အခန်း ၁၇၇၂
Vol. 119 Ch. 1772
အခန်း (၁၇၇၂) ရှေးခေတ်တိုက်ကြီးနှလုံး၏ လျှို့ဝှက်ချက်။
ဝင်ပေါက်နှစ်ခုစလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီး၏ နှလုံးဆီသို့ ဦးတည် သွားကာ ဤလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီးသည် အကြီးမြတ်ဆုံး အုပ်စိုးရှင် ပုဂ္ဂိုလ် ၏ လျှို့ဝှက်ချက်၏သော့ချက်လည်း ဖြစ်သည်။
ချင်ယွင်သည် ဤကိစ္စ၏ ဖြစ်စဉ်ကို ဘိုးဘေးနတ်ဘုရားမသုံးပါး၏ ပါးစပ်အပြောမှတဆင့် အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားများသည် ကောင်းကင်ဘုံ တံဆိပ်အတွက် အဘယ်ကြောင့် အသဲအသန် တိုက်ခိုက်လိုသနည်း၊ ထိုအကြောင်းကို သူ နောက်ဆုံးတွင် သူနားလည်လာခဲ့သည်။
အကြောင်းမှာ သူတို့အားလုံးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီး၏ နှလုံးသားထဲ သို့ ဝင်ရောက်ကာ အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်၏ လျှို့ဝှက်ချက်ကို ရယူလိုသော ကြောင့် ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော တိုက်ကြီး၏ ထွက်ပေါ်လာမူနှင့် ပတ်သက်၍မူ ချင်ယွင်က ထိုတိုက်ကြီးသည် ဤစကြဝဠာနှင့် သက်ဆိုင်ခြင်းမရှိဟု ခန့်မှန်းထားသည်။
ဤစကြဝဠာသခင်သည် ခက်ခဲသောအခြေအနေတွင် ရှိနေရသည့်အချက်က ထိုလျှို့ဝှက် ဆန်းကြယ်သော တိုက်ကြီးနှင့်လည်း သက်ဆိုင်နေလောက်သည်။
ထိုသို့မဟုတ်လျှင်, ဤစကြဝဠာ၏ အထွက်အထိပ်သည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ဖြစ်လိမ့်မည်။ ထိုအကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်က မည်သို့ ပေါ်ထွက်လာနိုင်မည် နည်း။
"ဒါဆို ကျွန်တော့်ဆရာသခင်နဲ့ တခြားသူတွေက ဘယ်တော့ပြန်လာမယ်လို့ ပြောကြလဲ။" ချင်ယွင်သည် ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမကို ကြည့်ကာ မေးလိုက်သည်။
သို့သော်၊ ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ခေါင်းခါပြီး ပြောသည် "မင်းရဲ့ ဆရာသခင်က ဘာမှ ပြောမသွားဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူတို့က အဲဒီလျှို့ဝှက် ဆန်းကြယ်တဲ့ တိုက်ကြီးကို စူးစမ်းရုံသက်သက် သွားနေကြတာ။ သူတို့မှာ အဲဒီတိုက်ကြီး ကိုဖွင့်ဖို့ သော့မရှိဘူး။ ဒါကြောင့် သဘာဝအတိုင်း သူတို့ ဝင်လို့မရဘူး။"
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ဤကိစ္စက တကယ်ကို ဆင်ခြင်မဲ့ လုပ်ဆောင်၍ မရနိုင်ပေ။ ယခု သူတို့သည် ထိုတိုက်ကြီး သို့ သွားလျှင်ပင်၊ ၎င်းတို့သည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအားလုံးနီးပါး ဆိုလျှင်ပင်, သူတို့သည် အန္တရာယ်ကို အလွယ်တကူ ကြုံတွေ့ရလိမ့်မည်။
"ဒါဆို အဲဒီကမ္ဘာခြားနတ်ဆိုးတွေကရော ဘာဖြစ်တာလဲ။ သူတို့ကရော ကျွန်တော်တို့ နတ်ဘုရားကမ္ဘာမှာ ဘာကြောင့် ပေါ်လာတာလဲ။" ချင်ယွင်က ဆက်မေးသည်။
ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမနှင့် ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးရင်း "တကယ်တော့၊ ဒီကမ္ဘာခြား နတ်ဆိုးတွေ ဟာ မူလကတည်းက ငါကမ္ဘာကြီးနဲ့ သက်ဆိုင်သူတွေပဲ။ ဒါပေမယ့်, သူတို့အားလုံးဟာ ငါတို့ လူသားမျိုးနွယ်တွေ မမွေးဖွားခင်ကတည်းက ချိတ်ပိတ်ခံထားရတာ။ အကြောင်း တစ်ခုခုကြောင့် သူတို့အားလုံးကို ချိတ်ပိတ်ခံထားရတာ။ မကြာသေးခင်က စည်းတံဆိပ် ပွင့်သွားပြီး၊ သူတို့က ဒီစကြာဝဠာကို ထိန်းချုပ်ဖို့အတွက် ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ထွက်လာ ကြတာပဲ”။
ချင်ယွင် မှင်သက်သွားရသည်။ သူတို့သည် ရှေးခေတ် နေထိုင်သူများ ဖြစ်နေပုံရသည်။
အခြားစကြဝဠာမှ နေထိုင်သူများသည် သူတို့စကြဝဠာသို့ လာရောက်နိုင်ခြင်းက ထူးဆန်းနေသည်ဟု သူ ခံစားရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဤစကားက အဓိပ္ပာယ်ရှိသည်။ ကောင်းကင်ဘုံတန်ခိုးရှင်သည် ဒုက္ခရောက်နေသည်။ ထို့ကြောင့် ရှေးခေတ်စည်းတံဆိပ်က အားပျော့သွားခဲ့သည်။ ရလာဒ်အနေဖြင့် ချိတ်ပိတ် ထားသော ရှေးခေတ်နေထိုင်သူများသည်လည်း ထိုစည်းတံဆိပ်ခတ်ခြင်းမှ လွတ်မြောက် သွားကြသည်။
ဤရှေးခေတ်နေထိုင်သူများသည် ဤစကြဝဠာ၏ အစကတည်းက ဖြစ်တည်သူများ ဖြစ်သင့်ပြီး၊ ဤစကြာဝဠာအတွင်းရှိ စွမ်းအင်သည် ရှေးအကျဆုံးစွမ်းအင် ဖြစ်သင့်သည်။
ထို့ကြောင့် ဤရှေးခေတ်နေထိုင်သူများသည် ထူထပ်သော မြူခိုးများအတွင်းမှ စွမ်းအင်နှင့် လိုက်လျောညီထွေရှိကြပြီး လွတ်လပ်စွာ ဝင်ထွက်နိုင်ကြခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးရင်း ချင်ယွင်သည် စိတ်သက်သာရာရလုနီးပါး ဖြစ်သွားသည်။
"ဒါဆို နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲက ဘာလို့ ဒီမှာ ဖြစ်နေတာလဲ" ချင်ယွင်က မေးသည်။
ကောင်းကင်ဘုံတံဆိပ်သည် အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံတံဆိပ်ကို ရယူသွားသင့်သည်။
"တကယ်တော့၊ ပဉ္စမမြောက် ကောင်းကင်ဘုံတံဆိပ်ကို အဲဒီကမ္ဘာခြားနတ်ဆိုးတွေလို့ ခေါ်တဲ့လူတွေက ယူဆောင်သွားကြပြီ။ ဒါပေမယ့်, သူတို့ရဲ့ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ အားလုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ တိုက်ကြီးဆီကို သွားကြတယ်၊" ငါတို့ ဘိုးဘေးနတ်ဘုရားတွေကလည်း အဲဒီကို သွားကြတယ်။ ဒါကြောင့် အခြေအနေကို တည်ငြိမ်စေဖို့အတွက် သူတို့က ငါတို့ကို ထိန်းထားဖို့ ဒီကို ရောက်လာခဲ့တာ။ သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ကို တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ကောင်းကင်ဘုံတံဆိပ်အတွက် တိုက်ပွဲဝင်ဖို့ပဲ။ ကောင်းကင်ဘုံတံဆိပ် မပေါ်သရွေ့ သူတို့ အရမ်းငြိမ်သက်နေမှာ ဖြစ်ပြီး၊ စစ်ပွဲကြီးတစ်ခု စတင်တော့မှာ မဟုတ်ဘူး" ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမ က ပြုံးပြီး ပြောလိုက်ပါသည်။
ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်နှင့် ဘိုးဘေးနတ်ဘုရားမ ရန်ရှီတို့ကလည်း ခေါင်းညိတ်ပြ ပြီး၊ သူမတို့သည် အတွေးတူကြသည်။
ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုသည်။ သူသည် တန်းခိုးကြီးသော ကောင်းကင်တောင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသည့် ခရမ်းရောင်နတ်ဆိုးဘုရင် အကြောင်းကို မတွေးဘဲမနေနိုင်ခဲ့ပေ။
ထိုခရမ်းရောင်နတ်ဆိုးဘုရင်သည် ကြောက်စရာကောင်းလွန်းသည်။ သူသည် တန်ခိုးကြီး သော ကောင်းကင်တောင်၏ စွမ်းအားကို စုပ်ယူရန် ဤတိုက်ကြီးထဲ ကျူးကျော်လာသူ မဖြစ်နိုင်ပေ။
အကယ်၍, သူသာ ထိုစွမ်းအားကို ဆက်လက် ဝါးမျိုနေပါက, နောင်အနာဂတ်တွင်, သူသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ, ဘိုးဘေးနတ်ဘုရားများ၏ နံပါတ်တစ် ရန်သူ ဖြစ်လာ နိုင်ပါသည်။
ထိုမိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးနှင့် စကားပြောခြင်းမှတဆင့်, ချင်ယွင်သည်လည်း ဇာတ်ကြောင်းတစ်ခုလုံးကို အကြမ်းဖျင်း နားလည်လာသည်။
တကယ်ဆို, နတ်ဘုရားများနှင့် နတ်ဆိုးများကြားတွင် ကြီးမားသည့် စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့ သည်။ ယင်းက ဘိုးဘေးနတ်ဘုရားများနှင့် ကမ္ဘာခြားနတ်ဆိုးတွေကြားမှ အချင်းချင်း အပြန်အလှန် ထိန်းချုပ်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်သည်။ နောက်ဆုံးတွင်, ထိုကောင်းကင်နတ်ဘုရားများသည် စစ်တုရင်အပိုင်းစများသာ ဖြစ်သည်။
ဘိုးဘေးနတ်ဘုရားများဖြစ်ပါစေ, သို့မဟုတ် ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူများ ဖြစ်ပါစေ၊ ၎င်းတို့၏ အန္တိမပန်းတိုင်က ကောင်းကင်ဘုံတံဆိပ်ကို သိမ်းပိုက်ပြီး၊ ထိုလျှို့ဝှက်ဆန်းကြယ် သော တိုက်ကြီး၏ နှလုံးထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။
"အဲဒီအကြီးမြတ်ဆုံး ရတနာက အတိအကျ ဘာလဲ။ ၎င်းက နတ်ဘုရားကပ်ဘေးဒုက္ခ ဖြစ်ပေါ်လာတိုင်း ထွက်ပေါ်လာပုံရတယ်။ ဒါပေမယ့် အစကနေ အဆုံးအထိ ဘယ်သူမှ မရနိုင်သေးဘူး။" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
သူသည် ထိုအကြီးမြတ်ဆုံး ရတနာကို ပို၍ပို၍ပင် သိချင်လာသည်။
"ဟမ့်၊ အဲဒါကို သူတို့ ရယူနိုင်မှာ မဟုတ်ဘူး။ အဲဒါက မင်းလို စကြာဝဠာသခင်တောင်မှ မထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ သူတို့လို ဘိုးဘေးနတ်ဘုရားတွေက ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ" ထိုအချိန်တွင် လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။
"အယ်၊ အဲဒီရတနာက ဘာလဲဆိုတာ မင်း သိလား" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"အဲဒါက ဘာလဲဆိုတာတော့ ငါလည်း အတိအကျ မသိပါဘူး။ ဒါပေမယ့်၊ အဲဒီလျှို့ဝှက် ဆန်းကြယ်တဲ့ တိုက်ကြီးထဲက အကြီးမြတ်ဆုံး ရတနာလို့ခေါ်တဲ့အရာက စကြဝဠာ ပင်လယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်သူတစ်ဦးရဲ့ ဂူသင်္ချိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်သင့်တယ်။ သိချင်းသိ မင်းရဲ့ကနဦး စကြာဝဠာထဲမှာ အိပ်ပျော်နေတဲ့ အမျိုးသမီးပဲ သိလိမ့်မယ်။ ပြီးတော့ မင်းရဲ့စကြဝဠာထဲက သားရဲလေးပေါ့။ အဲဒီသားရဲလေး ရဲ့ ဇာစ်မြစ်ကလည်း အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်။ သူက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူနဲ့ ဆက်စပ်နေလောက်တယ်” လျှိုဘိုက ဆိုသည်။
ချင်ယွင် အံ့သြသွားသည်။
စကြာဝဠာပင်လင်ထဲက စွမ်းအားရှင်တစ်ဦးရဲ့ ဂူသင်္ချိုင်းလား။ ဒါ့အပြင်, စကြာဝဠာသခင် တစ်ပါးတောင် မထိန်းချုပ်နိုင်တဲ့ စွမ်းအင်တစ်ခုလား။
အဲဒီပညာရှင်က ဘယ်လို ကြောက်စရာကောင်းတဲ့ ပညာရှင်မျိုးလဲ။ အဲဒါကရော ဘယ်လောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။
ဒီလိုပညာရှင်တစ်ယောက်က တကယ် သေသွားတာလား။ အသတ်ခံရတာများ ဖြစ်နိုင်မ လား။
ယင်းက ချင်ယွင်၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ။
မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးနှင့် ခေတ္တစကားပြောပြီးနောက် ချင်ယွင်သည် ပင်မ ခန်းမထဲမှ ထွက်လာခဲ့သည်။
သူ ပင်မခန်းမမှထွက်ပြီး မကြာမီ၊ ချင်ယွင်သည် ကနဦးစကြာဝဠာထဲသို့ ဝင်လာခဲ့သည်။
အကြီးမြတ်ဆုံးအုပ်စိုးရှင်၏ လျှို့ဝှက်ချက်သည် ထိုအမျိုးသမီးအလောင်းနှင့် ပတ်သက်နေ သည်ဟု လျှိုဘိုက ပြောသောကြောင့်၊ သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး အလောင်းမှ စတင်ရမည် ဖြစ်သည်။
သို့သော်, အမျိုးသမီးအလောင်း ထားသည့်နေရာကို ချင်ယွင် ရောက်ရှိလာသော အခါတွင် သူသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့ရသည်။
မူလက အသက်မဲ့နေသည့် ထိုအမျိုးသမီး၏အလောင်းသည် နှလုံးခုန်သံ ပြန်လည် ရှိလာခဲ့ပြီး အကောင်ငယ်လေးသည်လည်း ထိုအမျိုးသမီးနှင့် အလွန်ရင်းနှီးသည့်အလား ထိုအမျိုးသမီး၏အလောင်းနံဘေးတွင် ပုန်းအောင်းကာ ချိုမြိန်စွာ အိပ်မောကျနေသည်။