အခန်း ၁၇၇၀
Vol. 118 Ch. 1770
အခန်း (၁၇၇၀) အစ်မဟုခေါ်ပါ။
ပန်လုံသည် ချင်ယွင်ကို နတ်ဘုရားခန်းမတစ်ခုဆီသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်လည်း ခန်းမထဲသို့ မဝင်မီ တိုက်ပွဲသံချပ်ကာဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက သူတို့ကို တားဆီးခဲ့သည်။
"ပန်လုံ၊ မင်း ဘာလုပ်နေတာလဲ၊ ဒီနန်းတော်က ဘိုးဘေးနတ်ဘုရားမသုံးပါးရဲ့ နန်းတော် ဆိုတာ မင်း မသိဘူးလား။ တခြား ဘယ်သူတွေ ခေါ်လာတာလဲ။" သံချပ်ကာဝတ်လူငယ်က ချင်ယွင်နှင့် ယန်ကျန်းကို ညွှန်ပြပြီး မေးသည်။
"သခင် ဇောင်အန်း၊ ဒါက သခင်ချင်ယွင်ပါ။ သူက ဘိုးဘေးနတ်ဘုရားမသုံးပါးကို လာရှာ တာလို့ ပြောတဲ့အတွက် ကျွန်တော် သူ့ကို ခေါ်လာခဲ့တာပါ" ပန်လုံသည် သံချပ်ကာဝတ် လူငယ်ကို တွေ့သောအခါ အံ့သြစွာ ကမန်းကတန်း ပြောလိုက်သည်။
"ဘိုးဘေးနတ်ဘုရားကို တွေ့ဖို့လား။ ဟမ့်၊ ဘိုးဘေးနတ်ဘုရားတွေကို မင်းတို့ တွေ့ချင်သ လို တွေ့လို့ရမှာလား။ ဘိုးဘေးနတ်ဘုရားသုံးပါးက ကိစ္စရပ်တွေကို ဆွေးနွေးနေတယ်။ မင်းတို့က ဘယ်နေရာမှာ အပြန်အလှန် ဆွေးနွေးနိုင်မှာလဲ" ဇောင်အန်းက သူ့ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းပြီး အေးစက်စွာ ပြောလိုက်ရင်း သူ့မျက်နှာက လှောင်ပြောင်မူနှင့် အတူ မောက်မာမှုအပြည့်နှင့်ပင်။
ပန်လုံသည် ရှက်ရွှံ့သွားပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ဘိုးဘေးနတ်ဘုရားနှင့်တွေ့ဆုံရန် ဤမျှ ခက်ခဲလိမ့် မည်ဟု သူ မမျှော်လင့်ထားပေ။
"အစ်ကို၊ ငါက ဘိုးဘေးနတ်ဘုရားနဲ့ တကယ်ပဲ ပတ်သက်မူတစ်ခုခု ရှိနေပါတယ်။ မင်း ဆက်သွယ်ပေးလို့ရမလား" ချင်ယွင်က ဒေါသမထွက်ဘဲ ပြုံးကာ မေးလိုက်သည်။
"အစ်ကို။ မင်းရဲ့အစ်ကိုက ဘယ်သူလဲ။ ငါက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်မှာ ထိပ်တန်းကျွမ်းကျင်သူ အယောက် ၂၀ ထဲက တစ်ယောက်ပဲ။ မင်းက ကလိမ်က ကျစ်ကျတတ်တဲ့ ဘယ်လို ကလူစားမျိုးလဲ။ မင်းရဲ့နောက်ဘဝရောက်မှပဲ ဘိုးဘေး နတ်ဘုရားကို တွေ့ဆုံလိုက်ပါ။" ဇောင်အန်းက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
သူ့အမြင်အရ၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ထိပ်တန်း ကျွမ်းကျင်သူ အယောက် ၂၀ အားလုံးကို သိထားပြီး၊ သူ့ရှေ့မှ ဤလူငယ်သည် ၎င်းတို့ထဲမှ မဟုတ်သောကြောင့် သူ့ကို အလေးဂရုပြုရန် မလိုအပ်ပေ။
ချင်ယွင်၏ အမူအရာက ချက်ချင်းပင် မည်းမှောင်သွားသည်။ ဇောင်အန်းသည် ဤမျှ မာနကြီးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သခင် ချင်ယွင်၊ ဒီဇောင်အန်းက ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားရဲ့ အနားမှာ အမြဲရှိနေသူပဲ။ သူက အမြဲတမ်း မာနကြီးတယ်။ ဒါကြောင့် သွားကြရအောင်။ မဟုတ်ရင် ငါတို့ သူ့ကို စော်ကားမိရင်, သစ်သီးကိုတောင် ကောင်းကောင်းစားနိုင်မှာ မဟုတ်ဘူး။" ပန်လုံက ချင်ယွင်ကို အသံပို့လွှတ်ပြီး ပြောသည်။
ချင်ယွင်က လှောင်ပြောင်ပြီး ပန်လုံကို လျစ်လျူရှုထားသည်။ ယင်းအစား သူက ဇောင်အန်း ကို ကြည့်ပြီး "မင်း တကယ်နားမလည်ဘူးလား" ဟု မေးသည်။
"ထွက်သွားစမ်း, မင်းတို့ မထွက်သွားရင်, ငါလုပ်တော့မှာနော်။" ဇောင်အန်းက အေးစက်စွာ အော်ပြောလိုက်သည်။
ချင်ယွင်က ရယ်မောပြီး လက်သီးဖြင့် ထိုးလိုက်သည်။
လက်သီးချက်သည် အလွန်လျင်မြန်ပြီး ဇောင်အန်းသည် လွင့်ပျံမသွားခင် တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ပေ။
"ဘုန်း…"
ဇောင်အန်း၏ ခန္ဓာကိုယ်သည် သူ့နောက်က ခန်းမထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ခန်းမ အတွင်းပိုင်းဆီသို့ လွင့်ပျံသွားခဲ့သည်။
"ဘယ်သူ လုပ်တာလဲ" မကြာမီပင် ခန်းမအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"လေဟာနယ် ဘိုးဘေးနတ်ဘုရားရဲ့တပည့် ချင်ယွင်က ဘိုးဘေးနတ်ဘုရားသုံးပါးကို အရိုအသေပေးဖို့ လာခဲ့ပါတယ်" ချင်ယွင်က လေးလေးစားစား ပြောသည်။
"အထဲဝင်ခဲ့ပါ" ချင်ယွင် ပြောပြီးပြီးချင်း မကြာခင် ခန်းမအတွင်းမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ခန်းမအတွင်းပိုင်းဆီသို့ ချက်ချင်း လျှောက်သွားသည်။
ပန်လုံနှင့် ယန်ကျန်းတို့သည် စူးစမ်းလိုစိတ်ဖြင့် လိုက်ပါလာခဲ့ကြသည်။
ခန်းမထဲသို့ဝင်ပြီးနောက် ချင်ယွင်သည် ခန်းမ၏ထိပ်တွင် ဘိုးဘေးနတ်ဘုရားသုံးပါး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင်၊ ချင်ယွင် အံ့သြရသည့်အရာက ထိုဘိုးဘေး နတ်ဘုရား သုံးပါးစလုံး အမျိုးသမီးများ ဖြစ်နေခြင်းပင်။
ဘိုးဘေးနတ်ဘုရားမသုံးပါး။
ချင်ယွင် အနည်းငယ် မှင်သက်သွားခဲ့သည်။ သူသည် ယခင်က အမျိုးသမီး ဘိုးဘေး နတ်ဘုရား တစ်ပါးတစ်လေမျှ မမြင်ဖူးသော်လည်း၊ ယခုအခါတွင်, သူသည် သုံးပါးစလုံးကို တခါတည်း တွေ့မြင်လိုက်ရသည်။
ဤဘိုးဘေးနတ်ဘုရားမသုံးပါးစလုံးသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင်များ ဖြစ်ကြပြီး၊ သူမတို့၏ခန္ဓာကိုယ်သည် ဂုဏ်သိက္ခာကြီးမားသော အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။
“ဘိုးဘေးနတ်ဘုရားမတို့၊ တကယ်လို့ သူတို့ကို သတ်မယ်ဆို၊ အဲဒီလူက ဘိုးဘေး နတ်ဘုရားမတို့ နန်းတော်ထဲ ချိုးဖောက်ဝင်လာတဲ့လူပဲ” ချင်ယွင်နှင့် အခြားလူများ လျှောက်ဝင်လာသည်ကိုမြင်တော့ ဇောင်အန်းက ကမန်းကတန်း အော်ပြောလိုက်သည်။
သူသည် ပင်မခန်းမထဲသို့ အပြင်ထန် လွင့်ထွက်သွားပြီးနောက်၊ ပင်မထိုင်ခုံပေါ်တွင် ထိုင်နေသော ထာဝရ ကောင်းကင်ဘုံဘိုးဘေးနတ်ဘုရားမက သူ့ကို ရပ်တန့်လိုက်ရသည်။
ခုနက စကားပြောသည့်လူကလည်း ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမ ဖြစ်သည်။
"ပါးစပ်ပိတ်ပြီး ထွက်သွားစမ်း…"
သို့သော် ဇောင်အန်း စကားဆုံးသည်နှင့် ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမ၏ ဒေါသသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ဒါပေမယ့်..."
"မင်း အသက်မရှင်ချင်တော့ဘူးလား…"
ဇောင်အန်းက တုံ့ပြန်ပြောဆိုချင်သော်လည်း ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမ ၏ ပဲ့တင်ထပ် အော်ပြောသံကို သူကြားလိုက်ရသည်။
ဇောင်အန်း၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး၊ သူသည် အခြားမည်သည့် စကားမှ မပြောဝံ့တော့ပေ။ သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး ခန်းမထဲက ထွက်လာခဲ့သည်။
ချင်ယွင်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခန်းမထဲကို ကြည့်လိုက်ပြီး၊ ကူရာမဲ့ ခေါင်းယမ်းလိုက်မိပါသည်။
သူသည် ယခုလိုနိမ့်ကျသည့်လူကို တိုက်ရိုက် သတ်ပစ်နိုင်သည်။
သို့သော် ဤဇောင်အန်းသည် ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမဘက်မှ ဖြစ်သောကြောင့်၊ သူသည် သဘာဝအတိုင်း အလွယ်တကူ သတ်နိုင်တော့မည် မဟုတ်ပေ။
"မင်းက ချင်ယွင်လား?" ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ချင်ယွင်ကို စိုက်ကြည့်နေပြီ ဖြစ်သည်။
အခြားသော ဘိုးဘေးနတ်ဘုရားမ နှစ်ယောက်လည်း ချင်ယွင်ကို လေ့လာနေသည့်အလား ကြည့်နေကြသည်။
"အို.. ဘိုးဘေးနတ်ဘုရားမက ကျွန်တော့်ကို သိလို့လား" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက အပြုံးချိုချိုဖြင့် စွဲမက်ဖွယ် ပြုံးလိုက်ပါ သည် "အခုချိန်မှာ ဘိုးဘေးနတ်ဘုရားတွေထဲ ဘယ်သူက မင်းကို မသိသူ ရှိမလဲ။ မင်းက ကောင်းကင်အင်ပါယာမြို့မှာ ဘိုးဘေးနတ်ဘုရားနှစ်ပါးကို ဆက်တိုက် သတ်ပစ်ခဲ့တယ် လေ။ မင်းအနေနဲ့ ထင်ပေါ်ကျော်ကြားချင်လို့ မဟုတ်ရင်တောင်, အဲဒီလို့လုပ်ဖို့က အရမ်း ခက်ခဲနေပြီ မဟုတ်လား။"
ထိုစကားတွေ ပြောပြီးသည်နှင့် ပင်လုံနှင့် ချင်ယွင်နောက်မှာ ရပ်နေသည့် အခြားလူများ မျက်လုံးပြူးသွားကြပါသည်။
ဘိုးဘေးနတ်ဘုရားတွေကို သတ်ဖြတ်တာလား။
အို, ဘုရားသခင်, ငါ နားကြားများ မှားနေလား။
ဒီချင်ယွင်က တကယ်ပဲ ဒီလောက် အစွမ်းထက်တာလား။
ပန်လုံသည် ယခင်က သူ မလှုပ်ရှားမိသည့်အတွက် ဝမ်းသာမိနေသည်။ မဟုတ်ရင် သေခြင်းဆိုသည့် စာလုံးကို သူ မည်သို့ ရေးရမှန်းတောင် သိမှာမဟုတ်ပါဘူး။
ချင်ယွင်က ပြုံးပြီး ခေါင်းခါကာ ပြောသည် "ဘိုးဘေးနတ်ဘုရားတွေကို သတ်ဖို့လား။ ကျွန်တော့်မှာ အရည်အချင်း မရှိပါဘူး။ ကျွန်တော့်ကြောင့် ဘိုးဘေးနတ်ဘုရားနှစ်ပါး သေဆုံးသွားပေမယ့်, ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။"
"ကျိုးနွံမနေပါနဲ့။ မင်းရဲ့ရုပ်ထုကြီးက ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားနဲ့ ယှဉ်နိုင်တယ်။ ငါတို့သုံးယောက်တောင် မင်းနဲ့မယှဉ်နိုင်ဘူး။ ဒါကြောင့် မင်းမှာ ငါတို့နဲ့ တန်းတူထိုင်နိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ မင်း စိတ်ထဲမထားရင်, ဘယ်လိုလဲ, ငါတို့ကို အစ်မသုံးဖော်လို့ ခေါ်မလား” ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ပြုံးပြုံးလေး ပြောလိုက်ပါသည်။
ဘိုးဘေးနတ်ဘုရားနှင့် တန်းတူထိုင်ဖို့လား။ အစ်မလို့ ခေါ်ရမှာလား။
ယန်ကျန်းနှင့် အခြားသူများသည် လုံး၀ အံ့သြသွားကြသည်။
သူတို့ ချင်ယွင်ကို ညီအစ်ကိုဟု ခေါ်သည့်အကြောင်းကို ပြန်တွေးကြည့်လိုက်ရင်း, သူတို့သည် အရမ်းကို စိတ်လှုပ်ရှားသွားကြပါသည်။
ယင်းက သူတို့သည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူနှင့် ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
ချင်ယွင်က ပြုံးလိုက်သည်။ အဖြစ်ပျက်က သူပြောခဲ့သလိုပင်။ သို့သော်, သူသည် ဘိုးဘေး နတ်ဘုရားများနှင့် တန်းတူထိုင်ချင်သည့် ပထမဆုံး အကြိမ်ဖြစ်သည်။
ထို့အပြင်, ဤလှပသော အကြီးအကဲ ဘိုးဘေးနတ်ဘုရားသုံးဖော်ကိုလည်း အစ်မဟု ခေါ်ရမည်လား။
ယခုလို ကံကောင်းခြင်းမျိုးက ဘယ်သူမဆို ခံစားနိုင်သည့်အရာ မဟုတ်ပါဘူး။
"ညီမ ချန်ထျန်း…၊ သူ့ကို ကျီစယ်နေတာ ရပ်လိုက်တော့၊ သူက သူ့ဆရာသခင်အတွက် ဒီကို ရောက်လာတာ။" ဘိုးဘေးနတ်ဘုရားမ ယန်ရှီက ပြုံးရင်း ပြောလိုက်သည်။
"ဆရာလား…၊ ဟုတ်တယ်၊ ကျွန်တော့်ဆရာသခင်က ဒီကို ရောက်လာတယ်လို့ ကျွန်တော် ကြားတယ်။ ကျွန်တော့်ရဲ့ အစ်မသုံးယောက်က ဆရာရဲ့ နေရာကိုများ သိနေမလား။" ချင်ယွင်က မေးသည်။
ဘိုးဘေးနတ်ဘုရားမသုံးပါးစလုံး အံ့အားသင့်သွားကြသည်။ ချင်ယွင်က သူမတို့ကို သူ့အစ်မတွေဟု အမှန်တကယ် ခေါ်လိမ့်မည်ဟု သူမတို့အနေဖြင့် မမျှော်လင့်ထားပါဘူး။
စာစဉ် (၁၁၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။