အခန်း ၁၇၆၇
Vol. 118 Ch. 1767
အခန်း ၁၇၆၇ ဘေလျူမြို့တော်
ဘန်း…။
လေဟာနယ်လှိုင်းလုံးကြီး တစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ အပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။
ထို့နောက်မှာတော့ အကောင်ငယ်လေးသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီး အားအင် ကုန်ခန်းသွားသည့်အလား မြေပြင်ပေါ် လဲကျသွားသည်။
ယခုအချိန်တွင် ချင်ယွင်သည် ယခင်နေရာမှာ မဟုတ်တော့ဘဲ တန်ခိုးကြီးသော ကောင်းကင်တောင်၏ အခြားတစ်ဖက်တွင် ရှိနေသည်။
"လေဟာနယ် ခုန်ကူးခြင်းလား။ ကောင်ငယ်လေး၊ မင်းရဲ့နောက်ခံက ဘာလဲ။ ဒါက သာမန် ဘိုးဘေးနတ်ဘုရားတွေ မသိနိုင်တဲ့ လှုပ်ရှားမှုတစ်ခုပဲ။" ချင်ယွင်က သူ့လက်နှစ်ဖက်ထဲမှ အကောင်ငယ်လေးကို လှမ်းကြည့်ကာ မေးလိုက်သည်။
"ဂလု…၊ ဂလု…" ကလေးက အော်လိုက်သော်လည်း သူ့အသံက အနည်းငယ် အားနည်း သွားသည်။
ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ခြင်းက သူ့ခွန်အား အနည်းငယ်ကို ဆုံးရှုံးသွားကြောင်း ထင်ရှားပါသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ ဘာသာစကားဆက်သွယ်မှုတွင် အတားအဆီး ရှိနေသောကြောင့် သူနှင့် အကောင်ငယ်လေးကြားတွင် ကြီးမားသော ကွာဟချက်က အမြဲရှိနေခဲ့သည်။
အကောင်ငယ်လေး၏ မူလဇာစ်မြစ်နှင့် ပတ်သက်၍မူ, ချင်ယွင်သည် စောင့်ဆိုင်းပြီး အနာဂတ်မှာ ဖြည်းညှင်းစွာ စူးစမ်းနိုင်ပါတော့မည်။
'"တကယ်ကို အဲဒီမှာ ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတစ်ဦး ရှိနေတယ်။ ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ။ ဒီခန္ဓာကိုယ်က ခရမ်းရောင်ကြေးခွံနတ်ဆိုး ကျင့်ကြံသူရဲ့ ဖျက်ဆီးခံရလုနီးပါး ဖြစ်နေပြီ။ နောက်တစ်ခါ ငါ ပိုပြီး သတိထားဖို့ လိုပုံပဲ။ ခရမ်းရောင် ကြေးခွံနတ်ဆိုး ကျင့်ကြံသူက ငါ သူတို့ရဲ့ မျိုးနွယ်စုထဲက တစ်ယောက် မဟုတ်ဆိုတာ မြင်နိုင်မှတော့ တခြားနတ်ဆိုးကျင့်ကြံတွေလည်း ဒီလိုပဲ မြင်နိုင်လောက် တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် ပတ်ဝန်းကျင်ကို ဆက်လက် ရှာဖွေနေသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူသည် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရသည့်အပြင် မြူခိုးများ ကြားတွင်လည်း အခြားနတ်ဆိုးများကို မတွေ့ခဲ့ရပေ။
"ကြည့်ရတာ, ဒီနတ်ဆိုးကျင့်ကြံသူတွေလည်း သူတို့တာဝန်ကျတဲ့ စစ်မြေပြင်ကို သွားနေပုံရတယ်။ ဒီလိုဆိုမှတော့၊ အဲဒီစစ်မြေပြင်ကို သွားကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ထို့ကြောင့် သူသည် မြူခိုးဒီရေလှိုင်း၏ အစွန်းဘက်သို့ လျှောက်လှမ်းလာသည်။
ဤနေရာတွင် မည်သည့်သဲလွန်စမှ ရှာမတွေ့သောကြောင့် သူသည် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိပေ။
သို့သော်၊ ချင်ယွင်သည် မြူခိုးဒီရေလှိုင်း၏ အပြင်ဘက်တွင် ထွက်ပေါ်လာသည်နှင့်၊ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူများနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် အနည်းငယ်သည် ချင်ယွင်ကို မြင်လိုက်ရသည့်အခိုက်တွင် သူတို့အားလုံး မှင်သက်သွားကြသည်။ ထို့နောက် ပြန်လှည့်၍ ထွက်ပြေးကြသည်။
"ပြေး...၊ အဲဒါ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူပဲ" ပြေးရင်းနှင့် အော်ပြောကြသည်။
"မပြေးနဲ့၊ ငါက နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူး။ ငါလည်း လူသားတစ်ယောက်ပဲ။" ချင်ယွင် က ကမန်းကတန်း အော်လိုက်သည်။
သူသည်လည်း ထိုကောင်းကင်နတ်ဘုရားများ စစ်မြေပြင် တည်ရှိရာနေရာကို မေးမြန်း ကြည့်ချင်သည်။
"သရဲဘဲ မင်းကို ယုံလိမ့်မယ်" ချင်ယွင်၏စကားကို ကြားတော့ ကောင်းကင်နတ်ဘုရား အနည်းငယ်ထဲမှ တစ်ပါးက လှည့်ကြည့်ကာ ကျိန်ဆဲလိုက်သည်။
ချင်ယွင်လည်း ပြောစရာစကား မဲ့သွားသည်။
ကူကယ်ရာမဲ့ဖြစ်ပြီး၊ သူသည် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲကာ သူတို့ နောက်သို့ အလျင်အမြန် လိုက်ဖမ်းရုံသာ တတ်နိုင်ပါသည်။
အဆိုပါကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် သာမန် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသာ ဖြစ်သောကြောင့် ချင်ယွင်သည် သူတို့ကို အမြန်မှီသွားခဲ့သည်။
"ငါက တကယ်ကို လူသားတစ်ယောက်ပါ။" ချင်ယွင်သည် ကောင်းကင်နတ်ဘုရား သုံးပါး ကို ကြားဖြတ်ပြီး ပြောလိုက်သည်။
ထိုမှသာလျှင် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်သုံးဦးသည် ချင်ယွင်ကို ဂရုတစိုက် စစ်ဆေးပြီး သက်ပြင်းချနိုင်ကြသည်။
"မင်းက တကယ် လူသားလား။ ဒါဆို မင်း အခုနက ဘာဖြစ်တာလဲ" အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထဲမှ တစ်ဦးက စိတ်ရှုပ်ထွေးစွာ မေးသည်။
"အဲဒါက နတ်ဆိုးတွေ လိုက်လံဖမ်းဖိတာကနေ ရှောင်တိမ်းဖို့လေ။ ဒါကြောင့် ငါက အပြာရောင်ကြေးခွံ နတ်ဆိုးဖြစ်လာရတာပေါ့။ တကယ်တော့, ငါက အဲဒီနတ်ဆိုးတွေကို ကြောက်လှန့်ဖို့ ကြိုးစားနေတာပဲ" ချင်ယွင်က ပေါ့ပေါ့ပါးပါး ဆင်ခြေပေးပြီး ပြောလိုက်သည်။
"သောက်ကျိုးနည်း။ ဒါဆို ဒီလိုပေါ့။ ငါဆို သတိလွတ်ပြီး ကြောက်လန့်လုနီးပါး ဖြစ်နေပြီ။ ဟင်း...၊ ငါပြောမယ် ညီအစ်ကို။ မင်းက တကယ်ကို အစစ်လိုပဲ" အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးက ဆိုသည်။
ချင်ယွင်က ပြုံးပြီး ပြောသည်။ "ငါ့မှာ တခြားစွမ်းရည်တွေ မရှိဘူး။ ဒါပေမယ့် အသွင်ပြောင်းတဲ့နေရာမှာတော့ ပထမအဆင့်မှာ ရှိတယ်။ ဘိုးဘေးနတ်ဘုရား ကျွမ်းကျင်သူ မဟုတ်ရင် ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ဘူး။"
"ဝိုး, ညီအစ်ကို၊ မင်းက အရမ်း အစွမ်းထက်တယ်။ ဒီပညာရပ်က အလုပ်လည်း ဖြစ်တယ်။" နောက်ဆုံး ကောင်းကင်နတ်ဘုရားက တဟားဟား ရယ်မောလိုက်သည်။
"ဒီအတိုင်းပဲ" ချင်ယွင်လည်း ရယ်မောလိုက်သည်။
အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် ဤလူသုံးယောက်နှင့် ရင်းနှီးလာခဲ့သည်။ ထိုလူ သုံးယောက်ကတော့ ယန်ကျန်း၊ လျိုချန်းနှင့် ဘိုင်ယုတို့ ဖြစ်သည်။
၎င်းတို့သုံးဦးသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွက်အထိပ် ကျွမ်းကျင်သူများ ဖြစ်သည်။ ၎င်းတို့သည် အနီးနားရှိ ကာကွယ်ရေးမြို့ပေါင်း ၁၈၀ အနက်မှ ဘေလျူမြို့တော် ၏ လူများဖြစ်ပြီး၊ ၎င်းတို့သည် တကိုယ်တော် ကျင့်ကြံသူ သုံးဦးလည်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် မြို့ပေါင်း ၁၈၀ မှ လူများသည် နတ်ဆိုးနတ်ဘုရား စစ်မြေပြင်သို့ ပြေးသွားကြသည်။ ၎င်းတို့သုံးဦးသည် ကင်းလှည့်ရန် တာဝန်ရှိသည်။ ချင်ယွင်ကို တွေ့ချိန် မှာ သူတို့သည် မြူခိုးဒီရေလှိုင်းအစပ်သို့ ရောက်ရှိလာခဲ့ပြီး၊ ၎င်းတို့သည် အပြာရောင် ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှင့် ကြုံတွေ့ခဲ့ရသည်ဟု တွေးထင်သွားစေခဲ့သည်။ ထို့ကြောင့် သူတို့သည် သေလုမတတ် ကြောက်ပြီး ထွက်ပြေးကြခြင်း ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်ဆံခြင်းဖြင့်၊ ချင်ယွင်သည် သူ့ရှေ့က ဤလူသုံးယောက်သည် နောက်ပြောင်ကျီစယ်တတ်သူ ၃ ယောက် ဖြစ်ကြောင်းလည်း တွေ့ရှိခဲ့သည်။
"မင်းတို့ပြောနေတဲ့ နတ်ဆိုးနတ်ဘုရား စစ်မြေပြင်ဆိုတာက ဘာလဲ။ ဒီနတ်ဆိုးတွေက နေရာပေါင်းစုံကနေ တိုက်ခိုက်နေတာမဟုတ်လား။ ဘာလို့ သူတို့က ရုတ်တရက် ပြန်စုမိသွားတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
'ဟေး..၊ အဲဒါက ကောင်းကင်ဘုံတံဆိပ်ကြောင့် မဟုတ်ဘူးလား။ ဒါ့အပြင်, ဒီနတ်ဆိုးတွေ က ကောင်းကင်ဘုံတံဆိပ်ကို သိကြတယ်။ ကောင်းကင်တံဆိပ်အတွက် ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ငါတို့ကမ္ဘာကို ရောက်လာကြတာတဲ့။ သိပ်မကြာခင်က ကောင်းကင်ဘုံတံဆိပ်က ဘေလျူ မြို့တော်မှာ ပေါ်လာတဲ့အတွက် အားလုံးစုရုံးလာကြပြီး၊ ဘေလျူမြို့တော်က နတ်ဆိုးတွေ ရဲ့ တိုက်ပွဲစစ်မြေပြင် ဖြစ်လာတယ်။ ယန်ကျန်းက ရှင်းပြသည်။
ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။
ဤနတ်ဆိုးကျင့်ကြံသူများသည် ကောင်းကင်ဘုံတံဆိပ်အတွက် လာခဲ့ခြင်းဖြစ်ပုံရသည်။ အတိအကျပြောရလျှင် ကောင်းကင်တံဆိပ်၏နောက်ကွယ်မှ လျှို့ဝှက်ချက်အတွက် သူတို့ လာခဲ့ခြင်း ဖြစ်သင့်သည်။
"ဒါဆို တခြားမြို့တွေရဲ့ ကောင်းကင်နတ်ဘုရားတွေကလည်း ဘေလျူမြို့တော်ကို ပြေးသွားကြပြီလား?" ချင်ယွင်က ဆက်မေးသည်။
"ဟုတ်တယ်၊ အများစုက သွားကြပြီ။ မြို့တိုင်းမှာ အစောင့်အကြပ်အဖြစ် လူအနည်းငယ် လောက်ပဲ ကျန်လိမ့်မယ်" လျိုချန်းက အလိုက်သင့်ပြောသည်။
"ဟေး, ညီအစ်ကို ချင်ယွင်၊ မင်းဘာလို့ ဘာမှမသိရတာလဲ။ မင်း စောစောက မြူခိုးတွေ ထဲကနေ ဘယ်လို ထွက်လာတာလဲ" ဘိုင်ယုက တစ်ခုခုကို တွေးမိပြီး မေးလိုက်သည်။
ထိုစကားပြောပြီးသည်နှင့် ယန်ကျန်းနှင့် လျိုချန်းတို့သည် ချင်ယွင်ကို ထိတ်လန့်တကြား ကြည့်နေလိုက်သည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ငါတို့အားလုံးက ညီအကိုတွေဆိုမှတော့, မင်းတို့ကို ငါ ဘာမှ မဖုံးကွယ်ထားတော့ဘူး။ အရင်တုန်းကဆို ငါလည်း ဒီမြူခိုးဒီရေလှိုင်းထဲကနေ မထွက်နိုင်ခဲ့ ဘူး။ ဒါပေမယ့်, ငါ အမည်မသိတဲ့ ထူးထူးဆန်းဆန်း သစ်သီးတစ်လုံးကို စားလိုက်မိတယ်။ အဲဒီနောက်မှာ ငါလည်း ဒီမြူခိုးဒီရေလှိုင်းထဲမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်တဲ့ စွမ်းရည်မျိုးရှိနေတာ တွေ့လိုက်ရတယ်။ ဒါကြောင့် ငါက ဒီမြူခိုးဒီရေလှိုင်းထဲ ဝင်ရောက်ပြီး အဖြေရှာဖို့ သွားခဲ့တာပဲ”။
"ဘယ်လိုလဲ။ မင်း ဘာတွေ တွေ့ခဲ့လဲ" သုံးယောက်သား ချက်ခြင်း စူးစူးဝါးဝါး မေးကြသည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းခါပြပြီး "ဘာမှ မတွေ့ဘူးဗျ။ အခြေခံအနေနဲ့ အထဲမှာ နတ်ဆိုးကျင့်ကြံသူတွေတောင် မရှိဘူး”
သူတို့သုံးယောက် စိတ်ပျက်သွားကြသည်။
"ငါ ဘေလျူမြို့တော်ကို တကယ်ပဲ တစ်ချက်လောက် သွားကြည့်ချင်နေတာ။ မင်းတို့ ဘာလို့ ငါနဲ့အတူ မလိုက်ခဲ့တာလဲ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့ သုံးယောက်စလုံး ခေါင်းညိတ်ကာ "ကောင်းပြီ၊ ငါတို့လည်း သွားချင်နေတာ ကြာပြီ။ ဟိုမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီလို့ ပြောနေကြတယ်”။
ဘေလျူမြို့တော်၏ ဦးတည်ရာသို့ သွားရင်း ချင်ယွင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။