← Chapters

အခန်း ၁၇၇၁

Vol. 119 Ch. 1771

အခန်း ၁၇၇၁

Vol. 119 Ch. 1771

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၉)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၇၇၁) လျှို့ဝှက်ဆန်းကြယ်မှုကို အဖြေရှာခြင်း။

အစောပိုင်းက ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်နှင့် နောက်ပြောင် ကျီစယ်ရုံသာဖြစ်သည်။ ချင်ယွင်က သူမတို့ကို အစ်မကြီးဟု ခေါ်လိမ့်မည်ဟု သူမတို့အနေဖြင့် မမျှော်လင့်ထားခဲ့ပေ။

ထိုစကားက မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးကို ရယ်မောစေခဲ့သည်။ တခဏလေး အတွင်းမှာ သူမတို့သည် မောင်လေးတစ်ယောက် ရသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယန်ကျန်းနှင့် အခြားသူများသည် တစ်ချိန်တည်းတွင် အလွန်မင်း တုန်လှုပ်သွားပြီး မနာလို ဖြစ်သွားကြသည်။

ဤဘိုးဘေးနတ်ဘုရားမသုံးပါးကို အစ်မဟု ခေါ်ဆိုနိုင်ရန် ကောင်းကင်နတ်ဘုရား မည်မျှ များများ အိပ်မက်မက်ခဲ့ရသနည်း။ ချင်ယွင်က ဤအရာကို အမှန်တကယ် စွမ်းဆောင်နိုင် လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"မောင်လေးချင်ယွင်ရဲ့ ပါးစပ်က ဒီလောက်ချိုမြိန်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ့ကို အစ်မကြီးလို့ ခေါ်စမ်းပါဦး။ လာ… နားထောင်ကြည့်ရအောင် အစ်မကြီးဘိုင်လင်လို့ ခေါ်ကြည့်စမ်းပါ။" ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်က ပြုံးပြီး နောက်ပြောင်သည်။

ချင်ယွင်က ပြုံးပြီး အစ်မကြီး ဘိုင်လင်ဟု ခေါ်လိုက်သည်။

ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်၏ ရယ်မောသံက ပန်းလေးများကိုပင် တုန်ရင်သွားစေပြီး၊ ချစ်စရာကောင်းပြီး သက်ဝင်လွန်းလှသည်။

သူမတို့သည် ဘိုးဘေးနတ်ဘုရားများ ဖြစ်နေကြသည်မှာ ကြာမြင့်လှပြီ။ အရာအားလုံးကို နေ့စဉ်နေ့တိုင်း အလေးအနက်ထားကြရသည်။

အခြားသော ကောင်းကင်နတ်ဘုရားများသည်လည်း ၎င်းတို့နှင့် ဆက်ဆံနိုင်သည့် အဆင့် သို့ မရောက်သေးပေ။ သို့မဟုတ် ၎င်းတို့သည် အလွန်ငြီးငွေ့ဖွယ်ကောင်းသည်။

ချင်ယွင်ကဲ့သို့ တစ်စုံတစ်ယောက်သည် သူမတို့နှင့် တန်းတူထိုင်နိုင်ပြီး ရှေးရိုးဆန်သူလည်း မဟုတ်ပေ။

"လာ၊ အစ်မကြီး ရန်ရှီလို့ ခေါ်လိုက်ပါဦး" ဘိုးဘေးနတ်ဘုရားမ ယန်ရှီက ပြုံးပြီး ပြောပြန် သည်။

ချင်ယွင်သည် ခဏတာ ပြောစရာစကားမဲ့သွားရသည်။ သို့သော် သူသည် အစ်မကြီး ရန်ရှီဟု ခေါ်လိုက်ပါသေးသည်။

ဘိုးဘေးနတ်ဘုရားမ ရန်ရှီက ပြုံးပြရင်း "လာလာ.. မောင်လေး၊ အစ်မကြီးဘေးမှာ ထိုင်" ဟု တုန့်ပြန်သည်။

ချင်ယွင်သည် ခဏတာမျှ မှင်သက်သွားသော်လည်း သူသည် ရန်ရှီ၏နံဘေးသို့ လျှောက်သွားပြီး ထိုင်လိုက်သေး၏။

ယန်ကျန်း, ပန်လုံနှင့် အခြားသူများ အံ့သြသွားကြသည်။

ဤချင်ယွင်သည် ကောင်းကင်ကို အံတုလွန်းသည် မဟုတ်ပါလော။ သူသည် မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးအတွက် အမှန်တကယ် ရေပန်းစားနေခဲ့ပါသလား။

"မင်းတို့ အားလုံး ထွက်သွားကြတော့" ဘိုးဘေးနတ်ဘုရားမ ယန်ရှီက ချင်ယွင်ကို ထိုင်ခိုင်းပြီးနောက် ယန်ကျန်းနှင့် အခြားသူများကို ညွှန်ကြားသည်။

ယန်ကျန်းနှင့် တခြားသူများသည် မနာခံဘဲ မနေဝံ့ကြပေ။ သူတို့သည် နှုတ်ဆက်စကား ပြောပြီးနောက် ခန်းမဆောင်မှ ဆုတ်ခွာသွားကြသည်။

ခန်းမကြီးကနေ ထွက်သွားပြီးနောက်, သူတို့သည် သူတို့၏ စိတ်ဝင်စားမှုကို ဖိနှိပ်ထား၍ မရတော့ပါဘူး။

"သွားကြစို့၊ သွားသောက်ကြရအောင်။ သောက်ရမ်း စိတ်ပျက်စရာကောင်းတယ်။" ယန်ကျန်းက ပြောသည်။

ကျန်နှစ်ယောက်လည်း ဆက်တိုက် ခေါင်းညိတ်လိုက်ကြသည်။ ချင်ယွင် ပေးခဲ့သော ထိုးနှက်ချက်က တကယ်ကို ကြီးမားလွန်းလှသည်။

"ငါ့ကိုပါ ထည့်လိုက်ကွာ။ ငါလည်း စိတ်တည်ငြိမ်ဖို့ လိုနေတယ်။" ပန်လုံက ပြောသည်။

ယန်ကျန်းနှင့် အခြားသူများသည် အံ့အားသင့်သွားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ "အတူတူသွားရအောင်"

ထို့ကြောင့် သူတို့လေးယောက် အရှိန်ဟုန်ဖြင့် ပြေးထွက်သွားပြီး၊ ရှေးခေတ်ပုံရိပ်လေးခုသာ ကျန်ရစ်ခဲ့ပါသည်။

ချင်ယွင်သည် ဘိုးဘေးနတ်ဘုရားမ ရန်ရှီ၏ဘေးတွင် ထိုင်နေသည်။ ဘိုးဘေးနတ်ဘုရားမ ရန်ရှီ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော ကိုယ်သင်းရနံ့ကို သူ ရှင်းရှင်းလင်းလင်း ခံစားရပြီး၊ ယင်းက သူ့နှလုံးသားကို ခုန်ပေါက်စေခဲ့သည်။

"မောင်ငယ်ချင်ယွင်၊ မင်းရဲ့ဆရာသခင်ကြောင့် မင်း ဒီကို ရောက်လာတာလား" ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ထပ်မေးသည်။

ယခင်က ချင်ယွင်နှင့် သူမ၏ စကားပြောဆိုမှုမှာ ပြတ်တောက်သွားခဲ့ပြီး၊ ယခု သူမက အစမှ ပြန်ပြောခြင်း ဖြစ်သည်။

"ဟုတ်​တယ်​, ကျွန်တော့် ဆရာသခင် အရင်က ဒီကို​​ရောက်​​လာတယ်လို့ ကျွန်တော် ကြားထားတယ်။​ အခု သူ​ ဘယ်​​ရောက်​​နေလဲ​ဆိုတာ အစ်မကြီးသုံးယောက် သိနိုင်​မလား" ချင်ယွင်က ကမန်းကတန်း မေးလိုက်ရင်း သူ့အမူအရာက လေးနက်လာသည်။

"မင်း သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး။ မင်းရဲ့ဆရာသခင်က အခုအချိန်မှာ ရှေးခေတ် နတ်ဘုရားကမ္ဘာကနေ ထွက်သွားလောက်ပြီ" ထာဝရကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရားမက ပြောသည်။

"သူ ရှေးခေတ်နတ်ဘုရားကမ္ဘာကနေ ထွက်သွားပြီးလား။ သူ ဘယ်ကိုသွားတာလဲ။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

အခုလေးတင်၊ လေဟာနယ်ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်သည့် သတင်းတစ်ခု ရလာခဲ့ သည်။ ထိုသတင်းက ထပ်ပြီး ပျက်ဆီးတော့မှာလား။

"စိတ်မပူပါနဲ့။ မင်းရဲ့ဆရာသခင်က မင်း ငါတို့ကို လာရှာမယ်ဆိုတာ သိတယ်။ ဒါကြောင့် မင်းကို သတင်စကား ပေးခိုင်းခဲ့တယ်။" ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ချင်ယွင်၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာကို မြင်ပြီး ကမန်းကတန်း ပြုံးလိုက် သည်။

"ဘာကို ဆိုလိုတာလဲ?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"သူ့ကို ဒီမှာစောင့်နေဖို့ ပြောထားတယ်။ အချိန်ရောက်လာနဲ့၊ သူနဲ့ အချိန်ဘိုးဘေးနတ် ဘုရားက မင်းကို သဘာဝအတိုင်း လာရှာလိမ့်မယ်" ထာဝရကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရားမက ပြောသည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

အချိန်ရောက်တာနဲ့လား....။

ဒီအချိန်​က ဘယ်​အချိန်လဲ။

တစ်နှစ်လား၊ ဆယ်နှစ်လား၊ အနှစ်တစ်ရာလား…။

သူ ဤမျှကြာအောင် မစောင့်နိုင်ပါဘူး။

"အစ်မကြီး ချန်ထျန်း၊ ကျွန်တော့်ဆရာသခင်နဲ့ တခြားသူတွေ ဘယ်ကိုသွားလဲ ကျွန်တော် သိချင်ပါတယ်။ သူက ရှေးခေတ်နတ်ဘုရားကမ္ဘာကနေ ချက်ခြင်း ပြန်သွားတယ်လို့ အစ်မကြီး ပြောခဲ့တယ်လေ။ ဖြစ်နိုင်တာက သူ နတ်ဘုရားကမ္ဘာအတုကို ပြန်သွားပြီလား။" ချင်ယွင်က တခဏတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။

ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက အခြားဘိုးဘေးနတ်ဘုရားမ နှစ်ပါးကို ကြည့်ကာ ပြုံးပြသည်။ "မင်း ဒီလိုမေးမယ်ဆိုတာ ငါ သိပါတယ်။ တကယ်တော့ မင်းကို ပြောပြလို့လည်း ဘာအန္တရာယ်မှ မရှိပါဘူး။ မင်းရဲ့လက်ရှိ ခွန်အားနဲ့ဆို မင်းအနေနဲ့ ဒါတွေ အားလုံးကို သိဖို့ အရည်အချင်းတွေ ရှိပြီးသားပါ။"

ချင်ယွင်၏အမူအရာက လေးနက်လာသည်။

သိဖို့ အရည်အချင်း ရှိပြီးသားလား…။

ဒါက ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေလဲ။

"တကယ်တော့၊ ဒါတွေအားလုံးက အကြီးမြတ်ဆုံး အုပ်စိုးရှင်ဖြစ်ဖို့နဲ့ သက်ဆိုင်နေတယ်။ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အစွန်အဖျားမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တိုက်ကြီးတစ်ခုကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီတိုက်ကြီးထဲမှာ လျှို့ဝှက်ချက်အကြီးကြီး ဝှက်ထားတယ်။ အဲဒီလျှို့ဝှက်ချက်တွေကို ရယူနိုင်ရင် အကြီးမြတ်ဆုံး အုပ်စိုးရှင် ဖြစ်လာနိုင်တယ်လို့ ဆိုထားတယ်။ တခြားကမ္ဘာက နတ်ဆိုးတွေကလည်း အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေ အတွက် ဒီနေရာကို ရောက်နေကြတာ" ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ပြောသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာလား…။ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုလား…" ချင်ယွင် အံ့သြသွားသည်။

ရှေးခေတ်နတ်ဘုရားကမ္ဘာသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားကြောင်း သူကြားသိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထိုလျှို့ဝှက်ချက်သည် တန်ခိုးကြီးသော ကောင်းကင်တောင်အတွင်း၌ ရှိနေသည်ဟု သူ အမြဲတွေးခဲ့ဖူးသော်လည်း အမှန်တကယ်တွင် အခြားတိုက်ကြီးတစ်ခု ရှိနေမည်ဟု သူ မည်သည့်အခါမှ မမျှော်လင့်ထားပေ။

"ဒါဆို ကျွန်တော်ဆရာသခင်နဲ့ တခြားသူတွေက ဒီတိုက်ကြီးထဲမှာ နှစ်ဆယ်သန်းလောက် ကြာနေမလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မှန်တယ်။ မင်းရဲ့ဆရာသခင်တင် မကဘူး။ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ ဘိုးဘေး နတ်ဘုရားအများစုလည်း အဲဒီကို သွားနေကြပြီ။ ဒါပေမယ့် အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ လျှို့ဝှက်ချက်ကို သူတို့ ရှာမတွေ့သေးဘူး။ တကယ်တော့ သူတို့ ရှာတွေ့ခဲ့ရင်တောင် အဲဒီ အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ ရတနာကို ဖွင့်နိုင်မှာ မဟုတ်သေးဘူး။ လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင် ကျောက်တုံးတစ်ခု လိုအပ်နေသေးတယ်။" ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်က ပြောသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ အနက်ရောင် ကျောက်တုံးလား" ချင်ယွင် အံ့သြသွားသည်။ ထိုအရာက သူပြောနေသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ကျောက်တုံးများ မဟုတ်ဘူးလား?

ယခုအချိန်တွင် သူ့လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံး ၁၁ တုံး ရှိနေပြီး သူသည် ခြေတစ်လှမ်းသာ လိုပါတော့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ကျောက်တုံးသည် အမှန်တကယ်ပင် အကြီးမြတ်ဆုံးပုဂ္ဂိုလ်၏ ရတနာသိုက်ကို ဖွင့်နိုင်ရန် လျှို့ဝှက်ချက် ဖြစ်နေသည်။

"ကောင်းကင်ဘုံတံဆိပ်ကကော၊ ကောင်းကင်ဘုံတံဆိပ်က ကောင်းကင်ဘုံတံခါးကိုဖွင့်ဖို့ အသုံးပြုရတာ မဟုတ်လား။" ချင်ယွင်က အံ့အားသင့်ကာ ထပ်မေးသည်။

ဖြစ်နိုင်တာက ဒီနှစ်ခုကြားမှာ ဆက်စပ်မှုများ ရှိနေနိုင်မလား။

ချင်ယွင်၏အမေးကိုကြားတော့ မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးက ရယ်မောရင်း "မှန်တယ်၊ ကောင်းကင်ဘုံတံဆိပ်က ကောင်းကင်ဘုံတံခါးကို ဖွင့်ဖို့ သော့ချက်ပဲ။ ဒါပေမယ့် ဒီဝင်ပေါက်နှစ်ခုက တစ်နေရာတည်းကို ဦးတည်သွားတယ်ဆိုတာ မင်း သိချင်မှ သိဦးမယ်။ သူတို့အားလုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ တိုက်ကြီးရဲ့ နက်ရှိုင်းရာဆီကို ဦးတည် သွားကြတယ်"

ချင်ယွင်သည် တုန်လှုပ်သွားပြီး နောက်ဆုံးတွင် သူ့စိတ်မှာ နားလည်သွားခဲ့သည်။

All Chapters