ဖြစ်သည်။ သူသည်လည်း တန်ခိုးကြီးသော ကောင်းကင်တောင်၏ စွမ်းအားကို စုပ်ယူနေပုံရသည်။ သူ့ခန္ဓာကိုယ်သည် အလင်းများဖြင့် တဖျပ်ဖျပ် ဖျပ်ခတ်ကာ တောက်ပနေပြီး၊ တခြမ်းက လင်းပြီး တစ်ခြမ်းကအမှောင်နှင့်အတူ သူ့ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများသည် ချင်ယွင်ကို သတိမထားမိ သကဲ့သို့ တင်းတင်းကြပ်ကြပ် မှိတ်ထားသည်။

"မြန်မြန် ပြေးရမယ်။ ဒီလူ ငါ့ကိုတွေ့ခွင့်ပေးဖို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်သည်။ သူသည် ချက်ချင်း လှည့်ပြီး အဝေးကို အမြန် ထွက်ပြေးသွားသည်။

"မင်းက ငါ့လူမျိုး မဟုတ်ဘူး"

သို့သော် ဤအခိုက်တွင် ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ရုတ်တရက် မျက်လုံး ပွင့်လာပြီး ချင်ယွင်၏ ဦးတည်ရာသို့ ရိုက်ချလိုက်သည်။

ချက်ချင်းပင်၊ ချင်ယွင်သည် ပတ်ဝန်းကျင် လေဟာနယ်မှ ပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။ ဤဖိအားသည် အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာခဲ့ပြီး သူ့အတွက် လွတ်မြောက်ရန် နေရာမရှိတော့။

"လခွမ်း၊ ဒီအသစ် သန့်စင်ထားတဲ့ နတ်ဆိုးကျွန်ရဲ့ ခန္ဓာကိုယ်က သုံးစားမရဖြစ်တော့လား။" ချင်ယွင်သည် သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

သို့သော်, သူလုပ်နိုင်တာ ဘာမှမရှိပေ။ ဤခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် အလွန်မင်း အစွမ်းထက်သည်။

"ဂလု…၊ ဂလု.."

သို့သော်၊ ချင်ယွင်သည် ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ် ပျက်ဆီလုနီး ပါးဖြစ်နေပြီဟု တွေးထင်နေချိန်မှာ သေးငယ်သော ပုံရိပ်တစ်ခု ပေါ်လာသည်။

ဤပုံရိပ်သည် သူ့ကနဦးစကြာဝဠာထဲကို လွတ်လပ်စွာ ဝင်ထွက်ထွက်နိုင်သည့် အကောင်ငယ်လေးမှ လွဲ၍ အခြားမဟုတ်ပေ။

အကောင်လေးငယ်၏ နဖူးပေါ်ရှိ ချွန်ထက်သော ဦးချိုများက တောက်ပသော အလင်းတန်း ကို ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံးများက တောက်ပသော အလင်းရောင် များဖြင့် လင်းလက်သွားသည်။

ဘန်း…..

အလင်းရောင် ထွက်ပေါ်လာသည်နှင့်အမျှ တောက်ပစွာ လင်းလက်နေ၏။

ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူထံမှ လက်ဖဝါးရိုက်ကို အကောင်လေးက တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် စုပ်ယူမှုစွမ်းအားတစ်ခု ရောက်ရှိလာပြီး အပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား လေဟာနယ်ဝဲဂယက်အတွင်းသို့ စုပ်ယူသွားပြီး အကောင်လေးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

"အင်ယ်, ဒါက တကယ်​လား" ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် မတ်တပ် ထရပ်လိုက်ချိန်တွင် အံ့သြမှုအရိပ်အယောင် ဖော်ပြနေခဲ့သည်။

All Chapters