အခန်း ၁၇၆၉
Vol. 118 Ch. 1769
အခန်း (၁၇၆၉) လေဟာနယ် ဘိုးဘေးနတ်ဘုရားသတင်း
ဟောင်ယူသည် သူမသေခင်မှာ ယန်ကျန်းတစ်ဘောက် မည်ကဲ့သို့ တန်ခိုးကြီးလာသည်ကို နားမလည်သွားလောက်ပေ။
တကယ်ဆို, ယန်ကျန်း ကိုယ်တိုင်လည်း ဤအရာကို ရှင်းမပြနိုင်ပေ။ သူသည် ဤမျှ အစွမ်းထက်လာရသည့် အကြောင်းရင်းက ချင်ယွင်နှင့် ပတ်သက်နေရမည် ဆိုတာလောက် သာ သူ သိပါသည်။
ဟုတ်ပါသည်။ သူသည် ဤကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပါဘူး။ ဟောင်ယူကို ကိုယ်တိုင် ကိုယ်ကျ သတ်နိုင်ခဲ့ခြင်းက သူ့အတွက် အလွန်ကျေနပ်စရာ ဖြစ်နေပါပြီ။
"ယိုအာ, ဒါကို မင်း မြင်ပြီလား။ နောက်ဆုံးတော့ ငါ မင်းအတွက် လက်စားချေနိုင်ခဲ့ပြီ။ မင်း အေးအေးဆေးဆေး အနားယူနိုင်ပြီ" ယန်ကျန်းသည် ကောင်းကင်သို့မော့ကာ ဟစ်ကြွေး ရင်း စိတ်သက်သာရာရသွားသည်။
လျိုချန်းနှင့် ဘိုင်ယုတို့လည်း သက်ပြင်းကိုယ်စီ ချလိုက်ကြသော်လည်း သူတို့သည် ပိုအံ့သြသွားကြသည်။
ယန်ကျန်း၏ စွမ်းအားကို သူတို့ ကောင်းကောင်း သိသည်။ သူ၏ ယခင်စွမ်းအားဖြင့်ဆိုပါ က၊ ဟောယူကို သတ်ပစ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ယခုတော့ ယန်ကျန်းသည် ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကို ရုတ်တရက် ပိုင်ဆိုင်လာ ခဲ့သည်။ ထို့ကြောင့် ဤကိစ္စသည် ချင်ယွင်က သူပုခုံးပေါ် လက်ဖြင့် ပုတ်လိုက်ခြင်းနှင့် တစ်ခုခုတော့ သက်ဆိုင်နေပေလိမ့်မည်။
ပခုံးကိုပုတ်၍ စွမ်းအားတိုးပွားအောင် လုပ်ဆောင်နိုင်ခြင်း။ ယင်းက ကောင်းကင်ဘုံကို မည်သို့ အံတုမူမျိုးနည်း။
ချင်ယွင်သည် သူတို့၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကို လျစ်လျူရှုလိုက်သည်။ သူသည် အခုနက ပြန်လည်ဝင်စားခြင်း၏ စွမ်းအားကို အမှန်တကယ် အသုံးပြုခဲ့သည်။
တကယ်တော့၊ သူသည် ယန်ကျန်း၏လက်ပေါ်တွင် ကနဦးစကြဝဠာဆီသို့ ဆက်သွယ်နိုင် သည့် တံတားတစ်စင်းကို တည်ဆောက်ခဲ့သည်။ ယန်ကျန်းသည် သူ့အစွမ်းအစဖြင့် တိုက်ခိုက်နေပုံရသော်လည်း လက်တွေ့တွင်မူ သူလက်သီးထိုးလိုက်တိုင်း ချင်ယွင်က သူ့ထံသို့ သူ့စွမ်းအားကို ပေးပို့ခဲ့သည်။
ဤနည်းဖြင့်သာ သူသည် အလွန်မင်း အစွမ်းထက်သော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင် မည် ဖြစ်သည်။
"ဘယ်သူ လုပ်လိုက်တာလဲ?"
သို့သော် ထိုအချိန်တွင် ဟောင်ယူ၏အလောင်းဘေးတွင် ထွားကျိုင်းသောပုံရိပ်တစ်ခု ပေါ်လာသည်။
"ဒါကပန်လုံ, ဟောင်ယူရဲ့ စီနီယာအစ်ကိုကြီးပဲ။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူပဲ။" လျိုချန်းနှင့် ဘိုင်ယုတို့သည် ဤလူထွားကြီးကို မြင်သောအခါတွင် သူတို့၏မျက်နှာများက ချက်ချင်းပင် ကြောက်ရွံ့သည့်အမူအရာ ဖြစ်ပေါ်လာသည်။
"ငါ လုပ်တာ" ယန်ကျန်းသည် ထိတ်လန့်သွားသော်လည်း ပန်လုံသည် ဤနေရာတွင် ရှိနေမည်ဟု မမျှော်လင့်ထားပေ။
သို့သော်, သူသည် ဖုံးကွယ်မထားချင်ပေ။ ယခု သူသည် လက်စားချေပြီးသွားပြီ။ သူ့ကို သတ်ခွင့်ပြုဖို့ပင် ဆန္ဒရှိနေသည်။
"မင်းက ငါ့ဂျူနီယာညီငယ်ကို သတ်ဝံ့မှတော့, မင်း ဒီနေ့ အသက်မရှင်နိုင်တော့ဘူး" ယန်ကျန်းကို စိုက်ကြည့်ရင်း ပန်လုံသည် ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားသည်။
"ဒီကိစ္စက သူတို့နဲ့ မဆိုင်ဘူး။ ငါတစ်ယောက်တည်း လုပ်တာ။ မင်း သတ်ချင်ရင် ငါ့ကို သတ်ပစ်လိုက်" ယန်ကျန်း ချက်ချင်း ပြောလိုက်သည်။
"ဟမ့်၊ မင်းတစ်ယောက်တည်း လုပ်ခဲ့ပေမဲ့ ငါ့ဂျူနီယာနဲ့အတူ မင်းတို့အားလုံးကို အတူတူ မြှုပ်ပေးရဦးမှာပဲ။ မင်းကများ ငါ့ပင်လုံရဲ့ ဂျူနီယာညီငယ်က သတ်ရဲတယ်။ ကျားသစ်ရဲ့ နှလုံးကို စားထားလို့များ သတ္တိကောင်းနေတာလား" ပန်လုံက အေးစက်စွာ အော်ဟစ်လိုက် ပြီး ယန်ကျန်းဆီသို့ ဦးတည်ပြေးလိုက်သည်။
သူ့လက်သီးမှာ ကြောက်စရာကောင်းသည့် စွမ်းအားတွေ ပါဝင်နေပြီး၊ ထိုလက်သီးချက်က ယန်ကျန်းကို သေစေမည်မှာ သေချာပါသည်။
ယန်ကျန်းသည် အလွန်ထိတ်လန့်ပြီး၊ အလျင်အမြန် ပြန်ဆုတ်သွားသော်လည်း မည်သို့ပင် ရှောင်တိမ်းနေပါစေ ပန်လုံ၏လက်သီးချက်ကို သူ မရှောင်နိုင်ပါ။
ယန်ကျန်း အသတ်ခံရတော့မည်ကို မြင်လိုက်ရတော့ အလင်းတန်းတစ်ခုက ရုတ်တရက် လင်းလက်သွားသည်။ နောက်တွင် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။
"ဒိုင်း….."
ပန်လုံ၏လက်သီးချက်သည် တုနှိုင်းမရအောင် ခိုင်မာသော သံမဏိနံရံကို ရိုက်ချိုးလိုက်ပုံ ရပြီး ကြောက်မက်ဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်နေသည်။
တစ်ဖန်ပြန်ကြည့်လျှင် ၎င်းသည် သူ့လက်သီးကို ပိတ်ဆို့ထားသည့် လက်တစ်ဖက် ဖြစ်နေသည်။
ချင်ယွင်သည် သူ့နောက်ကျောတွင် လက်တစ်ဖက် ပစ်ထားပြီး ကျန်တစ်ဖက်က ပန်လုံ၏ လက်သီးကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
"မဖြစ်နိုင်ဘူးမလား?" ပန်လုံက အံ့သြသွားပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်သည့် အမူအရာ ပေါ်လွင်နေသည်။
ယန်ကျန်း၊ လျိုချန်းနှင့် ဘိုင်ယုတို့လည်း မှင်သက်သွားကြသည်။ ချင်ယွင်သည် အလွန် အစွမ်းထက်မည်ဟု သူတို့သည် အချိန်ကြာကတည်းက ခန့်မှန်းထားသော်လည်း ချင်ယွင် သည် ပန်လုံ၏တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။
ပန်လုံသည် သူ၏ အစစ်မှန် တိုက်ခိုက်ရေးဆန္ဒကို အသုံးချနေမှန်း သိထားရမည်။ ထိုးနှက်လိုက်လျှင် သူ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားနေပေလိမ့်မည်။
သို့သော်လည်း, ၎င်းကို ချင်ယွင်က လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ပိတ်ဆို့ခဲ့သည်။
ယင်းက မည်မျှ သန်မာရမည်နည်း။
"မင်း ဘယ်သူလဲ" ပန်လုံ၏ရုပ်အသွင်သည် ချက်ချင်း ဆုတ်သွားပြီး၊ နောက်ဆုတ်သွားရင်း ချင်ယွင်ကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းရဲ့ဂျူနီယာညီနဲ့အတူ ငါတို့ကို သင်္ဂြိုဟ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား" ချင်ယွင်က ပြုံးပြီး ပန်လုံကို မေးသည်။
ပန်လုံသည် ကြက်သေသေဖြစ်သွားပြီး၊ သူ့မျက်လုံးများက ထိတ်လန့်မှုအပြည့်နှင့်ပင်။
သူသည် ချင်ယွင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည့် အခိုက်တွင် သူ့နှလုံးခုန်သံကို ခံစားလိုက်ရသည်။
ယင်းက သေမင်းနတ်ဘုရားတစ်ပါးက သူ့ရှေ့မှာ ရပ်နေသကဲ့သို့ပင်။
“မဟုတ်ဘူး… မဟုတ်ဘူး…၊ စီနီယာ၊ ငါ မင်းကို ဘယ်လို သတ်ရဲမှာလဲ။” ပန်လုံက ပြုံးပြီး တောင်းပန်လိုက်ရသော်လည်း, သူ့နောက်ကျောက အေးစက်နေသည့် ချွေးများဖြင့် ဖုံးလွှမ်းနေသည်။
အကယ်၍, သူ့ရှေ့က လူငယ်သာ သူ့ကို သတ်ချင်ရင်, သေချာပေါက် ခဏလေး ဖြစ်သွားလိမ့်မည်။
ရှေ့ခေတ်နတ်ဘုရားကမ္ဘာတွင် အဘယ်ကြောင့် အစွမ်းထက်သော ကျွမ်းကျင်သူများ ပေါ်လာရသည်ကို သူ နားမလည်ခဲ့သလို, ၎င်းတို့ကိုလည်း သူ အမှန်တကယ် မသိခဲ့ပေ။
ယန်ကျန်းနှင့် အခြားသူများလည်း အံ့သြသွားကြသည်။ အခုလေးတင် ပန်လုံသည် အလွန် မာနကြီးပြီး ရက်စက်ကြမ်းကြုတ်လှသည်။ သူ အဘယ့်ကြောင့် ချက်ခြင်း နာခံမှုရှိလာရ သနည်း။
အခုနက အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ။ ပန်လုံ၏စိတ်သဘောထားက အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားရသနည်း။
"သူတို့ သုံးယောက်ကရော ဘယ်လိုလဲ။ မင်း သူတို့ကိုရော သတ်ဦးမှာလား။" ချင်ယွင်သည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုကာ အပြုံးဖြင့် ဆက်လက် မေးမြန်းသည်။
"မသတ်ဘူး၊ လုံးဝ မသတ်ဘူး.." ပန်လုံက ကမန်းကတန်း ခေါင်းခါလိုက်သည်။
"ဒါဆို မင်းဂျူနီယာညီအတွက် ရန်ငြိုးကရော" ချင်ယွင်က ဆက်တွေးမိပြီး မေးသည်။
"လက်စားမချေတော့ပါဘူး။ ကလဲ့စားချေခြင်း မပြုတော့ပါဘူး။ ငါ့ဂျူနီယာညီက ပထမဆုံး အမှားလုပ်မိသူပဲ။ ဒီညီအစ်ကိုက သူ့မိန်းမအတွက် လက်စားချေတာ မှန်ပါတယ်။" ပန်လုံက သူ့မျက်နှာကို လျှာဖြင့်သပ်ပြီး ပြုံးလိုက်သည်။
သောက်ကျိုးနည်း ကလဲ့စားချေဖို့လား။
အကယ်၍, သူသာ ဆက်လက် ကလဲ့စားချေပါက အသက်ဆုံးရှုံးမည် ဖြစ်သည်။
သူသည် ဟောင်ယူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း သူ့အတွက် အသက်စွန့်ရန် ဆန္ဒမရှိပေ။
အကယ်၍, သူသာ ဒီနတ်ဆိုးနတ်ဘုရားကို အမှန်တကယ် ဒေါသထွက်အောင် လုပ်မိရင် သူ ဘယ်လိုသေသွားမှန်းတောင် သိမှာမဟုတ်တော့ပါဘူး။
ပန်လုံ၏အသွင်အပြင်ကို ကြည့်ပြီး၊ ချင်ယွင်က ပြုံးကာ၊ သူ့ကို နောက်ပြောင်နေခြင်းကို ရပ်လိုက်သည်။
တစ်ဖက်မှ ယန်ကျန်းနှင့် အခြားသူများသည် အံ့သြသွားကြသည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၇၃ ရှိသော ပန်လုံသည် ဤမျှလောက်အထိ သူ့ဒေါသကို သုံးကြိမ်တိုင်တိုင် အဆုံးရှုံးခံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
တခဏအတွင်းမှာပင်, ချင်ယွင်ကို သူတို့၏ အကြည့်တွေက ပို၍ပင် လေးစားလာခဲ့သည်။
"ကောင်းပြီ၊ ဘေလျူမြို့တော်မှာ ဘာဖြစ်နေတာလဲ ငါ့ကို ပြောပြပါ။" ချင်ယွင်က ပန်လုံကို ပြောသည်။
"ဟုတ်ကဲ့ပါ အရှင်" ပန်လုံက စိတ်သက်သာရပြီး သက်ပြင်းချကာ ပြောသည် "အခု လောလောဆယ်မှာ မြို့ပေါင်း ၁၈၀ ရဲ့ နတ်ဘုရားတွေက ဘေလျူမြို့တော်မှာ စုရုံးနေကြပြီး၊ တခြားကမ္ဘာက နတ်ဆိုးတွေလည်း မိုင်ထောင်ချီအဝေးမှာ စုဝေးနေကြ တယ်။ လွန်ခဲ့တဲ့ သုံးရက်က သူတို့က ငါတို့ကို စတင်တိုက်ခိုက်ခဲ့တယ်။ နှစ်ဖက်စလုံးက လူတော်တော်များများ သေပြီး ဒဏ်ရာရကြတယ်။"
"ဘိုးဘေးနတ်ဘုရားတွေကော၊ အခု ဘေလျူမြို့တော်မှာ ဘယ်ဘိုးဘေးနတ်ဘုရားတွေ ရှိနေပြီလဲ။" ချင်ယွင်က ဆက်မေးသည်။
"ယခုအချိန်, ဘေလျူမြို့တော်မှဦ ဘိုးဘေးနတ်ဘုရားသုံးပါးပဲ ရှိတယ်။ သူတို့ကတော့ ဘိုးဘေးနတ်ဘုရားရန်ရှီ၊ ဘိုးဘေးနတ်ဘုရားဘိုင်လင်နဲ့ ဘိုးဘေးနတ်ဘုရား ထာဝရ ကောင်းကင်ဘုံတို့ပဲ။ လက်ရှိအချိန်မှာ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူတွေကြားမှာ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေပဲ ထွက်ပေါ်လာကြတယ်။ အနက်ရောင် ကြေးခွံ နတ်ဆိုးကျင့်ကြံသူနဲ့ ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေတော့ မရှိသေး ဘူး” ပန်လုံက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး၊ သူ့မျက်နှာက စဉ်းစားတွေးခေါ်သည့် အမူအရာ ပေါ်လာ သည်။
ပန်လုံမပြောခင်, သူသည် ထိုဘိုးဘေးနတ်ဘုရားသုံးပါးအကြောင်း တစ်ခါမှ မကြားဖူးပါ ဘူး။ ၎င်းတို့သည် တကိုယ်တော် ဘိုးဘေးနတ်ဘုရားအချို့ ဖြစ်သင့်သည်။
ထို့ကြောင့် စောစောကပြောခဲ့သည့် နတ်ဆိုးနတ်ဘုရား စစ်မြေပြင်သည် အမှန်တကယ် တွင် ကောင်းကင်နတ်ဘုရားများ စစ်မြေပြင်တစ်ခုသာ ဖြစ်သည်။ ဘိုးဘေးနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ ပါဝင်သည့် အရေအတွက်သည် အလွန်နည်းပါးသည်ဟု ဆိုနိုင်ပါသည်။
သိသာထင်ရှားသည်မှာ၊၊ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများသည် အမှန်တကယ် လှုပ်ရှားလို ခြင်း မရှိသေးပေ။ မဟုတ်ပါက၊ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ သုံးဦးသာ စေလွှတ် ရန်မှာ မဖြစ်နိုင်ပေ။
"ကောင်းကင်ဘုံတံဆိပ်ကရော၊ တခြားဘိုးဘေးနတ်ဘုရားတွေရော ဒီကို မကြာသေးခင် က ရောက်လာသေးလား။" ချင်ယွင်က ဆက်မေးသည်။
"ကောင်းကင်ဘုံတံဆိပ်ရဲ့ တည်နေရာကို မသိရသေးဘူး။ အရင်က တခြားဘိုးဘေး နတ်ဘုရားတွေ ဒီနေရာကို မရောက်လာပေမယ့်၊ လွန်ခဲ့သုံးရက်လောက်က လေဟာနယ် ဘိုးဘေးနတ်ဘုရားကတော့ ဒီကို ရောက်လာခဲ့တယ်။ ဘိုးဘေးနတ်ဘုရားသုံးယောက်နဲ့ ခဏလောက် စကားစမြည် ပြောပြီးတာနဲ့ သူ ချက်ချင်း ပြန်ထွက်သွားတယ်။" ပန်လုံက ပြောသည်။
"လေဟာနယ်ဘိုးဘေးနတ်ဘုရားလား…" ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ့ဆရာသခင် မဟုတ်ပါလော။
အကယ်၍, သူသည် လေဟာနယ်ဘိုးဘေးနတ်ဘုရားကို တွေ့ရှိပါက, အချိန်ဘိုးဘေး နတ်ဘုရားကို ဆက်သွယ်နိုင်မည် ဖြစ်သည်။ ယခု အချိန်ဘိုးဘေးဘုရားသခင်၏ ကတိကို ဖြည့်ဆည်းရမည့် အချိန်ဖြစ်သည်။
"ငါ့ကို ဘိုးဘေးနတ်ဘုရားသုံးပါးဆီ ခေါ်သွားပါ။" ချင်ယွင်က ပန်လုံကို ပြောလိုက်သည်။
ပန်လုံ အံ့သြသွားသည်။ ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားကို အမှန်တကယ် တွေ့ချင်မည် ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း သူသည် ခေါင်းညိတ်ပြဆဲဖြစ်ပြီး ချင်ယွင်ကို လမ်းပြပို့ဆောင်ရန် သဘောတူလိုက်ပါသေးသည်။