← Chapters

အခန်း ၁၇၆၈

Vol. 118 Ch. 1768

အခန်း ၁၇၆၈

Vol. 118 Ch. 1768

အခန်း (၁၇၆၈) လက်တစ်ဖက် ငှားရမ်းခြင်း။

လျင်မြန်စွာပင်, သူတို့သုံးယောက်၏ဦးဆောင်မှု အောက်တွင် ချင်ယွင်သည် နတ်ဆိုး စစ်မြေပြင်ကို ဉီးတည်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ချင်ယွင်သည် အကြောင်းအရာအများပြားကို လေ့လာခဲ့သည်။

ပဉ္စမမြောက် ကောင်းကင်ဘုံတံဆိပ် ပေါ်လာပြီးဖြစ်သော်လည်း ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။

ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများသည် ထိုကောင်းကင်ဘုံတံဆိပ်ကို ဘေလျူမြို့တော်မှ ကောင်းကင်ဘုံအနားသတ်နတ်ဘုရားက ဖုံးကွယ်ထားသည်ဟု သံသယရှိကြပြီး၊ ဘေလျူ မြို့တော်မှလူများတွေကလည်း ထိုကောင်းကင်ဘုံတံဆိပ်ကို ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ တွေက သိမ်းသွားသည်ဟု သံသယရှိကြသည်။

ရလာဒ်အနေဖြင့် နှစ်ဖက်စလုံးသည် စစ်ပွဲကို တိုက်ရိုက် စတင်ခဲ့ပြီး၊ နောက်ပိုင်းအဆင့် တွေမှာ ထိန်းချုပ်မှုကနေ ကင်းမဲ့သွားခဲ့သည်။

"ညီအစ်ကို ချင်ယွင်၊ စစ်မြေပြင်က ရှေ့မှာပဲ။ အခု တိုက်ပွဲက နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ငါတို့ သွားကြည့်သင့်လား" ယန်ကျန်းက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။

နောက်ဆုံးအဆင့်ဟုခေါ်ကတည်းက ပညာရှင်တွေကြားက တိုက်ပွဲဖြစ်သည်။

နောက်ဆုံးတွင်, ဤအဆင့်တိုက်ပွဲများသည် အရေတွက်က အဓိကမဟုတ်တော့ပေ။ အပြင်းထန်ဆုံး တိုက်ခိုက်ရေးစွမ်းအားက အဆုံးဖြတ် ဖြစ်သည်။

ထို့ကြောင့် သူသည် သူတို့သုံးယောက်သည် ဘေလျူမြို့တော်သို့ ချက်ချင်း ဦးတည်ကြ သည်။

ချင်ယွင်နှင့် အခြားသူများသည် ဘေလျူမြို့တော်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

ဤအခိုက်တွင်၊ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူတစ်ဦးမျှ လာရောက်တိုက်ခိုက်ခြင်း မရှိခဲ့ပါ။ သိသာထင်ရှားသည်မှာ၊ သူတို့သည် နောက်ပြန်ဆုတ်သွားကြပြီ။

တိုက်ပွဲမရှိသောကြောင့် ချင်ယွင်, ယန်ကျန်းနှင့် အခြားသူများကို ဘေလျူမြို့တော်သို့ သဘာဝအတိုင်း ဝင်ခွင့်ပြုကြသည်။

"အိုး၊ ဒါက ယန်ကျန်း၊ လျိုချန်းနဲ့ ဘိုင်ယုတို့ မဟုတ်လား။ မင်းတို့ ဘာလို့ ဘေလျူမြို့တော် ကို လာဝံ့တာလဲ။" သို့သော် ချင်ယွင်နှင့် အခြားသူများ မြို့ထဲသို့ ဝင်လာချိန်တွင် လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။

တိုက်ပွဲသံချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြို့ထဲမှ ဖြတ်လျှောက်လာကာ ယန်ကျန်းနှင့် အခြားလူများကို အလွန်အမင်း အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

ယန်ကျန်းနှင့် အခြားလူများသည် ထိုသံချပ်ကာဝတ် လူငယ်ကို တွေ့လိုက်ရသည့်အခါ, သူတို့မျက်နှာတွေဟာ ချက်ချင်း မှိုင်းညို့သွားပြီး သူတို့မျက်လုံးများတွင် အငြိုးတေးများ ဖြင့် ပြည့်နှက်နေသည်။

"ဟောင်ယူ, ကိုယ့်ကိုယ်ကို ကျေနပ်မနေနဲ့။ တစ်နေ့ မင်းကို သတ်ပြီး ယိုအာအတွက် လက်စားချေပြမယ်။" ယန်ကျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက မုန်းတီးမှုတွေ ပြည့်နှက်နေသည်။

"လက်စားချေမှာလား၊ မင်းက ဘယ်လိုမျိုး ကလဲ့စားချေမှာလဲ။ မင်းရဲ့ခွန်အားနဲ့ဆို မင်းက ငါလှုပ်ရှားရလောက်တဲ့ ရန်သူဖြစ်နိုင်လို့လား" ဟောင်ယူအမည်ရှိ လူငယ်က ကဲ့ရဲ့ လှောင်ပြောင်သည်။

"အခု ငါ မင်းနဲ့ မယှဉ်နိုင်ရင်တောင် တစ်နေ့ မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်" ယန်ကျန်း၏ မျက်လုံးများက နီမြန်းနေပြီး သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်နေသည်။

"ဟမ့်၊ ကောင်းပြီ" အဲဒီနေ့ကို ငါစောင့်နေတယ်။ ​​ဒါပေမယ့်, အဲဒီနေ့ ရောက်လာမယ်လို့ ငါ မထင်ဘူး။ ဘာလို့ဆို, မင်းက ငါ့ခြေအောက်မှာ အမြဲနင်းချေခံနေရလို့ပဲ။ ငါ မင်းကို ပြောချင်တာက မင်းဆို တဲ့ယန်ကျန်းက ဘာလို့ သေမသွားရတာလဲ။ မင်းဇနီးလေး ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းအတွက် အသနားခံနေတဲ့ပုံစံလေးကို ပြန်တွေးကြည့်တော့ စိတ်မကောင်း ဖြစ်ရတယ်။ ဒါပေမယ့် မင်းမိန်းမရဲ့ ရုပ်ရည်က တကယ်ကို လှလွန်းတယ်။ တကယ်လို့, သူမသာ မသေခဲ့ရင် ငါ ဒီထက်ပိုပြီး ပျော်ရမှာ။ ဟား.... ဟား…" ဟောင်ယူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ယန်ကျန်းကို လှောင်ပြောင်ကာ လှည့်ကြည့်ရင်း အထင်အမြင်သေးစွာ ထွက်သွားလေသည်။

"ဟောယု၊ မင်း" ယန်ကျန်း ဒေါသအရမ်းထွက်ပြီး တုန်ခါနေပေမယ့်, သူသည် လှုပ်ရှားဖို့ သတ္တိမရှိခဲ့ပါဘူး။

နံဘေးမှာရပ်နေသည့် ချင်ယွင်လည်း စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလိုက်ပါသည်။

ဖြစ်ပျက်ခဲ့သည်ကို သူ နားမလည်သော်လည်း ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါသည်။

ဟောင်ယူဟု အမည်ရသည့် ဤလူသည် အရင်က ယန်ကျန်း၏ဇနီးကို အရှက်ရစေခဲ့ပြီး နောက်ဆုံးမှာတော့ သူမကို သေသည့်အထိ နှိပ်စက်ခဲ့သည်။

ယန်ကျန်းသည် သူ့အား လက်စားချေရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ဤဟောင်ယူကြောင့် အရှက်ကွဲခဲ့ရသည်။

ဟောင်ယူသည် သူ့ကို ထပ်ခါထပ်ခါ အရှက်ခွဲခဲ့ပေမယ့် ယန်ကျန်း၏ ဒေါသထွက်သည့် အမူအရာကို သဘောကျသောကြောင့် သူ့ကို မသတ်ခဲ့ပါဘူး။

ယခုအချိန်တွင် ယန်ကျန်းသည် ဒေါသတကြီး ဖြစ်နေသော်လည်း သူ့ကို အနိုင်မယူနိုင်မှန်း သိသောကြောင့် လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။

သို့သော် သူ့ရှေ့တွင် ဤအကောင်ကြောင့် သူ့ဇနီးကို အရှက်ခွဲခံရပုံကို တွေးလိုက်သည့် အခါတွင် သူ့စိတ်ထဲတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာသည်။

"ယောက်ျားတစ်ယောက်က သူ့မိန်းမအတွက် လက်စားမချေနိုင်ဘူးဆိုရင် ဒီကမ္ဘာမှာ အသက်ရှင်နေရတာ ဘာအကျိုးရှိမှာလဲ" ချင်ယွင်က တုံ့ဆိုင်းနေသော ယန်ကျန်းအား ပြောပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

ထိုစကားကိုကြားတော့ ယန်ကျန်း၏မျက်လုံးတွေက ချက်ချင်း နီရဲလာသည်။

"ဟောယူ၊ ငါ မင်းကို သတ်မယ်" ယန်ကျန်းက အော်ပြောပြီး သူ့ခန္ဓာကိုယ်က ချက်ချင်း ပျံထွက်သွားပြီး ဟောင်ယူဆီကို သူ့လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်ပါသည်။

ထိုလက်ဖဝါးတွင် အလွန်မင်း ပြင်းထန်သော စွမ်းအားများ ပါ၀င်နေပြီး ပြန်လည် ဝင်စားခြင်း၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ယန်ကျန်း၏ လက်ဖဝါးရိုက်ချက်က ထူးခြားနေသည်ကို ဟောင်ယူလည်း သတိပြုမိပြီး တားဆီးရန်အတွက် သူ့စွမ်းအား အားလုံးကို ချက်ခြင်း အသက်သွင်းလိုက်ပါသည်။

သို့သော် သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားသည် လုံး၀ မခုခံနိုင်ခဲ့ပေ။ ယန်ကျန်း၏ လက်ဖဝါးမှ စွမ်းအားကို ထိလိုက်သည်နှင့် ပြိုကျသွားခဲ့သည်။

ထို့နောက် ယန်ကျန်း၏ လက်ဖဝါးက ဟောင်ယူ၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်သို့ လွင့်ပျံသွားကာ နတ်ဘုရားတံတိုင်းများစွာကို ဖြိုခွင်းလိုက်သည်။ ထိုမှသာ ရပ်သွားခဲ့သည်။ သူ့ပါးစပ်မှ သွေးများ ဖျန်းခနဲလွင့်စင်သွားပြီး၊ ချက်ချင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဟောင်ယူသည် မသေသေးဘဲ ယန်ကျန်းကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ယန်ကျန်းလည်း သူ့လက်တွေကို တအံ့တသြ ကြည့်နေသည်။ ထိုလက်ဖဝါး ရိုက်ချက်ကို သူ မယုံကြည်နိုင်အောင် ဖြစ်နေဆဲပင်။

လျိုချန်းနှင့် ဘိုင်ယုတို့ပင်လျှင် အံ့အားသင့်နေသော အမူအရာများကို ဖော်ပြလာခဲ့သည်။ ရှင်းရှင်းပြောရရင် သူတို့သည် ယန်ကျန်းအကြောင်းကို သိထားပြီးသား ဖြစ်သည်။ ယန်ကျန်းသည် ဤမျှလောက် ခွန်အား မရှိနိုင်ပေ။

ယန်ကျန်းသည် တစ်ခုခုကို တွေးနေပုံရပြီး ချင်ယွင်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြပြီး ပြောသည် "မင်းလုပ်ချင်တာ လုပ်လိုက်ပါ။ မင်းမိန်းမ အတွက် လက်စားချေလိုက်ပါ"

ယန်ကျန်းက ချင်ယွင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

အဝေးမှာရှိနေသည့် ဟောင်ယူလည်း ယန်ကျန်းသည် သူ့ဘေးနားရှိ လူငယ်လေးကြောင့် ရုတ်တရက် ပိုသန်မာလာသည်ကို သဘောပေါက်သွားသည်။

သို့သော်လည်း ယခုအချိန်တွင် ယန်ကျန်းသည် သူ့ကိုကြည့်နေပြီ ဖြစ်သောကြောင့် လေးနက်စွာ တုံ့ပြန်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဟောယူ၊ ဒီနေ့ မင်း သေနေ့ပဲ" ယန်ကျန်းက အေးစက်စွာ အော်လိုက်ပြီး သူ့ရုပ်အသွင်က ချက်ချင်း ပျံထွက်သွားကာ လက်သီးကို ဝှေ့ယမ်းပြီး ဟောင်ယူဆီသို့ ပြေးသွားသည်။

ထိုလက်သီးမှာ အစွမ်းထက်သည့် ပြန်လည်ဝင်စားခြင်း အစစ်အမှန် အဓိပ္ပါယ် ပါဝင်နေသေးသည်။

ဟောင်ယူ၏အမူအရာက ပြောင်းသွားခဲ့ပြီး၊ သူသည် ရှောင်တိမ်းချင်လာသည်။

သို့သော် သူမည်ကဲ့သို့ ရှောင်တိမ်းနေပါစေ ယန်ကျန်း၏တိုက်ခိုက်မှုကို ရှောင်တိမ်း၍ မရနိုင်ကြောင်း သူ သဘောပေါက်ခဲ့သည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယန်ကျန်း၏ လက်သီးချက်သည် ဟောင်ယူ၏ ဦးခေါင်းထဲသို့ တိုက်ရိုက် ထိမှန်သွားပြီး သူ့ခေါင်းက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

All Chapters